Thursday 24 November 2022

ရခိုင် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ

ရခိုင် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ


*အာရကန်တွင် နေထိုင်ကြသည့် ဒေသခံများကို ရခိုင်လူမျိုးများဟု သတ်မှတ် ခေါ်ဆိုကြသည်။"


Francis Buchanan (မြန်မာနိုင်ငံရှိ ဘာသာစကားများကို နှိုင်းယှဉ်လေ့လာသူ) "ရခိုင်သားများအနေဖြင့် မွတ်စလင်များကို နိုင်အောင် အချိန်မီ မတိုက်နိုင်ခဲ့ဘူး ဆိုပါက ဘိုးဘွားပိုင် နယ်မြေများမှ မောင်းထုတ်ခံရမယ့်သူများဟာ ရခိုင်သားများသာ ဖြစ်မှာဖြစ်ပြီး ဘယ်လိုမှ ကယ်တင်နိုင်မယ့် မျှော်လင့်ချက် ရှိနိုင်မှာ မဟုတ်ဘူး။”


C.E.Lucas Phillips(ဗြိတိသျှအမှတ်(၁၄)ကြည်းတပ်မှ ဗိုလ်မှူးချုပ်) အိန္ဒိယရုံး၏ မှတ်တမ်း R/8/9GS 4243 အနောက်ဘက် စစ်တကောင်းဒေသ (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ)မှ စစ်တကောင်း သားများ အလုံးအရင်း ဝင်ရောက်လာပြီး နောက်ပိုင်းတွင် အာရကန်ဒေသမှ ဒေသခံ ရခိုင်လူမျိုး များမှာ တဖြည်းဖြည်း မောင်းထုတ် ခံခဲ့ရသည်။ ယခုကဲ့သို့ စစ်တကောင်းဒေသမှ ဘင်္ဂါလီ များ အလုံးအရင်း ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် အာရကန် ဒေသခံ ရခိုင်သားများ ကို အရှေ့ဘက်သို့ တဖြည်းဖြည်း မောင်းထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ မောင်တော မြို့နယ်တွင် စစ်တကောင်းမှ ကျူးကျော် ဝင်ရောက်လာသူ ဘင်္ဂါလီများနှင့် ပြည့်နှက် နေခဲ့ သည့်အပြင် ဘူးသီးတောင်ခရိုင်ရှိ နေရာတော်တော်များများတွင်လည်း နောက်ထပ် ရောက်ရှိလာသည့် မွတ်စလင်များကို တွေ့မြင်ခဲ့ရသည်။”


Akyab(ယခုစစ်တွေ)နယ်မြေဆိုင်ရာ ဒုတိယ ကော်မရှင်နာမင်းကြီး R.B Smart ၏ မြန်မာပြည် ပြန်တမ်း အာရကန် ဒေသတွင် ဗုဒ္ဓဘာသာ အမွေအနှစ်များ ပျက်စီး ယိုယွင်းလာခြင်း


အာရကန်ဒေသ အနှံ့အပြားတွင် ဗုဒ္ဓ၏ရုပ်ပွားတော်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်များ ပျံ့နှံ့ တည်ရှိလျက်ရှိသည်။ အာရကန်ဒေသတစ်လျှောက် တောအုပ်များ အတွင်းမှာလည်း ပျောက်ကွယ်နေသည့် အဆောက်အအုံများနှင့် ရုပ်ဝတ္ထုများစွာရှိသည်။ အပူပိုင်းဇုန်ဒေသ အတွင်းဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နှစ်အနည်းငယ် အတွင်း ဖုံးလွှမ်းပျောက်ကွယ်မှုများ ဖြစ်ပွားခဲ့ရသော်လည်း အချို့သော အဆောက်အအုံ ဗိသုကာလက်ရာများကြောင့် သမိုင်းကြောင်းများကို ဖုံးကွယ်မရပေ။

ခ အာရကန်ခေတ်တွင် ထွန်းကားခဲ့သည့် အထင်ကရ ဗုဒ္ဓဘာသာဆိုင်ရာလိုဏ်ဂူ


များ၊ ဘုရားကျောင်း ပုံစံအမျိုးမျိုး၊ ဗုဒ္ဓရုပ်ပွားတော်ပုံစံများ၊ ဗုဒ္ဓ၏ ဇာတ်နိပါတ်တော်ရုပ်ပုံ များ၊ လိုဏ်ဂူများ အတွင်း ဒဏ္ဍာရီလာရုပ်ပုံများနှင့်ပုံပြင်များ၊ သမိုင်းဝင်ဖြစ်ရပ်များကို ခေတ်အလိုက် စာရင်းဇယားများဖြင့် မှတ်တမ်းတင်ထားသည်။ ထိုစာရင်းဇယား မှတ်တမ်း များပါ လက်ရာများသည် အာရကန်ခေတ် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့ကို ဖွင့်ဆိုပြသ နေသည်။ အဆိုပါ လက်ရာများသည် အာရကန်၏ မူရင်းလက်ရာများသာ ဖြစ်ပြီး အာရကန် ပြင်ပမှ လက်ရာပုံစံများ မပါဝင်ပေ။ ထိုနည်းတူ အဆိုပါ အမွေအနှစ်များသည် ကမ္ဘာ့ ယဉ်ကျေးမှု၏ အမွေအနှစ်ဖြစ်သလို ဗုဒ္ဓဘာသာ၏ တန်ဖိုးရှိသည့်သမိုင်းကြောင်း တစ်ခု လည်း ဖြစ်ပါသည်။ အဆိုပါ ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုများသည် ခေတ်သစ် ကမ္ဘာ၏ စိန်ခေါ်မှုကို အကြီးအကျယ် ခံနေရသည်။


အာရကန်ဒေသသည် ဗြိတိသျှတို့၏ ကျူးကျော်တိုက်ခိုက်မှုများခံခဲ့ရပြီး နောက်ပိုင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာ အခြေအနေများအထိ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း အာရကန်ဒေသတွင် ပျက်စီးဆုံးရှုံး မှုများရှိခဲ့ပြီး လက်ရှိ ပြဿနာများအပေါ် မီးလောင်ရာလေပင့် သကဲ့သို့ ပိုမိုအားပေး အားမြှောက်ဖြစ်စေသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ တပ်မတော်အစိုးရ လက်ထက်များတွင်လည်း လက်ရှိဖြစ်ပွား နေသည့် အကျပ်အတည်းကို ဖြေရှင်းရာတွင် အားနည်းမှု အချို့ရှိခဲ့သည်။ ယခုအခါမှာ ရခိုင်လူမျိုးများသည် ဒုက္ခအခက်အခဲများနှင့် တွေ့ကြုံနေရပြီး ခုခံကာကွယ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်များနှင့် သမိုင်းကြောင်း များမှာ ဖျက်ဆီးခြင်းခံရနိုင်ပါသည်။ အာရကန်ဒေသသည် ကမ္ဘာ့အဖိုးတန်ဒေသ တစ်ခု ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် ဒေသတစ်ခုလည်းဖြစ်ပါသည်။ ထို့ကြောင့် အာရကန်ဒေသ တည်တံ့နိုင်ရေးနှင့် ခုခံနိုင်ရေး အတွက် များစွာလိုအပ်နေသည်။


၁၃


၁၂

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...