Zen Diary
မမျှော်လင့်ဘဲ နေထိုင်ခြင်း - လို့ နာမည်တပ်ရမလား မသိ။ CM က ဘာသာပြန် တင်ဆက်လိုက်တဲ့ ဒီဂျပန်ရုပ်ရှင်ကို ကြိုက်တယ်။
တစ်ကားလုံးက တချို့အတွက်ဆို ပျင်းစရာတောင် ကောင်းနေမယ် ထင်တယ်။ စားလိုက် ချက်ပြုတ်လိုက်၊ ချက်ပြုတ်လိုက် စားလိုက် နဲ့ ဒါပဲ လည်နေတာကို။ ပြောစရာ ဇာတ်ကြောင်းက အများကြီး မရှိဘူး။
၂ နာရီနီးနီးလောက် ကြာတယ်။ အဲ့ဒါကိုပဲ ကိုယ်တွေမှာ ကြည့်ပြီး အစအဆုံး စွဲသွားတာရယ်။
မမျှော်လင့်ဘဲ နေထိုင်ခြင်း- ဆိုတာ ဘာလဲ။ ဒီရုပ်ရှင်ကြည့်ပြီး ကိုယ့်ဘာသာသုံးသပ်မိတဲ့ ဒီအတွေးအမြင်ကို ပြောချင်တယ်။ မမျှော်လင့်ဘဲ နေထိုင်ခြင်း ဆိုတာ ဘာကိုမှ စိတ်ဝင်တစား မရှိတာ၊ သတိလက်လွတ် ငှက်တောင်ကျွတ် နေတာ မျိုးတော့ မဟုတ်ဘူးရယ်။ "အားလုံးကို သိပ်ခံစားမနေတာ" လို့ ပြောရင်တော့ နီးစပ်မယ် ထင်တယ်။ "သိပ်ခံစားမနေတာ" ဆိုလို့လည်း မခံစားဘဲ လျစ်လျူရှု နေလိုက်တာမျိုး မဟုတ်ပြန်ဘူး။
ခံစားတယ်, ကောင်းခံစားတယ်၊ သိရှိတယ်, ကောင်းကောင်း သိရှိတယ်- ဒါပေမဲ့ မျှော်လင့်မှု မရှိနေတာ၊ ရိုးရိုးရှင်းရှင်း နေထိုင်သွားတာ- အဲ့ဒိထဲမှာ အဖြေက ပြန်ရှာရမယ် ထင်တယ်။ ဒီလောက်နဲ့ ပြည့်စုံဦးမယ် မထင်ပြန်ဘူး။
ထပ်ဖြည့်ရင် အရှိတရားကို လက်ခံတာ၊ ဖြစ်ကို ဖြစ်လာမယ့် အရာတွေကို မငြင်းဆန်တာ- ဥပမာ။ ။ သေခြင်းတရား လို၊ အစိုးမရခြင်းလို- စသဖြင့် မမြဲတဲ့သဘာဝဓမ္မတွေ ချဉ်းကပ်လာတဲ့အခါ၊ လှုပ်ရှားထင်သာ လာတဲ့အခါ " ဒါပဲလေ " ဆိုတဲ့ သဘော။ Zen သဘော လို့ ပြောရမယ်။ "This is it." "ဒါက ဒါပဲ" ဆိုတာမျိုး။
အဲ့ဒိ သဘောကို အပြောမဟုတ်ဘဲ ဘဝထဲမှာ နေထိုင်လိုက်တာ။ အဲ့ဒါကပဲ - မမျှော်လင့်ဘဲ နေထိုင်ခြင်း ဖြစ်လာတာမျိုးပေါ့။ အစွန်းမရောက်တဲ့ ဘဝနေထိုင်မှုပုံစံ တစ်ခု။ ဒါပါပဲ။ သိပ်ရိုးရှင်းပါတယ်။
"အို ဘာမှမဟုတ်ပါလား"
Neo Lynn
28, September, 2024
No comments:
Post a Comment