Sunday 5 December 2021

 ▪️သေဒဏ်ချမှတ်ခံရသူ ၈၆ဦးရှိလေပြီ▪️

-----------------------------------


တပ်မတော်အာဏာထိမ်းသိမ်းပြီး ၁၀ လ တင်းတင်းပြည့်တဲ့ အချိန်ကာလမှာ နိူင်ငံရေးအရ အကြမ်းဖက် ဆူပူအုံကြွမှုကြောင့် မြန်မာပြည်တွင် သေဒဏ်ချ မှတ်ခံရသူ ၈၆ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 


သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲမှာ အမျိုးသား ၇၉ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး၊ အသက် မပြည့်သေးတဲ့ အမျိုးသားလူငယ်နှစ်ဦးလည်း ပါဝင်နေပြီး သူတို့ နှစ်ဦးကို သန်လျင် လူငယ်ထိန်းသိမ်းရေးစခန်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ခိုင်မာတဲ့ သတင်းတွေအရသိရပါတယ် ။


သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ ၄၇ ဦးက လက်ရှိ ဖမ်းဆီးရရှိပြီးဖြစ်ပါတယ် ၊ ဖမ်းမမိသေးတဲ့ အကြမ်းဖက်သမားတရားခံ ၃၉ ဦးကို တော့ မျက်ကွယ်သေဒဏ်ချမှတ်ထားပြီး လခရ များအနေနဲ့ ဖမ်းဆီးရရှိရေး ဆက်လက်ဆောင်ရွက်နေကြဆဲပဲ ြဖစ်ပါတယ်။ 

 

▪️သေဒဏ်ချမှတ် ခံထားရသူတွေထဲမှာ 

၃၅ ဦးဟာ မြောက်ဥက္ကလာပ မြို့နယ်ထဲက အများဆုံး ဖြစ်ပြီး၊ 

▪️ဒုတိယအများဆုံးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ၂၄ ဦး ဖြစ်ပါတယ်၊ 

▪️ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၅ ဦး၊ 

▪️လှိုင်သာယာမြို့နယ်မှာ ၇ ဦး နဲ့ 

▪️ရွှေပြည်သာမြို့နယ်မှာ ၅ ဦး ရှိပါတယ်။


ရန်ကုန်တိုင်း‌ေဒသကြီးအတွင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားတဲ့ မြို့နယ် ခြောက်ခု ရှိတဲ့အထဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ရှိတဲ့ စစ်ခုံရုံးတွေမှာ သေဒဏ်စီရင်ခြင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။


#အဓိပတိကမ်မ


▪️

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ