Thursday 24 November 2022

၁၉၅ဝနှင့် ၁၉၆ဝ ပြည့်လွန်နှစ်များအတွင်း မူဂျာတစ် စစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက် သတ်ဖြတ်ခဲ့မှုများ



၁၉၅ဝနှင့် ၁၉၆ဝ ပြည့်လွန်နှစ်များအတွင်း မူဂျာတစ် စစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက် သတ်ဖြတ်ခဲ့မှုများ



မူဂျာဟစ်အဖွဲ့နှင့် မြန်မာတပ်များသည် အဆိုပါနယ်မြေအတွင်း အပြန်အလှန် တိုက်ခိုက်ခြင်း၊ ပြန်လည်သိမ်းယူခြင်းဖြင့် တစ်ဖက်နှင့်တစ်ဖက် အကြိမ်ကြိမ် ထိုးစစ်ဆင် နေကြသော်လည်း မည်သည့်ဘက်မှ အနိုင်ရရှိခြင်း မရှိပါ။


 မြန်မာစစ်ဘက်အတွက် အဆိုပါ နယ်မြေသည် အစိုးရမှ အလွန်အလှမ်းကွာဝေးသော နယ်မြေဖြစ်ပြီး ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းသည် အလွန်ဆိုးရွား ရှည်လျားကာ မိုးရာသီတွင် သွားလာရန် မဖြစ်နိုင်ပေ။ - 



#၁၉၇၇ ခုနှစ်တွင် လစ်ဗျားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှု


၁၉၇၇ ခုနှစ်တွင် Sultan Mahmud ဦးဆောင်သော မူဂျာဟစ်သူပုန်များနှင့် ARNO အဖွဲ့ဝင်များမှ ရွေးချယ်ထားသော ကိုယ်စားလှယ်များကို လစ်ဗျားနိုင်ငံသို့ စေလွှတ်ခဲ့ပြီး လစ်ဗျားနိုင်ငံ ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီနှင့် တွေ့ဆုံခဲ့ကြသည်။


 Sultan Mahmud ၏ အဖွဲ့သည် အာရကန် ပြည်နယ်ကို အာကစ္စတန်ဟု အမည်မှည့်၍ အစ္စလာမ်မစ် နိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲမည့် ၎င်းအဖွဲ့၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။


 ၎င်းအဖွဲ့သည် ဗိုလ်မှူးကြီး ကဒါဖီနှင့် လစ်ဗျားအစိုးရကို အကူအညီပေးရန် တောင်းဆို ခဲ့ပြီး အခြားသော လစ်ဗျားအတိုက်အခံ အဖွဲ့များကလည်း မြန်မာအစိုးရအပေါ် ဂျီဟတ် စစ်ပွဲဆင်နွှဲရန် တောင်းဆိုခဲ့သည်။ 


မြန်မာနိုင်ငံတစ်ဝန်း မွတ်စလင်များ၏ ပုန်ကန်မှုဖြင့် ဦးနေဝင်းအစိုးရကို ဖြုတ်ချရန် ဆိုးရွားသည့် လျှို့ဝှက်ကြံစည်မှု တစ်ခုကို မြန်မာအစိုးရက ဖော်ထုတ်နိုင်ခဲ့သည်။ 


ဘင်္ဂလားဒေ့ရှ်နှင့် လစ်ဗျားနိုင်ငံတို့သည် အဆိုပါ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်။


 သို့သော်လည်း အဆိုပါအစီအစဉ်ကို မြန်မာ အာဏာပိုင်များက တားမြစ်နိုင်ခဲ့သောကြောင့် မွတ်စလင်တို့၏ ယုတ်ညံ့သော အစီအစဉ် များ အောင်မြင်မှု မရရှိခဲ့ပေ။ 

အဆိုပါကိစ္စရပ်များတွင် လျှို့ဝှက်ပူးပေါင်း ကြံစည်ခဲ့သည့် ရခိုင်မြောက်ပိုင်းရှိ မွတ်စလင် အများအပြား ဖမ်းဆီးခံခဲ့ရပြီး ပါဝင်ပတ်သက်သော အခြားသူ များသည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သည့်အတွက် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...