Sunday 5 December 2021

 မကြာခင် ရက်ပိုင်းကတင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ် ၊ NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် ၂ဝ စသဖြင့် ချမှတ်ခဲ့ပြီးပါပြီ။


ဒေါ်စုကြည် အပေါ် 

▪️အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ 

▪️အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊

▪️သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ 

▪️ပို့ကုန်သွင်းကုန်ဥပဒေ၊ 

▪️ဆက်သွယ်ရေးဥပဒေတွေ နဲ့ 

စွဲချက်တင်ထားတဲ့အမှု ၁၁ မှု‌ေတွကလည်း တန်းစီပြီး ရှိပါတယ်။


စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ 

လာမည့် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်တည်ငြိမ်ရေးပုဒ်မ ၅ဝ၅ ခ နဲ့ စွဲချက်တင်ထားတဲ့အမှု‌ေတွကုိ စီရင်ချက်အမိန်ချမည်လို့ ကြားထားတယ် ၊ ထောင်ဒဏ်ဘယ်လောက်ထိချမလဲ ဆိုတာတော့ မသိရသေးပါဘူး ။ ဒါပေမယ့် ရှေ့က အမှုတွေလိုပဲ အမြင့်ဆုံးပြစ်ဒဏ်ကိုချလိမ့်မယ်လို့ ကျနော်က သုံးသပ်ချင်ပါတယ် ၊ 


၅၀၅ ခ ကို အမိန်ချပြီးရင် (ဒေါ်စုကြည်ကို အစဉ်အလာအရဆိုရင်) နောက်အမှုတွေအတွက် ရုံးချိန်းထုတ်တဲ့အခါ မြန်မာပြည်ရဲ့ ဥပဒေထုံးစံအတိုင်း ထောင်ဒဏ်အပြစ်ပေးခံထားရသူတွေကို ထပ်မံရုံးထုတ်တဲ့အခါ ဆောင်ရွက်လေ့ရှိသလို ခြေကျင်းနဲ့ လက်ထိပ်ခတ် မှာလားဆိုတာက‌ေတာ့ စဉ်းစားစရာပါ ၊ 


နောက်ပြီး ပြစ်ဒဏ်ချပြီးရင် ထောင်ကိုပဲ ပို့မှာလား နေအိမ်အကျယ်ချုပ်မှာပဲ ထားမှာလား ဆိုတာကတော့ စဥ်းစားစရာ စိတ်ဝင်စားစရာတော့ ကောင်းနေပါတယ် ။ ကျန်တဲ့အမှုတွေအတွက် တရားရုံးကုိ ဆက်ထုတ်ရတဲ့အခါမှာ အပြင်တရားရုံးထွက်ရမယ်ဆိုရင် အစဉ်အလာအရတော့ ခြေကျင်းလက်ထိပ်ခတ်ပြီးတော့ ထွက်ရတဲ့သဘောတော့ရှိတယ်။

နစကအနေနဲ့ ဒေါ်စုနဲ့ဦးဝင်းမြင့်တို့ကို အဲ့လောက်ထိတော့ မလုပ်လောက်ဘူးလို့ ထင်တာပဲ ။


မှတ်ချက် ။ ။ ကာချုပ်မအလ ကတော့ ပြောထားတာရှိ‌ေသးတယ် "မလုပ်ရဲတာ ဘာတစ်ခုမှ မရှိဘူး"တဲ့ 

▪️ကဲ ပရိတ်သတ်တို့ကရော ဘယ်လိုအမိန့်ချပြီး ဘယ်လိုရုံးထုတ်မယ်လို့ ထင်ပါသလဲ ?


အဓိပတိကမ်မ 🇲🇲

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ