စိတ်ဓာတ်ကျခြင်းက ရုန်းထွက်နိူင်မယ့် အကြောင်းအရာတစ်ခုကို ခိုင်ခိုင်မာမာ ရချင်တယ် ၊
ငါတစ်ယောက်တည်းတည်း ဘဝအဓ္ဓာပါယ်တွေကို တွေးတောရင်း အိမ်မက်မဟုတ်တဲ့ ဒုက္ခတွေကို ဖယ်ခွါနိူင်မယ့် လောကတစ်ခုဆီ သွားချင်တယ် ။
ခြေဦးတည်ရာ လှည့်လည်ပြေးလွှားရင်း မမေးဘူးတဲ့မေးခွန်းတွေ ကိုယ်ကိုကိုယ်ပြန်မေးရင်း ရယ်စရာတွေက ဘဝထဲက ထွက်ပြေးသွားခဲ့တာ ကြာခဲ့ပြီ ၊
ဘဝဆိုတာ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားထဲက ရှင်သန်ခြင်း ဆိုတာကောင်းကောင်းကြီး သဘောပေါက်နားလည်ပါသော်လည်း လောကဓံတရားသည်လည်း ဘဝထဲက ထပ်တူပေးသော အရာတွေဖြစ်တယ် ။
လူမမြင်တဲ့ ငါ့ရင်ထဲက သောကတွေနဲ့ ဆင်ခြေတွေကို မနားတမ်းပေးပြီး ဘဝရဲ့သာယာမှု ဘဝရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာ သိပ်ဝမ်းနည်းဖို့ကောင်းတယ် ။
ဖြစ်နိူင်ရင်လေ ဘဝရဲ့အပြင်ကို ပြေးထွက်ပြီး သီးချင်းတွေ အော်ဆိုအစ်ချင်တယ် အကျိုးအကြောင်းတိုက်ဆိုင်ရင်တောင် ဘဝရဲ့ဒုက္ခတွေက်ု မတွေးမိချင်လောက်အောင် ဒုက္ခတွေကို စိတ်ကုန်နေပြီ ။
အရက်သေစာတွေ လောင်းကစားတွေနဲ့ မပျော်မွှေ့တဲ့ လူတစ်ယောက်မှာ ကမ္ဘာကြီးကို ပျောက်နေသလို အရာရာက ဗလာနိတ္ထိဖြစ်နေတယ် ။
သိုးမည်းကြီးတစ်ကောင်လို အဖော်ကင်းမဲ့လျက် အထီးကျန်ခြင်းတွေနဲ့ လူသမိုင်းကို ငြင်းချက်တွေထုတ်ပြန်ပြီး တထွေးနဲ့ထွေးပြီး ပြေးထွက်ချင်တယ် ။
တစ်စုံတစ်ယောက်ကပဲ ဒုက္ခပေးတာမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံး လူ့အသိုက်အဝန်းတစ်ခုလုံးက ပေးတဲ့ဒုက္ခတွေကြောင့် ငါလည်း ယိုင်နှဲနှဲသာ ကျန်ရစ်တော့တယ် ။
လဲကျမသွားတာပဲရှိတာ ပြန်ထူထောင်နိူင်ဖို့ဆိုတာက မျှော်မှန်းနိူင်စွမ်းတောင် မရှိသလောက်ပါပဲ ။
အိမ်မက်တွေထဲမှာ တစ်ခါတစ်ခါ ပျော်စရာတွေ တွေ့တတ်ပါတယ် သို့သော် အိပ်စက်ခြင်းကိုရဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ငါလည်း အခုထိမသိသေးဘူး ။
အိပ်ယာထဲမှာ မျက်လုံးမမှိတ်နိူင်ပဲ ပက်လက်လှန်လိုက် ဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ လူကလည်း မျက်ရည်နဲ့မျက်ခွက် သိပ်ကို စိတ်ပျက်အားငယ်နေမိတာမျိုးတွေကလည်း ဘဝထဲမှာ အမြှောက်အများရှိတယ် ။
ငယ်ရွယ်တုန်းက မသင်ကြားခဲ့တဲ့ပညာအရည်အချင်းကို နောင်တတွေကြီးစွာရရင်း ဗလာစာအုပ်တွေထဲ ရေးချနေတဲ့အကြောင်းအရာတွေက သူသိသူတတ်ကြီး လုပ်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေသော်လည်း အမှန်တကယ်က ဘာဆိုဘာမှ မသိသေးသော လူတစ်ယောက်က ကျနော်ပါပဲ ။
ဘယ်လိုစားရမယ် ဆိုတာမသိဘူး
ဘယ်လိုအိပ်ရမယ်ဆိုတာ မသိဘူး
ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိဘူး
ဘယ်လိုအသက်မွေးရမယ်ဆိုတာ မသိဘူး
နောက်ဆုံး ဘယ်လိုရှင်သန်ရမလဲ ဆိုတာတောင် မသိပါပဲ သေသွားနိူင်တယ် ။
ဘဝရဲ့အဓိပါ္ပယ်ကို ဘယ်က ရှာဖွေရမလဲ ဆိုတာ မသိ လူဆိုတာ အမှားနဲ့ မကင်းနိူင်ဘူးဆိုတာ သိပေမယ့် ဘဝတစ်လျှောက်လုံးနီးပါး မှားယွင်းလာလိုက်တာ ဘယ်လိုပြုပြင်ယူရမလဲ ဘယ်လို လမ်းမှန်ကိုလျှောက်လှမ်းရမလဲ ဆိုတာကို သိပါလျှက်နဲ့တောင် မလျှောက်လှမ်းနိူင်လောက်အောက် လွှမ်းမိုးခံလိုက်ရတာ စိတ်မကောင်းစရာအကောင်းဆုံး ဘဝရဲ့ သင်ခန်းစာတစ်ခုပါပဲ
အမှန်မြင်နိူင်ပါလျှက်နဲ့ မမှန်နိူင်လောက်အောင် ဘဝက လမ်းမှားတွေထဲကို စိတ်ထင်တိုင်း တိုးဝင်နေမိခဲ့တာ ။
အဓိပတိကမ္မ
17092024
No comments:
Post a Comment