Thursday 17 November 2022

 ဖြစ်နိုင်ရင်လေ 


မဖြစ်နိုင်တော့တာတွေကို မေ့ပစ်ချင်တာပါ 


အတိတ်တွေကို သယ်လာတတ်တဲ့ အရိပ်တွေက ခါးသက်လွန်းလို့ တခါတလေ အရိပ်တွေကို ငါမုန်းလိုက်ချင်တယ် 


လွမ်းရင်း လွမ်းရင်းနဲ့ ကမ္ဘာတွေအထပ်ထပ်ခြားသွားတာတောင် အချိန်နာရီတွေမရေတွက်နိုင်အောင်ပါပဲလား 


လွမ်းရလွန်းလို့ ခေါ်လို့လဲသူကမကြား

ခေါ်မကြား အော်မကြား လွမ်းလိုက်ရတာ ရင်ဘတ်နာရုံ


တသိမ့်သိမ့်ရှိုက်ရင်း နေ့ရက်တွေက တညပြီးတည ဥဒဟို ဖြတ်ကျော်ရင်း တောင်တောင်အီအီနဲ့ ကုန်ဆုံးသွားတယ် 


အရှိကို အရှိအတိုင်း မရှိနိုင်တော့တာတွေ လက်ခံလိုက်ဖို့ကလွဲလို့ ဘာဆို ဘာမှ မတတ်နိုင်တဲ့ ဘဝတွေပါကွယ် 


#ငပြည့်

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...