ချစ်သူရေ
တိုက်စစ်ဆင်ဖို့ ပြင်နေတဲ့ စစ်ပွဲတွေလို နင့်အချစ်ကိုရဖို့
ရည်းစားစကားပြောရတာ ငါရဲ့ မရှိမဲ့ရှိမဲ့သတ္တိတွေကို ဖြစ်ညစ်ပြီး ထုတ်ခဲ့ရတာကို မင်းမှမသိသေးပဲကိုး ...
ချစ်ခြင်းမေတ္တာဆိုတာ
တစိမ့်စိမ့်ရွာတဲ့မိုးတဲ့ ငါမျှော်လင့်ထားတဲ့မိုးက ပါးစပ်သေနတ်ပစ်သလို မနားတမ်းပြောတဲ့ စိတ်ဆိုးစကားတွေက ကတို့ကင်းထဲကနေ ပုန်းအောင်းရင်း ခေါင်းမဖော်နိူင်ခဲ့တာတွေကို မင်းမှ မသိသေးပဲကိုး ....
တော်လှန်ပုန်ကန်သူေယာက်တစ်လို စစ်ကို အငမ်းမရခုံမင်ရင်း သတ်လိုစိတ် သေလိုစိတ်တွေ ပြင်းပြသူနှလုံးသားက မာကျောခတ်ထန်နေတာ မင်းမှ မသိသေးပဲကိုး.....
မိုးရာသီထဲမှာ ပွင့်တဲ့ စိန်ပန်းပွင့်နီနီတွေက ပြာနှမ်းနှမ်းကောင်းကင်ပြာကြီးကို အံ့တုပြီး အဝေးတနေရာကနေ ငေးမောနေတဲ့ လူတစ်ယောက်က အိမ်မက်တွေနဲ့ မျှော်လင့်နေတာ မင်းမှ မသိသေးပဲကိုး ....
ပန်းတွေနဲ့လည်းစစ်ခင်းသူတစ်ယောက်
နှခမ်းတွေနဲ့လည်း စစ်ခင်းနေသူတစ်ယောက်
တခြမ်းမဲ့ပြီး ပြုံးပြတဲ့အပြုံးတစ်ပွင့်ရယ်
ပုခုံးတွန့်ပြီး တခစ်ခစ်ရယ်သူတစ်ယောက်ကို
မျက်ရည်ကျလောက်အောင် ချစ်မိနေတာတွေကို မင်စမှမသိသေးပဲကိုး.....
အဓိပတိကမ္မ
No comments:
Post a Comment