Thursday 24 November 2022

လူဦးရေ ၁ဝဝဝ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း

လူဦးရေ ၁ဝဝဝ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း


 ဗြိတိသျှတို့ အာရကန်ဒေသမှ ဆုတ်ခွာသွား ချိန်တွင် ဂျပန်တပ်ဖွဲ့များနှင့် “သခင်”


ဟု ခေါ်သည့် လူရမ်းကားများသည် မွတ်စလင်များကို ဒုက္ခပေးခြင်းများနှင့် မွတ်စလင်များ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းများ စတင်လုပ်ဆောင်ခဲ့ ကြသည်ဟု Ornra Meah က ပြောကြားခဲ့သည်။ ရခိုင်ဒေသတွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အခြေအနေများ သည် ၁၉၄၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် ပျက်ပြားသွားခဲ့သည်။ ရက်နေ့ တွင် အဆိုပါ “သခင်” အမည်ခံထားသူများက အနည်းဆုံး မွတ်စလင် ၁ဝဝဝ ဦးခန့် ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြကြောင်း Omra Meah က ပြောကြားခဲ့ပါသည်။ (အမှန်မှာ အဆိုပါ မေလတွင် မြန်မာ့သမိုင်း၌ အမှန်တကယ် လူမျိုးသုဉ်း သတ်ဖြတ်ခံရမှု ဖြစ်သည့် ဗုဒ္ဓဘာသာဝင် ၃၀,၀၀၀ ဦးခန့်အား မွတ်စလင်များမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သာဖြစ်ပွားခဲ့ပြီး Omra Meah က လိမ်လည်ပြောကြားခဲ့ခြင်းသာ ဖြစ်သည်။)


ဂျပန်နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များသည် အာရကန်ဒေသအတွင်း မြို့ ၇ မြို့ အား တိုက်ခိုက်လုယက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပြည်သူ များအား သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် မောင်တော မြို့အား ဖိအားပေးတိုက်ခိုက်ခဲ့ကြရာ မွတ်စလင်များမှ မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဂျပန်များကို ပြန်လည်တိုက်ထုတ်၍ မောင်တောမြို့ကို သိမ်းပိုက်ခဲ့သည်။


မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများဖြင့် ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင် တစ်ဦး ဖြစ်သူ မော်လဝီ Nur Ahmed Ba Failed သည် အင်အား ၃၀၀ ခန့်ရှိ ၎င်း၏တပ်ဖွဲ့အား

သတင်းအမှားများနွံတွင် နစ်မြုပ်လျက်ရှိသော...... ရခိုင်ပြည်နယ် ပဋိပက္ခ


လေ့ကျင့်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့ အဖွဲ့တွင် ရိုင်ဖယ် ၁၅ လက်နှင့် ဝါးရင်း ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ကဲ့သို့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး အာရကန်မြောက်ပိုင်းအား မွတ်စလင်များမှ ထိန်းချုပ်ထားသည်။


စစ်ကြေညာခဲ့ခြင်း


ဂျပန်ဦးဆောင်သည့် သခင် အင်အား ၁၀၀ခန့်နှင့် ဒေသခံ အင်အား ၂၀၀၀ ခန့် ဖြင့် ပူးပေါင်း ဖွဲ့စည်းထားသည့် သစ္စာဖောက် မြန်မာအဖွဲ့သည် ဘူးသီးတောင်မြို့တွင် ဖွဲ့စည်း တပ်စွဲထားပြီး အနီးအနားရှိ ကျေးလက်ဒေသများကို ဖျက်စီးလုယက်ခြင်းနှင့် သတ်ဖြတ် ခြင်းများ လုပ်ဆောင်လျက်ရှိသည်။


ဇွန်လ ၁၅ ရက်တွင် မွတ်စလင်များသည် ဂျပန်နှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း ထားသည့် အဖွဲ့များအား တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာနည်းလမ်း မရှိကြောင်း ဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်သော မွတ်စလင် လူအုပ်ကြီးသည် လမ်းများပေါ်တွင် စုဝေးခဲ့ကြသည်။ အဆိုပါနေ့ ညပိုင်းတွင် မွတ်စလင် စစ်ကောင်စီမှ စစ်ကြေညာမှုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်ကြေညာမှုမှာ “ဘူးသီးတောင်မြို့နယ်ရှိ မွတ်စလင်များသည် နိုင်ထက်စီးနင်း ခံနေရခြင်း၊ မလိုမုန်းတီးစွာဖြင့် နှိပ်စက်ခံနေရ ခြင်းနှင့် သတ်ဖြတ်ချေမှုန်းခံနေရခြင်းများ ကြုံတွေ့နေရသည်ကို ကြားသိရသဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမဆန်သော လုပ်ရပ်များကို အဆုံးသတ်ရန် သင့်လျော် သော နည်းလမ်းမှာ ဘူးသီးတောင်မြို့ရှိ “သခင်” အဖွဲ့အစည်း အပေါ် စစ်ပွဲဆင်နွှဲရန်သာ ဖြစ်သည်ဟု မွတ်စလင်ကောင်စီက သတ်မှတ် ကြေညာခဲ့သည်။


လူစုလူဝေးများဖြင့် မွတ်စလင်တို့၏ အလစ်အငိုက်တိုက်ခိုက်မှုများ နောက်တစ်နေ့ နံနက်ပိုင်းတွင် စက်သေနတ်ငယ် ၂ လက် ကို ကိုင်ဆောင်ထားပြီး ကာကီရောင် ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီ ကို ဝတ်ဆင်ထားသော Nur Ahmed သည် စစ်သား ၃၀၀ ဦး၊ ရဲ ၃ဝ ဦးနှင့် တိုက်ခိုက်လိုစိတ် ပြင်းပြသူ ၃၀၀၀ ဦး ပါဝင်သော ၎င်း၏ မွတ်စလင်တပ်ဖွဲ့ကို ဦးဆောင် ၍ မောင်တောမြို့ The battlefield Moulama 15 int veral bend


အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အဆိုပါ မွတ်စလင် တပ်ဖွဲ့များသည် လက်နက်များ အနေဖြင့် ဓားရှည်များ၊ လှံများ၊ တုတ်ရှည်များ၊ လေးနှင့် မြားများအပြင် ရိုင်ဖယ်သေနတ် အနည်းငယ် ပါဝင်သည်။ ၎င်းတို့၏ ရန်သူများထံတွင် ဂျပန်တို့က ပေးအပ်ထားသည့် ရိုင်ဖယ် သေနတ်များနှင့် ၂၅ မီလီမီတာ အပေါ့စား စက်သေနတ် အများအပြားရှိသည်ဟု ၎င်းတို့သိရှိထားသည်။ သို့သော် ၎င်းတို့၏သွေးထဲတွင် အာရပ်သူရဲကောင်းတို့၏ သွေးများဖြင့် ပြည့်နှက်နေကြသည်။ မွတ်စလင်များသည် ၎င်းတို့ကျေးရွာများ မီးလောင်နေပြီး မီးခိုးများ ကောင်းကင်ပေါ်သို့ တလိပ်လိပ်တက်သွားသည်ကို မြင်သောအခါ ၎င်းတို့၏ ခြေလှမ်းများမှာ ပို၍ အရှိန်မြှင့်လာကြသည်။


၎င်းတို့သည် လက်ဝဲဒက် ကျေးရွာအုပ်စုမှ ကျေးရွာတစ်ရွာအားမီးရှို့နေသည့် “သခင်” အဖွဲ့အား အငိုက်ဖမ်းတိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ယခင်က အကြိမ်ကြိမ် ကြားသိခဲ့ရသည့် မွတ်စလင်များအား သခင်အဖွဲ့၏လုပ်ရပ်များဖြစ်သည့် မီးလောင်နေ သော နေအိမ်များအတွင်း သတ်ဖြတ်ခံရသည့် အမျိုးသားများ၊ တိုက်ခိုက်ခံရသည့် အမျိုး သမီးများ၊ ရေနစ်သတ်ဖြတ်ခံရသည့် (သို့မဟုတ်) မီးရှို့သတ်ဖြတ်ခံရသည့် ကလေးငယ် များ၏ ဖြစ်စဉ်များကို ယခု ထပ်မံမြင်တွေ့ ကြားသိခဲ့ရသည်။


(မှတ်ချက်။ လက်ဝဲဒက်ကျေးရွာသည် မေယုတောင်ခြေတွင်ရှိပြီး ဘူးသီးတောင် မြို့ သို့သွားရောက်သည့် ကားလမ်းပေါ်၌ တည်ရှိသော ဘင်္ဂါလီမွတ်စလင်ရွာကြီး တစ်ရွာ ဖြစ်ပါသည်။ အဆိုပါရွာသည် မောင်တောမြို့အတွင်း မွတ်စလင်များမှ ဗုဒ္ဓဘာသာဝင် များကို ဆိုးရွားသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပြုလုပ်စဉ် ထွက်ပြေးလာ သည့် ဗုဒ္ဓဘာသာ လူအုပ်ကြီးသည် မေယုတောင်တန်းများကို ဖြတ်ကျော်၍ ဘူးသီးတောင် မြို့ သို့ သွားရာတွင် အဆိုပါ လက်ဝဲဒက်ကျေးရွာမှ တစ်ဆင့်သာ ဖြတ်သန်းသွားရသည်။ ထိုအခါ လက်ဝဲဒက်ကျေးရွာရှိ မွတ်စလင်များသည် ထွက်ပြေးလာသည့် ဗုဒ္ဓဘာသာဝင် များကို မိတ်ဆွေဟန်ဆောင်၍ လိမ်လည်လှည့်စား အယုံသွင်းပြီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့် ကျေးရွာဖြစ်သည်။ လက်ဝဲဒက်ရွာမှ မွတ်စလင်များသည် ပြီးခဲ့သည့် လများ စွာ အတွင်း ဗုဒ္ဓဘာသာဝင် ရာပေါင်းများစွာ (သို့မဟုတ်) ထောင်ပေါင်းများစွာကို သတ်ဖြတ် ခဲ့ကြသည်။ အကယ်၍များ W. S. Mundy ၏ ယခုဆောင်းပါးတွင် ရေးသားထားသည့်


အတိုင်း လက်ဝဲဒက် မွတ်စလင်ကျေးရွာအား ဒေသခံ သခင်အဖွဲ့မှ အမှန်တကယ် မီးရှို့ ပါကလည်း အဆိုပါ မီးရှို့မှုသည် ဗုဒ္ဓဘာသာဝင်များ အပေါ် ရက်စက်ကြမ်းကြုတ်သော အဆိုပါကျေးရွာရှိ မွတ်စလင်များ၏ ပြုလုပ်ခဲ့သည့်လုပ်ရပ်များကြောင့် တန်ပြန်အကျို ခံစားရမှုသာ ဖြစ်ပေမည်


နာရီအနည်းငယ် ကြာပြီးနောက် တောင်ထိပ်တစ်ခုပေါ်ရှိ ကာကီရောင် ယူနီဖောင်း များ ဝတ်ဆင်ထားသော မွတ်စလင်တပ်ဖွဲ့ တစ်ဖွဲ့သည် တစ်မိုင်အကွာရှိ အခြားတောင်ကုန်း တစ်ခုပေါ်မှ အပြာရောင်ယူနီဖောင်းများ ဝတ်ဆင်ထားသော သခင်အုပ်စုများ၏ အဓိက တပ်ကို တွေ့ရှိခဲ့သည်။ မွတ်စလင်တပ်ဖွဲ့သည် ၎င်းတို့၏ လက်နက်များကို ဝှေ့ယမ်းကြရာ နေရောင်တွင် လျှပ်လျှပ်တောက်ပနေပြီး ရန်သူကိုရင်ဆိုင်ရန် အော်ဟစ်လျက် ပြေးဆင်းခဲ့ ကြသည်။ သခင်အုပ်စုများသည် အဓိကအားဖြင့် ကျယ်ပြန့်ပြီး ရေစီးသန်သော မေယုမြစ် ၏ အနောက်ဘက်မှ အကာအကွယ်ရယူပြီး မြို့သို့ ချဉ်းကပ်ရာလမ်းကြောင်းကို စက် သေနတ်တပ်ဆင်ထားသည့် သံချပ်ကာယာဉ်ဖြင့် ထိန်းချုပ်ထားသည့် အတွက်ကြောင့် အဆိုပါတိုက်ပွဲသည် ၅ ရက်ခန့် ကြာမြင့်ခဲ့သည်။ သို့သော်လည်း မွတ်စလင် လက်ဖြောင့် သေနတ်သမားများက အဆိုပါ သံချပ်ကာယာဉ် အနီးသို့ တွားသွား ချဉ်းကပ်ခဲ့ပြီး ယာဉ် ထဲရှိ ရန်သူအား တန်ပြန် တိုက်ခိုက်နိုင်ခဲ့သည့်အတွက် အရပ်မျက်နှာ ပတ်ပတ်လည် ခုခံ ပစ်ခတ်နေသည့် အဆိုပါ သံချပ်ကာယာဉ်အား နောက်ဆုံးတွင် သိမ်းပိုက်နိုင်ခဲ့သည်


မွတ်စလင်များသည် အဆိုပါ စက်သေနတ်ပါ သံချပ်ကာယာဉ်အား သိမ်းပိုက်နိုင် ခဲ့ပြီးနောက်တွင် ရန်သူများအား စစ်ပွဲနယ်မြေအတွင်းမှ ၎င်းသံချပ်ကာယာဉ်ဖြင့် လိုက်လံ မောင်းထုတ်ခဲ့ပြီး ဘူးသီးတောင်မြို့ အတွင်းသို့ ရောက်ရှိ သိမ်းပိုက်နိုင်သည်အထိ တိုက် ထုတ်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း မွတ်စလင် ၁၉ ဦးသာ ကျဆုံးပြီး “သခင်” တပ်ဖွဲ့များမှာ ရာနှင့်ချီ သေဆုံးခဲ့သည့်အပြင် ၎င်းတို့၏ အမျိုးသမီးများနှင့် ငယ် ၇၀ဝ ဦးခန့်မှာ သင်္ဘောဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းစဉ် ကလေး သင်္ဘောမှာ ဝန်အဆမတန်များပြားလာမှုကြောင့် တိမ်းမှောက်ခဲ့သဖြင့် ရေနစ် သေဆုံးခဲ့ကြ သ


cည်။။။)ည်။


C

99





99

၅၄

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...