Wednesday, 9 October 2024

 မိန်းမရွှင်တစ်ယောက်ရယ် 

သောက်လက်စ အရက်ပုလင်းနဲ့ ဆေးပေါ့လိပ်ရယ်

ဂစ်တာအိုတစ်လက်လောက်ရှိရင် ဘဝက ရှင်သန်ရလွယ်ကူကောင်း လွယ်ကူနိူင်ပါလိမ့်မယ် ။

ယိုင်လဲမသွားတဲ့ မျှော်လင့်ချက်အသေတွေကို လက်ကမ်းကြိုဆိုရင်း ကြုံစုံရတဲ့ဘဝတစ်ခုမှာ ကြုံရတာတွေက တစ်ခုမကခဲ့ဘူး ။

စိတ်အားတင်းထားတဲ့ အားငယ်မှုတွေနဲ့ အလွယ်ဖြတ်ကျော်လို့ရမယ်ထင်ထားတဲ့ ဘဝခရီးတစ်ခုမှာ သီချင်းတွေ ဆိုရင်း အိမ်မက်တွေမက်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲ ။

ခေတ်ပျက်စနစ်ပျက်ထဲမှာ စိတ်ပျက်လက်ပျက်နဲ့ စိတ်လိုလက်ရရှိတဲ့ အလုပ်တွေကို စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ လုပ်နေရခြင်းသည် ဘဝကို အသက်ဆက်ဖို့ ခက်နေတာ ငါကလွဲပြီး ဘယ်သူမှ သတိမထားမိကြဘူး ....။ 


အဓိပ

တိကမ္မ 

No comments:

Post a Comment

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး  သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ  သို့သော် အချစ်စိ...