အခု ရန်သူ့ဦးကို မရိုက်ချိုးနိုင်ရင်...
တိုက်ပွဲတွေက မြေပြန့်ဒေသအထိ ဆင်းလာတော့မယ်
ဒါက လက်ရှိ မြေပြင်အနေအထားကို သေချာသုံးသပ်ကြည့်ရင် ငြင်းလို့မရတဲ့ အချက်ပြလက္ခဏာတစ်ခုပါပဲ။ လက်ရှိ မြေပြင် အခြေအနေတွေကို သေသေချာချာလေး ပြန်ကြည့်ကြရအောင်ဗျာ ။
၁။ ရခိုင်စစ်မြေပြင် (ဗျူဟာမြောက် ပိတ်ဆို့မှု)
ပထမဆုံး ရခိုင်စစ်မြေပြင်ကို အရင်ကြည့်ပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်မှာ AA ဟာ ချင်းနယ်စပ်က ပလက်ဝမြို့ကို မရရအောင် ပထမဦးစားပေးအေနနဲ့ စတင်သိမ်းပိုက်ခဲ့တယ်။ ဒါက မတော်တဆ ဖြစ်လာတာ မဟုတ်ပါဘူး။ ၂၀၁၉ လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ စတင်ထိုးစစ်ဆင် အကောင်အထည်ဖော်ခဲ့တာပါ။
ပလက်ဝကို ရလိုက်တဲ့အတွက် အကျိုးဆက်က ဘာေတွလဲ?
* အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းလမ်းကြောင်းကို အထိုင်အနေနဲ့ ပိတ်ဆို့နိုင်ခဲ့သလို၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ သုံးပွင့်ဆိုင် ဗျူဟာမြောက်ဒေသကိုပါ ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။
* တစ်ပြိုင်နက်တည်းမှာပဲ စစ်ကိုင်း၊ ချင်း၊ ကချင်နဲ့ ရှမ်းမြောက်အထိ လက်နက်ကိုင်အချင်းချင်း အချိတ်အဆက်မိမိ ဗျူဟာမြောက်မြောက် အကွက်ကျကျ တိုက်စစ်ဆင်မှုတွေ ရှိလာစေခဲ့ပါတယ်။
သူတို့ရဲ့ စစ်နည်းဗျူဟာက ရှမ်းမြောက် (၁၀၂၇)၊ KIA တို့နဲ့ တစ်ပုံစံတည်းပါပဲ "ခြေလျင်တပ်နဲ့ ဝိုင်းပတ်ပိတ်ဆို့တယ်၊ ဒရုန်းနဲ့ လေကြောင်းအသာစီး ယူတယ်"။ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ပိတ်ဆို့ပြီး ဆင်းလာသလို၊ တောင်ဘက် ငပလီ၊ သံတွဲ၊ တောင်ကုတ်ဘက်ကနေလည်း ချီတက်လာပြီး စစ်တွေ၊ အမ်းနဲ့ ကျောက်ဖြူမြို့ လို အချက်အချာကျတဲ့ မြို့တွေကိုလည်း ကွက်ကွက်လေးကျန်အောင် ဝိုင်းပိတ်ဖြတ်တောက်ထားပါတယ်။
ဘူးသီးတောင် မောင်တော ဒေသက နယ်ခြားစောင့် စခန်းတွေကို သိမ်းတော့လဲ အဲ့လိုပါပဲ ။
အားမနာတမ်းဝေဖန်ပြောရရင် အခုလောလောဆယ် တပ်မတော်ဘက်က အားသာချက်ဆိုလို့ ပင်လယ်ရေကြောင်း လမ်းပွင့်နေတာ တစ်ခုပဲ ရှိပါတော့တယ်။ လေကြောင်းဆိုတာကလည်း အကန့်အသတ်ရှိတယ်မဟုတ်လား ။
ထားပါ ။
၂။ ရှမ်းမြောက် (ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်ခြင်း)
ရှမ်းမြောက်ဘက်ကို ပြန်ကြည့်ရင်လည်း (၁၀၂၇) စစ်ဆင်ရေးစကတည်းက လမ်းဆုံလမ်းခွ (Choke points) တွေကို အရင်ဖြတ်တောက်ခဲ့တာ။ လားရှိုးကလွဲရင် မြောက်ပိုင်းမြို့တွေနဲ့ ပြည်ထောင်စုလမ်းမကြီးတွေကို ဖြတ်တောက်လိုက်တော့ တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်း (LoC) က **လုံးဝ အလုပ်မလုပ်နိူင်တော့ဘူး။**
ကိုးကန့်ဒေသတစ်ခုလုံးကို အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးလံ ဝိုင်းပိတ်ပြီး အိတ်ကပ်ထဲထည့်လိုက်သလို သိမ်းပိုက်ခဲ့တာပါ။ မြေပြင်ကနေ လူ၊ လက်နက်၊ ရိက္ခာ၊ ခဲယမ်း (ထောက်ပံ့မှု ၄ ရပ်) လုံးဝ မပို့နိုင်တော့ဘဲ လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပို့တာ၊ လေထီးချတာတွေကလည်း လိုအပ်ချက်ကို မစို့မပို့သာသာပဲ ဖြည့်ဆည်းနိုင်ပါတော့တယ်။ မူဆယ်တစ်ခုပဲ တရုတ်က ကြားကတားထားလို့ ကျန်နေတာဖြစ်ပြီး ကိုယ်ပိုင်ခုခံနိုင်စွမ်း မရှိတော့တာ ထင်ရှားပါတယ်။
အဲ့ဒီအခြေအနေတွေကို သေသေချာချာသုံးသပ်ကြည့်ရင် 1027 စစ်ဆင်ရေးမှာ တရုတ်ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ တရုတ်ဩဇာလွှမ်းမိုးမှုကို အထင်းသာ မြင်သာပါတယ် ။
တရုတ်က တိုက်ဆိုတိုက် တရုတ်က ရပ်ဆိုရပ် တရုတ်ရဲ့လက်ဝေခံတပ် ခါးပိုက်ဆောင်တပ်တွေလို ဖြစ်နေတာ ဘယ်အုပ်စုတွေလည်း ဆိုတာကို ပြည်တွင်းက ပြည်သူတိုင်း သတိပြုမိကြဖို့ လိုအပ်ပါတယ် ။
၃။ ရှမ်းမြောက်-ရှမ်းတောင် ချိတ်ဆက်မှု အန္တရာယ်
နောက်ထပ် အရေးကြီးတာက ရှမ်းမြောက်နဲ့ ရှမ်းတောင် ချိတ်ဆက်လာနိုင်ခြေပဲ။ အခုတစ်ကျော့ပြန်မှာ ဓနုလက်နက်ကိုင်တပ် (DPLF/DPLA) ပါ ပူးပေါင်းလာသလို၊ ရပ်စောက်ဘက်မှာလည်း RCSS နဲ့ SSA (ဝမ်ဟိုင်း) အဖွဲ့တွေ ရောက်ရှိတိုက်ပွဲဖြစ်နေပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ UWSA ဘက်ကလည်း ယူနီဖောင်းပြောင်းပြီး တပ်အချို့ ကူထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ရှမ်းမြောက်နဲ့ ရှမ်းတောင်ကို ဆက်ပေးထားတဲ့ အင်တော၊ ကျောက်ဂူ၊ ရပ်စောက်ဘက်တွေကို သေချာ ထောက်လှမ်းထားဖို့ လိုအပ်ပါတယ်။
ကျောက်ဆည်လွင်ပြင်ကို ဆင်းမယ့် "မြို့ကြီး" မှာ တပ်အင်အား ဘယ်လောက် ကာကွယ်ထားနိုင်သလဲဆိုတာ အရေးကြီးပါတယ်။ ပြင်ဦးလွင်ကို ဝင်ဖို့ ခက်ခဲနေတော့ မန္တလေး PDF နဲ့ TNLA ဟာ မန္တလေး-မိုးကုတ်လမ်း၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်ကို နယ်မြေစိုးမိုးဖို့ လုပ်လာပြီး မတ္တရာဘက်မှာ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ဇွန် ၂၅ ကဆို မတ္တရာက လေကြောင်းရန် ကာကွယ်ရေးတပ်ကိုတောင် သွေးတိုးစမ်း တိုက်ခိုက်လာခဲ့ပါတယ်။
၄။ နိဂုံး (စစ်ဦးချိုးနိုင်မှ ရန်သူပြိုမည်)
စစ်ပွဲဆိုတာ "ရလေ လိုလေ"ပါပဲ။ နိုင်တဲ့ဘက်က အရှိန်ထပ်မြှင့်ပြီး အောင်မြေချဲ့ချင်ကြတာ သဘာဝပဲ။ တပ်ဘက်က မူဝါဒအမှားတွေ၊ အားနည်းချက်တွေ ရှိနေချိန်မှာ သူတို့ကတော့ အပိုင်အမြတ်ထုတ်မှာပဲ။
ဒီပွဲသာ အချိန်ကြာသွားရင် သူတို့ရဲ့ စီမံချက်က အဆင့်ဆင့် တိုးလာပါလိမ့်မယ်။
* ပထမအဆင့် - လားရှိုးကို ပိတ်ဆို့သိမ်းပိုက်မယ်။
* ဒုတိယအဆင့် - မန္တလေးနဲ့ ပြင်ဦးလွင် ဖြစ်လာမယ်။
* အဲဒီကနေတစ်ဆင့် မြန်မာပြည်အလယ်ပိုင်း *မြေပြန့်ဒေသတွေအထိ စစ်ချဲ့လာဖို့ ကြိုးစားလာပါလိမ့်မယ်။
ဒါကြောင့် အရှိန်ရနေတဲ့ ရန်သူ့စစ်ဦးကို မှတ်လောက်သားလောက် ဖြစ်အောင် *အပြတ်အသတ် ရိုက်ချိုးနှိမ်နင်းနိုင်မှပဲ* ရန်သူလည်း အကြောက်တရားဝင်၊ မိမိရဲဘော်တွေလည်း စိတ်ဓာတ်ပြန်တက်လာမှာပါ။
လွတ်လပ်ရေး ကြိုးပမ်းတုန်းက "လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ" ဆိုပြီး ပြတ်သားတဲ့ ရည်မှန်းချက်ကြောင့် အောင်မြင်ခဲ့တာပါ။
အခုလို စစ်ပူကာလမှာ သွေးအေးနေတဲ့ ကြိုးနီစနစ်တွေ၊ စိုက်ပျိုးမွေးမြုေရးလုပ်ငန်းတွေထက် တိကျပြတ်သားတဲ့ ရည်မှန်းချက်ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။
> (အသံကို အလေးနက်ဆုံးမြှင့်၍)
> "စစ်တိုက်ရန်၊ လေ့ကျင့်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရန်" ဆိုတဲ့ ဆောင်ပုဒ်အစား...
> အခုအချိန်မှာ "စစ်တိုက်ရန်၊ စစ်တိုက်ရန်၊ စစ်တိုက်ရန်" ဆိုပြီး ဆောင်ပုဒ် ပြောင်းလဲဖို့ အချိန်တန်ပါပြီ။
တစ်ဖက်က စစ်နည်းဗျူဟာကို အကွက်စေ့စေ့ သုံးနေတာ သိပြီးပြီဆိုတော့... ကျွန်တော်တို့ဘက်ကကော ဘယ်လိုစစ်နည်းဗျူဟာနဲ့ တုံ့ပြန်မလဲ?
ဘယ်လို စစ်
ဆင်ရေးမျိုးနဲ့ တန်ပြန်ထိုးစစ်ဆင်မှာလဲ

No comments:
Post a Comment