Sunday 12 December 2021

 08122021


တပ်‌မတော် အာဏာ်ထိမ်းသိမ်းပြီး‌ နောက်ပိုင်း မြန်မာပြည်အတွင်းတွင် အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲ ၁၉၄၈ ကြိမ်ထက်မနည်း ၂၀၀၀ နီးပါးခန့် အထိ ဖြစ်ပွားခဲ့ပါသည်။ 

ဒီအထဲမှာ ၁၀၀၀ နီးပါးခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တာပါ။ 

တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဟာ September လမှာ ၃၄၄ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့ပါသည် ။

 

February 1 နောက်ပိုင်းမှ December ၃ ရက် နေ့အထိ 

▪️ကချင်ပြည်နယ်၊ 

▪️ကရင်ပြည်နယ်၊ 

▪️ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း အစရှိတဲ့ နေရာဒေသတွေက EAOs နယ်မြေ တွေမှာ တိုက်ပွဲဖြစ်မှု ၁၆၃၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

November လ အတွင်း EAOs နယ်မြေတွေအတွင်း တိုက်ပွဲ ၁၁၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး (ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာ KNU တပ်မဟာ၅ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာပါ။)


ရှစ်လအတွင်း တပ်မတော်နှင့် PDF/NUGတွေအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၅၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

နိုဝင်ဘာတစ်လတည်းမှာတင် ၁၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှစ်လတာ ကာလအတွင်းမယ် အကြိမ်ရေ အများဆုံး ဖြစ်လာတာပါ။

စစ်ကိုင်းတိုင်း မကွေးတိုင်း နှင့် ရန်ကုန်တိုင်းအတွင်းမယ် အများဆုံးအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသည် ။


please po#အဓိပတိကမ်မ 🇲🇲

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ