ဖြစ်နိူင်ရင်လေ ဖြစ်ချင်တာတွေ မရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ် ။
ဆုမတောင်းရသော ဆုတောင်းမျိုးသာ ပြည့်ချင်ခဲ့တာ ဘဝရဲ့အတ္တတစ်ခု ။
လိုချင်တာကိုပဲ မလိုချင်ခဲ့တာ ဘဝရဲ့အစိတ်အပိုင်းတစ်ခု ။
အချစ်အကြောင်း ကဗျာတစ်ပုဒ်ရေးဖွဲ့ပြီး အချစ်နဲ့ကင်းကွာသူတစ်ယောက်အနေနဲ့ လောကကို တိုင်တယ်မယ် ။
ငါ့တိုင်တယ်သော ဒဿနသည် ငါရဲ့ မတောက်ပသော စိတ်အားထက်သန်မှုတွေပေါ့ ၊
အိမ်ကို မပြန်ချင်ဘူး အိမ်မှာသောကတွေ အသင့်ကြိုနေတယ်
စိတ်ပျက်ခြင်းတွေနဲ့ ပြည်နှက်နေသော ဘဝထဲကို စိတ်ပျက်စရာတွေက အသင့်ကြိုဆိုနေသော အိမ်ကို ပြန်ရမှာ စိတ်မချမ်းမြေ့စရာပဲ ။
အမှောင်တွေ ကုန်ဆုံးတဲ့အထိ လမ်းဘေးဓာဝ်တိုင်တွေ အောက်မှာ ထိုင်ရင်း ရောင်နီကို ကြိုဆိုသော အတွေးတွေနဲ့ မိုးသောက်ချိန်တွေကို တမ်းတနေမိတယ် ။
မေးခွန်းများနဲ့ ဘဝသည် အဖြေမရှိ
သာယာမှုမရှိ နာကျင်မှုမရှိ လောကသည် ဗလာနိတ္ထိနဲ့ မျက်ရည်တွေ ဝဲလည်လည်နဲ့ အိမ်ပြန်ချိန်မရှိ ။
ကြယ်တွေ ကြွေတာကို ရပ်စောင့်ကြည့်ရင်း မျက်ရည်မိုးတွေ မစဲတမ်းရွားသွန်းနေခြင်းသည်လည်း ဘဝရဲ့ကံတရားကြောင့်ပဲလား ။
အမှန်အတိုင်းဝန်ခံရရင် အိမ်ပြန်ချင်တယ် ။
အိမ်မှာ သာယာမှုကို ရှာတွေ့ချင်တယ် အရက်နံကင်းသော စကားတွေပြောပြီး နေချင်တယ် ။
စိတ်ပျက်စရာတွေ ပြေပျောက်စေမယ် အကြံတွေ လိုချင်တယ် အားပေးစကားတွေကြားချင်တယ် ။
ဘာကောင်လည်းမသိဘူး မရနိူင်တာတွေကိုပဲ ငြီးတွားပြီး လောဘတက်နေရလောက်အောင် ဉာဏ်နည်းနေတာတွေကလည်း စိတ်ပျက်စရာလူသားတေစ်ယောက်က ကျနော်
ပဲ ။
အဓိပတိကမ္မ
No comments:
Post a Comment