Sunday 5 December 2021

 ▪️ရွေးချယ်စရာလမ်းမရှိတော့ဘူးတဲ့လား▪️ 


NUG အနေနဲ့ လက်နက်ကိုင်တိုက်ရမယ့် စစ်‌ေရးဘက်ကို မရွေးချယ်ခဲ့သင့်ဘူး။

PDF တွေမှာ လက်နက်ကလည်း မပြည့်မစုံ ၊ ဘဏ္ဍာရေးကလည်း မပြည့်မစုံနဲ့ စစ်ပွဲ‌ေတွကို စတင်လိုက်တာဟာ အတော်လေး အန္တာရယ်ကြီးပါတယ် ။


▫️စစ်စတင်ဖြစ်လာပြီဆိုရင် ပထမဆုံး လူတွေ‌သေမယ် ၊ 

( စစ်ဖြစ်ခြင်းဟာ လူအများဆုံးသေစေတဲ့ နိူင်ငံရေးလမ်းပဲ ဖြစ်ပါတယ် ။)

▫️စီးပွားရေးသမားတွေ စီးပွားရေးပျက်ကြမယ် 

▫️အခြေခံလူတန်းစားတွေ အငတ်ဘေးစိုက်လာမယ် ၊

▫️နေအိမ်တွေ မီးရှို့ခံရမယ် 


▫️နောက်ပြီး အိုးအိမ်တွေကို စွန့်ခွါပြီး တောတွေတောင်တွေထဲကို ပြေးကြရမယ် ၊ ကလေးတွေလည်းသေကြေရမယ် မိန်းမတွေအမျိုးသမီး အများစုလည်း မုဒိမ်းအကျင့်ခံရနိူင်ပါတယ် ၊


▪️ (ဒါတွေဟာ စစ်ရဲ အနိဌာရုံတွေပါပဲ) ▪️


စစ်ရဲ့အကျိုးဆက်ကို ပထမဆုံးခံကြရမှာက ပြည်သူတွေပါပဲ ။ ဒီမိုကရေစီနိူင်ငံရေးမှာ ပြည်သူအတွက် ငြိမ်းချမ်းရေးလမ်းကုိ ရွေးရတာပဲ ရှိပါတယ် ။ 

ပြည်သူအတွက်စစ်တိုက်ရတယ်ဆိုတာ မရှိပါဘူး


အစွန်းရောက်တဲ့ နိူင်ငံရေးဝါဒ ကြောင့်သာ စစ်ပွဲ‌ေတွ ဖြစ်ကြတာပဲလို့ ထင်မြင်မိပါတယ် ။


ကျနော်တို့ဟာ အစွန်းရောက်သော နိူင်ငံရေးအယူအဆတွေကို စွန့်လွှတ်ကြရပါလိမ့်မယ် ၊ ဒါဟာ ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ ။


စစ်ဖြစ်လာပြီဆိုရင် စစ်ကိုလိုလားတဲ့ပြည်သူတွေရော စစ်ကို မလိုလားတဲ့ပြည်သူတွေရော အားလုံးက စုပေါင်းပြီး ခံစားကြရတာပါ ၊

ဒါကိုနှစ်ဖက် နိူင်ငံရေးခေါင်းဆောင်တွေ သိထားသင့်ပါတယ် ။ 


ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်နိူင်ငံကို နျူဗုံး ကျဲခံရတဲ့ Hiroshima မြို့နဲ့ Nagasakiမြို့တွေပဲကြည့်ဗျာ အဖြုတွေ အမည်းတွေ ခွဲမနေဘူး အကုန်သေကြရတာပဲ ။ အနီတွေ အစိမ်းတွေ ခွဲမနေဘူး အကုန် ဒုက္ခရောက်တာပဲ ။


အခုလည်း မင်းတပ်‌တို့ ထန်တလန်တို့မှာ အကုန်ထွက်ပြေးကြရတာ နောက်ပြီး အိမ်တွေကို မီးရှို့ခံရတာ‌ေတွ‌ေတာင် ပါသေးတယ် ၊ ဒါတွေဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ် ။

အခုလည်း စစ်တပ်ဘက်ကလည်း စစ်ကိုင်းဘက်ကို အလောင်းမင်းတရား စစ်ဆင်ရေးဆိုပြီး အခုစတင်နေပြန်ပြီ ။


NLD အနေနဲ့ အနိူင်ယူလိုလျှင်

အပျော့နည်းကုိသုံးပါ Soft power သုံးပါလို့

 အစိုးရသက်တမ်းတစ်လျှောက်လုံး ပြောလာလည်း အလကားပါပဲ။

နိူင်ငံရေးပဋိပက္ခ ဖြစ်မလာခင်ကတည်းက ပြောလာခဲ့တာ တစ်ယောက်မှ နားမလည်ကြဘူး ။ 

အချို့ကျလည်း နောက်ဘဝရောက်တဲ့အထိကို

နားလည်မသွားကြဘူး။


ကျနော်တို့ မြန်မာပြည်သူအများစုက စာမဖတ်တော့ နားမလည်ဘူး စာဖတ်ပါတယ်ဆိုတဲ့ လူငယ်တချို့ကျတော့လည်း ဉာဏ်ရည်က အဆင့်မမီတော့ နားမလည်နိူင်ပြန်ဘူး။ 

(နိူင်ငံရေးကို ကမူးရူးတိုးနဲ့ စဉ်းစားစဉ်ချင်မှု ကင်းစွာလုပ်ကြတယ် )


စေ့စပ် ညှိနှိုင်းရေးလမ်းကို ရွေးပါလို့ ဘယ်လောက်ပဲ အော်နေနေ လက်ခံတဲ့လူက အနည်းစုပဲ ရှိတယ် ။ 


စစ်ကို ခေါ်ရင် စစ်က လာမှာပါ ။

စစ်ဆိုတာ အပြင်းပြေ စိတ်ညစ်တိုင်း ထပြီး ကစားလို့ကောင်းတဲ့ အရာမဟုတ်ဘူး ဆိုတာကို အားလုံးသိထားသင့်ပါတယ် ။


လူ့အသက်တွေစတေးရတဲ့ နိူင်ငံရေး အားပြိုင်မှုတွေကို မြန်မာပြည်သူအားလုံးက ရွံ့မုန်းသင့်နေပါပြီ ။


အခုကတော့ ငါတို့မလိုလားတဲ့ ဒီစစ်ပွဲတွေနဲ့ ငါတို့ နိူင်ငံသားအချင်းချင်း ငါတို့လူမျိုးအချင်းချင်း ▪️သတ်နေဆဲပဲ ▪️သေနေဆဲပါပဲ ။


အဓိပတိကမ်မ 🇲🇲


https://www.facebook.com/kmpyaephyoaung/


.

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ