🇷🇺💛🇲🇲
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် ဧည့်ရိပ်သာ ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံခဲ့ကြပါသည်။
(ပြီးခဲ့တဲ့သီတင်းတစ်ပတ်လောက်ကပဲ ရုရှားရေတပ်က ဗိုလ်ချုပ်ကြီးရဲ့ လျှို့ဝှက် နေပြည်တော်ခရီးစဥ်ကို ပြည်တွင်းသတင်းအရင်းအမြစ်များရ သိရတယ် ။ခရီးစဥ်အသေးစိတ်ကို နှစ်ဖက်စလုံးကသတင်းမထုတ်ပြန်ကြပါဘူး ။ ဒါဟာ ရုရှားရဲ့ နောက်ထပ် ဗျူဟာမြောက် ပထဝီနိူင်ငံရေးအရွေ့ စစ်အခြေစခန်းတစ်ခု မြန်မာနိုင်ငံမှာ ထပ်မံထွက်ပေါ်လာနိုင်မလားဆိုတဲ့ မေးခွန်းမျိုး Military Today news website ကလည်း မေးခွန်းထုတ်ခဲ့ပါတယ် ။) (ကိုးကား-နိူင်လင်းထက်ပိုစ့်မှ)
အခုရက်ပိုင်းအတွင်းမှာ
"မြန်မာ၏ စီးပွားရေးနှင့်လုံခြုံရေးအတွက်အစွမ်းကုန် ကာကွယ်ပေးမည် " ဟု ရုရှားရေတပ် ဒုချုပ်ပြောထားခဲ့တာလည်း ရှိပါတယ် ။
" မြန်မာဟာ ရုရှားအတွက် ယုံကြည်စိတ်အချရဆုံး အရှေ့တောင်အာရှ က မိတ်ဆွေနိုင်ငံဖြစ်ပြီး မြန်မာစစ်ဘက်နဲ့ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ " ရုရှားကာကွယ်ရေးဝန်ကြီးက တရားဝင်ပြောကြားထားတာေတွကလဲ ရှိနေပြန်ေသးတယ်။
ယခုအချိန်မှာ
ကျနော်တို့နိူင်ငံဟာ ဒေသတွင်း အာဆီယံဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားဘက်က ဒီလိုပြတ်ပြတ်သား နစက ဘက်က ရပ်တည်နေခြင်းက ကြီးမားတဲ့ နိူင်ငံတကာဆက်ဆံရေး ကို နစကအတွက် မောင်းတင်ပေးနေခြင်းလို့ မြင်မိပါတယ် ။
ရုရှားက ခြေလှမ်းခပ်စိပ်စိပ် နဲ့ မြန်မာအပေါ်လွှမ်းမိုးမှုတွေ ယခင်ကထက် ပိုမိုကြီးထွားလာနေတာ အသေအခြာပါ ၊
အရင်ကတည်းကလည်း ရုရှားလက်နက်တွေ အမြှောက်အများ ပြည်တွင်းက ဝယ်လိုအားတွေ အများကြီး ရှိနေသလို စစ် ပညာတော်သင်နဲ့ စစ်ဘက်ဆိုင်ရာ ပြိုင်ပွဲတွေ စစ်ဘက်ဆိုင်ရာနိူင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာနဲ့ရုရှားက အတော်လေး မိတ်ဖက်ဖြစ်နေခဲ့တယ်လို့ သုံးသပ်ရတယ် ။
▪️ပြောချင်တဲ့ အဓိက အကြောင်းအရင်းက ပြည်တွင်းမှာ အခုလက်ရှိ တော်လှန်ရေးအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းတို့ ချင်းပြည်နယ် တို့လို့ ဒေသအတော်များများမှာ တပ်မေတာ်က နောက်ထပ်ဝယ်မယ့် ရုရှားရဲ့စစ်လက်နက်အသစ်တွေ စမ်းသပ်ဖို့အတွက် စက်ပစ်ကွင်းေနရာေဒသတစ်ခုဖြစ်လာနိုင်ပါတယ် ။
(ကံဆိုးရင်တော့ ရုရှားရဲ့စစ်လက်နက်အသစ်တွေစမ်းရုံတင်မကဘဲ သက်တမ်းလွန်တွေကိုပါ ဖျက်ဆီးဖို့ စက်ပစ်ကွင်းတစ်ခုဖြစ်လာနိုင်ပါတယ် )
နိူင်ငံတကာဖိအားတွေ လက်ရှိထက် ပိုများလာရင် များလာသလောက် နိူင်ငံတကာဆက်ဆံရေးကို မငဲ့ကွက်ပဲ နစကဘက်က ပြည်တွင်းမှာ ယခုထက်ပိုပြီး ရုရှားလက်နက်အသစ်အဆန်းတွေ စမ်းသပ်ဖို့ အတွက် ဖြစ်လာနိူင်မလား ဆိုတာကတော့ မတွေးဝံ့စရာပါ ။
အားလုံးဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ။
အဓိပတိကမ်မ 🇲🇲
No comments:
Post a Comment