Thursday 24 November 2022

သတင်းအမှားများနွံတွင် နစ်မြုပ်လျက်ရှိသော..... ရခိုင်ပြည်နယ် ပဋိပက္ခ

 နိဒါန်း

သတင်းအမှားများနွံတွင် နစ်မြုပ်လျက်ရှိသော..... ရခိုင်ပြည်နယ် ပဋိပက္ခ

မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေသော ရခိုင်ပဋိပက္ခသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်သည်ဟု သုံးသပ်မိပါသည်။ ပဋိပက္ခအခြေအနေကို လေ့လာကြရာ တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအပေါ်တွင်သာ သုံးသပ်၍ အဖြေ မထုတ်နိုင်ပါ။ ပဋိပက္ခဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်နောက်ခံ သမိုင်းကြောင်းအရင်းခံကိုပါ သေချာစွာ လေ့လာပြီး ဆုံးဖြတ်ကြမှသာ အဖြေမှန်ကို ရရှိနိုင်ပါလိမ့်မည်။ ဤဘင်္ဂါလီပဋိပက္ခ၏ နောက်ကွယ်တွင် ဖန်တီးရယူထားသည့် အကြောင်းအရာများစွာ ဖုံးကွယ်ထားလျက်ရှိ ပါသည်။ ဤပဋိပက္ခသည် ရခိုင်တိုင်းရင်းသားများနှင့်သာ သက်ဆိုင်သည့်အရေး မဟုတ် ပါ။ တစ်မျိုးသားလုံးနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် အမျိုးသားရေးကိစ္စ ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံသားအားလုံးသည် အဆိုပါပဋိပက္ခနှင့် ပတ်သက်၍ အတွင်း ကျကျ သိရှိနားလည်ထားရန် အထူးလိုအပ်လျက်ရှိပါသည်။


ရှေးဟောင်း ကျောက်စာများနှင့် သမိုင်းမှတ်တမ်းများအရ ရခိုင်ဒေသတွင် ကျောက်ခေတ်သံခေတ်၊ ကြေးခေတ်၊ မြို့ပြခေတ် ကတည်းက လူတို့နေထိုင်ခဲ့သည့် အထောက်အထားများကို တွေ့ရှိနိုင်ပါသည်။ ကမ္ဘာတွင် အစ္စလာမ်ဘာသာ မပေါ်ထွန်းမီ အေဒီ ၄ ရာစုခန့် ကတည်းက ဗုဒ္ဓဘာသာ ထွန်းကားသော ရခိုင်ဝေသာလီခေတ် မြို့ပြ နိုင်ငံ ပေါ်ထွန်းလာခဲ့ကြောင်း ကျောက်စာနှင့် ရာဇဝင်သမိုင်းမှတ်တမ်းများစွာ ရှိခဲ့ပါသည်။ ၁၈၂၄ ခုနှစ်တွင် ရှင်မဖြူကျွန်းကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အပြီးတွင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံဘဝတွင် ကျရောက်နေစဉ် ၁၈၉၆ ခုနှစ်၌ စူးအက်တူးမြောင်းကြီး ဖွင့်လှစ်ပြီးသည့်နောက် ကမ္ဘာ့ဆန်စပါးဈေးကွက် ဖြစ်ထွန်းလာခဲ့ပါသည်။ ထိုအခါ အင်္ဂတို့သည် စစ်တကောင်းနယ်မှ ဘင်္ဂါလီ အများအပြားကို ခေါ်ယူပြီး မြေလွတ်မြေရိုင်းများ၊ လယ်မြေများ ဖော်ထုတ်ကာ ဘင်္ဂါလီများကို မြေပိုင်ပေးပြီး ဆန်စပါးစိုက်ပျိုး၍ အခြေချ နေထိုင်ခွင့် ပြုပေးခဲ့ပါသည်။ တဖန် ၁၉၁၆ ခုနှစ်တွင် ဘူးသီးတောင်နှင့် မောင်တော ရထားလမ် ဖောက်လုပ်ရာတွင်လည်း စစ်တကောင်းဒေသမှ ဘင်္ဂါလီ အများအပြားကို ခေါ်သွင်းလာခဲ့ ပါသည်။ ၁၉၁၈ ခုနှစ်တွင် ရထားလမ်း စီမံကိန်း ပြီးဆုံးခဲ့သော်လည်း ၎င်းဘင်္ဂါလီများကို နေရပ်သို့ မပြန်စေတော့ဘဲ အဆိုပါဒေသတွင် အခြေချနေထိုင်ခွင့် ပေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဘင်္ဂါလီများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ရွာသစ် ထူထောင် နေထိုင်ကြသကဲ့သို့ အချို့မှာ ရခိုင် တိုင်းရင်းသား ကျေးရွာများတွင် ဝင်ရောက် ပူးပေါင်း နေထိုင်ခဲ့ကြပါသည်။ ဒေသခံ ရခိုင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မာရမာကြီး တိုင်းရင်းသားများ၏ လူဦးရေထက် ဘင်္ဂါလီ၏ လူဦးရေက ပိုမို များပြားလာခဲ့ပါသည်။


၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ ဝင်ရောက်လာစဉ် အင်္ဂလိပ်တို့ သည် မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့ရာ ၎င်းတို့ မသယ်ဆောင်နိုင်သည့် လက်နက်များကို ဘင်္ဂါလီ များအား တပ်ဆင်ပေးကာ အပျော်တမ်းတပ်ဖွဲ့ V-Force များ လျှို့ဝှက် ဖွဲ့စည်းပေးခဲ့ပါ သည်။ လက်နက်တပ်ဆင်ထားသည့် ဘင်္ဂါလီတပ်ဖွဲ့များအနေဖြင့် ဒေသခံရခိုင်များကို မောင်းထုတ်ပြီး အစ္စလာမ်မစ်နိုင်ငံသစ် ထူထောင်ရန် အခွင့်အရေးတစ်ရပ် ရရှိသွားပါသည်။ ထိုမှ ကုလား-မြန်မာ အလယ်သံကျော် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသား သုံးသောင်းကျော်ခန့်မှာ ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ရခိုင်တိုင်းရင်းသား တစ်သိန်းကျော်ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပါသည်။ ၁၉၄၆ ခုနှစ်တွင် စစ်တကောင်းသား ဘင်္ဂါလီ ဇာဖာဂါဝါ ဦးဆောင်သော မူဂျာဟစ် သောင်းကျန်း သူများ ပေါ်ပေါက်လာပြီး အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန် စစ်ကြေညာကာ တိုက်ခိုက်လာ ပါသည်။ မောင်တောဒေသတွင် နယ်ခံ ဘင်္ဂါလီ အဗ္ဗဒူ ကာစင် ဦးဆောင်သည့် မူဂျာဟစ် သောင်းကျန်းသူ အဖွဲ့သည် မေယုတောင်ကြောတွင် အခိုင်အမာ တပ်စခန်းများ တည်ဆောက် ကာ လှုပ်ရှားလာခဲ့ပါသည်။ တပ်မတော်မှ “မေယုစစ်ဆင်ရေး” နှင့် “မုတ်သုံစစ်ဆင်ရေး” များဖြင့် လှုပ်ရှား တိုက်ခိုက်ခဲ့ရာ မူဂျာဟစ် သောင်းကျန်းသူများ အထိနာကျဆုံးပြီး ၁၉၆၁ ခုနှစ်တွင် မူဂျာဟစ်များအားလုံး လက်နက်ချကာ စစ်ဆင်ရေး အဆုံးသတ်ခဲ့ပါသည်။ ဘင်္ဂါလီ များသည် မြန်မာနိုင်ငံလွတ်လပ်ရေး မရရှိခင်ကာလကပင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ကို ပြည်မမှ ခွဲထုတ်ရန် အမျိုးမျိုး ကြိုးစားခဲ့ကြပါသည်


၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ ရခိုင် တိုင်းရင်းသူ တစ်ဦးကို ဘင်္ဂါလီ သုံးဦးမှ ရက်စက်စွာဖြင့် အုပ်စုဖွဲ့ အဓမ္မကျင့်၊ သတ်ဖြတ်၊ ပစ္စည်း လုယူသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ၎င်းဖြစ်စဉ်မှ ရခိုင်နှင့် ဘင်္ဂါလီ အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ် ခုနှစ် မြို့နယ်သို့ ကူးစက်သွားခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဘင်္ဂါလီ အာတ္တာ အူလ္လာ ခေါင်းဆောင်သည့် Harakah al-Yaqin (HaY) (ခေါ်) Aqa Mul Mujahadeen (AMM) မူဂျာဟစ် သောင်းကျန်းသူ အဖွဲ့ သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် ကျီးကန်ပြင်နှင့် ငါးခူရရဲကင်း စခန်းတို့ကို တစ်ချိန် တည်းဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။ အလားတူ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၀၁း၃၀ ချိန်ခန့်တွင် အတ္တာ အူလ္လာ ကပင် ခေါင်းဆောင်သည့် ARAKAN ROHINGYA SALVATION ARMY-ARSA (အာရကန် ရိုဟင်ဂျာ ဆိုသည့် အမည်မှာ ရိုဟင်ဂျာများသည် အာရကန် ဒေသခံများဖြစ်သည်ဟု လိမ်လည်ဝါဒဖြန့်ထားမှုများကို ခိုင်မာစေရန်နှင့် အာရပ် အစ္စလာမ်မစ်များနှင့် ဆက်စပ်မှုကို ပေါ်လွင်မှု မရှိစေရန် Aqa Mul Mujahadeen ဆိုသည့် အမည်မှ လိမ္မာပါးနပ်စွာဖြင့် အမည်ပြောင်းထားမှု) အကြမ်းဖက်အဖွဲ့သည် ဘူးသီးတောင်ရသေ့တောင်၊ မောင်တောဒေသရှိ ရဲစခန်း ၃၀ နှင့် တပ်ဌာနချုပ် တစ်ခုကို အင်အား အလုံးအရင်းဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ် များကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းခဲ့ပြီး ပိတ်မိနေသည့် တိုင်းရင်းသား များကို ကယ်တင် ဆောင်ရွက်ပေးခဲ့ပါသည်။


ထိုကဲ့သို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်လာမှုအပေါ် ကမ္ဘာ့ မည်သည့် နိုင်ငံတွင်မဆို ကာကွယ်ထိန်းသိမ်းရန် အဓိက တာဝန်ရှိသူမှာ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်ကြပါသည်။ မိမိတို့ တပ်ဖွဲ့ဝင်များ အနေဖြင့် ကာကွယ် ထိန်းသိမ်းရန် တာဝန်ရှိမှုအပေါ် ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် မီဒီယာများ၏ စွပ်စွဲချက်များသည် အကြမ်းဖက် တိုက်ခိုက်သူ များကို မျက်နှာသာပေးပြီး တစ်ဖက်သတ် ဘက်လိုက်ကာ တရားလိုက တရားခံအဖြစ်သို့ ရောက်ရှိစေရန် တွန်းပို့နေခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ (FFM) ဖွဲ့စည်း ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီများကို စစ်ဆေးမေးမြန်းပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင် စာမျက်နှာ ၄၄၀ ရှိ အစီရင်ခံစာကို ပြုစု၍ ထုတ်ပြန်ကြေညာခဲ့ခ


ပါသည်။ အဆိုပါ အစီရင်ခံစာအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများအပေါ် မွေးရာမှ သေသည်အထိ စနစ်တကျ အဖွဲ့အစည်းအလိုက် နှိပ်စက်ခဲ့ကြောင်း၊ ဘင်္ဂါလီများသည် ရဲစခန်း ၃၀ နှင့် တပ်စခန်း တစ်ခုကို တိုက်ခိုက်ရခြင်းမှာ သူတို့(ဘင်္ဂါလီများ) ဖိနှိပ် ခံစားနေရမှ အပေါ်နိုင်ငံတကာမှ အာရုံပြုစေလို၍သာ ဖြစ်ကြောင်း၊ တပ်မတော်သည် ဘင်္ဂါလီ တစ်သောင်း ခန့်ကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ပါကြောင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်းကလေးသူငယ်များကို မီးပုံထဲ အရှင်လတ်လတ် ပစ်ချကာ သတ်ဖြတ် ခဲ့ကြောင်း အစရှိသည်ဖြင့် အထောက်အထားမဲ့ နှုတ်အပြောသက်သက်ကို အတည်ယူကာ စွပ်စွဲခဲ့ပါသည်။ တဖန် ဂမ်ဘီယာနိုင်ငံသည် OIC ကို ကိုယ်စားပြု၍ အထက်ဖော်ပြပါ ကမ္ဘာ့ ကုလသမဂ္ဂ သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာကို အတည်မှတ်ယူပြီး မြန်မာနိုင်ငံအား ကုလသမဂ္ဂ ICJ တရားရုံးသို့ ရုံးတင် တရားစွဲဆို ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အဆိုပါ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ပြီးနောက် ICJ တရားရုံးမှ မြန်မာနိုင်ငံအား လတ်တလော လိုက်နာရန်အချက် (Provisional Measures) လေးချက် ကို လိုက်နာ ဆောင်ရွက်ရန် အမိန့် ချမှတ်ခဲ့ပါသည်။


“သတင်းအမှားများနွံတွင် နစ်မြုပ်လျက်ရှိသော ရခိုင်ပြည်နယ်ပဋိပက္ခ” သည် တကယ့်ဖြစ်ရပ်မှန်များကို အထောက်အထား အခိုင်အမာဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်။ အမှား သံသရာ ဝဲဂယက်မှ ဆယ်တင်နိုင်ပါစေဟု ဆန္ဒပြုမိပါသည်။

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...