နိုင်ငံရေးဟုတ်ယောင်ထင်မှု ဆိုတာ ပထမတော့ အဝေးကနေ ကြည့်လိုက်ရင် တကယ့် ဖြစ်လာတော့မယ့်အရာလို့ ထင်ရတယ်။
ဒီစကားက လူတိုင်းကြားဖူးနေကျ စကားမဟုတ်ပေမယ့် ကျနော်တို့ရော ခင်များတို့မှာပါ နိူင်ငံရေးတက်ကြွစွာ လှုပ်ရှားသူတွေ နိူင်ငံရေးလောကကြီးကို စိတ်ဝင်စားသူတွေ နိူင်ငံရေးကို စောင့်ကြည့်တတ်သူတွေတိုင်းမှာ နိူင်ငံရေးဟုတ်ယောင်ထင်မှု သည် အနည်းနဲ့အများ ရှိနေတတ်ကြပါတယ် ။
မျှော်လင့်ချက်တွေနဲ့ တတ်ကြွတယ်။
ဒါပေမယ့် တဖြေးဖြေး နီးလားတဲ့အခါ (ဒါမှမဟုတ်) အချိန်တစ်ခု ရလာတဲ့အခါ ယခင်က တကယ်လို့ မှတ်ထင်ထားခဲ့သမျှဟာ မျှော်လင့်ချက်အမှားတွေသာလျင် ဖြစ်နေတာမျိုးကို ဆိုလို တယ်။
ဒါဟာ နိူင်ငံရေး မျှော်မှန်းနိူင်စွမ်း နိူင်ငံရေး မျှော်မှန်းနိူင်မှုလို့ ခေါ်လို့ရပါတယ် ၊ နိူင်ငံရေးမှာ တခြားကဏ္ဍတွေလို မျှော်လင့်ချက်နဲ့ လုပ်ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး ၊ မျှော်မှန်းနိူင်စွမ်းနဲ့ စနစ်တကျ သေသေချာချာ တွက်ချက်ပြီးမှ လုပ်ဆောင်ရသော အလုပ်တစ်ခုဖြစ်ပါတယ် ။
နိူင်ငံရေးဟန်ချက်မညီမှု သေးသေးလေးတွေ ဖြစ်သွားရင်တောက် လူ့အသက်တွေ များစွာ ဆုံးရှုံးသွားနိူင်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်းသည်လည်း အချိန်ခဏတာအတွင်း ပြိုကျပျက်ဆီးသွားတတ်ပါတယ် ၊ အခြေအနေဆိုးရွားသွားရင် စစ်ပွဲတွေထိ တိုးဝင်သွားတတ်လို့ နိူင်ငံရေးအလုပ်သည် နတ်ကြီးတယ်လို့ ပြောတတ်ကြတာ ဖြစ်ပါတယ် ။
ပြောချင်တာက အစောပိုင်းပြောခဲ့တဲ့ ဟုတ်ယောင်ထင်မှုတွေ ကြားထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင် အချိန်တွေ၊ ဘ၀တွေ အများကြီး နစ်နာဆုံးရှုံး သွားတတ်ပါတယ်။
ဒါတင်မကပါဘူး ၊ နိုင်ငံရေးရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ တိုင်းပြည် စည်ပင်တိုးပွားခြင်းနဲ့ နိုင်ငံသား များရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆီကို မျှော်ကြည့် နိုင်စွမ်းမရှိတော့ပါဘူး။
ဟုတ်ယောင်ထင်မှုဆိုတဲ့အတိုင်းပါပဲ၊ သူ့ကို အမှန်လို့ ထင်သွားရအောင် ပုံဖျက်လာတတ်တယ်။
ဒါကြောင့် အပိတ်သဘောနဲ့လာပါတယ်။ ငါသာ အမှန်ဆိုတဲ့တရားသေ အတွေး အခေါ်နဲ့လာတယ်။ ရှုထောင့်ပေါင်းစုံက တွေး ခေါ်ခြင်း ကို ဖျက်ဆီးပြီး ငါနဲ့မတူ ငါ့ရန်သူ အဖြစ်လာပါတယ်။
တနည်းအားဖြင့် ဟုတ်ယောင်ထင်မှုဆိုတာ အစွန်း ရောက် ပုံစံတွေကို မွေးဖွားပေးပြီး ၊မိတ်ဆွေရင်းချာတွေ လှမ်းမနှုတ် ဆက်ချင်တော့တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေက ဒီမိုကရေစီယဉ်ကျေးမှုနဲ့ လားလားမျှမထိုက်တန်ပါဘူး ဆိုတာ ပြောချင်ပါတယ် ။
အခုဆိုရင် ပိုပြီး ဆိုးရွားလာတာတွေ မြင်တွေ့နေရတယ် ၊ စစ်တပ်ထောက်ခံသူတွေ ကြားနေတွေနဲ့ မိမိဘာသာမိမိရပ်တည်နေကြရသူတွေကိုပါ အပြစ်ပြော ဆဲဆိုခြိမ်းခြောက် အကြပ်ကိုင်ကြတာတွေ အထိလုပ်နေကြတာ အုပ်နဲ့ကျင်းနဲ့ပါပဲ တကယ် စိတ်ပျက်စရာတစ်ခုပါ ။
ငါတို့နဲ့ ဘက်မတူရင် သတ်မယ်ဖြတ်မယ် မိုင်းခွဲမယ် ဗုံးထောင်မယ် ဆိုတာတွေကလည်း ဒီမိုကရေစီ ခေါင်းစဉ်အောက်ကနေ လုပ်ကောင်းသော အလုပ်တွေ မဟုတ်ဘူးဆိုတာကိုတော့ နိူင်ငံရေးသမားအမည်ခံ လက်နက်ကိုင်သူပုန်သူကန်တွေ သိပြီးသား ဖြစ်မှာပါ ။
သာမာန်ပြည်သူလူထုနဲ့ နိူင်ငံရေးပလေယာတွေကလွဲလို့ နိုင်ငံရေးအရ ဟုတ်ယောင်ထင်မှုကြားတွေမှာပဲ မျှော်လင့်ချက်တွေ တိုးပွားလာလိုက် ၊ အချိန်ကာလတစ်ခု ကြာတဲ့အခါ သိနားလည်လာပြီး စိတ်ပျက်သွားလိုက်စတဲ့ သံသရာဟာ တိုင်းပြည်တိုးတက်မှုအတွက် ခြေထောက်အစုံကို ဖြတ်ကြိတ်သွားတာပါပဲ။
လူအသက်တွေ သေနေကြတာကို ဝမ်းစာအားရဖြစ်နေကြသော ဒီလူထုနဲ့ စစ်ပွဲတွေ တိုက်ပွဲတွေကို လက်ခုတ်တီးကြိုဆိုနေကြတဲ့ ဒီလူထုကြီး ငြိမ်းချမ်းရေးမရရှိပဲ စစ်ဘေးဒုက္ခသည် တိုက်ပွဲရှောင်ဘဝတွေနဲ့ အိုးမဲ့အိမ်မဲ့ဘဝတွေကို ရောက်ကြတာ မထူးဆန်းဘူးလို့ပဲ အားမနာတမ်း ပြောချင်ပါတယ် ။
ပေးဆပ်ခဲ့ကြရတဲ့ တန်ဖိုးကတော့ ကိုယ်တစ်ပိုင်းသေပြီး လမ်းမပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ တိုင်းပြည်သာလျင် အဖတ်တင်ကျန်ရစ်ခဲ့တာပါပဲ။

No comments:
Post a Comment