Monday 22 July 2019

#ရတနာနတ်​မယ်

ငယ်​ဘဝ

ဩစတြေးလျ နိုင်ငံသား၊ အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် ဟာ့ဘတ် ဘယ်လာမီ (Herbert Bellamy) (၁၈၇၈-၁၉၆၃) နှင့် လင်းပင်ထိပ်တင်မလတ် (၁၈၉၄-၁၉၆၃) တို့မှ ၁၉၃၂ ခု၊ ဇွန်လ ၁ ရက်တွင် ရန်ကုန်၌ မွေးသည်။

[၁] အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသောကလေးဟု ဆိုကာ ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော် တစ်ယောက် ဖြစ်သည်။

၁၉၄၂ ခု၊ ဒုတိယကမ္ဘာစစ် ဖြစ်၍ ဂျပန်ဝင်လာသည့်အခါ ရန်ကုန်၌ ဗုံးဒဏ် ခံရ၍ အိန္ဒိယသို့ စစ်ရှောင်သည်။

အိန္ဒိယမြောက်ပိုင်း၊ ဂင်္ဂါနှင့် ယမုံနာမြစ်တို့ ဆုံရာ အလဟာဘတ် (Allahabad) တွင် အခြေချသည်။

အသက် ၁၁ နှစ်၌ ကလင်ပုံ (Kalimpong) ရှိ စိန့်ဂျိုးဆက် သီလရှင်ကျောင်း၌ တက်ရသည်။

သာသနာပြုကျောင်းမှ သီလရှင်ဆရာမက သွေးနှောဖြစ်နေ၍ ပညာပြသည်ကို ရွဲ့ရာ ကျောင်းထုတ်ခံရသည်။

အသက် ၁၄ နှစ်အရွယ်ရောက်မှ မြန်မာပြည် ပြန်လာကာ မေမြို့ (ယခု ပြင်ဦးလွင်) ၌ နေသည်။ [၂] ဗြိတိသျှတို့ နွေရှောင်မြို့ဖြစ်ရာ သစ်တော သစ်ပင်များဖြင့် အုံ့ဆိုင်းနေပြီး ဖခင် ဘယ်လာမီ၏ အကြိုက် ဖြစ်သည်။

မြင်းမွေးကာ မကြာမကြာ တောပစ်ထွက်တော့သည်။ သစ်ခွလည်း စုသည်။ လက်ကျန်ဗြိတိသျှ အသိုင်းအဝိုင်းက ဘယ်လာမီအား လက်အောက်ခံနိုင်ငံသား ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြင်းပွဲဒိုင် ဖြစ်ခြင်းကြောင့် လည်းကောင်း မနှစ်မြို့ကြသော်လည်း မိခင်၏ တော်ဝင်မျိုးဆက်ဟူသော ခေါင်းစဉ်မှာ တခါတရံ အသုံးဝင်နေရာ အခက်အခဲ ကြီးကြီးမားမားမရှိ။

မေမြို့၊ စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း) ၌ ပညာ ဆက်သင်သည်။ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရာ အမေရိကန်နိုင်ငံ၊ နယူးယောက်သို့ လေ့လာရေးခရီး (၃) လကြာ သွားခွင့် ရဖူးသည်။

ဘဝ

၁၉၈၃ ခုမှ စကာ အရှေ့တိုင်းစာနှင့် အီတလီစာ ချက်ပြုတ်နည်းကို သင်ကြားသော (Associazione Culturale Arte e Gastronomia Orientale) အချက်အပြတ်သင်တန်း ဖွင့်ထားသည်


 [၄] သူမရဲ့ ဒီအခန်း၌ ဖခင်သဘောကျသည့် မြင်းပုံများအား အမှတ်တရ ရေးဆွဲထားသကဲ့သို့ အဘိုး လင်းပင်မင်းသားကြီးနှင့် ရေနံ့သာ ခင်ခင်ကြီး တို့၏ မင်္ဂလာပွဲပုံ ကို ရေးဆွဲထားသည်ဟု သိရသည်။ [၅]

အလှူအတန်းအနေဖြင့် ရန်ကုန်ရှိ ဆရာဝန်များမှတဆင့် ဆေးကျောင်းမတက်နိုင်သူများကို ထောက်ပံ့သည်။ နာဂစ် ဖြစ်ပြီးနောက် ရွာတရွာကိုလည်း အကူအညီများ ပေးခဲ့သည်။

သားငယ် မောရစ်မှာ ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။ သို့သော်လည်း မောရစ်၏သား အသက် ၄၄ နှစ်အရွယ် အဲလက် (Alex) မှာ သူနှင့် အတူနေပေးသည်။

နာဂစ်ကာလ မြန်မာပြည်သို့ ပြန်သောအခါ လင်းပင်မင်းသား၏ အုတ်ဂူကို သွားကြည့်ဖြစ်သည်။ ကျောင်းထိုင် ၁၀ ပါး အပါအဝင် ဘုန်းကြီး အပါး (၁၂၀) ကို အရုဏ်ဆွမ်း ကပ်ကာ အမျှဝေဖြစ်သည်ဟု ဆိုသည်။

အိမ်ထောင်ပြင်ဆင်

၁၉၅၄ ခု၊ အသက် ၂၂ နှစ်အရွယ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ၌ တာဝန်ကျသည့် ငှက်ဖျားဆိုင်ရာ အကြံပေးဆရာဝန် အီတာလျံလူမျိုး မာရီယို ပို့စတစ်လီယွန် (Mario Lucia Postiglione) နှင့် အိမ်ထောင်ကျသည်။

သားဦးမွေးပြီး ခုနှစ်လအကြာတွင် ကွန်မြူနစ်များက ခင်ပွန်းသည် မာရီယိုအား ပြန်ပေးဆွဲကာ ငွေတောင်းသည်။ နိုင်ငံတော်အား ထိန်းသိမ်းရန် လိုသော လက်နက်များဝယ်ရန်ဟု ဆိုသည်။

ပြန်လွတ်ပြီးနောက် ကုလသမဂ္ဂ၏ အစီအစဉ်ဖြင့် မာရီယို တာဝန်ကျရာ ဒမာစကပ် (Damascus)၊ ဂျနီဗာ (Geneva) နှင့် မနီလာ (Manila) မြို့များသို့ လိုက်နေသည်။ ၁၉၆၃ ခု၊ ဖိလစ်ပိုင်၌ ရှိနေစဉ် ဖခင်ဖြစ်သူဆုံးရာ ရန်ကုန်သို့ ပြန်လာဖြစ်သည်။

၁၉၆၃ ခု၊ ဇွန်လရောက်သော် မာရီယိုနှင့် ကွာရှင်းလိုက်သည်။ သားနှစ်ယောက်ဖြစ်သော မိုက်ကယ် (Michael) နှင့် မောရစ် (Maurice) တို့ကို တာဝန်ယူလိုက်သည်။

နေဝင်း၏ ဇနီးပြင်ဆင်

ကွာရှင်းပြီး မကြာမီပင် မိခင်ဖြစ်သူ မကျန်းမာသည့်သတင်း ရောက်လာသည်။ ထိုအချိန်မတိုင်မီ ၁၉၆၂ ခုတွင် မြန်မာပြည်အား ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ကာ ပြည်တွင်းသောင်းကျန်းမှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ရောမသံရုံးက မြန်မာသို့ သွားရန် ပြည်ဝင်ခွင့် မပေးနိုင်တော့ပေ။

ကေတီဘသန်း (ဗိုလ်ချုပ် နေဝင်း၏ ဇနီး) နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အဆက်အဆံရှိရာ ကြေးနန်းရိုက်၍ အကူအညီတောင်းရသည်။ ရောမလေဆိပ်၌ပင် လာကြိုမည်ဟူသောသတင်း ပြန်ရသည်။

မရှေးမနှောင်းပင် မိခင်ဖြစ်သူ တိမ်းပါးကြောင်း သိရပြန်သည်။ သို့ဖြစ်ရာ သတင်းမေး ခရီးမှသည် အရိုးကောက်ခရီး ဖြစ်သွားသည်။ ထိုကိစ္စနှင့်ပင် ဗိုလ်ချုပ်နေဝင်းနှင့် ရင်းနှီးသွားသည်။

နောက်တစ်နှစ်အကြာတွင် ဗိုလ်ချုပ်နေဝင်း ဥရောပသို့လာရာ ကေတီ ဆုံးပြီဖြစ်ကြောင်း သိလိုက်ရသည်။

သားနှစ်ယောက်နှင့် ရုန်းကန်နေရသည်ကို သိပြီးနောက် မြန်မာပြည် ပြန်လာရန် ဗိုလ်ချုပ်နေဝင်းက တိုက်တွန်းသည်။ နောက်တစ်ကြိမ် ဥရောပခရီး၌ ဗိုလ်ချုပ်နေဝင်းက လက်ထပ်ခွင့် တောင်းသည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် ရန်ကုန်သို့ ပြန်ကာ ၁၉၇၆ ခု၊ ဒီဇင်ဘာလတွင် လက်ထပ်ဖြစ်သွားသည်။ နှစ်ဦးနှစ်ဖက်မှာ အကျိုးအမြတ်အတွက် လက်ထပ်ခြင်းမျိုး ဖြစ်ရာ တာရှည် မခံလိုက်။

တခါသော် ဗိုလ်ချုပ်နေဝင်းက အရက်ခွက်ဖြင့် လှမ်းပက်သည်။ အိမ်စေများ ရှေ့ဖြစ်သဖြင့် အကြီးအကျယ် ရန်ဖြစ်ကြသည်။ နောက်တရက်တွင် စန္ဒာဝင်း (လင်ပါသမီး) နှင့် ကိုယ်ရံတော်များက ပြည်ပထွက်ခွင့်ရှိသော တစီးတည်းသော လေယာဉ်ဖြင့် ပြည်ပသို့ ပြန်ပို့သည်။

အကျယ်အကျယ်မဖြစ်လို၍ ပြန်ပို့လိုက်ခြင်း ဖြစ်သော်လည်း ပြန်ခွင့်ရခြင်းကိုပင် ကံကောင်းသည်ဟု ယူဆရသည်။ ဤသို့ဖြင့် ငါးလကြာအိမ်ထောင်ရေး တစ်ခန်းရပ်သွားသည်။

#အဓိပတိကမ္မ
21JUL2019
ကိုးကားပြင်ဆင်

↑ Maurice Collis (1938) "Trials in Burma"↑ Norman Lewis (1955) "Golden Earth"↑ မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ် ရေး ရတနာနတ်မယ် ကောက်ကြောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်နဝါရီလ ၂၀၁၂)↑ Between Two Worlds↑http://blog.nyilynnseck.com/2009/01/blog-post_12.html

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...