ငါကို အရွဲ့မတိုက်ပါနဲ့လို့ ငါကသာ ပြောနေတာ မင်းကတော့ ငါကိုအရွဲ့တိုက်ပြီး။ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲနော် ။
အခုနင့်အကြောင်းတွေ ငါကိုလာလာပြောနေကြတာ နင်မကြားတော့ဘူးလား ။ ထားလိုက်ပါဟာ ။ အရင်က ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်နဲ့နင်က အခုတော့ ပတ်ဝန်းကျင်ရဲ့ စကားတွေကို ခေါင်းထဲမထည့်ပဲ လုပ်ချင်ရာတွေ လုပ်ပြလိုက်တာ တကယ် ဝမ်းသာစရာပါပဲ။
အဲ့လိုသတ္တိတွေ နင့်ကိုပေးလိုက်တဲ့လူက ဘယ်လိုလူစားမျိုးမလို့လဲ ငါမှာဖြင့် မေးခွန်းတွေ ထောင်သောင်းနဲ့ပဲ မိရှင်နွေ ။
အဲ့လောက်ထိ ပြတ်သားလိမ့်မယ် အဲ့လောက်ထိ သတ္တိေတွ နင့်ဆီမှာ ရှိလိမ့်မယ်လို့ ငါတကယ်ထင်မထားမိဘူး မိရှင်နွေရေ ငါကတယ်တော့ လူညံ့လူဖျင်းတစ်ယေယာက်ပါ ။ အရိပ်ပြလည်း အကောင်မမြင်သလို အကောင်ကြီးမြင်နေရလည်း ဘာကောင်မှန်း ငါမသိပါဘူးကွာ အဲ့လောက်ထိ အသိဉာဏ်တွေက တုံးအနေတာ ဉာဏ်ကောင်းတဲ့နင်က သိပြီးသား ဖြစ်မှာပါ ။
နင်ပျော်တာလေးပဲကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောရအောင်ကိုလည်း နင်က ပျော်မနေပဲ သိမ်ငယ်မှုတွေ မဝံ့မရဲဖြစ်မှုတွေကို မြင်နေရတော့ အရင်ကတည်းက အတွေးတွေနဲ့တွေဝေနေတတ်တဲ့အကောင်က ဘယ်လိုကမ္ဘာတွေပျက်နေမလဲ တွေးကြည့်ပေါ့ဟာ
။

No comments:
Post a Comment