"ကိုယ်ဘယ်မှာအထီးကျန်လို့လဲ"
ကိုယ့်ဘာသာ အားတင်းနေရင်း အလိုလို မျက်ရည်အစအနတွေက စို့နစ်လာတယ် ။
နှလုံးသားနဲ့ လှလှပပရေးခြစ်ထားတဲ့ ကဗျာအတိုအစကို အေဖာ်ပြုရင်း ရင်ခုန်ရတဲ့သူငယ်ချင်းတစ်ယောက် ဆိုတာထက် အများကြီး ပိုခဲ့တယ် ။
ရေးလက်စ ကဗျာလေးတွေ ကိုယ့်နှလုံးသားမှာရှိနေတယ် ၊
အဆုံးမသတ်လိုက်ရသေးတဲ့ ကဗျာလေးတွေပေါ့ ၊
ချစ်ခြင်းမေတ္တာတွေကတော့ ကြေကွဲ ဝမ်းနည်းစွာနဲ့ပဲ အားလုံးပြီးဆုံးသွားပါပြီ ။
ကြယ်တာရာတွေ အစုံအလင်ဖူးပွင့်နေတဲ့ ညနက်တွေမှာ သဘာဝတရားကြီးနဲ့ နေ့စဉ်နေ့တိုင်း များစွာသောစကားတွေပြောပြမယ် ။
မီးရောင်စုံတွေအောက်က
ကခြေသည်မလေးတွေကို လိင်စိတ်အပြည့်နဲ့ တငေးတမော ထိုင်ကြည့်ရင်း ချစ်ကြိုးလေးတွေ ပြတ်တောက်သွားတဲ့ ရင်ခွင်တစ်စုံကို သတိရ လွမ်းဆွေးေနမိတယ် ။
အမှန်အတိုင်းဝန်ခံရရင် ကိုယ် တကယ်အထီးကျန်နေပါတယ် ၊
ငါ့ရဲ့စိတ်တူကိုယ်တူလေးကို ဘယ်နေရာရောက်ရောက် အပြေးအလွှား ရှာနေမိသလိုပဲ
တိမ်စိုင်တွေကို ခိုစီးပြီး ကမ်းစပ်တွေနားထိ ခရီးတွေဆက်လို့ ရှာဖွေခဲ့တယ် ။
ပျောက်နေသူတစ်ယောက်လို့ ထင်ထားခဲ့တာ အမှန်တကယ်တော့ ရှောင်ပုန်းနေသူဖြစ်နေတာပဲ တွေ့ခဲ့ရတယ် ။
နင်ပျော်ပါစေ နင်အစဉ်ပြေပါစေ ဆိုတဲ့သောက်ပိုစကားေတွပဲ ပြောပြီး နှုတ်ဆက်ပါတယ် မိရှင်နွေ ။
အဓိပတိကမ္မ
No comments:
Post a Comment