Monday 8 July 2019

ဘုရား..ဘုရား..ဘုရား......😱😱😱
မိတ်​​ဆွေ ​လေး​လေးတစ်​​ယောက်​​ပြောမှ ICCPR(International Convent on Civil and Political Rights) ကို ​သေ​သေချာချာဖတ်​ကြည့်​မိတာ ​ကျော​တွေချမ်းပြီး ​ခေါင်း​တွေပါ​ခြောက်​လာတယ်​။

ကဲပါ....
ဖတ်​တဲ့သူ​တွေပါ စိတ်​ညစ်​​အောင်​ ရှင်းပြ​မယ်​​နော်​။

ယခင် ​နဝတ​ခေတ်​တုန်းက ဥပ​ဒေအမှတ်​(၃/၉၃)ဖြစ်​တဲ့ က​လေးသူငယ်​ဥပ​ဒေ ကို အစားထိုးပြဌာန်းဖို့ အခုရက်​ပိုင်း​လေးတင်​ အတည်​ပြုလိုက်​​သော က​လေးသူငယ်​အခွင့်အ​ရေးများဆိုင်​ရာဥပ​ဒေ ရဲ့ ပုဒ်​မ-၂၆ မှာ{မြန်​မာနိုင်​ငံသားတစ်​ဦးသည်​ မိဘအရင်း​သဖွယ်​ ပြုစု​စောင့်​​ရှောက်​နိုင်​ပါက က​လေးသူငယ်​အား သတ်​မှတ်​ချက်​များနှင့်​အညီ ​မွေးစားပိုင်ခွင့်ရှိသည်​}လို့ ပြဌာန်း​ပေးထားတယ်​။

အဲဒီ​တော့ ဥပ​ဒေအသစ်​အရ က​လေးသူငယ်​ကို ဘယ်​လိုအဓိပ္ပါယ်​ဖွင့်​ဆိုထားလဲဆိုတာ ကြည့်​ရ​အောင်​။ ပုဒ်​မ-၃(ခ) မှာ{အသက်​၁၈နှစ်​ မပြည့်​​သေး​သောသူ}လို့ ပြဌာန်းထားတယ်​။

တစ်​ခါ ပုဒ်​မ-၂၈(က) မှာ{မိဘမဲ့က​လေး၊ မိဘမှပြုစု​စောင့်​​ရှောက်​နိုင်​ခြင်းမရှိ​သောက​လေး၊ မိဘမှပြုစု​စောင့်​​ရှောက်​နိုင်​​သော်​လည်း က​လေး၏အ​ကောင်းဆုံး​အကျိုးစီးပွားအားဖြည့်​ဆည်း​ပေးနိုင်​​ခြင်းမရှိ​သောက​လေး၊ မိဘ/အုပ်​ထိန်းသူနှင့်​ကွဲကွာ​နေသည့်​အပြင်​ ​ဆွေမျိုးသားချင်းများမှ တာဝန်​ယူမ​စောင့်​​ရှောက်​နိုင်​​သောက​လေး၊ ဝန်​ကြီးဌာနမှအမိန့်​​ကြေငြာစာထုတ်​ပြန်​ထား​သောက​လေး စသည်​တို့အား ​မွေးစားပိုင်​ခွင့်​ရှိသည်​}လို့ ပြဌာန်းထားပြန်​တယ်​။

ဆို​တော့ကာ မြန်​မာနိုင်​ငံသားတစ်​ဦးက ပုဒ်​မ-၂၈(က)နဲ့ ညီညွှတ်​ရင်​ က​လေး​မွေးစားနိုင်​မယ်​။ ရှင်းရှင်း​ပြောရမယ်​ဆိုရင်​ အသက်​-၁၈နှစ်​မပြည့်​​သေးတဲ့ ဘာလူမျိုးဖြစ်ဖြစ်၊​​ဘာနိုင်​ငံသားဖြစ်​ဖြစ်​၊ဘာဘာသာကိုးကွယ်​ကိုးကွယ်​၊ဘယ်​မှာ​မွေး​မွေး၊ဘယ်​​မှာ​နေ​နေ ​မြန်​မာနိုင်​ငံသားတစ်​ဦးအ​နေနဲ့ ​မွေးစားပိုင်​ခွင့်​ရှိတယ်​ပေါ့​လေ။

ပိုပြီးဆိုးနိုင်​တာက ပုဒ်​မ-၂၁(က)မှာ{နိုင်​ငံ​တော်​အတွင်း​မွေးဖွားသည့်​ က​လေးသူငယ်​တိုင်းသည် ​ခွဲခြားဆက်​ဆံခြင်းမရှိ​စေဘဲ ​မွေးဖွား​ကြောင်းကို အခမဲ့ မှတ်​ပုံတင်​​ခွင့်ရှိသည်​}လို့ ဆိုထား​တော့ ဘယ်​နိုင်​ငံသားမိဘက​မွေး​မွေး နိုင်​ငံ​တော်​အတွင်းမှာ​မွေးရင်​ အစိုးရက​နေ ​မွေးဖွား​ကြောင်းအ​ထောက်​အထားလက်​မှတ်​​ပေးရ​တော့မယ်​​လေ။ အဲဒါကလတ်​တ​လော​မှာ က​လေးရဲ့နိုင်​ငံသားဖြစ်​မှုကို အကျိုးမသက်​​ရောက်​​ပေမယ့်​ ​ရေရှည်​မှာ​တော့ က​လေးအတွက်​ အစိုးရကိုယ်တိုင်ထုတ်​ပေးလိုက်တဲ့ ​​​​အ​ထောက်​အထား ဖြစ်​လာနိုင်​တယ်​မလား။

ပြီးတော့ICCPR မှာ -

Article 24
======
1. Every child shall have, without any discrimination as to race, colour, sex, language, religion, national or social origin, property or birth, the right to such measures of protection as are required by his status as a minor, on the part of his family, society and the State.

2. Every child shall be registered immediately after birth and shall have a name.

3. Every child has the right to acquire a nationality. -လို့ ပါ​နေတယ်​။

ဒီလိုဆိုရင်​ အ​ပေါ်စာပိုဒ်​(24/3)အရ တချိန်ချိန်ကျရင် ​​​နိုင်​ငံသား​ပေးရ​တော့မယ့်​အ​ပေါက်​။

အဲဒါကို ကျွန်​မတို့ဆီက ဒီမိုရူး၊ လစ်​ဘရယ်​​ကြောင်​​တွေက အခုအတည်​ပြုလိုက်​တဲ့ ဥပ​ဒေပါ ပုဒ်​မ-၂၂{နိုင်​ငံသားဖြစ်​မှုအား တည်​ဆဲဥပ​ဒေများပါ ပြဌာန်းချက်​အတိုင်း ရရှိ​စေရမည်​}အရ ​မွေးစားလိုက်​ရုံနဲ့ နိုင်​ငံသားမဖြစ်​နိုင်​ဘူးလို့ ဖင်​ပိတ်​ကာကွယ်​ပြီး ​ခြေကန်​ငြင်း​နေကြတယ်​။

ဒါ​ပေမယ့်​ ဥပ​ဒေအသစ်​ရဲ့ ပုဒ်​မ-၂၁(က)ရယ်​၊ ICCPR ရဲ့ Article-24(3-4)တို့သာ ဆက်​စပ်​မိသွားရင်​.........
သွားပြီ။ ​သေ​ရော။ Pre-Binding by Law ဥပ​ဒေ​ကြောင်းအရ ကြိုတင်​စည်း​နှောင်​မှု လို့ ​ခေါ်ရမယ်​ထင်​တယ်​။

တကယ်​လို့ ICCPR ကို ဝင်​ဖို့အတွက်​ လက်​မှတ်​ထိုးလိုက်​ရင်​ အစိုးရအ​နေနဲ့ ICCPR နဲ့ ကဏ္ဍ​ကောစတိုက်​​နေတဲ့ ပြည်​တွင်းက တည်​ဆဲဥပ​ဒေ​တွေကို ပြင်​ဆင်​​ပေးရ​တော့မယ်​။ အစိုးရ က မပြင်​ချင်​ဘူးလို့ အိုက်​တင်​ခံ​နေရင်​​တောင်​ နိုင်​ငံတကာက ဖိအား​ပေး​တောင်းဆိုလာနိုင်​တယ်​။ အဲဒီအချိန်​ကျရင်​ ဖိအား​ပေး​တောင်းဆိုလို့ မ​ကျေနပ်​လည်း ​ခေါင်းငြိမ့်​​ပေးရုံဘဲရှိတယ်​။ ​ဘောင်​ဝင်​သွားပြီ​လေ။

ဥပ​ဒေအသစ်​​လေး ရဲ့ ပုဒ်​မ-၁၁၅ကလည်း ပိုင်​တယ်​​နော်​။ ဘာတဲ့{ဤ ဥပ​ဒေ မပြဌာန်းမီက တည်​ဆဲဥပ​ဒေများတွင်​ မည်​သို့ပင်​ပါဝင်​ပြဌာန်း​စေကာမူ ဤဥပ​ဒေနှင့်​ သက်​ဆိုင်​သမျှအား ဤဥပ​ဒေအရသာ အ​ရေးယူ​ဆောင်​ရွက်​ရမည်​}ဆိုဘဲ။ ​ပြောရရင်​​တော့ ဒီပုဒ်​မတစ်​ခုတည်းကတင်​ တည်​ဆဲဥပ​ဒေ​တွေကို လွှမ်းမိုးပယ်​ဖျက်​နိုင်​သ​ပေါ့ရှင်​။

ကိုင်း.....
အဲဒီ​တော့ အခု က​လေးသူငယ်​အခွင့်​အ​ရေးဆိုင်​ရာဥပ​ဒေအသစ်​မှာ ICCPR နဲ့ ဆန့်ကျင်​ဘက်​ဖြစ်​​နေတာကို ရှာကြည့်​လိုက်​​တော့........
တွေ့ပြီ......နိုင်​ငံသားဖြစ်​မှုမှာဘဲ။

သွား​ပေ​တော့........
{နိုင်​ငံသား သို့မဟုတ်​ ဧည့်​နိုင်​ငံသား သို့မဟုတ်​ နိုင်​ငံသားပြုခွင့်​ရသူ၏ ​မွေးစားခြင်းခံရ​သော နိုင်​ငံခြားသားတစ်​ဦးသည်​ နိုင်​ငံသား သို့မဟုတ်​ ဧည့်​နိုင်​ငံသား သို့မဟုတ်​ နိုင်​ငံသားပြုခွင့်​ရသူအဖြစ်​ကို မရရှိ​စေရ } ဆိုးဆဒ်​ပါ ၁၉၈၂-ခုနှစ်​ မြန်​မာနိုင်​ငံသားဥပ​ဒေ ရဲ့ အခန်း(၈)ပုဒ်​မ-၇၃။

အ..​ဟေ...​ဟေး......
ပြင်​​ပေးလိုက်​​ပေ​တော့။ ပြင်​ပြီးရင်​​တော့ အ​နောက်​ကမ်း က ကလိင်္ဂတိုင်းသား​တွေကို မြန်​မာနိုင်​ငံသားရပြီးသား အနွယ်​တူ၊အ​သွေးတူ​တွေ က ​ပျော်​​ပျော်​ကြီး​မွေးစားပြီး အချိနိတန်​ရင်​ ​အော်​တိုမစ်​တစ်​နိုင်​ငံသား​တွေဖြစ်​။ ​ကောင်း​လှောင့်​​တေး...​ကောင်း​လှောင့်​​တေး

အခု က​လေးသူငယ်​များဆိုင်​ရာအခွင့်​အ​ရေးဥပ​ဒေ က (၇.၆.၂၀၁၉)ရက်​နေ့​မှာမှ အတည်​ပြုခဲ့​ပေမယ့်​ (၂၁.၅.၂၀၁၉)ရက်​​နေ့တုန်းက ကိုယ်​စားလှယ်​မမကြီးတစ်​​ယောက်​ က ICCPR ကို ဝင်​​ရောက်​နိုင်​​ရေးအတွက်​ လက်​မှတ်​ထိုးသင့်​တယ်​ဆိုပြီး အ​ရေးကြီးအဆိုတင်​သွင်းပြီး အမတ်​ကိုကိုတစ်​​ယောက်​က ​ထောက်​ခံ​ဆွေး​နွေးထားတယ်​။ တိုက်​ဆိုင်​လွန်းလှချည်​လား​အေ.....။

ပိုပြီးအံ့သြစရာ​ကောင်းတာက အဲဒီအဆိုကို တင်​သွင်းတဲ့ အမတ်​မမရဲ့ အရည်​အချင်း နဲ့ လုပ်​ကိုင်​မှုစွမ်းရည်​။ သူကအဲဒီအဆိုထတင်​သွင်းတယ်​ဆို​တော့ ညီမက​တော့ အံ့သြကုန်​နိုင်​ဖွယ်​ပါဘဲရှင်​။

ဒါ​တွေက ​တောမှာ​မွေး၊ ပညာ​ရေးစနစ်​ဆိုး​အောက်​မှာ စာသင်​ပြီး ဖွံ့ဖြိုးဆဲနိုင်​ငံမှာ ကျွန်​ခံ​နေတဲ့ ကရင်​မဂျပုတစ်​​ယောက်​ရဲ့ အ​တွေးအမြင်​၊အယူအဆပါ။

ပြောသာ​ပြောတာပါ။ ဒါ​တွေက ကျွန်​မနဲ့လည်း မဆိုင်​ပါဘူး​လေ....😌😌😌

✒ဂျပု​လေး ညိုမီ✒

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...