လွတ်လပ်ရေးခေတ်တုန်းက ေပြာကြတဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့စကားလေး ခဏခဏပြန်ကြားမိတယ် ငရဲခွေးကြီးက လွတ်နေတာမဟုတ်ဘူး ငါအခန်းမှာ ရောက်နေတာလို့သာ ပြောလိုက်ချင်တော့တယ် ။
အဲ့ငရဲကြီးက ဘယ်နေရာပဲသွားသွား သွားတဲ့နေရာကို ငရဲဖြစ်အောင် စွမ်းနိူင်တဲ့ အစွမ်းတွေကလည်း တကယ်ထက်မြက်တယ် ။
ဪ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုး ပေးတတ်ရုံသာမက အာရုံငါးပါးပါမကျန် ဒုက္ခပေးတတ်ဖို့ ဘယ်နည်း ဘယ်ပုံများ သင်ယူခဲ့ကြတာလဲဗျာ ။
ငါလည်း အဲ့ပညာတွေကို ဖြစ်ဖြစ်မြောက်မြောက် တတ်မြှောက်အောင်သင်ယူပြီး ငါအမုန်းဆုံးလူတွေကို လိုက်ဒုက္ခပေးလို့ အကောင်းဆုံးနည်းလမ်းတွေပါ့လားလို့တောင် တခါတခါေတွးမိပါရဲ့ဗျာ

No comments:
Post a Comment