Wednesday, 15 October 2025

 မယ်ဆိုရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ လန်ဒန်မှာချုပ်ဆိုခဲ့တဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကိုအခြေခံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ လွတ်လပ်ရေးအမြန်ဆုံးရရှိဖို့သည်သာ အဓိကလို့ အဖွဲ့အစည်း အသီးသီးက ခံယူကြိုးစားနေကြချိန် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပမယ့် ဗြိတိသျှပါလီမန် အစည်းအဝေးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးဥပဒေကြမ်း(Burma Independence Bill)ကို တင်သွင်းနိုင်မှသာ ပါလီမန်အစည်းအဝေးက အတည်ပြုတဲ့ အခွင့်အရေး ရမှာလည်း ဖြစ်ပါတယ်။ ဒါမှလည်း လွတ်လပ်ရေးအမြန်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်း များအနေနဲ့ ဗြိတိသျှတို့အလိုကျ ထည့်ပေးခဲ့ရတဲ့ ပြဋ္ဌာန်းချက်များစွာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလမှာ ဆိုရှယ်လစ်စနစ်ဆိုတဲ့ အသုံးအနှုန်းသာပါဝင်ခဲ့ရင် တိုင်းပြည်လွတ်လပ်ရေးရရှိဖို့ နှောင့်နှေးမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီခေတ်က ဗြိတိသျှတို့ ကျင့်သုံးနေတဲ့ ပါလီမန် ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးလို့ စွပ်စွဲပြီး လွတ်လပ်ရေးရပြီး ၃ လခန့် အကြာမှာ တောခိုလက်နက်ကိုင် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး သဘောထားကွဲလွဲမှု၊ အယူအဆရေးရာကွဲလွဲမှုတွေ ကစပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စတင်လာခဲ့ရပါတယ်။ ဒါကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ လက်ဝဲ ညီညွတ်ရေးကောင်စီကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလက လက်ဝဲညီညွတ်ရေးမူ(၁၅)ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အချို့အချက်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကိုကြည့်ပါက အနောက်နိုင်ငံများရဲ့ ဝင်ရောက်စွက်ဖက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ထင်ရှားတဲ့သာဓကပဲဖြစ်ပါတယ်။ ဒီလို တိုက်ရိုက်စွက်ဖက်မှု၊ သွယ်ဝိုက် စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့် စတာတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စု အတွက် အန္တရာယ်ရှိနိုင်လို့ သတိထားသင့်ကြောင်း ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တောင်တန်း ဒေသ စုံစမ်းရေးအဖွဲ့အစီရင်ခံစာမှာ စောစီးစွာထောက်ပြခဲ့တာကိုလည်း လေ့လာတွေ့ ရှိရပါတယ်။ငြိမ်းချမ်းရေးတည်ဆောက် ကြဖို့ ဖိတ်ခေါ်ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာပြီး တစ်ပြိုင်နက် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ကထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမည့် “အရှိတရား”လည်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း နိုင်ငံတော်ကို စတင်တာဝန်ယူတဲ့အချိန်မှ စပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ခဲ့ရာ လက်ရှိမှာလည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ် ချမှတ်ထားပါတယ်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ “NCA ပါသဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်ပါရှိသလို ဦးတည်ချက်(၉)ရပ် မှာလည်း “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုတဲ့အချက်ကို ထည့်သွင်းဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီ(၃)ရပ် ဖွဲ့စည်းခဲ့ပါတယ်။

         အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်တို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစီ စနစ်ကို လက်ခံမှု ရှိ/မရှိ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် လက်ခံမှု ရှိ/မရှိအပေါ် မူတည်လျက် မည်သည့် ကန့်သတ်ချက်မှ မပါသော တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့(၇)ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ EAO အဖွဲ့(၃)ဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း နဲ့အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတားတည်ဆောက်ရေးနဲ့ အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။

         ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်သူများကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ “၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်” ဖြစ်ကြောင်း ကျွန်တော် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ် ခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေး ရာမှ ဘုံသဘောတူညီချက် အဖြစ်-

(၁) ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး။

(၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။

(၃) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ရေး။

(၄) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။

ဆိုတဲ့ ဘုံသဘောတူညီချက်(၄) ချက်ရရှိခဲ့ကြပါတယ်။ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အနေနဲ့လည်း သက်ဆိုင်ရာဆွေးနွေးဖက် အဖွဲ့အစည်းများနဲ့ အလွတ် သဘောတွေ့ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အထိ NCA လက်မှတ်ရေး ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၇၃)ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ (၁၆)ကြိမ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနဲ့ (၇)ကြိမ်၊ စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

         တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

         ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံးရဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ အနာဂတ်၊ ကောင်းမွန်တဲ့ပစ္စုပ္ပန်ကို တည်ဆောက် လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူပြည်သားအားလုံးအတွက် အမျိုးသားရေးရည်မှန်းချက် အဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်နေပါတယ်။ နိုင်ငံရေး ရည်မှန်းချက် အနေနဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီ နဲ့ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်ပါမယ်။ ဒီနှစ်ချက်ဟာ ကျွန်တော်တို့အတွက် အဂ္ဂမဟာဗျူဟာ(Grand Strategy)ပါပဲ။ လက်ရှိအချိန်မှာကော နောင်အနာဂတ် မှာပါ ရေရှည်ရည်မှန်းချက် အဖြစ် စဉ်ဆက်မပြတ် တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာ(Strategy)ပါပဲ။ ဒီအဂ္ဂမဟာဗျူဟာနဲ့ မဟာဗျူဟာတွေ အောင်မြင်စေဖို့၊ ခိုင်မာစေဖို့ လက်ရှိကျွန်တော်တို့ လုပ်ဆောင် နေတာက ဦးတည်ချက်(၉)ချက်ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ(Tactic)ပဲ ဖြစ်ပါတယ်။

         ဒီလို နိုင်ငံတော်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အစိုးရ တစ်ရပ်က ဦးဆောင်မှုပြုရမှာ ဖြစ်သလို ပြည်သူလူထုအားလုံးကလည်း လိုက်ပါဆောင်ရွက် နိုင်မှ အောင်မြင် မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျလို့ ပညာခေတ်မှာ ခေတ်မီအခြေခံ ပညာအထက်တန်းနဲ့ အဆင့်မြင့်ပညာတတ်မြောက်မှု နည်းပါးခဲ့ပါ တယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းအားဟာ အထူးအရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသ တွေဟာ ပညာရေးအားနည်းခဲ့ပါတယ်။ ပညာရေး အားနည်း ချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တွေ့ခဲ့၊ ကြုံခဲ့သမျှ၊ သိသမျှ၊ တတ်သမျှ အပေါ်မှာပဲ အခြေခံပြီး ပြောဆိုပြုမူ နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ပက မြှောက်ထိုးပင့်ကော် လုပ်နေမှုတွေ၊ မဟုတ်မမှန်သတင်းတွေအပေါ်မှာ နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့၊ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်များ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့အနာဂတ်ပါပဲ။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူလူထုရဲ့ ကောင်းကျိုးကို လိုလားကြတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအားလုံး၊ နိုင်ငံအားလုံး၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ EAO များအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ အတွေးအခေါ်နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေး တို့မှာ ပူးပေါင်းအားပေးကူညီကြဖို့ ပြောကြား လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-        

နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ စားရေရိက္ခာ ပေါများရေး၊ သာယာဝပြောရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာ သင်ကြား နိုင်ကြရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးများ ရရှိခံစားနိုင်အောင် သက်ဆိုင်သူ အားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ NCA သမိုင်းကြောင်းဟာ ဒီနေ့မှာ ဆိုရင် ၈ နှစ်တာကာလ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် “လွတ်လပ်ရေး”ဆိုတဲ့ ရှေးဘိုးဘွားများရဲ့ အမွေတစ်ခုကို ကျွန်တော်တို့အားလုံး ဆက်ခံရယူပြီးဖြစ်သလို မိမိတို့လက်ထက်၊ မိမိတို့ကာလ မှာလည်း နောက်မျိုးဆက်သစ် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ အဲဒါကတော့ “စစ်မှန်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးအမွေအနှစ် ကောင်းကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်း ခဲ့ကြပါစို့လို့ လေးနက်စွာ ထပ်မံတိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက် သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံး ကလည်း ပူးပေါင်း ဆောင်ရွက်သွားကြပါ။

ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများ ကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါ။

NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ကလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက် ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီသို့ အရောက် လှမ်းခဲ့ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Monday, 22 September 2025

 ### **Server Room ထဲမှာ လုံးဝမလုပ်သင့်တဲ့ အရာများ (More Don’ts You MUST Know)**  

Server Room ဟာ **ကုမ္ပဏီရဲ့ အရေးကြီးဆုံး IT အချက်အချာနေရာ** ဖြစ်တာကြောင့် အောက်ပါအမှားတွေကို **လုံးဝရှောင်ကြဉ်ရပါမယ်**။ အခုပြောမယ့် အချက်တွေက အရင်ဖြေထားတာထက် **ပိုပြီးအသေးစိတ်ပါ**။  

---

## **❌ လုံးဝမလုပ်သင့်သော အမှားများ (Critical Don’ts)**  

### **1. ** **ဖုန်တက်နေတဲ့အခါ Vacuum Cleaner (စုပ်စက်) သုံးခြင်း**  

- **ဘာကြောင့်?** Vacuum Cleaner က **Static Electricity** ဖြစ်စေပြီး Server Components (ဥပမာ: RAM, Motherboard) တွေကို ပျက်စီးစေနိုင်တယ်။  

- **ဘာသုံးမလဲ?** **Anti-Static Brush** နဲ့ **Compressed Air (သတိထုံး)** ကိုသာ သုံးပါ။  

### **2. ** **တရားမဝင် USB/External Device တွေချိတ်ခြင်း**  

- **ဘာကြောင့်?** Malware (Ransomware, Spyware) တွေ **ချက်ချင်းပျံ့နိုင်တယ်**။  

- **ဘာလုပ်မလဲ?**  

  - **USB ချိတ်ဖို့လိုရင်** IT Team ကို အရင်ခွင့်တောင်းပါ။  

  - **Data Transfer** လုပ်ဖို့ **Internal Network Sharing (SFTP, NAS)** ကိုသုံးပါ။  

### **3. ** **Server ကို လိုအပ်ချက်မရှိဘဲ Restart/Shutdown လုပ်ခြင်း**  

- **ဘာကြောင့်?**  

  - **Database Server** ကို Restart လုပ်ရင် Data Corruption ဖြစ်နိုင်တယ်။  

  - **Production Server** ကို ရုတ်တရက်ပိတ်ရင် ကုမ္ပဏီအလုပ် **ချက်ချင်းရပ်သွားနိုင်တယ်**။  

- **ဘာလုပ်မလဲ?**  

  - **Maintenance Window** (ဥပမာ: ည 10 နာရီကြော်) မှာသာ ပြုလုပ်ပါ။  

  - **IT Team နဲ့ညှိပြီးမှ** လုပ်ပါ။  

### **4. ** **အစိုဓာတ်လွန်ကဲတဲ့ အရာတွေယူသွားခြင်း (ဥပမာ: ရေဗူး, ကော်ဖီ)**  

- **ဘာကြောင့်?**  

  - **ရေဖိတ်စီးရင်** Server Rack ထဲရောက်ပြီး **Short Circuit** ဖြစ်နိုင်တယ်။  

  - **ကော်ဖီ/အစားအစာ** ကြောင့် **ပိုးမွှားတွေဝင်ပြီး Cooling System** ပျက်စီးနိုင်တယ်။  

- **ဘာလုပ်မလဲ?**  

  - **Server Room ထဲမှာ ရေ/အစား 100% ပိတ်ပင်ပါ**။  

  - **သောက်စရာလိုရင်** အပြင်မှာသောက်ပါ။  

### **5. ** **ဓာတ်ငွေ့/မီးခိုးလုံး (Aerosol Spray) သုံးခြင်း**  

- **ဘာကြောင့်?**  

  - **Fire Suppression System** (ဥပမာ: FM200 Gas) ကို False Alarm ဖြစ်စေနိုင်တယ်။  

  - **Chemical Reaction** ဖြစ်ပြီး Server Components တွေပျက်စီးနိုင်တယ်။  

- **ဘာလုပ်မလဲ?**  

  - **Server Room ထဲမှာ မီးခိုးလုံး၊ အနံ့ပြန့်ဆေး တားပါ**။  

### **6. ** **တစ်ယောက်တည်း Server Room ထဲဝင်ပြီး အကြီးစားပြင်ဆင်မှုလုပ်ခြင်း**  

- **ဘာကြောင့်?**  

  - **အရေးပေါ်အခြေအနေ** (ဥပမာ: Power Shock, Server Crash) ဖြစ်ရင် အကူအညီမရနိုင်ဘူး။  

  - **တာဝန်ယူမှုပြဿနာ** (ဥပမာ: ပျက်စီးသွားရင် ဘယ်သူ့အပေါ်အပြစ်တင်မလဲ?)  

- **ဘာလုပ်မလဲ?**  

  - **အနည်းဆုံး ၂ ယောက်နဲ့သာ** Maintenance လုပ်ပါ။  

  - **အရေးကြီး Changes တွေကို Approval ယူပါ**။  

### **7. ** **ကြိုးတွေကို ရှုပ်ထွေးအောင်ထားခြင်း (Spaghetti Cabling)**  

- **ဘာကြောင့်?**  

  - **Network Performance** ကျဆင်းတယ် (Signal Interference)။  

  - **ပြုပြင်ရခက်တယ်** (ဘာကြိုးပျက်နေမှန်းမသိ)။  

- **ဘာလုပ်မလဲ?**  

  - **Cable Management (Rack, Zip Ties, Labels)** သုံးပါ။  

  - **Color-Coded Cabling** (ဥပမာ: အနီ = Power, အပြာ = Network) လုပ်ထားပါ။  

---

## **🚨 အရေးကြီးဆုံး သတိထားရမယ့်အချက်**  

✅ **"ဘာမှမသိရင် မကိုင်ပါနဲ့!"** – သံသယရှိရင် Senior IT ကိုမေးပါ။  

✅ **"ပျက်စီးသွားရင် ဖြေရှင်းနည်းရှာမယ့်အစား ကြိုတင်ကာကွယ်ပါ"**  

---

### **နိဂုံးချုပ်**  

Server Room ထဲမှာ **ဒီအမှားတွေမလုပ်မိဖို့** သတိထားပါ။ **အချိန်မီဂရုစိုက်ခြင်းက Downtime ကို လျှော့ချပေးပြီး ကုမ္ပဏီအတွက် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ပါတယ်!** 🔧🔒

 အလှုခံမနေနဲ့ ရောဒီမှာ ပီနံအိတ်တွေရှိတယ် ပလက်စတစ်ကောက်စားကြ 

 အရင်တုန်းကလို မိုးရွာရင် ပြေးလွှားပြီး မိုးခိုတာမျိုးတွေ မလုပ်တော့ဘူး ရွာချင်တဲ့မိုး ရွာပါစေတော့ အငြိုးနဲ့ပဲရွာရွာ 

 ရာသီလာနေတဲ့ အမျိုးသမီးရဲ့ စိတ်ခံစားချက်တွေလို

အလိုမကျမှုတွေ ဖြစ်နေသလို ၊ ခင်များတို့ရဲ့ ပါးစပ်တွေသည်လည်း လိုတစ်မျိုးမလိုတစ်မျိုး အလှည့်ကျ အလိုမကျမှုတွေပဲ အမြဲပြောနေတတ်တဲ့ အကျင့်နဲ့ ပါးစပ်ပေါက်တွေကို ပြောချင်တာတစ်ခုက ရာသီလာနေတဲ့ ပါးစပ်ပေါက်တွေလားလို့ မေးခွန်းထုတ်ချင်ပါတယ် ။ 

သူရဲ့ bed vibe တွေကို လုပ်ငန်းခွင်အတွင်းက လူတွေကို ပေးနေခြင်းသည်း လုပ်ငန်းခွင်ကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ ဆိုတာလောက်ကို သိစေချင်တယ် ။ 

သူတို့ရဲ့ အခြေခံ မွေးရာပါ Bed vibe တွေကို ဖြန့်ထုတ်ဖို့ စွန့်ထုတ်ဖို့နေရာသည်လည်း လုပ်ငန်းခွင်မဖြစ်သင့်ဘူး ဆိုတာကိုလည်း လူကြီးလုပ်နေသူတွေက ကောင်းကောင်းကြီး သိဖို့လိုပါတယ် ။ 

သေမင်းကို တောင်မကြောက်မလန့် စစ်ခင်းကစားမယ့် စစ်ခါင်းဆောင်အချို့‌ေတွက မိန်းမကို အလွန်အကျွံကြောက်တော့ နေရာ‌အပေးလွန်မှူတွေကြောင့် နေရပ်ကို ‌ေနရာထင်လာကြတာတွေ ဖြစ်

လာပါတယ်။

 အတိတ်က ပူဆွေးမှုသညာတွေထဲမှာ 

မင်းနေနေရင် မင်းဟာ ဘဝကို နေနေတာ မဟုတ်ဘူး။ 

လက်ကလေးပိုက်ပြီး အနာဂတ်အတွက် ပျင်းပျင်းရိရိ

အိပ်မက်မက်နေရင် မင်းဟာ ဘဝကို နေနေတာမဟုတ်ဘူး။

ဒါပေမဲ့ မင်းဟာ သတိရှိရှိနဲ့ ပစ္စုပ္ပန်မှာ ထိုင်နေတာဆိုရင် 

မင်းဟာ ဘဝကို နေနေတာဖြစ်တယ်။

- အိန္ဒိယစာရေးဆရာ ရှာရီးဗားခန့်လားလ်ကေ

 တပ်ကအရာရှိတွေ 400 လောက် ရောက်တယ် 500 ကျော် ရောက်တယ်တွေ အများကြီး မပြောကြပါနဲ့

အမှန်တကယ်တော့လည်း အရင်ကတည်းက သူတို့က ရောက်နှင့်နေပြီးသားတွေပါ 😁

ကျနော်တို့ကသာ သူတို့ဆီကို ရောက်ခဲ့ကြတာမဟုတ်လားဗျ 😁

အများကြီးလည်း မပြောရဲဘူး လက်လွန်‌ကြက်သွန်တွေဖြစ်ပြီး မတော်ရင် ဂျေးထဲအောင်းနေရမှဖြင့် အယ်မလေးလေး 😆

 ငါကို အရွဲ့မတိုက်ပါနဲ့လို့ ငါကသာ ပြောနေတာ မင်းကတော့ ငါကိုအရွဲ့တိုက်ပြီး။ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲနော် ။ 

အခုနင့်အကြောင်းတွေ ငါကိုလာလာပြောနေကြတာ နင်မကြားတော့ဘူးလား ။ ထားလိုက်ပါဟာ ။ အရင်က ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်နဲ့နင်က အခုတော့ ပတ်ဝန်းကျင်ရဲ့ စကားတွေကို ခေါင်းထဲမထည့်ပဲ လုပ်ချင်ရာတွေ လုပ်ပြလိုက်တာ တကယ် ဝမ်းသာစရာပါပဲ။ 

အဲ့လိုသတ္တိတွေ နင့်ကိုပေးလိုက်တဲ့လူက ဘယ်လိုလူစားမျိုးမလို့လဲ ငါမှာဖြင့် မေးခွန်းတွေ ထောင်သောင်းနဲ့ပဲ မိရှင်နွေ ။

အဲ့လောက်ထိ ပြတ်သားလိမ့်မယ် အဲ့လောက်ထိ သတ္တိေတွ နင့်ဆီမှာ ရှိလိမ့်မယ်လို့ ငါတကယ်ထင်မထားမိဘူး မိရှင်နွေရေ ငါကတယ်တော့ လူညံ့လူဖျင်းတစ်ယေယာက်ပါ ။ အရိပ်ပြလည်း အကောင်မမြင်သလို အကောင်ကြီးမြင်နေရလည်း ဘာကောင်မှန်း ငါမသိပါဘူးကွာ အဲ့လောက်ထိ အသိဉာဏ်တွေက တုံးအနေတာ ဉာဏ်ကောင်းတဲ့နင်က သိပြီးသား ဖြစ်မှာပါ ။ 

နင်ပျော်တာလေးပဲကြည့်ပြီး ကျေနပ်ပါတယ်လို့ ပြောရအောင်ကိုလည်း နင်က ‌ပျော်မနေပဲ သိမ်ငယ်မှုတွေ မဝံ့မရဲဖြစ်မှုတွေကို မြင်နေရတော့ အရင်ကတည်းက အတွေးတွေနဲ့တွေဝေနေတတ်တဲ့အကောင်က ဘယ်လိုကမ္ဘာတွေပျက်နေမလဲ တွေးကြည့်ပေါ့ဟာ

 ။ 

 ကျနော်က အလိုက်ကန်းဆိုး မသိ သီချင်းတွေ အကျယ်ကြီးဖွင့် ကခုန်နေတယ် ဟုတ်လားဗျ ဟုတ်မှာပါ ကျနော်လည်း အလိုက်မသိ ဖွင့်မိပါတယ် ။ 

ဒါဆိုရင်လည်း ခင်များတို့လည်း အလိုက်ကန်းဆိုး မသိ သူတပါးပျော်နေတဲ့အချိန် ပြောသင့်တဲ့စကားလား မပြောသင့်တဲ့စကားလား ‌မဝေဖန်မပိုင်းခြားပါပဲ လာပြီး ပြောနေတာဆိုတာကိုတော့ ဝန်ခံလိုက်ပါဗျာ ။

ဘယ်စကားကို ဘယ်လိုအချိန်မှာပြောရမယ်ဆိုတဲ့ လူ့ကျင့်ဝတ်လောက်တောင် မသိပဲ အသက်တွေ ကြီးလာတဲ့ခင်များတို့ ရှက်တတ်ရင် ဒီလိုစကားတွေ ကျုပ်ကို လာမပြောဘူး ဆိုတာသိပေါ့ဗျာ ။ 

ပြောလို့သာ ပြောရတာပါ ခင်းများတို့က သိမှာလည်း မဟုတ်ဘူး ပြင်မှာလည်း မဟုတ်ဘူး ကျင့်သုံးမှာလည်း မဟုတ်ဘူးဆိုတော့ ကျ‌ုပ်က တစ်ခွန်းထဲပဲ ပြောချင်တယ် ယီးပဲလို့

 ။

Tuesday, 16 September 2025

 အခန်း (၃)

ဉာဏ်ပညာဆိုတာဟာ တစ်ခုတည်းဖြစ်ခြင်းဖြစ်ပြီး သူနဲ့ထပ်တူညီတာ ဘာမှမရှိ

++++++++++

ဒါက လူအားလုံးနဲ့ သက်ဆိုင်တယ်

သူတို့ကိုယ်သူတို့ သိဖို့ရာပေါ့

ပြီးတော့ မျှတဖို့ရာ

မျှတဖို့ရာဟာ အကြီးမြတ်ဆုံး ကိုယ်ကျင့်

ဉာဏ်ပညာဟာ သစ္စာစကား၊ မှန်ကန်တဲ့အပြုအမူတွေနဲ့ ဖွဲ့စည်းထားတယ်

အရာရာရဲ့ သဘာဝကို သတိပြုမိခြင်းနဲ့ ဖွဲ့စည်းထားတယ်

ငါပြောတာနားထောင်ပါ .. ဒေဝတာတွေပြောတာ နားမထောင်နဲ့

အရာအားလုံးဟာ တစ်ခုတည်းပဲ ဆိုတာကိုသိခြင်းက 

ဉာဏ်ပညာရှိခြင်းပဲ

ဉာဏ်ပညာဆိုတာ တစ်ခုတည်းဖြစ်ခြင်းပဲ

အဲ့ဒါကိုသိခြင်းအားဖြင့်

အရာအားလုံးဟာ အရာအားလုံးကို ထိန်းကျောင်းပေးနေတယ်

ဉာဏ်ပညာဆိုတာဟာ တစ်ခုတည်းဖြစ်ခြင်းဖြစ်ပြီး သူနဲ့ထပ်တူညီတာမရှိ

သူဟာ ဆန္ဒမရှိဘဲ ဆန္ဒရှိနေတယ်

ဇုစ်ရဲ့ အမည်နာမကို တပ်ပြီးခေါ်ရမယ်

ဟီရာကလိုက်တပ်စ်ရဲ့ ဒီသုတ္တံကိုမလေ့လာခင်မှာ ငါတို့သိထားစရာအနည်းငယ်ရှိတယ်။

ပထမ - ကိုယ့်ကိုယ်ကိုယ်သိဖို့ဆိုတာဟာ အခက်ခဲဆုံးကိစ္စဖြစ်တယ်။ အဲ့သလိုမဖြစ်သင့်ဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်ဖြစ်သင့် တယ်။ အရိုးရှင်းဆုံးကိစ္စ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် တကယ်တန်းတော့ အဲ့သလိုဟုတ်မနေဘူး။ အကြောင်းရင်း အတော် များများရှိတယ်။ အဲ့ဒါက ရှုပ်ထွေးလာနေပြီး ခင်ဗျားဟာ နောက်ပြန်လှည့်လို့မရလောက်သည်အထိ ကိုယ့်ကိုယ်ကိုယ် လျှစ်လျှူရှုမှုတွေအတော်များများလုပ်ခဲ့တယ်။ မူလအရင်းအမြစ်ဆီကို ခင်ဗျားပြန်မသွားနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် မထိတွေ့နိုင်တော့ဘူး။ 

ခင်ဗျားရဲ့အခုလက်ရှိ ဘဝတစ်ခုလုံးဟာ ခင်ဗျားရဲ့ ကိုယ့်ကိုယ်ကိုယ်မသိမှု အဝိဇ္ဇာအပေါ် အခြေတည်ပြီး လူ့အဖွဲ့အစည်း၊ နိုင်ငံတော်၊ ဘုရားကျောင်း စတာတွေက အတည်ပြုပေးထားတဲ့ဘဝဖြစ်တယ်။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်သိမြင်မှုမရှိဘဲ ရှင်သန်နေထိုင်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းက ခင်ဗျားကိုယ်ကိုယ်ကိုယ်သိမှာကို မလိုလားလို့ပဲ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်သိသွားရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်သိလာတဲ့ လူတစ်ယောက်ဟာ သူပုန်ဆန်လာလိမ့်မယ်။ 

အသိပညာဆိုတာ အကြီးမားဆုံးပုန်ကန်မှုကြီးပဲ။ ကျုပ်ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ်သိတဲ့ အသိပညာပဲ။ ကျမ်းစာတွေထဲ ကနေရလာတဲ့ အသိပညာကို မဆိုလိုဘူး။ တက္ကသိုလ်မှာတွေ့လာတဲ့အသိပညာကို မဆိုလိုဘူး။ ခင်ဗျားရဲ့ ကိုယ်ပိုင် ဖြစ်တည်မှုကို ခင်ဗျားထိတွေ့လိုက်တဲ့အချိန်မှာ ရလာတဲ့အသိပညာကိုဆိုလိုတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဝစ်လစ်စလစ်နဲ့ တုံးလုံးကျွတ်တွေ့လိုက်ရတဲ့အချိန်မှာ သိလာတဲ့အသိပညာကိုဆိုလိုတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဘုရားသခင်အဖြစ် သိလိုက် တဲ့အသိပညာကိုဆိုလိုတယ်။ လူ့အဖွဲ့အစည်းက ခင်ဗျားကိုသိမြင်စေချင်တဲ့ပုံစံအတိုင်း ခင်ဗျားသိမြင်နေတာမျိုးကို မဆိုလို ဘူး။ ခင်ဗျားကိုယ်ခင်ဗျား ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ အခြေအနေထဲသွပ်သွင်းခံထားရမှုတွေ၊ ရိုကျိုးသိမ်မွေ့မှုတွေ၊ အရောင်ဆိုးထားမှုတွေမပါတော့ဘဲနဲ့ လုံးဝအပြည့်အဝဖူးပွင့်နေတဲ့ ခင်ဗျားရဲ့သဘာဝဖြစ်တည်မှုကို သိလိုက်ရတဲ့ အသိပညာ မျိုးကိုဆိုလိုတယ်။ 

လူ့အဖွဲ့အစည်းက ခင်ဗျားကိုစက်ရုပ်တစ်ရုပ်အဖြစ်ပဲ မြင်ချင်ကြတယ်။ တော်လှန်ပုန်ကန်တဲ့ သူပုန်တစ်ယောက်အဖြစ် မမြင်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ စက်ရုပ်တစ်ရုပ်က အကူအညီရလို့ပဲ။ စက်ရုပ်တစ်ရုပ်ကို လွှမ်းမိုးထိန်းချုပ်ရတာက လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ်သိမြင်သွားတဲ့လူတစ်ယောက်ကို ထိန်းချုပ်ဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တော့သလောက် ဖြစ်တဲ့အလုပ်တစ်ခုပဲ။ ခင်ဗျားယေရှုခရစ်ကို ဘယ်လိုထိန်းချုပ်လွှမ်းမိုးမလဲ။ ခင်ဗျား ဗုဒ္ဓ ဒါမှမဟုတ် ဟီရာကလိုက်တပ်ကို ဘယ်လိုလွှမ်းမိုးထိန်းချုပ်မလဲ။ သူဟာ သူများအလိုလိုက်အကြိုက်ဆောင်တာမျိုး လုပ်မှာမဟုတ်တော့ဘူး။ အာဏာနဲ့ အမိန့် ပေးစေခိုင်းတာမျိုးကို လိုက်နာမှာမဟုတ်တော့ဘူး။ သူဟာ သူ့ကိုယ်ပိုင်ဖြစ်တည်မှုအရပဲ ရွေ့လျားတော့မှာဖြစ်တယ်။ သူဟာ လေလို၊ တိမ်လို၊ မြစ်တစ်စင်းလို ရွေ့လျားစီးဆင်းတော့မှာပဲ။ သူဟာ ကြမ်းရိုင်းနေလိမ့်မယ်။ ဒါပေမယ့် လှပတယ်၊ သဘာဝ ဆန်တယ်။ အတုအယောင်လူ့အဖွဲ့အစည်းတစ်ခုအတွက်တော့ အဲ့သလိုလူမျိုးဟာ အန္တရာယ်ရှိနေလိမ့်မယ်။ သူဟာ အဲ့သလို လူ့အဖွဲ့အစည်းနဲ့ အံကျမှာမဟုတ်ဘူး။ ကမ္ဘာလောကထဲမှာ သဘာဝကျတဲ့လူ့အဖွဲ့အစည်းတစ်ခုကို မထူထောင်နိုင်မချင်း တော့ ဗုဒ္ဓဟာ အံမဝင်တဲ့သူတစ်ယောက်ဖြစ်နေဦးမှာပဲ။ ယေရှုဟာ ကားစင်တင်ပြီး ကွပ်မျက်ခံနေရဦးမှာပဲ။ 

လူ့အဖွဲ့အစည်းက လွှမ်းမိုးချုပ်ကိုင်ချင်ကြတယ်။ အခွင့်ထူးခံလူတန်းစားတွေဟာ လွှမ်းမိုးချုပ်ကိုင်ချင်ကြတယ်။ ဖိနှိပ်ချင်ကြ တယ်။ ကိုယ်ကျိုးအတွက် အသုံးချချင်ကြတယ်။ သူတို့ဟာ ခင်ဗျားကို ကိုယ့်ကိုယ်ကိုယ်လုံးဝမသိတဲ့အဖြစ်နဲ့ ရှိနေစေချင်ကြ တယ်။ ဒါက ပထမအခက်အခဲပဲ။ ပြီးတော့ လူဆိုတာကလဲ လူ့အဖွဲ့အစည်းအတွင်းမှာပဲ မွေးဖွားလာကြရတာပဲဖြစ်တယ်။ မိဘတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဆရာတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ ဘုန်းတော်ကြီးတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ လူ့အဖွဲ့အစည်းဆိုတာဟာ နေရာတိုင်းမှာရှိနေတယ်။ ခင်ဗျားရဲ့ဝန်းကျင်မှာ ဝိုင်းပတ်နေကြတယ်။ လူ့အဖွဲ့အစည်းကနေ ဘယ်လိုလွတ်မြောက်နိုင်ပါ့မလဲ။ တကယ့်ကို မဖြစ်နိုင်တဲ့ပုံပါပဲ။ သဘာဝဆီကိုပြန်သွားရမယ့်တံခါးကို ဘယ်လိုရှာဖွေကြမလဲ။ ခင်ဗျားကို ဘေးပတ်ပတ်လည် ကနေဝိုင်းဆို့ပိတ်ဆီးထားကြတယ်။ 

ဒုတိယအခက်အခဲကတော့ ခင်ဗျားကိုယ်တိုင်ဆီကလာတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားကိုယ်တိုင်ကလည်း ဖိနှိပ်ချင် နေတယ်။ လွှမ်းမိုးချင်နေတယ်။ ပိုင်ဆိုင်ချင်နေတယ်။ တန်ခိုးအာဏာရှိချင်နေတယ်။ ကိုယ့်ကိုယ်ကိုယ်သိမြင်တဲ့သူ တစ်ယောက်ဟာ ဘယ်သူ့ကိုမှကျွန်မပြုချင်သလို ဘယ်သူ့ရဲ့ကျွန်ပြုမှုကိုမှလည်းမခံချင်ကြဘူး။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရှိတဲ့သူတစ်ယောက်ကို ဖိနှိပ်လို့မရသလို သူဟာလည်းဘယ်သူ့ကိုမှမဖိနှိပ်ဘူး။ သူ့ကိုလွှမ်းမိုးလို့မရသလို သူကလည်း ဘယ်သူ့ကိုမှမလွှမ်းမိုးဘူး။ အဲ့ဒီ တာ ကိုရောက်နေတဲ့သူအဖို့အတွက် လွှမ်းမိုးခြင်းဆိုတာဟာ ချုပ်ဆုံးနေတယ်။ ခင်ဗျားသူ့ကိုပိုင်ဆိုင်ချင်လို့မရသလို သူကလည်းဘယ်သူ့ကိုမှ မပိုင်ဆိုင်ချင်ဘူး။ သူဟာလွတ်လပ်နေသလို တခြားသူတွေ လွတ်လပ်ဖို့ရာကိုလည်း သူ အကူအညီပေးတယ်။ ဒါက ပထမအချက်ထက်တောင် ပိုခက်ခဲတဲ့ အခက်အခဲတစ်ခုဖြစ်တယ်။ ခင်ဗျားဟာ လူ့အဖွဲ့အစည်းကိုရှောင်ဖယ်လို့ရချင်ရလိမ့်ဦးမယ်။ ခင်ဗျားရဲ့ကိုယ်ပိုင်အတ္တကိုတော့ ဘယ်လိုရှောင်ဖယ်မလဲ။ ခင်ဗျားကြောက်ရွံ့နေတယ်။ ဘာကြောင့်လဲဆိုတော့ အသိပညာရှိတဲ့သူတစ်ယောက်ဟာ ပိုင်ဆိုင်မှု၊ လွှမ်းမိုးမှု၊ တန်ခိုး အာဏာ ဆိုတဲ့ အချက်တွေနဲ့ မစဉ်းစားလို့ပဲ။ သူဟာ ကလေးတစ်ယောက်လိုပဲ ရှင်းသန့်နေတယ်။ သူဟာ လုံးဝဥဿုံ လွတ်လပ်မှုနဲ့ နေထိုင်ပြီး တခြားသူတွေကိုလည်း လုံးဝလွတ်လပ်မှုနဲ့ နေထိုင်စေလိုစိတ်ရှိတယ်။ 

အဲ့ဒီလူဟာ အချင်းချင်းကျွန်ပြုတတ်ကြတဲ့ ခင်ဗျားတို့ရဲ့လူ့အဖွဲ့အစည်းကနေ လွတ်လပ်နေလိမ့်မယ်။ ခင်ဗျားကို အသုံးချတာ မခံချင်ဘူးမဟုတ်လားလို့ ခင်ဗျားကိုမေးရင် ဟုတ်ကဲ့ အသုံးချတာမခံချင်ပါဘူးလို့ ခင်ဗျားဖြေလိမ့်မယ်။ ခင်ဗျား အကျဉ်းသား အဖြစ်မနေချင်ဘူးမဟုတ်လားလို့မေးရင် ဟုတ်ကဲ့ မနေချင်ပါဘူးလို့ပဲ ခင်ဗျားဖြေလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက လုပ်ဖို့ရာတော့ ခက်ခဲတယ်။ ပြီးတော့ သတိထားပါ။ ခင်ဗျားတစ်ယောက်ယောက်ကို လွှမ်းမိုးချင်ပြီဆိုတာနဲ့ ခင်ဗျားဟာလည်း လွှမ်းမိုးခံ လိုက်ရတာပါပဲ။ ခင်ဗျားတစ်ယောက်ယောက်ကို အသုံးချချင်စိတ်ဖြစ်တာနဲ့ ခင်ဗျားလည်း အသုံးချခံလိုက်ရတာပါ။ တစ်ယောက်ယောက်ကို ကျွန်ပြုချင်စိတ်ပေါ်တာနဲ့ ခင်ဗျားလည်းကျွန်ပြုခံလိုက်ရတာပါပဲ။ အဲ့ဒါတွေက တူညီတဲ့ဒင်္ဂါးပြား တစ်ခုရဲ့ မတူညီတဲ့မျက်နှာစာနှစ်ဖက်ပါပဲ။ အဲ့ဒါတွေက ကိုယ့်ကိုယ်ကိုယ်သိမြင်မှုအတွက် အခက်အခဲတွေဖြစ်အောင် လုပ်နေကြတယ်။ အဲ့သလိုမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်သိမှုဟာ အရိုးရှင်းအလွယ်ကူဆုံး ကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်။ ဘာမှ အားထုတ်နေဖို့မလိုဘဲနဲ့ကို သိမြင်နေပါလိမ့်မယ်။ 

အဲ့သလို အရာနှစ်ခုဖြစ်နေတဲ့လူတွေအတွက်သာ အားထုတ်မှုကလိုအပ်နေတာပါ။ အဲ့ဒါတွေက အဟန့်အတားပြုနေကြတာ ပါ။ အဲ့ဒီ အဟန့်အတားနှစ်ခုကို ကြည့်ရုံလေးသာ စောင့်ကြည့်နေပါ။ ခင်ဗျားကိုယ်တိုင် အဲ့ဒါတွေကို လွှတ်ချနိုင်လာပါလိမ့် မယ်။ ပထမဆုံးအနေနဲ့ လွှမ်းမိုးနေတာတွေ၊ ပိုင်ဆိုင်သိမ်းပိုက်နေတာတွေ၊ အသုံးချအမြတ်ထုတ်နေတာတွေကို ရပ်တန့် လိုက်ပါ။ ရုတ်တရက်ဆိုသလိုပဲ ခင်ဗျားဟာ လူ့အဖွဲ့အစည်းရဲ့ ထောင်ချောက်တွေထဲကနေ လွတ်မြောက်သွားပါလိမ့်မယ်။ 

အတ္တက ပြဿနာပါ။ အဲ့ဒါကြောင့်ပဲ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်မသိနိုင်ဘူးဖြစ်နေတာပါ။ အတ္တက ခင်ဗျားရဲ့မှားယွင်းတဲ့ ပုံရိပ်တွေ ခင်ဗျားကိုပေးပါတယ်။ အဲ့ဒီပုံရိပ်တွေကို ခင်ဗျား ကာလကြာကြာစွဲကိုင်ထားရင် ခင်ဗျားကြောက်ရွံ့စိတ်ဖြစ်လာပါ လိမ့်မယ်။ ခင်ဗျားရဲ့ အဲ့ဒီပုံရိပ်တွေပျက်ပြယ်သွားတဲ့အခါမှာ အကြောက်တရားကဝင်လာပါတယ်။ အဲ့ဒီနောက်မှာ ခင်ဗျားရဲ့ သရုပ်သကန်က ကျိုးပျက်သွားပါတယ်။ ခင်ဗျားဟာ မျက်နှာအတုအယောင်တွေကို ဖန်တီးပြီးကြောက်ရွံ့တတ်လာပါတယ်။ အဲ့ဒီမျက်နှာအတုအယောင်သာ ကွာကျသွားရင် ခင်ဗျားဟာ ဘယ်သူဖြစ်မလဲ။ ခင်ဗျားရူးသွားလိမ့်မယ်။ ခင်ဗျားဟာ အဲ့ဒီ အတုအယောင်မျက်နှာထဲမှာ အမြောက်အများရင်းနှီးမြှုပ်နှံထားခဲ့ပြီးပြီလေ။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ ဟိတ်ဟန်ကြီး တဲ့မျက်နှာ၊ မှားယွင်းနေတဲ့မျက်နှာကြီးနဲ့ပဲ နေထိုင်နေပြီး ဘယ်သူကမှ အဲ့ဒါကြီးနဲ့ သဘောတူညီမှုမရှိတဲ့အခါ၊ ဘယ်သူကမှ အတည်ပြုမပေးတဲ့အခါမှာ ခင်ဗျားရဲ့အတ္တက လူတိုင်းကတော့မှားနေပြီဆိုပြီး စတင်တွေးတောပါတော့တယ်။ 

ကျွန်တော် အဖိုးကြီးတစ်ယောက်နဲ့သိတယ်။ အတော်လေးကို အိုမင်းနေပြီ။ သူဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး ရာစုနှစ် တစ်ဝက်လောက်အထိ အိမ်လေးတစ်လုံးထဲမှာပဲနေတယ်။ အဲ့ဒီမြို့ကနေ ဘယ်တော့မှမြို့ပြင်ကို ထွက်မသွားဘူး။ တကယ်တမ်းတော့ အဲ့ဒီမြို့ထဲကိုတောင်ဘယ်တော့မှမထွက်ဘူး။ သူဟာ အဲ့ဒီအိမ်လေးထဲမှာပဲ အမြဲနေတယ်။ အတော်လည်း အထီးတည်းနေတယ်။ အတွင်းစွဲအမျိုးအစား လူတစ်ယောက်။ သူငယ်ချင်းတွေမရှိဘူး။ အိမ်ထောင်မပြုဘူး။ ထာဝရလူပျိုကြီးဖြစ်တယ်။ ကလေးတွေမရှိဘူး။ မိဘတွေကသေကုန်ပြီ။ တကယ့်ကို တစ်ယောက်တည်းပဲ။ သူဟာ အများနဲ့ မတူနဲနဲကြောင်တောင်တောင်ဖြစ်နေတယ်လို့ လူတွေကထင်ကြတယ်။ ဘယ်သူမှသူ့ဆီကို လာမလည်ဖူးဘူး။ သူကလည်း ဘယ်သူ့ကိုမှသွားမတွေ့ဘူး။ ရုတ်တရက်ဆိုသလိုပဲ သူဟာ မြို့လေးနဲ့ အိမ်အနီးအနားပတ်ဝင်ကျင်ကို စိတ်ဝင်စားလာတယ်။ သူ့ဘေးအိမ်ဆီကိုသူသွားတယ်။ လူတွေဝိုင်းအုံလာကြပြီး ဘာဖြစ်လို့လဲလို့မေးကြတယ်။ ရာစုနှစ်တစ်ဝက်လောက် အိမ်ထဲမှာနေနေပြီး အခုမှရုတ်တရက်ဘာကြောင့်ထွက်လာတာလဲပေါ့။ အဲ့ဒီလူက ပြောတယ် .. 

ကလေးတို့ .. ငါ့အတွင်းထဲမှာ ဂျစ်ပစီတစ်ယောက်ရှိပုံရပါတယ် .. တဲ့။ 

အဲ့ဒါက သူမြင်ထားတဲ့သူ့ရဲ့ပုံရိပ်ပဲ။ ခင်ဗျားသဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ အဲ့ဒါက အဓိကမဟုတ်ဘူး။ သူက သူ့ကိုယ်သူ ဂျစ်ပစီတစ်ယောက်လို့မြင်ထားတယ်။ အဲ့ဒါက ခင်ဗျားရဲ့ပုံရိပ်ကို ခင်ဗျားသယ်ဆောင်ထားတဲ့ ဥပမာပုံစံပဲ။ 

ပထမပြဿနာ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်သိချင်ရင် ခင်ဗျားရဲ့ပုံရိပ်အမှားတွေကို လွှတ်ချပစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းကြည့်မြင်ရမယ်။ ပြီးတော့ အဲ့ဒီခင်ဗျားမြင်တဲ့ ခင်ဗျားရဲ့ပုံရိပ်အစစ်က သိပ်လှပမှာမဟုတ်ဘူး။ အဲ့ဒါက ဒုက္ခပဲ။ ခင်ဗျားရဲ့ပုံရိပ်အစစ်က မလှပဘူး။ ဒါကြောင့်ခင်ဗျားက ပုန်းအောင်းဖို့ရာအတွက် လှပတဲ့ပုံရိပ်အတုတွေဖန်တီးထားတာပဲ။ ခင်ဗျားကိုယ်ခင်ဗျား လုံးဝတုံးလုံးကျွတ်ကြီးမြင်လိုက်ရတာက ဘယ်လိုမှလှပတဲ့မြင်ကွင်းလေးဖြစ်မှာမဟုတ်ဘူး။ အဲ့ဒီနောက် မှာ ခင်ဗျား ဒေါသတွေကိုမြင်လာမယ်။ မနာလိုမှုတွေကိုမြင်လာမယ်။ အမုန်းတရားတွေကိုမြင်လာမယ်။ ပြီးတော့ ခင်ဗျား ဝန်းကျင်မှာလွှမ်းခြုံနေတဲ့ သန်းနဲ့ချီတဲ့ မှားယွင်းတဲ့အရာတွေကို ခင်ဗျားမြင်လာလိမ့်မယ်။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား မေတ္တာတရားကြီးမားတဲ့သူကြီးအဖြစ် မြင်ထားတယ်။ ဒါပေမယ့်လည်း တကယ်တန်းမှာက ခင်ဗျားရဲ့ မနာလိုဝန်တိုမှုတွေ၊ ပိုင်ဆိုင်လိုမှုတွေ၊ အမုန်းတရားတွေ၊ ဒေါသတွေနဲ့ အဖျက်စိတ်ထားအားလုံးကို ခင်ဗျားတွေ့လိုက်တယ်။ ခင်ဗျားကိုယ် ခင်ဗျား အင်မတန်လှပသူတစ်ယောက်အဖြစ်မြင်ထားတယ်။ ဒါပေမယ့် ခင်ဗျား ကိုယ့်အတွင်းထဲကိုတိုးဝင်ကြည့်လိုက်တဲ့အခါ အကျဉ်းတန်အရုပ်ဆိုးမှုတွေကို တွေ့လိုက်ရတယ်။ ရုတ်ချဉ်းဆိုသလိုပဲ ခင်ဗျားရှေ့ဆက်မသွားရဲတော့ဘဲ နောက်ပြန်ဆုတ် လာခဲ့လိုက်တယ်။ 

ဒါကြောင့်လည်း နိုးကြားသွားတဲ့ ဗုဒ္ဓတွေဟာ နှစ်ထောင်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ်သိ ဆိုပြီး သင်ကြားဆုံးမလာခဲ့ကြ တာဖြစ်တယ်။ ဒါပေမယ့် သူတို့စကားကို ဘယ်သူမှနားမထောင်ခဲ့ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ်သိဖို့ဆိုတာ ဘာကြောင့် အဲ့သလောက်ခက်ခဲနေရတာလဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်သိဖို့ ပြန်ကြည့်လိုက်တိုင်းမှာ အကျည်းတန် ရုပ်ဆိုးမှုတွေကို ခင်ဗျားတွေ့ရလို့ပါပဲ။ အဲ့ဒါတွေ အဲ့ဒီနေရာမှာရှိနေကြတယ်။ အဲ့ဒါတွေကို ကျော်ဖြတ်နိုင်ဖို့လိုတယ်။ ခင်ဗျားရဲ့ အတွင်းမှာ အင်မတန်လှပတဲ့ ဖြစ်တည်မှုလေးရှိနေတယ်။ ဒါပေမယ့် အဲ့ဒါလေးက အပေါ်ယံပြင်ပမှာရှိနေတာ မဟုတ်ဘူး။ အဲ့ဒါက ခင်ဗျားရဲ့အတွင်း ဗဟိုချက်မှာ ရှိနေတာ။ အဲ့ဒီဗဟိုချက်လေးဆီကို ရောက်ဖို့ရာအတွက် ခင်ဗျားဟာ အပေါ်ယံက အကာတွေကို ထိုးဖောက်ဖြတ်ကျော်သွားဖို့လိုတယ်။ အဲ့ဒါတွေကိုရှောင်လွှဲလို့မရဘူး။ အကျည်းတန်မှုတွေနဲ့ အဖျက်သဘော ဆောင်တဲ့အရာတွေအားလုံးဖြစ်တဲ့ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ ကြမ်းတမ်းမှုတွေ၊ ရန်လိုမှုတွေ အားလုံးကို ဖြတ်ကျော်သွားဖို့လိုတယ်။ ပြီးတော့ ခင်ဗျား အဲ့ဒီအပေါ်ယံအကာတွေကို ဖြတ်ကျော်သွားဖို့ရာအတွက် အဆင်သင့်ဖြစ်ပြီး လုံလောက်တဲ့ ရင့်ကျက်မှုရှိလာတဲ့အခါမှာကျမှသာ ခင်ဗျားဟာ အလယ်ဗဟိုချက်ကိုရောက်နိုင်မှာဖြစ်တယ်။ အဲ့ဒီကိုရောက် တဲ့အခါမှာတော့ မြင်ကွင်းက လုံးဝပြောင်းလဲသွားပါလိမ့်မယ်။ 

ဗဟိုချက်မှာ ခင်ဗျားဟာ ဘုရားသခင်ပါပဲ။ 

- ပုန်းကွယ်နေတဲ့ သဟဇာတဖြစ်မှု

- အိုရှိုး

 အိုရှိုးရဲ့ ဖြုတ်ချက်

+++++

ဥပမာအားဖြင့် ယေရှုကို အပျိုစင်ကနေမွေးတယ်လို့ဆိုကြတယ်။ အဲဒါဟာ လူသားထုတရပ်လုံးကို စိတ်ပျက်အားလျော့မှု ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းကတော့အပြစ်တွေနဲ့အတူမွေးလာတယ်၊ ယေရှုတယောက်ဘဲ အပြစ်တွေမပါဘဲ မွေးလာတယ်ဆိုတဲ့သဘောမျိုး သက်ရောက်သွားစေလို့ပါပဲ။ သူတယောက်ထဲကသာ ဘုရားသခင်ရွေးချယ်တဲ့ချစ်မြတ်နိုးရာ တဦးတည်းသောသားတော်ဖြစ်တယ်ဆိုရင် မင်းကရောဘယ်သူတုန်း။ မင်းကသူ့ရဲ့တဝမ်းကွဲတောင်ဟုတ်မနေဘူးပေါ့။ 

သားတဦးတည်းပဲရှိရလောက်အောင်အထိ ဘုရားသခင်ကဘာကြောင့်စေးနှဲခဲ့ရတာလဲ။ သူက သားဆက်ခြားထိန်းချုပ်ရေး ကို ထောက်ခံတဲ့သူလား။ ခရစ်ယာန်တွေကအဲဒါကို ဆန့်ကျင်ကြတယ်နော်။ အနည်းဆုံး သမီးတယောက်ကတော့ရှိခဲ့သင့် တာပေါ့။ ဒါပေမယ့်အမျိုးသမီးထုကိုမျက်နှာသာမပေးချင်တာကြောင့် ဘုရားသခင်မှာ သမီးတော်တယောက်မရှိနိုင်ခဲ့ဘူး။ သူ့မှာဇနီးမယားတောင်မရှိခဲ့ဘူး။ ဒါပေမယ့်သားတယောက်ကတော့ရှိခဲ့တယ်။ သူ့သားကရေပေါ်မှာလမ်းလျှောက်တယ်။ မင်း ကတော့အဲဒါမျိုးမလုပ်နိုင်ဘူး။ သူက သေပြီးသားလူတွေကိုပြန်ရှင်စေနိုင်တယ်။ မင်းကတော့ အဲသလိုမလုပ်နိုင်ဘူး။ သူ ကားစင်တင်ပြီးအဆုံးစီရင်ခံရတယ်။ ပြီးတော့ရှင်ပြန်ထမြောက်လာခဲ့တယ်။ မင်းကတော့ ဒါမျိုးမလုပ်နိုင်ဘူး။ 

သဘာဝအားဖြင့် လူသားနဲ့ဘုရားအကြားက အကွာအဟကြီးက ကြီးမားလွန်းနေခဲ့တယ်။ မင်းကတော့သာမန်လူသား တယောက်ပဲ။ သူကတော့ဘုရားလေ။ မင်းအများဆုံးလုပ်နိုင်တာက သူ့ကိုဝတ်ပြုဆုတောင်းဖို့ပဲ။ သူဟာလူသားထုကြီးတရပ် လုံးကို ကြီးကြီးမားမားစော်ကားလိုက်တာပါပဲ။ ဒါပေမယ့်အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ။ ဒါမျိုးဘယ်သူမှ ဘယ်တုန်းကမှမလုပ်နိုင်ခဲ့ပါဘူး။ အဲဒါတွေကိုဖန်တီးထားရတာက မင်းနဲ့ ယေရှုအကြားမှာ အကွာအဟတခု ဖန်တီးဖို့သက်သက်လုပ်ထားတာပါပဲ။ သူတို့ရဲ့နောက်လိုက်တွေက လွန်လွန်ကဲကဲလုပ်ထားခဲ့ကြတာပါ။ 

မိုဟာမက်သေဆုံးသွားတယ်။ ဒါပေမယ့် သာမန်လူသားတယောက်လို သေဆုံးခဲ့တာမဟုတ်ဘူး။ တကယ်တန်းမှာတော့ သူဟာလူသားတယောက်သေဆုံးတဲ့နည်းမျိုးနဲ့ သေဆုံးခဲ့တာမဟုတ်ဘူး။ သူဟာကောင်းကင်ဘုံကို အသက်ရှင်လျက်နဲ့ ရောက်သွားခဲ့တာဖြစ်တယ်။ သူတယောက်ထဲတင်မဟုတ်ပါဘူး။ သူကသူ့မြင်းကိုပါစီးသွားလိုက်သေးတယ်။ ဆိုတော့ မြင်းကလည်းပဲကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားတာပေါ့။ အဲဒါကရိုးရိုးမြင်းမဟုတ်ဘူးလေ။ ဟာဇရက်မိုဟာမက်ရဲ့ မြင်းလေ။ မင်းအနေနဲ့ သူတို့နဲ့အတူတူဘောင်မဝင်နိုင်ဘူးပေါ့။ 

မဟာဝီရက ဘယ်တော့မှချွေးမထွက်ဘူးတဲ့။ အိန္ဒိယရဲ့ပူပြင်းတဲ့နွေရာသီမှာတောင်မှတဲ့လေ။ အထူးသဖြင့် ဘီဟာရဲ့ ဖုန်ထူ တဲ့လမ်းမတွေပေါ်မှာပေါ့။ သူကကိုယ်တုံးလုံးကြီးနဲ့ လေးဆယ့်နှစ်နှစ်လျှောက်သွားနေခဲ့တယ်။ အဲဒါတောင်မှ ချွေးမထွက်ဘူး တဲ့။ သူ့ကိုယ်ခန္ဓာကအရေပြားနဲ့ဖုံးအုပ်ထားတာမဟုတ်ဘဲ ပလတ်စတစ်နဲ့ဖုံးအုပ်ထားတာဆိုရင်တော့ ဖြစ်နိုင်မှာပေါ့။ အရေပြားကတော့ ချွေးထွက်တယ်။ ပြီးတော့အဲဒါကလည်း လူ့ရှင်သန်ရေးအတွက်အရေးကြီးတဲ့ဖြစ်စဉ်တခုပဲ။ မဟုတ်ရင် မင်းသေသွားမှာပေါ့။ 

ချွေးထွက်တယ်ဆိုတာ အကာအကွယ်တခုပါပဲ။ အရမ်းပူလွန်းတဲ့အချိန်မှာ ချွေးပေါက်လေးတွေထဲကနေ ချွေးတွေထွက်လာ ရတယ်။ အဲဒါမှသာအပူနဲ့ချွေးရေလေးတွေနဲ့ထိတွေ့ အငွေ့ပျံသွားပြီး မင်းခန္ဓာကိုယ်ရဲ့အပူချိန်တက်မလာအောင် အကာ အကွယ်ပြုနိုင်မှာပေါ့။ မဟာဝီရလည်းသေမှာပဲ။ ဒါပေမယ့် ထူးခြားအောင်လုပ်ချင်တော့ အဲသလိုတွေလုပ်ထားကြတာပေါ့။ ချွေးမထွက်ရင် သူ့အနေနဲ့ ရေချိုးစရာတောင်လိုမှာမဟုတ်တော့ဘူး။ 

မြွေတကောင်ကသူ့ကိုကိုက်လိုက်တယ်။ သွေးထွက်ရမယ့်အစားနို့တွေထွက်လာသတဲ့။ ဂျိန်းဘာသာတရားနှီးနှောပွဲတခုမှာ ဂျိန်းဘုန်းကြီးတပါးက ကျုပ်ရှေ့တင်ပြောနေတာ။ အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေနဲ့ အမွှန်းတင်နေတာ။ ကျုပ်ပြောရမယ့် အလှည့်လည်းရောက်ရော ကျုပ်က “မဟာဝီရရဲ့ကိုယ်ထဲမှာ သွေးအစားနို့တွေလည်ပတ်နေတယ်ဆိုရင် လေးဆယ့်နှစ်နှစ် လောက်လည်ပတ်နေတဲ့နို့တွေဟာ ဒိန်ခဲဖြစ်နေလောက်ပြီ .. ဆိုတော့မြွေကိုက်တဲ့အချိန်မှာ နို့မထွက်ဘဲ ထောပတ်ပဲထွက် လာသင့်တာ .. အခုတော့နို့ထွက်လာသတဲ့ .. လတ်ဆက်တဲ့နို့တွေထွက်လာသတဲ့လားဗျာ” ဆိုပြီးပြောခဲ့လိုက်တယ်။ 

ဂေါတမဗုဒ္ဓကရော ဘာထူးသလဲ။ သူ့အမေမတ်တပ်ရပ်နေတုန်းမှာမွေးသတဲ့။ အဲဒါကပြဿနာမဟုတ်လို့ သည်းခံလို့ရသေး တယ်ထားဦး။ သူ့အမေကသိပ်အပျင်းမကြီးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ကလေးမွေးပြီးတဲ့အမေတွေကတော့ အိပ်ယာ ပေါ်လှဲနေကြတာပဲ။ မတ်တပ်မရပ်နိုင်ကြဘူး။ ပြီးတော့ဂေါတမဗုဒ္ဓကလည်း မွေးမွေးချင်းမတ်တပ်ရပ်သတဲ့။ သူမြေပေါ်ကို မတ်တပ်ကလေးရပ်ပြီးထွက်ကျလာတယ်။ ဒါလည်းတခါတလေဖြစ်တတ်တယ်ထားဦး။ ပုံမှန်အားဖြင့်တော့ ကလေးတွေက ခေါင်းကနေစထွက်လာကြတာပါ။ ခြေထောက်ကစထွက်လာတာမျိုးက ဖြစ်တောင့်ဖြစ်ခဲပါ။ အတော်ရှားပါတယ်။ 

အဲဒီနားလောက်တင်ရပ်သွားတယ်ဆိုတော်သေးတယ်။ မရပ်ဘူး။ မင်းကိုအထင်ကြီးအောင်ဆက်ရေးထားသေးတယ်။ ခြေခုနှစ်လှမ်း လှမ်းသွားလိုက်သေးသတဲ့။ မွေးပြီးပြီးချင်းကလေးလေးက ဘယ်လိုလုပ်မတ်တပ်ရပ်နိုင်မှာလဲ။ သူကတော့ ခြေခုနှစ်လှမ်းတောင်လှမ်းသွားလိုက်သေးသတဲ့။ လမ်းလျှောက်ရုံတင်အားမရသေးဘူး “ငါဟာအကြီးမြတ်ဆုံးဗုဒ္ဓဖြစ်တယ် .. ငါဟာ အတိတ်၊ ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးစလုံးမှာ အကြီးမြတ်ဆုံးဉာဏ်အလင်းရသူဖြစ်တယ်” ဆိုပြီးကြွေးကြော် လိုက်သေးသတဲ့။

https://www.facebook.com/share/p/18FPjeBuQc/?mibextid=oFDknk

 စစ်တပ်နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့သူကို ဒလံ လို့ သတ်မှတ်ပြီး PDF ဘေးနားနေတဲ့သူကျမှ ပြည်သူလို့ သတ်မှတ်လို့ မရဘူးလေ...

"ငါတို့ရွာက သေနတ်လည်းမကိုင်ဘူး ပစ်လည်း မတတ်ဘူး။ ထမင်းပဲ ချက်ပို့ပေးတာ" ဆိုပြီး လုပ်မရဘူးလေ။ ထမင်းဟင်း ချက်ပို့ပေးတယ်ဆိုကတည်းက စားနပ်ရိက္ခာ ထောက်ပံ့ပေးတာ ဖြစ်သွားပြီ။ ဒီတော့ သူပုန်တွေနဲ့ အတူတူပဲလို့ သတ်မှတ်လို့ရသွားပြီ။

တပ်မှာလည်း ထမင်းချက်ရှိတာပဲ။ သူကထမင်းချက်နေတာ မပစ်ဘူး ဆိုပြီး ရှောင်လို့ ဘယ်ရမလဲ။ စစ်ဖြစ်နေတာကိုး...

ဟုတ်တယ်မို့လား...

ပြီးတော့ တပ်က သုံးနေတဲ့ ဗုံးတစ်လုံးက အနိမ့်ဆုံး မြန်မာငွေ သိန်း (၂၀၀) လောက်တန်တယ်။ ဆိုကြပါစို့ မင်္ဂလာဒုံလေဆိပ်ကနေ စစ်ကိုင်းတိုင်း မြောင် တို့ဘာတို့ ဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်ဆို လေယာဉ်ပျံသန်းတဲ့ ဆီဖိုး အပါအဝင် ဗုံးတစ်လုံး တစ်ခါကြဲရင် အမေရိကန်ဒေါ်လာ (၂) သောင်း ပတ်ဝန်းကျင် ကုန်တယ်။ မြန်မာငွေနဲ့ဆို သိန်း (၈၀၀) ဝန်းကျင် ရှိမှာပေါ့...

အဲ့တော့ "ငါတို့လေတပ်က ဒီနေ့တော့ အလုပ်မရှိဘူးဟေ့ အားနေတာပဲ မြောင် တို့ ထီးလင်း တို့ ကသာတို့ဘက်ကို ဗုံးသွားကြဲလိုက်ဦးမယ်" ဆိုပြီး ဘယ်သူမှ မလုပ်ဘူး။ ရူးနေတာတောင် မလုပ်ဘူး...

မြေပြင်သတင်းပေးတွေရဲ့ တိကျတဲ့မြေပုံညွှန်းတွေ၊ စုဖွဲ့မှူအများဆုံး အချိန်တွေ တွက်ချက်ပြီးမှ ဆော်တာ။

ဥပမာ ပဇီကြီးရွာ PDF မင်္ဂလာဆောင်လိုပေါ့။ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာမှာ မင်္ဂလာဆောင်မယ်၊ PDF ထောက်ခံသူတွေ ဘယ်အချိန်မှာ အများဆုံး လာမယ် ဆိုတာကို တိတိကျကျသိပြီး အချိန်ကိုက်ကို ဆော်ထည့်လိုက်တာ...

ဒီနေရာမှာ မင်္ဂလာဆောင်လာတဲ့သူတွေအားလုံးက PDF တွေမှ မဟုတ်တာ ဆိုပြီး လာငြင်းမယ်ဆိုတာ သိတယ်။ ဒါကြောင့် အပေါ်ဆုံးမှာ ထည့်ရေးထားတာ...

 နိုင်ငံရေးဟုတ်ယောင်ထင်မှု ဆိုတာ ပထမတော့ အဝေးကနေ ကြည့်လိုက်ရင် တကယ့် ဖြစ်လာတော့မယ့်အရာလို့ ထင်ရတယ်။ 

ဒီစကားက လူတိုင်းကြားဖူးနေကျ စကားမဟုတ်ပေမယ့် ကျနော်တို့ရော ခင်များတို့မှာပါ နိူင်ငံရေးတက်ကြွစွာ လှုပ်ရှားသူတွေ နိူင်ငံရေးလောကကြီးကို စိတ်ဝင်စားသူတွေ နိူင်ငံရေးကို စောင့်ကြည့်တတ်သူတွေတိုင်းမှာ နိူင်ငံရေးဟုတ်ယောင်ထင်မှု သည် အနည်းနဲ့အများ ရှိနေတတ်ကြပါတယ် ။ 

မျှော်လင့်ချက်တွေနဲ့ တတ်ကြွတယ်။

 ဒါပေမယ့် တဖြေးဖြေး နီးလားတဲ့အခါ (ဒါမှမဟုတ်) အချိန်တစ်ခု ရလာတဲ့အခါ ယခင်က တကယ်လို့ မှတ်ထင်ထားခဲ့သမျှဟာ မျှော်လင့်ချက်အမှားတွေသာလျင် ဖြစ်နေတာမျိုးကို ဆိုလို တယ်။ 

ဒါဟာ နိူင်ငံရေး မျှော်မှန်းနိူင်စွမ်း နိူင်ငံရေး မျှော်မှန်းနိူင်မှုလို့ ခေါ်လို့ရပါတယ် ၊ နိူင်ငံရေးမှာ တခြားကဏ္ဍတွေလို မျှော်လင့်ချက်နဲ့ လုပ်ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး ၊ မျှော်မှန်းနိူင်စွမ်းနဲ့ စနစ်တကျ သေသေချာချာ တွက်ချက်ပြီးမှ လုပ်ဆောင်ရသော အလုပ်တစ်ခုဖြစ်ပါတယ် ။ 

နိူင်ငံရေးဟန်ချက်မညီမှု သေးသေးလေးတွေ ဖြစ်သွားရင်တောက် လူ့အသက်တွေ များစွာ ဆုံးရှုံးသွားနိူင်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်းသည်လည်း အချိန်ခဏတာအတွင်း ပြိုကျပျက်ဆီးသွားတတ်ပါတယ် ၊ အခြေအနေဆိုးရွားသွားရင် စစ်ပွဲတွေထိ တိုးဝင်သွားတတ်လို့ နိူင်ငံရေးအလုပ်သည် နတ်ကြီးတယ်လို့ ပြောတတ်ကြတာ ဖြစ်ပါတယ် ။ 

ပြောချင်တာက အစောပိုင်းပြောခဲ့တဲ့ ဟုတ်ယောင်ထင်မှုတွေ ကြားထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင် အချိန်တွေ၊ ဘ၀တွေ အများကြီး နစ်နာဆုံးရှုံး သွားတတ်ပါတယ်။ 

ဒါတင်မကပါဘူး ၊ နိုင်ငံရေးရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ တိုင်းပြည် စည်ပင်တိုးပွားခြင်းနဲ့ နိုင်ငံသား များရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆီကို မျှော်ကြည့် နိုင်စွမ်းမရှိတော့ပါဘူး။

ဟုတ်ယောင်ထင်မှုဆိုတဲ့အတိုင်းပါပဲ၊ သူ့ကို အမှန်လို့ ထင်သွားရအောင် ပုံဖျက်လာတတ်တယ်။

 ဒါကြောင့် အပိတ်သဘောနဲ့လာပါတယ်။ ငါသာ အမှန်ဆိုတဲ့တရားသေ အတွေး အခေါ်နဲ့လာတယ်။ ရှုထောင့်ပေါင်းစုံက တွေး ခေါ်ခြင်း ကို ဖျက်ဆီးပြီး ငါနဲ့မတူ ငါ့ရန်သူ အဖြစ်လာပါတယ်။ 

တနည်းအားဖြင့် ဟုတ်ယောင်ထင်မှုဆိုတာ အစွန်း ရောက် ပုံစံတွေကို မွေးဖွားပေးပြီး ၊မိတ်ဆွေရင်းချာတွေ လှမ်းမနှုတ် ဆက်ချင်တော့တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေက ဒီမိုကရေစီယဉ်ကျေးမှုနဲ့ လားလားမျှမထိုက်တန်ပါဘူး ဆိုတာ ပြောချင်ပါတယ် ။ 

အခုဆိုရင် ပိုပြီး ဆိုးရွားလာတာတွေ မြင်တွေ့နေရတယ် ၊ စစ်တပ်ထောက်ခံသူတွေ ကြားနေတွေနဲ့ မိမိဘာသာမိမိရပ်တည်နေကြရသူတွေကိုပါ အပြစ်ပြော ဆဲဆိုခြိမ်းခြောက် အကြပ်ကိုင်ကြတာတွေ အထိလုပ်နေကြတာ အုပ်နဲ့ကျင်းနဲ့ပါပဲ တကယ် စိတ်ပျက်စရာတစ်ခုပါ ။ 

ငါတို့နဲ့ ဘက်မတူရင် သတ်မယ်ဖြတ်မယ် မိုင်းခွဲမယ် ဗုံးထောင်မယ် ဆိုတာတွေကလည်း ဒီမိုကရေစီ ခေါင်း‌စဉ်အောက်ကနေ လုပ်ကောင်းသော အလုပ်တွေ မဟုတ်ဘူးဆိုတာကိုတော့ နိူင်ငံရေးသမားအမည်ခံ လက်နက်ကိုင်သူပုန်သူကန်တွေ သိပြီးသား ဖြစ်မှာပါ ။ 

သာမာန်ပြည်သူလူထုနဲ့ နိူင်ငံရေးပလေယာတွေကလွဲလို့ နိုင်ငံရေးအရ ဟုတ်ယောင်ထင်မှုကြားတွေမှာပဲ မျှော်လင့်ချက်တွေ တိုးပွားလာလိုက် ၊ အချိန်ကာလတစ်ခု ကြာတဲ့အခါ သိနားလည်လာပြီး စိတ်ပျက်သွားလိုက်စတဲ့ သံသရာဟာ တိုင်းပြည်တိုးတက်မှုအတွက် ခြေထောက်အစုံကို ဖြတ်ကြိတ်သွားတာပါပဲ။ 

လူအသက်တွေ သေနေကြတာကို ဝမ်းစာအားရဖြစ်နေကြသော ဒီလူထုနဲ့ စစ်ပွဲတွေ တိုက်ပွဲတွေကို လက်ခုတ်တီးကြိုဆိုနေကြတဲ့ ဒီလူထုကြီး ငြိမ်းချမ်းရေးမရရှိပဲ စစ်ဘေးဒုက္ခသည် တိုက်ပွဲရှောင်ဘဝတွေနဲ့ အိုးမဲ့အိမ်မဲ့ဘဝတွေကို ရောက်ကြတာ မထူးဆန်းဘူးလို့ပဲ အားမနာတမ်း ပြောချင်ပါတယ် ။

ပေးဆပ်ခဲ့ကြရတဲ့ တန်ဖိုးကတော့ ကိုယ်တစ်ပိုင်းသေပြီး လမ်းမပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ တိုင်းပြည်သာလျင် အဖတ်တင်ကျန်ရစ်ခဲ့တာပါပဲ။

 နိုင်ငံရေးဟုတ်ယောင်ထင်မှု ဆိုတာ ပထမတော့ အဝေးကနေ ကြည့်လိုက်ရင် တကယ့် ဖြစ်လာတော့မယ့်အရာလို့ ထင်ရတယ်။ မျှော်လင့်ချက်တွေနဲ့ တတ်ကြွတယ်။ ဒါပေမယ့် တဖြေးဖြေး နီးလားတဲ့အခါ (ဒါမှမဟုတ်) အချိန်တစ်ခု ရလာတဲ့အခါ ယခင်က တကယ်လို့ မှတ်ထင်ထားခဲ့သမျှဟာ မျှော်လင့်ချက်အမှားတွေသာလျင် ဖြစ်နေတာမျိုးကို ဆိုလို တယ်။ 

       ဟုတ်ယောင်ထင်မှုတွေ ကြားထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင် အချိန်တွေ၊ ဘ၀တွေ အများကြီး နစ်နာဆုံးရှုံး သွားတတ်ပါတယ်။ ဒါတင်မကပါဘူး ၊ နိုင်ငံရေးရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ တိုင်းပြည် စည်ပင်တိုးပွားခြင်းနဲ့ နိုင်ငံသား များရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆီကို မျှော်ကြည့် နိုင်စွမ်းမရှိတော့ပါဘူး။

     ဟုတ်ယောင်ထင်မှုဆိုတဲ့အတိုင်းပါပဲ၊ သူ့ကို အမှန်လို့ ထင်သွားရအောင် ပုံဖျက်လာတတ်တယ်။ ဒါကြောင့် အပိတ်သဘောနဲ့လာပါတယ်။ ငါသာ အမှန်ဆိုတဲ့တရားသေ အတွေး အခေါ်နဲ့လာတယ်။ ရှုထောင့်ပေါင်းစုံက တွေး ခေါ်ခြင်း ကို ဖျက်ဆီးပြီး ငါနဲ့မတူ ငါ့ရန်သူ အဖြစ်လာပါတယ်။ 

             တနည်းအားဖြင့် ဟုတ်ယောင်ထင်မှုဆိုတာ အစွန်း ရောက် ပုံစံတွေကို မွေးဖွားပေးပြီး ၊မိတ်ဆွေရင်းချာတွေ လှမ်းမနှုတ် ဆက်ချင်တော့တဲ့ နိုင်ငံ ရေးယဉ်ကျေးမှု။ Tolerance , Compromise , Pluralism စတဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ လားလားမျှမထိုက်။ 

           နိုင်ငံရေးအရ ဟုတ်ယောင်ထင်မှုကြားတွေမှာပဲ မျှော်လင့်ချက်တွေ တိုးပွားလာလိုက် ၊ အချိန်ကာလတစ်ခု ကြာတဲ့အခါ သိနားလည်လာပြီး စိတ်ပျက်သွားလိုက်စတဲ့ သံသရာဟာ တိုင်းပြည်တိုးတက်မှုအတွက် ခြေထောက်အစုံကို ဖြတ်ကြိတ်သွားတာပါပဲ။ ပေးဆပ်ခဲ့ကြရတဲ့ တန်ဖိုးကတော့ ကိုယ်တစ်ပိုင်းသေပြီး လမ်းမပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ တိုင်း ပြည်သာလျင် အဖတ်တင်ကျန်ရစ်ခဲ့တာပါပဲ။

 လွတ်လပ်ရေးခေတ်တုန်းက ေပြာကြတဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့စကားလေး ခဏခဏပြန်ကြားမိတယ် ငရဲခွေးကြီးက လွတ်နေတာမဟုတ်ဘူး ငါအခန်းမှာ ရောက်နေတာလို့သာ ပြောလိုက်ချင်တော့တယ် ။ 

အဲ့ငရဲကြီးက ဘယ်နေရာပဲသွားသွား သွားတဲ့နေရာကို ငရဲဖြစ်အောင် စွမ်းနိူင်တဲ့ အစွမ်းတွေကလည်း တကယ်ထက်မြက်တယ် ။

ဪ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုး ပေးတတ်ရုံသာမက အာရုံငါးပါးပါမကျန် ဒုက္ခပေးတတ်ဖို့ ဘယ်နည်း ဘယ်ပုံများ သင်ယူခဲ့ကြတာလဲဗျာ ။ 

ငါလည်း အဲ့ပညာတွေကို ဖြစ်ဖြစ်မြောက်မြောက် တတ်မြှောက်အောင်သင်ယူပြီး ငါအမုန်းဆုံးလူတွေကို လိုက်ဒုက္ခပေးလို့ အကောင်းဆုံးနည်းလမ်းတွေပါ့လားလို့တောင် တခါတခါ‌‌ေတွးမိပါရဲ့ဗျာ 

 ရွေးကောက်ပွဲ ကျင်းပမှသာ ဒီမိုကရေစီအစိုးရပေါ်မည်

ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် ပြည်သူလူထု၏ အခွင့်အာဏာကို အခြေခံထားသည်။ ထိုအခြေခံသဘောတရားကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရွေးကောက်ပွဲများကို လွတ်လပ်စွာ၊ တရားမျှတစွာ ကျင်းပခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲမရှိဘဲ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဒီမိုကရေစီ၏ အခြေခံမူဖြစ်သည်။

၁။ အစိုးရ၏ တရားဝင်မှုကို ရရှိစေခြင်း

ဒီမိုကရေစီတွင် အစိုးရတစ်ရပ်သည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် ဆန္ဒမဲဖြင့် တင်မြှောက်ထားသောကြောင့် တရားဝင်မှု (legitimacy) ရှိသည်။ ဤတရားဝင်မှုသည် အစိုးရအပေါ် ပြည်သူက ယုံကြည်မှုနှင့် လေးစားမှုကို ပေးသည်။ ရွေးကောက်ပွဲသည် ပြည်သူက ၎င်းတို့၏ ခေါင်းဆောင်များကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးသောကြောင့် အစိုးရ၏ လုပ်ပိုင်ခွင့်ကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ဤသို့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာ‌လာသော ပြည်သူ့ကိုယ်စားလှယ်လောင်းတွေမှတဆင့် လွှတ်တော်ထဲကနေ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ပြည်သူ့သဘောထား လွှတ်တော်သဘောထား ဖြစ်ပြီး ပြည်သူအသံကို ပြည်သူပြန်ကြား‌နိူင်သော နိူင်ငံရေးအခြေအနေတစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်သည် ။ လွှတ်တော်ထဲကနေ ပြည်သူရွေး‌ကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်တွေမှတစ်ဆင့် ဥပဒေပြုရေး တရားစီရင်ရေး တို့ကိုလည်း ထိန်းကြောင်းနိူင်မည် ဖြစ်ပါသည် ။ 

ရွေးကောက်ပွဲသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒကို သိရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်းစီသည် မိမိတို့လိုလားသော မူဝါဒများ၊ ခေါင်းဆောင်များနှင့် ပါတီများကို ဆန္ဒမဲပေးခြင်းဖြင့် ရွေးချယ်နိုင်သည်။ ထိုမဲရလဒ်သည် ပြည်သူအများစု၏ ဆန္ဒကို ညွှန်ပြနေပြီး အနိုင်ရရှိသည့် အစိုးရသည်လည်း ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသည့် မူဝါဒများကို ဖော်ဆောင်ပေးရန် တာဝန်ရှိသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် ပြည်သူ့အသံကို အမှန်တကယ်ထင်ဟပ်စေပါသည်။

ရွေးကောက်ပွဲသည် အစိုးရကို ပြန်လည်ထိန်းကျောင်းနိုင်သည့် ယန္တရားတစ်ရပ်လည်းဖြစ်သည်။ သက်တမ်းတစ်ခုပြည့်သည့်အခါတိုင်း ပြည်သူလူထုသည် လက်ရှိအစိုးရ၏ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ခန့်အပ်မည်လား၊ အစိုးရအသစ်ကို ရွေးချယ်မည်လား ဆုံးဖြတ်ခွင့်ရှိသည်။ ဤဖြစ်စဉ်ကြောင့် အစိုးရများအနေဖြင့် ရွေးကောက်ပွဲကာလတစ်ခုပြီးတိုင်း ပြည်သူ့အမြင်ကို အမြဲတမ်းအလေးထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်လာကြသည်။ ဤသို့ဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များသည် ပိုမိုပွင့်လင်းမြင်သာလာပြီး အဂတိလိုက်စားမှုများကိုလည်း လျော့နည်းစေနိုင်သည်။

၄။ တာဝန်ယူမှုနှင့် တာဝန်ခံမှု

ဒီမိုကရေစီတွင် ခေါင်းဆောင်များသည် ရာထူးရယူနိုင်ရန် ပြည်သူ့ထံမှ မဲဆွယ်စည်းရုံးရသည်။ ၎င်းတို့သည် မိမိတို့၏ ကတိကဝတ်များ၊ မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များကို ပြည်သူ့ထံ တင်ပြရပြီး ရွေးကောက်ပွဲနိုင်ပါက ထိုကတိများကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များအား တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိစေရန် တွန်းအားပေးသည့် အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သည်။ ရွေးကောက်ပွဲကို မှန်ကန်စွာ၊ တရားမျှတစွာ မကျင်းပနိုင်ပါက ပြည်သူ့အာဏာကို အခြေမခံသော အာဏာရှင်အစိုးရများသာ ပေါ်ပေါက်လာနိုင်သည်။ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွန်းရေးနှင့် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း အခိုင်

အမာဆိုနိုင်သည်။

 သူပြောပြောနေတာတော့ ဆရာကြီးဆိုပဲဗျ 

ကျနော်တော့ သူပြောတဲ့လူကို သေချာမသိပါဘူး 

သူပြောပြောနေတာတော့ Engineer ကြီးအတိုင်းပါပဲ 

ပညာရှိဆရာကြီး နှုတ်ကမချတန်း ပြောနေတော့ပဲဗျာ 

တကယ်သိတော့မှ 

လေးတန်းမအောင်တဲ့ကောင်က သင်ပေးတဲ့ ပညာကို ၆တန်းမအောင်တဲ့ကောင်ကို ဆရာကြီးအထာနဲ့ ငါကိုလာပြောရဲတဲ့ နင့်ရဲ့သတ္တိကိုပဲ ငါတကယ်အံ့ဩမိပါတယ် ။ 

ငါနဲ့တစ်ခါဆုံဖူးတယ် 

ငါ့အမြင်ကတော့ နင့်ဆရာကြီးက communication မှာ အတော်လေး ညံ့ဖျင်းတယ်လို့ မြင်တယ် ။

နောက်ပြီး သူရဲ့နေမှုထိုင်မှု တွေက ဘယ်အနေအထား ဘယ်အဆင့်အတန်းရှိတယ်ဆိုတာရယ် လူဝန်ဆံ့မှုနဲ့လူရာဝင်မှုတွေလည်း ခန့်မှန်းကြည့်လို့ရပါတယ် ။ 

ဆရာကြီးပါ နင်ပြောသလို အဲ့ဒီလူက ဆရာ‌ကြီးပေါ့ 

သူက 1^2 လေဟာ ငါကတစ်ယောက်တည်းပဲလေ ။

နင့်ကိုတောင် ရအောင်ယူခဲ့တာပဲလေ ဆရာကြီးပဲပေါ့ ၊

ငါစိုးရိမ်တာက နင့်က သူကိုရွေးချယ်ခဲ့တာလား သူ့ကနင့်ကိုရွေးချယ်ခဲ့တာဆိုတာကိုပေါ့ ။

နင်လည်းသိမှာပါ ၊ ကိုယ့်ငါးချဉ်မလို့သာ ချဉ်ပြနေနေတာ နင့်အမူအယာတွေ ငါ့ခန့်မှန်းကြည့်လို့ရပါတယ် ။ 

စိန်နားကပ်ကြီးပန်ရမလို သီချင်းထဲကလို အပြောတွေနောက်ကို ‌နင်လိုက်တာမျိုးလည်း ဖြစ်မယ်မထင်ပါဘူး နင့်အကောင်က အဲ့လိုအပြောမျိုးတွေ ပြောတတ်မယ့် အနေအထားတောင် မရှိနိူင်ပါဘူး ။ 

ကိုယ်ပန်တဲ့ပန်းက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ခေါင်းပေါ်တင်ရဲ့တဲ့ နင့်ရဲ့သတ္တိတွေ ဘယ်လိုအရာက မွေးမြုပေးလိုက်တာလဲ ငါတကယ်သိချင်မိတယ် ။ 

ဒါဟာ ငါပန်ထားတဲ့ ပန်းပဲလို့ ပန်းပန်လျက်နဲ့ လမ်းထွက်ရဲ ပွဲတက်ရဲတဲ့သတ္တိမရှိပါပဲ ဆုံးဖြတ်ရဲ့တဲ့ နင့်ရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ပါစေလို့ပဲ ငါဆုတောင်းပေးရုံမှတပါး တခြားမရှိတော့ဘူးလေ ဒါပါပဲဟာ အများကြီး မပြောချင်တော့ပါဘူး ။

ဘာပဲပြောပြော ငါတို့က တစိမ်းတွေပဲလေ 

ငါနဲ့မှ ဘာမှမဆိုင်တာပဲ မဟုတ်လား 

ငါနဲ့မဆိုင်တဲ့အရာတွေကို ‌အပေါ် ငါဝေဖန်နေမိတယ် ငါရဲ့ မနာလိုဖြစ်နေပြန်တာတွေအတွက် တောင်းပန်ပါတယ် ။ 

အရင်ကလိုတော့ ဘာဘူရဲ့အုံ့ပုံးအချစ်ကို ဆို

လို့မရတော့ဘူးပေါ့ ။ 

Saturday, 26 July 2025

 Nyinaung

ဘာသာရေးဟာ လူသားတွေ

စိတ်နှလုံး အေးချမ်းစေဖို့

ငြိမ်းချမ်းရေးရစေဖို့

အမြဲတမ်း တိုက်တွန်းလေ့ရှိတယ်

လူသားတွေက မလိုက်နာနိုင်လို့ပဲ

မပြီးနိုင် မစီးနိုင်နဲ့

စစ်မီးတွေ တောက်လောက်နေကြရတာ

အဲဒီလို စကားမျိုးကို ကျနော်တို့

မကြာခဏ ကြားရလေ့ရှိပါတယ်

ဒါဟာ အင်မတန်မှ လွဲမှားတဲ့

အယူအဆပါပဲ

လူ့သမိုင်းတလျှောက်ကို ပြန်ကြည့်ရင်

ဘာသာတရားတို့၊ ဘုရားသခင်တို့ ဆိုတာ

စစ်မက်တွေ၊ မျိုးတုံးသ-တ်ဖြတ်ပွဲတွေ

မျိုးနွယ်စု ရှင်းလင်းရေးတွေဆီ

အဓိက ဦးတည်ခဲ့တဲ့ 

မောင်းနှင်အားလို့တောင် ဆိုနိုင်ပါတယ်

ဘယ်လို ဘာသာတရားမျိုးလဲ ဆိုရင်

မိုနိုသီယစ် ခေါ်တဲ့ ဧကနာထ (ဝါ)

ဘုရားသခင် တပါးတည်း ကိုးကွယ်တဲ့

ဘာသာတရားမျိုးတွေမှာ အဲဒီလို

ငါနဲ့မတူတဲ့ ငါ့ရန်သူတွေကို

မျိုးတုံးဖို့ ကျမ်းစာတွေထဲတောင်

တိုက်တွန်းထားတာ တွေ့နိုင်ပါတယ်

ကျမ်းစာ ဆိုတာ အဲဒီ ဘာသာဝင်တွေအဖို့

ဘုရားသခင် ကိုယ်တိုင် ရေးသားပေးထားတာ

ဒါမှမဟုတ် ဘုရားသခင်ရဲ့ စကားကို

ကမ္ဘာဦးလူတွေ မှတ်တမ်းတင်ထားတာလို့

(ဘယ်လိုပဲ ယုတ္တိမရှိစေဦးတော့)

တရားသေ မှတ်ယူထားကြတာပါ

အဲဒီကျမ်းစာတွေကို သမိုင်းတလျှောက်

လိုတိုးပိုလျှော့ လုံးဝ မလုပ်ခဲ့ပဲ

ဘုရားသခင် နှုတ်ထွက်အတိုင်း

တလုံးမကျန် မှန်ကန်တယ်လို့ ယုံကြည်ကြပါတယ်

အဲဒီတော့ ဘာသာဝင်ကောင်းမှန်ရင်

အဲဒီကျမ်းစာအတိုင်း တလုံးမကျန်

အလုံးစုံ လိုက်နာရပါသတဲ့

ငါနဲ့မတူ ငါ့ရန်သူ လို့ သတ်မှတ်စေပြီး

တပါးသော ဘုရားရယ်လို့ မရှိစေရ

ငါ့ကို ကိုးကွယ်သူတွေ တခြား ဘုရား

မကိုးကွယ်ရ၊ လာရောက် မြှူဆွယ်ခဲ့ရင်

ကိစ္စတုံးစေ လို့တောင် ရေးထားပါသေးတယ်

တရားဟောရာကျမ်း အခန်းကြီး ၁၃

အခန်းငယ် ၆ မှာ ဘယ်လို ရေးထားလဲဆို

"သင်၏ ညီအစ်ကို အရင်း၊ သင်၏ သားသမီး

သင်၏ရင်ခွင်၌နေသော မယား၊ ကိုယ်ကဲ့သို့

မှတ်တတ်သော အဆွေခင်ပွန်း တစုံတယောက်က

သွားကြစို့၊ သင်လည်း မသိ၊ ဘိုးဘေးတို့လည်း

မသိသော တခြားတပါးသော ဘုရား၊

သင့်ပတ်လည်အနီး အဝေး၌ နေသောသူ

မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်

ကိုးကွယ်သော ဘုရားကို ဝတ်ပြုကြစို့ ဟု

တိတ်ဆိတ်စွာ သွေးဆောင်လျှင် သင်သည်

ဝန်မခံရ။ သူ၏ စကားကို နားမထောင်ရ

သူ့ကို မြင်သောအခါ မသနားရ၊ နှမြေသဖြင့်

ဖွက်၍ မထားရ။ သူ့ကို အမှန် သ-တ်ရမည်။

သူသည် အ‌သေသ-တ်ခြင်းကို ခံစိမ့်သောငှာ

သင်သည် အဦးပြုပြီးမှ လူအပေါင်းတို့သည်

ပြုကြရမည်။ ကျွန်ခံရာ အဲဂုတ္တုပြည်မှ သင်တို့ကို

နုတ်ဆောင်တော်မူသော သင်၏ ဘုရားသခင်

ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာ

ကြံစည်သောကြောင့် ထိုသူကို ကျောက်ခဲနှင့်

ပစ်၍ အသေသ-တ်ကြရမည်။ ထိုသတင်းကို

ဣသရေလအမျိုးသားအပေါင်းတို့ ကြား၍

ထိုသို့သော အဓမ္မအမှုကို သင်တို့တွင်

နောက်တဖန် မပြုဝံ့ပဲ နေကြလိမ့်မည်"

လို့ ရေးထားပါတယ်

ကိုရန်ကျမ်းစာမှာဆိုရင်လည်း 

စူရက်အက်တောဘာ ကျမ်းပိုဒ် ၉:၅ မှာ

"မြင့်မြတ်သော သီတင်းလတို့ ကုန်လတ်သော်

သဘောတူညီချက်ကို ဖောက်ဖျက်သူ

ဗဟုနာထ ဘာသာဝင်တို့အား သ-တ်ဖြတ်လော့

ဖမ်းဆီးလော့၊ ဝိုင်းဝန်း လုပ်ကြံလော့

ချောင်းမြောင်း တိုက်ခိုက်လော့

သို့သော် ၎င်းတို့ အမြင်မှန်ရပါက

ဆုမွန်ကောင်းတောင်းလျက်

ဇာကတ်အခွန်တော် ကောက်ခံကာ

လွတ်မြောက်စေလော့

လို့ ရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်

လူတွေက ပြောလေ့ရှိကြပါတယ်

ဘုရားသခင် ဆိုတာ အသက်ကို

ဖန်တီးသူ တဲ့။ တကယ်တမ်း

ဟုတ်မဟုတ် မသေချာပေမယ့်

သေခြင်းတရားတွေကို အပီအပြင်

ဆောင်ကြဉ်းလာစေတာကတော့

ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး

အဲဒီတော့ ဘာသာဝင်ကောင်းရယ်လို့

မရှိတော့ဘူးလား မေးစရာ ရှိလာတယ်

ရှိတာပေါ့။ ဟိုအရင် သံခေတ် ကြေးခေတ်

၇ ရာစုဝန်းကျင်နောက်ခံနဲ့ အာရပ်တို့

ခါနန်ပြည်တို့က သဲကန္တာရနေ

သိုးကျောင်းသား၊ ဆိတ်ကျောင်းသားတွေ

ကမ္ဘာလောကအကြောင်း ထင်ရာ ရေးခဲ့တဲ့

 Goat-herders' Guide to Cosmo ကို

၂၁ ရာစုမှာ ဘာမှ လိုက်လံ ကျင့်သုံးစရာ

မလိုတော့ဘူးလို့ ယူဆတဲ့သူတွေ ဆိုပါတော့ 

အဲဒီလိုပြောတော့ ဗုဒ္ဓဘာသာဝင်တွေက

လက်ခမောင်းခတ်ကြပါတယ်

ငါတို့ ဘာသာရေးကျမ်းဂန်တွေမှာ

အဲဒီလို ရေးသား ညွှန်ကြားထားတာမျိုး

မရှိဘူး။ မကြားဖူးဘူး တဲ့

မရှိဘူးပဲ ထားပါဦး

(တကယ်က ဘာသာခြားကို သတ်ရင်

တိရစ္ဆာန်ကို သတ်တာလောက်ပဲ

အပြစ်ဖြစ်တယ် ဆိုတာမျိုး

အထင်ကရ ဘုန်းကြီးတွေတောင်

ဟောနေကြသေးတာ)

တယူသန် အစွန်းရောက် အမြင်နဲ့

ငါနဲ့မတူရင် ငါ့ရန်သူလို့ 

သတ်မှတ်ပြီး လူစုလူဝေးနဲ့

လက်သည်မပေါ်လိုက်ပဲ စီရင်ရာမှာ

သူတို့လည်း ဧကနာထ ဘာသာဝင်တွေနဲ့

သိပ်မကွာခြားလှပါဘူး

မယုံရင် မိတ္ထီလာ ပြာပုံဖြစ်သွားတဲ့

အဖြစ်အပျက်တွေ

ဘယ်ဘုန်းတော်ကြီးမှ

မကြည်ညိုလို့ ပြောမိလို့

လက်ထိပ်တန်းလန်းနဲ့

အဖမ်းခံလိုက်ရတဲ့ ဆရာဝန်လေးတွေ

ရခိုင်မှာ မတရားသဖြင့်

နိုင့်ထက်စီးနင်းလုပ်ခံရတုန်း

လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြတဲ့

မဘသနဲ့ ဗုဒ်ပေါတွေကို ပြန်သတိရလိုက်ပါ

#NyiNaung

ဖီလင် - 😏

 ဒဿနကြိုးတန်းပေါ်မှာလမ်းလျှောက်ခြင်း  

-------------------------------------------------------

(၁)

ကိုယ့်ကိုဘာကြောင့်များ

ရပ်တန့်နေတယ်လို့မင်းထင်သလဲကွယ်

ကိုယ့်စိတ်ကူးနဲ့ကမ္ဘာမြေအနှံ့ရောက်သွားသလိုစိတ်ကူးခွင့်ရှိတယ်

ကြယ်ရောင်နဲ့ခရီးဆက်ရတဲ့

အာရေးဗီယန်းသဲကန္တာရညချမ်းတွေမှာ

ကုလားအုတ်တွေစီးနင်းပြီးကိုယ်ခရီးဆက်နေတယ်

အာဖရိကန်မှော်ယဉ်ကျေးမှုတွေရှိရာအရပ်မှာ

အရိုင်းတို့ရဲ့ဗုံသံကိုကိုယ်သွားရောက်နားဆင်နေတယ်

ကမ္ဘာကျော်ပိုးလမ်းမကြီးကတစ်ဆင့်ဂိုဗီသဲကန္တာရကိုဖြတ်ပြီး

အနောက်ကမ္ဘာကိုကိုယ်ခရီးဆက်နေတယ်

သင်္ဘောသားဆင်းဘတ်ရဲ့ဇာတ်လမ်းထဲက

မျက်ခုံးမွှေးပေါ်ကပုလဲလုံးကလေးဆိုတဲ့ကျွန်းမြေကိုကိုယ်ရောက်နေတယ်

တောင်တရုတ်ပင်လယ်ထဲကရွက်သင်္ဘောတွေနဲ့အတူ

ဟင်းခတ်အမွှေးအကြိုင်တွေကုန်ကူးကြတဲ့ပေါ်တူဂီပင်လယ်ဓားပြတွေနဲ့အတူ

ကိုယ့်စိတ်တွေခရီးနယ်ပါယ်အဆုံးအထိရွက်လွှင့်နေတယ် ။

ကိုယ်ဘယ်မှာအထီးကျန်လို့လဲ

ရေးထားတဲ့ကဗျာလေးတွေကိုယ့်နှလုံးသားမှာရှိနေတယ်

သဘာဝတရားကြီးကနေ့စဉ်နေ့တိုင်းကိုယ့်ကိုများစွာသောစကားတွေပြောနေတယ်

သစ်ပင်တွေနဲ့ရေစီးအလျဉ်ဟာ

ကိုယ့်ကိုသဘာဝတရားရဲ့အမြင့်မားဆုံးဂီတကိုဖန်တီးပြနေတယ်

နွေဦးရာသီရဲ့သစ်ရွက်တွေရဲ့အလှတရားဟာကိုယ်နဲ့အတူရှိနေတယ်

မိုးရာသီပေါ်ကကောက်နှံစိမ်းရနံ့ဟာကိုယ့်ကိုအဖော်ပြုပေးတယ်

ဆောင်းရာသီနှင်းကချေသည်မဟာ

သူ့နှင်းမြူလွှာဝတ်ရုံနဲ့ကိုယ့်ကိုလွှမ်းအုပ်ပေးထားတယ် ။

ကိုယ့်ကိုချို့ငဲ့နေတယ်လို့များမင်းထင်နေသလား

မပြည့်စုံခြင်းသီချင်းကို

ကိုယ့်နားထဲဘယ်တော့မှအကျူးကျော်မခံဘူး

ဒုက္ခကိုကိုယ်ဘယ်တော့မှ

ဆေးဖော်ကျောဖက်တောင်ပရောပရီအလုပ်မခံဘူး

ကိုယ့်မှာသန္တသီချင်းတွေကိုနားထောင်ဖို့

တရားမျှတတဲ့နားတစ်စုံရှိတယ်

သင်္ခါရတရားတွေကိုရှုမြင်ရှင်းလင်းပြတ်ထင်တဲ့စက္ခုနှစ်ကွင်းရှိတယ်

အဆိုးအကောင်းအကျိုးအကြောင်းနဲ့

ရုပ်နာမ်ဓမ္မသင်္ခါရတွေကိုရပ်တန့်နိုင်မယ့်တရားတွေကို

ကိုယ်တိုင်ဆုံးဖြတ်အားထုတ်နိုင်မယ့်အသိဥာဏ်ရှိတယ်

ကလေးကိုပြောပြရဦးမယ်

ကိုယ့်မှာကမ္ဘာလောကကြီးကိုချစ်တတ်တဲ့နှလုံးသားလည်းရှိတယ် ။

မင်းစိတ်ထင်နေတာပဲဖြစ်မှာပါ

ငါဟာဘာကြောင့်များသိုးထိန်းတွေရဲ့

ဓမ္မတေးသံတွေကိုမကြားနိုင်ရမှာလဲ

ဘာကြောင့်များမဟာမေဒင်တွေနဲ့ထမင်းလက်ဆုံမစားနိုင်ရမှာလဲ

မဟာဘာရတနဲ့ဘဂဝါဂီတကိုဘာကြောင့်များ

ငါ့နှလုံးအိမ်ထဲမှာမရိုက်သွင်းနိုင်ရမှာလဲ

ငါဟာကမ္ဘာလောကကြီးနဲ့ဘာကြောင့်များ

တစ်သားတည်းမဖြစ်နိုင်ရမှာလဲ ။

ဟော

မင်းကိုယ့်ကိုကြောက်ရွံ့နေတယ်လို့ထင်နေပြန်ပြီ

ဟင့်အင်း

ငရဲနဲ့နတ်ပြည်ကိုအတူတူပဲသဘောထားသူထံကို

ကြောက်ရွံ့ခြင်းကဘယ်တော့မှရောက်မလာပါဘူး

ကိုယ်စိုးရိမ်နေတာလေးတွေတော့ရှိတယ်

ကျောက်လှေခါးပေါ်ကတစ်လိမ့်လိမ့်ကျသွားတဲ့ဆီးစေ့ကလေး

ပြန်မတက်လာနိုင်မှာကိုယ်စိုးရိမ်နေတယ်

မိုးမခပင်ကိုင်းတွေကြားကလရောင်ကိုကိုယ်ဘယ်တော့မှ

အပြည့်အဝမြင်တွေ့ရနိုင်မလဲဆိုတာကိုယ်စိုးရိမ်နေတယ်

ထင်းရှူးနဲ့ဆီဒါပင်တွေကပြောတဲ့စကားတွေကို

ကိုယ်မနားမလည်နိုင်မှာစိုးရိမ်နေတယ် ။

ထွက်ခွာသွားတဲ့လပြည့်ညတွေအကြောင်းမပြောတော့ဘူး

အတိတ်ဟာသင်ခန်းစာတစ်ရပ်ထက်ပိုတယ်လို့မင်းထင်နေသလား

မနက်ဖြန်ရဲ့မနက်ခင်းမှာမိုးလင်းဖို့ပဲကိုယ်တို့ကြိုးစားကြမယ်

ကိုယ်တို့ဟာနတ္ထိကတရားပေါ်မှာမတ်တပ်ရပ်ပြီး

အရာရာဖြစ်ခွင့်ရှိနေကြတာကို

မင်းနားနားကိုကပ်ပြီးကိုယ်တိုးတိုးကလေးပြောပြမယ် ။           

(၂)

ကိုယ့်ကိုရွေးချယ်ရတာ

မင်းအဖို့သိပ်ခက်နေပြီလားကွယ်

စပျစ်ချုံရိုင်းတွေအင်္ဂလိပ်နှင်းဆီရိုင်းပင်တွေနဲ့

ရှုတ်ယှက်ခတ်နေတဲ့ကိုယ့်ကဗျာတွေထဲမှာ

မင်းကိုယ့်အလှတရားကိုရှာတွေ့နိုင်မှာမဟုတ်ဘူး။

ကောက်ရိုးအိပ်ယာနဲ့အိပ်ပြီး

နတ်ပြည်ကိုအိပ်မက်မက်ရတဲ့အရသာလောက်

တနုံ့နဲနဲဖြစ်ရတာဘယ်မှာရှိမလဲ

ဒါကိုပဲနှစ်ခြိုက်နေရတာပဲမဟုတ်လား ။

မင်းမှာရွေးချယ်စရာတွေသိပ်များနေသလား

လွှတ်ချထားချင်စိတ်မရှိရင်တော့

မင်းဘာကိုမှရလိုက်မှာမဟုတ်ဘူး

ကိုယ်ပြောတာကိုနားလည်ပါကွဲ့

ဒီကမ္ဘာမြေပေါ်မှာဘယ်လိုအရာကိုမဆိုကိုယ်ပိုင်ဆိုင်ရပါစေ

ကိုယ့်အတွက်အသုံးမဝင်တဲ့အရာကိုဘယ်တော့မှကိုယ်မရယူလိုဘူး

ဒါဟာကိုယ့်ရဲ့အမှန်တရားစစ်စစ်ပဲ

မင်းကိုလည်းကိုယ်မညာဘူး

ကိုယ့်ကိုကိုယ်လည်းကိုယ်မညာဘူး

မြေမှုန်ကလေးတစ်ခုကိုတောင်မှ

ကိုယ်မညာခဲ့ပါဘူး ။

မင်းကိုရစေချင်တယ်

မင်းရဲ့နှလုံးသားထဲမှာ

အညစ်အကြေးကင်းတဲ့အလင်းပြည့်ညကိုရရှိပိုင်စေချင်သလိုမျိုးပေါ့

တစ်ခုသောနေ့ရက်မှာမလွဲမသွေတွေ့ရမယ့်သေမင်းနဲ့အတူ

လက်ဖက်ရည်ကြမ်းအတူသောက်ရင်း

နတ္ထိကတရားနဲ့ပြောင်းလဲခြင်းသဘောကို

သေမင်းနဲ့အတူဆွေးနွေးနိုင်တဲ့စိတ်နှလုံးမျိုး

မင်းကိုအမှန်တကယ်ရှိစေချင်မိရဲ့ ။

မင်းကအမှန်တရားပဲပေါ့

အမှားတွေလုပ်မိနေတာကိုကအမှန်တရားနဲ့နီးစပ်ခြင်းပဲ

ဝါးကြမ်းခင်းပေါ်မင်းဖြတ်နင်းသွားလို့မြည်တဲ့အသံဟာဓမ္မပဲ

တံစက်မြိတ်ကကျလာတဲ့မိုးရေစက်ကလေးတွေဟာလည်းဓမ္မပဲ

ရွာအဝင်လယ်တောစပ်ကဗွက်ထနေတဲ့

ကောက်စိုက်သမတွေရဲ့ခြေရာခွက်တွေဟာလည်းဓမ္မပဲ

ကြားတတ်အောင်ကြားနိုင်ခြင်း

မြင်တတ်အောင်မြင်နိုင်ခြင်း

သိတတ်အောင်သိနိုင်ခြင်းဟာ

မင်းလိုချင်နေတဲ့ငြိမ်းချမ်းမှုအစစ်အမှန်ပါပဲကွယ် ။            

(၃)

မင်းကိုယ်မင်းအရမ်းပြည့်စုံနေပြီလို့

ထင်နေပြန်ပြီလားကွယ်

ထင်းရှူးနဲ့ဆီဒါပင်တွေကပြောတဲ့စကားတွေကို

မကြားနိုင်သေးသ၍မင်းကိုပြည့်စုံသူလို့ကိုယ်မထင်ဘူး ။

ဘာဖြစ်လို့ရပ်တန့်ပစ်လိုက်ရတာလည်း

ငတ်မွတ်ခြင်းအတွက်ကိုယ်တို့ဟာရှာဖွေရမယ်

အချို့သောမွတ်သိပ်မှုတွေကိုအငတ်ခံပစ်လိုက်ရတာဟာ

အဆိုးဝါးဆုံးငရဲပေါ့

ပါရှန်းပြည်ဖြစ်ကော်ဇောတွေပေါ်မှာ

တစ်ထောင့်တစ်ညပုံပြင်တွေထဲက

နှင်းခဲကလေးတွေမီးလှုံနေကြတုန်းပဲ

တောင်တရုတ်ပင်လယ်ဟာရေငတ်နေတယ်

အနောက်ကမ္ဘာရဲ့ပင်လယ်အော်တွေမှာ

ကဗွီးပင်တွေဟာမုန်တိုင်းတွေကိုကြံ့ကြံ့ခံနေဆဲ

မင်းဟာဘာလို့များရပ်တန့်ပစ်ချင်ရတာလဲ?

ဒါကိုကိုယ်နားမလည်နိုင်ပါဘူး ။

မင်းသိထားတဲ့

သဲပွင့်ကလေးရဲ့အဘိဓမ္မာကို

သစ်ရွက်ကလေးရဲ့ဒဿနကို

ကျောက်တုန်းကလေးရဲ့အလင်းအမြင်ကို

ကိုယ်ဘာလို့နားမထောင်နိုင်ရမှာလဲ

ကိုယ့်နှလုံးသားထဲကိုကြားအောင်ပြောနိုင်ဖို့က

မင်းရဲ့တာဝန်ပဲမဟုတ်လား ။

ကိုယ့်ကိုပြောစမ်းပါဦးကွယ်

မင်းရရှိထားတဲ့ပြည့်စုံမှုဟာဘာလဲ

သက်ဆိုင်ရာဘုရားတွေထံမှာဝတ်ပြုတောင်းခံခြင်းလား

ဖန်ဆင်းရှင်ဆိုသူတွေကမင်းရဲ့ရုပ်နာမ်ဓမ္မသင်္ခါရတွေကို

စိတ်တိုင်းကျပြုပြင်ဖန်တီးစေခြင်းလား

ဒါမှမဟုတ်

လူပြောများတဲ့သန္တတရားတစ်စွန်းတစ်စကို

များမင်းကြားနာလိုက်ရလေသလား ။

သဘာဝတရားကပြောတဲ့စကားသံတွေကို

မင်းနားထောင်စမ်းပါကွဲ့

မိုးမခပင်အရိပ်အောက်မှာအိပ်စက်ရင်း

နွေတံလျှပ်တွေကပြောတဲ့စကားကိုနားထောင်ပါ

ကောက်သစ်စားပွဲတွေဆီကဆန်ဦးမုန့်ရနံ့ကိုငတ်မွတ်သလိုမျိုး

သဘာဝတရားရဲ့အသံတွေကိုမင်းဆာလောင်ပစ်လိုက်စမ်းပါ

ပြည့်စုံခြင်းလည်းမရှိချို့ငဲ့ခြင်းလည်းမရှိ

တင်းတိမ်ရောင့်ရဲခြင်းလည်းမရှိ

မွတ်သိပ်ငံ့လင်းခြင်းလည်းမရှိတဲ့သီချင်းကိုမင်းဆိုစမ်းလှည့်ပါ ။

အရောင်တွေဟာမင်းကိုစကားပြောမယ်

ရနံ့တွေကလည်းမင်းကိုစကားတွေပြောနေတယ်

အရသာတွေကလည်းမဆုံးနိုင်တဲ့စကားတွေကိုပြောနေတယ်

သဘာဝတရားရဲ့အဆင်းအနံ့အရသာကို

မင်းနှလုံးသားကမသိတတ်သေးသ၍

မင်းကိုပြည့်စုံသူလို

ဘယ်လိုသတ်နိုင်မှာလဲ ။         

(၄)

မင်းဟာဘယ်သူလဲလို့မင်းကိုယ်မင်းပြန်မေးကြည့်ပါဦး

ဝါးရွက်ကလေးတွေကြားထဲကယှက်ဖြာကျနေတဲ့လရောင်ဟာမင်းလား

ခရေရွက်တွေကိုလေတိုက်လို့မြည်သံဟာမင်းများလား

ကျောက်တောင်စိမ့်စမ်းကြားက

အဟုန်နဲ့စီးကျလာတဲ့ရေစီးသံဟာမင်းလား

ဒါမှမဟုတ်

လောကဓမ္မကိုအလွန်အကျူးဖွဲ့ထားတဲ့

သီချင်းတစ်ပုဒ်ဟာမင်းများလားကွယ် ။

မင်းဘာကိုရရှိပြီးပြီလဲ

ရေခဲတောင်တွေပေါ်ကကတိုးကောင်တွေလို

ကိုယ့်ရနံ့နဲ့ကိုယ်ပြန်လည်ရူးသွပ်နေမှုမျိုးမင်းကိုမဖြစ်စေချင်ဘူး

အစွန်းရောက်ပျော်မွေ့မှုတွေနဲ့လည်းမင်းကိုမလိမ်းငြိစေချင်ဘူး

မိမိကိုယ်ကိုညှင်းဆဲတဲ့တပအကျင့်တွေဆီမှာလည်း

မင်းကိုစိတ်မချနိုင်ဘူး

တစ်ခုခုတော့မသိမ်းပိုက်ပဲနဲ့ကိုရမှဖြစ်မှာပေါ့

မင်းရဲ့ပိုင်ဆိုင်လိုမှုဟာဘာဖြစ်မလဲ ? ။

စိတ်တွေဟာမမြင်ဖူးတဲ့အရာတွေကိုဆာတယ်

ဘေဘီလိုးနီးယန်းယဉ်ကျေးမှုထဲကမိုးပျံဥယျာဉ်ကြီးတွေထဲ

ရောမပြည်ကစပါတာကတ်ရဲ့တော်လှန်ရေးစစ်ပွဲတွေထဲ

ခေါမဒဏ္ဍာရီထဲကအတွေးအခေါ်စကားလုံးတွေထဲ

စိနတိုင်းရဲ့ဗျပ်စောင်းသံတွေထဲ

ကိုယ်တို့ဘာလို့များမရောက်နိုင်ရမှာလဲ ။

ကိုယ်တို့ငရဲဘုံနဲ့ကောင်းကင်ဘုံဟာအတူတူပါလို့စဉ်းစားရမယ်

မရှိဘူးလို့လည်းမစဉ်းစားရဘူး

ကြောက်ရမယ့်ခြိမ်းခြောက်မှုပညတ်စည်းကမ်းတွေကိုတော်လှန်ပစ်ရမယ်

ဘုရားတွေကိုချစ်ခြင်းမုန်းခြင်းနဲ့

ကြောက်ရွံ့ပျပ်ဝပ်ခြင်းလည်းမရှိ

မထီမဲ့မြင်ပြုခြင်းလည်းမရှိတဲ့စိတ်တွေထားရမယ်

လူသားဥပဒေကိုလူသားကပဲရေးဆွဲတဲ့ကမ္ဘာမြေကိုကိုယ်တို့ပိုင်ရမယ်

ကိုယ်တို့ပညတ်မှုတွေထဲကနေဘာလို့များမဖောက်ထွက်နိုင်ရမှာလဲ ။

အကြမ်းဖက်မှုတွေမရှိတဲ့ကမ္ဘာ

မိမိကိုယ်ကိုမိမိကိုးကွယ်တဲ့ကမ္ဘာ

ရွှံ့ညွန်တွေထဲကနေဖောက်ထွက်လာတဲ့ကမ္ဘာဟာ

မင်းရဲ့နှလုံးသားထဲမှာပဲရှိတယ် ။

                                               Saw Jonathan Aye

 ကြံကြံဖန်ဖန် အာဖရိကန် စကားပုံများ 

ပျားတစ်ကောင် တုတ်လို့ဆိုပြီး ပျားအုံအားလုံးကို 

မဖျက်ဆီးသင့်ဘူး - ကင်ညာစကားပုံ

သားသတ်ရုံ ခမ်းခမ်းနားနားဆီ ခေါ်သွားခံရလို့ 

ပျော်နေတဲ့ နွားက စွရူးနွားပဲ - ဇမ်ဘီယာစကားပုံ

လင်းယုန်ငှက် အမြင့်ဘယ်လောက်ပျံပျံ၊ အစာရှာဖို့ 

မြေပြင်ပြန်ဆင်းရမှာပဲ - ဇင်ဘာဘွေစကားပုံ

ခြင်္သေ့ဦးဆောင်တဲ့ သိုးအုပ်က သိုးဦးဆောင်တဲ့ 

ခြင်္သေ့အုပ်ကို အနိုင်တိုက်နိုင်တယ် - ဂါနာစကားပုံ

စအိုက ပါးစပ်ကို အစာရဲ့အရသာအကြောင်း 

မသင်ပြနိုင်ဘူး - တောင်အာဖရိကစကားပုံ

မိန်းမလှလှ ယူထားတဲ့သူနဲ့ လမ်းဘေးမှာ 

ပြောင်းစိုက်တဲ့ လယ်သမားတို့ ရင်ဆိုင်ရတဲ့

ပြဿနာ အတူတူပဲ - အီသီယိုးပီးယားစကားပုံ

လူပုဆိုပြီး ကလေး မဟုတ်ဘူး - နိုင်ဂျီးရီးယားစကားပုံ

မင်း ဒေါသနဲ့ ဘယ်လောက်ပူလောင်နေပါစေ

ကန်စွန်းဥတော့ ပြုတ်လို့ မရဘူး - နိုင်ဂျီးရီးယားစကားပုံ

လဥပေါ်က ယင်ကောင်ကို သတ်ဖို့ 

တော်တော်တော့ သတိ ထားရတယ် - ဂါနာစကားပုံ

ဓားကို လည်ချောင်းထဲ ဝင်ခွင့်ပေးရင် စအိုကနေ

ဘယ်လို ပြန်ထုတ်ပေးမလဲလို့ စဉ်းစားရတော့မယ် - တောင်အာဖရိကစကားပုံ

ဆိတ်က မျက်နှာရှုံ့ထားတာနဲ့ပဲ ဈေးထဲ 

ခေါ်သွားတာကို မဟန့်တားနိုင်ဘူး- နိုင်ဂျီးရီးယားစကားပုံ

အရိုးခြောက်အကြောင်း စကားပုံထဲ ပါလာရင် 

အဖွားအိုတွေ စိတ်မသက်မသာ ဖြစ်တတ်တယ် - ဂါနာစကားပုံ

ဖယောင်းကို အရည်ပျော်စေတဲ့ နေကပဲ 

ရွှံ့စိုင်ကို မာကျောစေတယ် - နိုင်ဂျာစကားပုံ

ဘယ်သွားမယ်ဆိုတာ မသိရင် လမ်းဘယ်လိုရွေးရွေး အတူတူပဲ - ယူဂန်ဒါစကားပုံ

သားဖွားဆောင်ထဲမှာ အပျိုမရှိဘူး - ကင်မရွန်းစကားပုံ

လူကျနေတဲ့ ဈေးထဲ ခဲနဲ့ ပေါက်တဲ့ စွရူးက 

သူ့အမေလည်း ထိနိုင်တယ်ဆိုတာ မေ့နေတယ် - ယူဂန်ဒါစကားပုံ

ကလေးက အမေ့ရင်သားကို ဆော့လို့ရပေမယ့် 

အဖေ့လဥကိုတော့ ဆော့လို့ မရဘူး - ဂီနီစကားပုံ

စအိုယားပြီး အိပ်ရင် လက်ချောင်းတွေ အနံ့ဆိုးနဲ့ 

အိပ်ရာနိုးလာလိမ့်မယ် - နိုင်ဂျီးရီးယားစကားပုံ

Funny African Proverbs

When a man is stung by a bee, he does not destroy all beehives- Kenya Proverb

It is only a stupid cow that rejoices at the prospect of being taken to a beautiful abattoir - Zambian Proverb

No matter how far an eagle flies up the sky, it will definitely come down to look for food - Zimbabwe Proverb

An army of sheep led by a lion can defeat an army of lions led by a sheep. - Ghanaian proverb

The anus doesn't teach the mouth the sweetness of food - South-African Proverb

The man who marries a beautiful woman, and the farmer who grows corn by the roadside have the same problem- Ethiopian Proverb

A short man is not a boy- Nigerian Proverb

No matter how hot your anger is, it cannot cook yams- Nigerian Proverb

It requires a lot of carefulness to kill the fly that perches on the scrotum- Ghanaian Proverb

If the throat can grant passage to a knife, the anus should wonder how to expel it -South-African Proverb

The frown on the face of the goat will not stop it from being taken to the market - Nigerian Proverb

An old lady feels uneasy when dry bones are mentioned in a proverb - Ghanaian Proverb

The same sun that melts the wax, hardens the clay - Nigerien Proverb

If you don't know where you are going, any road will take you there - Ugandan Proverb

There is no virgin in a maternity ward- Cameroonian Proverb

The madman, who throws a stone into a crowded market, forgets that his own mother could be hit by his madness. - Ugandan Proverb

A child can play with its mother's breasts, but not its father's testicles - Guinean Proverb

He who goes to sleep with an itching anus wakes up with smelly fingers - Nigerian Proverb

#NyiNaung

ဖီလင် - ဘာသာပြန်ချင်သလို ပြန်သည် 🤭

 နှစ်သစ်ကူးတာ သက်သက်နဲ့တော့ ကောင်းကျိုး ချမ်း သာတွေ ရလာမှာ မဟုတ်ဘူးတဲ့...

နှစ်သစ်မှာ ပိုပြီး ကောင်းချင်ရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ စွန့် လွှတ်မှုတွေ ခိုင်မာလာအောင်၊အသိဉာဏ်တွေ ကြွယ်ဝလာအောင်လုပ်ဖို့လိုပါတယ်။

အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ်ဆိုရင် တဏှာ လောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာဖြစ်ပါတယ်။ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လောကရှိ လူသားတွေအားလုံးဟာ နှစ်ဟောင်းကုန် တိုင်း နှစ်ဟောင်းကုန်တိုင်း နှစ်သစ်ကို ကြိုဆိုကြပြီး နှစ်သစ်မင်္ဂလာအခါသမယမှာ ကောင်းကျိုးချမ်းသာတွေကို မျှော်လင့်တောင်းတကြတာ ဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်။

မည်သည့် လူမျိုးပဲဖြစ်ဖြစ် နှစ်ဦးကာလ အခါ၊သမယ မှာ“ကောင်းကျိုးချမ်းသာတွေ ရကြပါစေကောင်း ကျိုး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ”တစ်ဦးနဲ့တစ်ဦး တောင်းဆုခြေကြတယ်။ 

ရောက်ရှိလာမယ့်နှစ်သစ်အခါသမယမှာစီးပွားရေး၊ပညာရေး၊လူမှုရေး၊မိမိတို့ဘဝနေထိုင်ရေးတွေအားလုံး အဆင်တပြေဖြစ်ဖို့အတွက် မျှော်လင့်ကြီးစွာ ရှိကြပါတယ်။

လူသားတိုင်း အားလုံးရဲ့ တညီတည်းသောတစ်ခု တည်း သော ဆန္ဒကတော့ သုခကာမာ- ချမ်းသာချင် ကြတယ်။

ဒုက္ခပဋိကူလ-ဆင်းရဲဒုက္ခကို ရွံ့မုန်းကြတယ်။ 

ချမ်းသာချင်ကြသည့် အတွက်ကြောင့် ချမ်းသာဖို့ နည်းလမ်းအမျိုးမျိုးကို ရှာကြံပြီးတော့ချမ်းသာသုခရရှိရေးအတွက် ကြိုးပမ်းအားထုတနေကြတာဖြစ်ပါတယ်။

သို့သော်လည်း ချမ်းသာသုခကို ဆိုင်ရာဆိုင်ရာစစ်မှန် တဲ့ အကြောင်းတရားကသာ ပေးနိုင်တာဖြစ်တယ်။

အချို့အချို့သော အကြောင်းတရားများဟာချမ်းသာ သုခကို မပေးနိုင်ဘူး။

မပေးနိုင်တဲ့ အကြောင်းတရားများကို လက်ခံကျင့် သုံး နေမယ် ဆိုလို့ရှိရင်မိမိတို့ မျှော်မှန်းတဲ့ ချမ်းသာသုခကို မရဘဲနဲ့ ဒုက္ခတွေပင်လယ်ဝေကြရမှာ။

သတ္တဝါတွေရဲ့ အခြေအနေတွေဒီလိုရှိပါတယ်။ 

ဒါကြောင့်မို့လို့ မြတ်စွာဘုရားကချမ်းသာသုခရချင်တဲ့ ပုဂ္ဂိုလ်တွေ တကယ့်စစ်မှန်တဲ့ချမ်းသာသုခကို ပေးနိုင်တဲ့ အကြောင်းတရားများကိုအရင်းကျကျ ထိုထိုသုတ္တန် တွေမှာဟောပြောထားတာရှိတယ်။

နှစ်သစ်အခါသမယမှာ ပိုပြီး ကောင်းလာစေချင်လို့ ရှိရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ပိုပြီးကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ပိုပြီး စွန့် လွှတ်မှုတွေ ခိုင်မာလာအောင်၊ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင်လုပ်ဖို့လိုပါတယ်။

အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ဆုတောင်းတွေ၊တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။ ။

အေး .. နှစ်သစ်ကူးတာ သက်သက်နဲ့တော့ ကောင်း ကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူးတဲ့။

လောကမှာ အသစ်အသစ်ဆိုတာ ရှည်တဲ့ကာလအပိုင်း ကလေးတစ်ခုကိုကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ်လို့ ဒီလိုပြောကြတာ။

ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် စက္ကန့်ပိုင်း အတိုင်း အသစ်ကူးနေတာပါ။

အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ။ ဒီလကုန်ရင် နောက်လရောက်လာတာလည်း လအသစ် ကူးနေတာပါပဲ။

ဒီကနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ

ရက်အသစ်ကူးနေတာပါ။

ဒီနာရီကုန်လို့ နောက်နာရီဆိုတာလည်း အသစ်ကူးနေတာပါ။

နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။

နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေချည်းပါပဲ။

အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုတာလောကရဲ့ မမြဲတဲ့၊ရပ်တည်မနေတဲ့၊အစဉ်ထာဝရရွှေ့ပြောင်း နေတဲ့ သဘာဝတရားကြီးမျှသာဖြစ်ပါတယ်။

တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် အသစ်ကို

မျှော်တာဟာ တဏှာလောဘရဲ့ သွေးဆောင်မှုတစ်ခု

သာ ဖြစ်ပါတယ်။

အသစ်ကိုမျှော်လင့်ခြင်းသည် တဏှာမကင်း သူတို့ရဲ့ အတွေးတစ်ခုမျှသာဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှကြည့်လေ၊ဒီကနေ့ နေကြီးထွက်လာပြီးတော့ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ်ပေါ့။ 

နက်ဖြန်ခါ ထွက်လာတဲ့နေဟာ အသစ်ပဲ။အဲတော့

ဒီလိုလတွေနေ့တွေ အသစ်အသစ်ပြောင်းနေတဲ့ အချိန်ကိုတော့အသစ်လို့မထင်ဘူး။

နည်းနည်းလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက်ကြာညောင်းလာတဲ့အခါကျတော့ နှစ်ဟောင်းကုန်လို့နှစ်သစ်ရောက်လာပြီလို့ လူတွေက သတိထားမိလာတာပါ။

ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးသပ်မယ် ဆိုလို့ ရှိ ရင် စက္ကန့်ပိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့သိလာနိုင်ပါတယ်။

အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ်ဆိုရင် တဏှာ လောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာဖြစ်ပါတယ်။

ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။

ဘာကြောင့်တုန်းဆိုလို့ရှိရင် လောကမှာ မိမိတို့ လုပ် ဆောင်နေတာအကောင်းလည်း လုပ်သလို အဆိုးတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်သောကြောင့်

အဆိုးတွေလည်း ပါနေတာ ဖြစ်သောကြောင့် အကောင်းတွေချည်း ဖြစ်လာဖို့ဆိုတာ သံသရာထဲမှာ မမျှော်လင့်နိုင်ပါဘူး။

ဒါကြောင့်မို့ နောက်ဆုံး အသစ်ကိုမျှော်တာကို ရုပ် သိမ်းလိုက်တယ်။

တရားအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် အသစ်ရော အဟောင်းရော အတူတူပါပဲတဲ့။အသစ်မမျှော်တော့ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားကတရားဓမ္မ ရပြီးတဲ့အခါ “အယမန္တိမာ ဇာတိ၊နတ္ထိ ဒါနိပုနဗ္ဗဝေါ” “ငါ့ဘဝဟာ ဒါနောက်ဆုံးပဲ၊နောက်ထပ်မရှိတော့ဘူး” လို့ မိန့်တော်မူပါတယ်။

“အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ

သံသရာမှာ ဒုက္ခတွေချုပ်ငြိမ်းသွားခြင်းသာဖြစ်ပါတယ်။

အသစ်မျှော်နေသေးသမျှ သံသရာထဲမှာ ဒုက္ခတွေနဲ့

ဆုံကြ၊ကြုံကြရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တဏှာရဲ့ မျှော်လင့်ချက်မျိုး မဖြစ်ဘဲ

နဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလ အခါသမယမှာ 

သဒ္ဓါတရားအသစ်တွေ၊မဖြစ်သေးတဲ့ သဒ္ဓါတရားတွေဖြစ်လာအောင်၊ မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေကြီးထွားလာအောင်၊ မဖြစ်သေးတဲ့ စာဂတရားတွေများပြားလာအောင်၊ မဖြစ်သေးတဲ့ ပညာတရားတွေအသစ်ဖြစ်လာအောင် ကြိုးစားခြင်းသည်သာလျှင်တကယ့်အစစ်အမှန် ဖြစ်တယ်ဆိုတာ ယုံကြည်ပြီး..

အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်

တို့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးကာလ အခါသမယမှာဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဓမ္မလက်ဆောင်ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။

အားလုံးသော သူတော်စင် အပေါင်းတို့သည် ကိုယ် စိတ်နှစ်ဖြာ ချမ်းသာ၍ နှစ်သစ်မင်္ဂလာ အခါသမယ မှာ ချမ်းသာသုခရကြောင်း သူတော်ကောင်းတရား ကို ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ

Khin Sandar Soe Htut

 ခင်ဗျားလက်ထဲမှာ ကိုင်ထားတဲ့စာအုပ်က ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားခြင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့ အားလုံး အဲ့ဒီ လှည့်ဖျားထားတဲ့ အစွဲမှားတွေထဲကို ဘယ်လို ကျရောက်ကုန်ကြသလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ သံခိပ် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ကမ္ဘာလောကကြီး ဘယ်လိုဘယ်ပုံ အလုပ်လုပ်နေသလဲဆိုတာကို ခင်ဗျားသိတယ်လို့ ခင်ဗျား ထင်မှတ်နေပါတယ်။ ဒါပေမယ့် တကယ်တန်းမှာက ခင်ဗျား မသိပါဘူး။ ခင်ဗျားဟာ ဘဝတလျှောက်လုံးမှာ ခင်ဗျားဘယ်သူလဲဆိုတာနဲ့ ခင်ဗျား လုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေရတာလဲ ဆိုတဲ့အပေါ် ထင်မြင်ယူဆချက်တွေနဲ့ ယုံတမ်းပုံပြင်တွေကို ဖွဲ့စည်း နေခဲ့ပါတယ်။ အခုတော့ ဒီစာကြောင်းကို ခင်ဗျားဖတ်မိနေပါပြီ။ အားလုံးကို ခြုံကြည့်ရင်တော့ ဒါတွေဟာ အစစ်အမှန် အရှိတရားရယ်လို့ ထင်ရပါတယ်။ 

တကယ့်အမှန်တရားကတော့ စိတ်ပညာနဲ့ သိမှုဆိုင်ရာသိပ္ပံပညာ နယ်ပယ်ထဲကနေ ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ အသိအမြင်သစ်တွေအရဆိုရင် ခင်ဗျားဟာ ခင်ဗျားလုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျားရွေးချယ်လိုက်တဲ့အရာတစ်ခုကို ဘာကြောင့် ရွေးချယ်မိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျား တွေးနေမိတဲ့ အတွေးတွေကို ဘာကြောင့်တွေးနေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး တဲ့။ အဲ့ဒီအစားမှာ ခင်ဗျားဟာ ဇာတ်ကြောင်းပြန်ကောက်၊ ဇာတ်လမ်းလေးတွေ ဖန်တီးလိုက်ပြီး ဒီအစားလျှော့စားတဲ့ အစီအစဉ်ကို ငါဘာကြောင့်လုပ်နေရတယ်၊ မိုက်ခရိုဆော့ဖ်ထက် အက်ပဲကို ဘာကြောင့်ပိုကြိုက်ရတယ် ဆိုတဲ့ ထိုးဇာတ်တွေကို ကိုယ့်ဟာကိုယ် ဖန်တီး ပစ်လိုက်ပါတယ်။ တကယ်တန်း အဒမ်ပြောခဲ့တဲ့ သစ်သားခြေတုနဲ့ လူရွှင်တော်အကြောင်းကို ဘက်သ်က ပြောတာပါဆိုပြီး ခင်ဗျားဦးဏှောက်က မှတ်ပစ်လိုက် တတ်ပါတယ်။ နောက် အဲ့ဒီဇာတ်လမ်းထဲက သစ်သားခြေတုနဲ့လူကလဲ လူရွှင်တော်မဟုတ်ပါဘူး။ ခင်ဗျား မှားပြီး မှတ်သားမိ တာပါ။

ခင်ဗျားအခု ဒီစာကို ဖတ်နေတဲ့ အခန်းအတွင်းကို လှည့်ပတ်ကြည့်လိုက်ပါ။ တစ်စက္ကန့်လောက်ပေါ့။ ခင်ဗျားမြင်တဲ့အရာတွေ လောက်ကိုသာ မမြင်ဘဲ အဲ့ဒီအရာတွေ ဖြစ်လာအောင် ရာစုနှစ်ချီပြီး ကြိုးစားခဲ့ရတဲ့ တီထွင်ဖန်တီးမှုတွေကိုပါ မြင်အောင် ကြည့်ကြည့်ပါ။

ခင်ဗျား ဖိနပ်ကနေပဲ စလိုက်ကြရအောင်။ ပြီးတော့ ခင်ဗျားလက်ထဲက စာအုပ်ပေါ့။ ပြီးတော့ ခင်ဗျားဘဝရဲ့ ထောင့်ချိုးတိုင်းမှာ တတီတီမြည်နေကြတဲ့ စက်တွေအကြောင်းကို တွေးကြည့်ပါ။ ပေါင်မုန့်မီးကင်စက်၊ ကွန်ပျူတာ၊ လမ်းပေါ်မှာ ပီးပေါ် ပီးပေါ်အော်ရင်း ဖြတ်မောင်းသွားတဲ့ လူနာတင်ယာဉ် စသဖြင့်ပေါ့။ သေသေချာချာစဉ်းစားကြည့်ရင် လူသားတွေ ပြဿနာရပ် အများကြီးကို ဖြေရှင်းနိုင်ခဲ့ကြတယ်ဆိုတာ အင်မတန် အံ့သြစရာကောင်းလှပါတယ်။ လူသားတွေရှင်သန်ရပ်တည် နေထိုင်ဖို့ရာ အတွက် အများကြီး တည်ဆောက်၊ အများကြီးတီထွင်နိုင်ခဲ့တာဟာလည်း အံ့သြစရာကောင်းလှပါတယ်။

အအောက်အဦတွေ၊ ကားတွေ၊ လျှပ်စစ်နဲ့ ဘာသာစကားတွေ စတဲ့ အရာတွေကို လူသားတွေက တီထွင် တည်ဆောက် နိုင်ခဲ့ကြပါတယ်။ လူသား တစ်ဦးအနေနဲ့ ဘယ်လောက် အောင်ပွဲခံချင်စရာကောင်းလိုက်မလဲ။ ဘယ်လောက် ဂုဏ်ယူဝံ့ကြွားဖို့ ကောင်းလိုက်မလဲ။ အဲ့ဒီအရာတွေ အားလုံးကို ကြည့်လိုက်မယ်ဆိုရင် ခင်ဗျားအပါအဝင် အခြားသော လူသားတွေဟာ ဘယ်လောက်တောင်မှ စမတ်ဖြစ်၊ ထက်မြက်တဲ့ မျိုးစိတ်ပါလဲဆိုပြီး ခင်ဗျား ဂုဏ်ယူဝံ့ကြွားစိတ် ဖြစ်မိပါလိမ့်မယ်။

ဒါပေမယ့် ခင်ဗျားဟာ ကားသော့ကို ကားထဲမှာ မေ့ချန်ထားခဲ့တယ်။ ပြောရတော့မယ့် အကြောင်းအရာတစ်ခုကို အစဖေါ်မရလောက်အောင် မေ့သွားတတ်တယ်။ တဖြည်းဖြည်း အဝလွန်လာတာကို မတားဆီးနိုင်ဘူး။ ငွေကြေးပြတ်လပ်မှုနဲ့ ကြံုရတယ်။ အခြားသောသူတွေလည်း ခင်ဗျားနဲ့ အလားတူပါပဲ။ ဘဏ်တွေပြိုလဲ အကြပ်အတည်းဆိုက်တဲ့ ကိစ္စတွေ ကနေစလို့ လိင်ကိစ္စအတွက် မိုက်ရူးရဲဆန်ဆန် ပြုမူတတ်ကြတာတွေကို ကြည့်ပြန်ရင်လည်း ကျွန်တော်တို့ လူသားတွေဟာ တခါတရံမှာ တကယ့်ကို မိုက်မဲကြတာကို တွေ့ရပါ လိမ့်မယ်။ 

အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ကြီးကနေ အနိမ့်ကျဆုံး လက်လုပ်လက်စားတစ်ယောက်အထိ လူတိုင်းရဲ့ ဦးခေါင်းထဲမှာရှိတဲ့ ဦးဏှောက်တိုင်းဟာ အဲ့ဒီဦးဏှောက်ကိုယ်တိုင်က မသိဘဲနဲ့ တွေးခေါ်ဆင်ခြင်မှုကို လမ်းမှားရောက်သွားစေမယ့် ကြိုတင် ထည့်သွင်းခံထားရတဲ့ အသိတွေ၊ တွေးခေါ်ဆင်ခြင်မှု ပုံစံတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့သလို ဖြစ်နေတာက ခင်ဗျားအပါအဝင် လူတိုင်းပါ။ စိတ်မပူပါနဲ့ အဖေါ်အပေါင်းတွေ အများကြီးရှိပါတယ်။ ခင်ဗျားစံထားရတဲ့ ဘယ်သူမဆို၊ ခင်ဗျားကို သွန်သင် လမ်းညွှန်မယ့် ဘယ်ဆရာသမားမဆို သူတို့အားလုံးဟာလည်း ပုံမှန်မဟုတ်တဲ့ အစွဲမှား အသိမှားတွေ ပြည့်နှက်နေတဲ့ သူတွေပဲ ဖြစ်ပါတယ်။

ခင်ဗျားမှာ သဘောတရားတွေကို ကောင်းကောင်းနားလည်နေပြီး လက်တွေ့အခြေအနေမှာတော့ အစွဲမှားတွေထဲ ရောက်ရောက်သွားတတ်တဲ့ ယုံကြည်မှုတွေ၊ တွေးခေါ်ဆင်ခြင်မှုအမှားတွေ အများအပြားရှိနေပါတယ်။ အဲ့သလို အစွဲမှားတွေထဲကို ခင်ဗျား တကယ်ရောက်သွားတဲ့အချိန်ကျရင်လည်း ခင်ဗျားဟာ ရောက်သွားလို့ရောက်သွားမှန်း သိမနေတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တိုင်းမှန်ကန်စွာတွေးခေါ်ဆင်ခြင်တတ်သူ တစ်ယောက်ဖြစ်တယ်လို့ ယူဆချင်နေတဲ့ စိတ်ဆန္ဒ ခင်ဗျားမှာနက်နက်ရှိုင်းရှိုင်းကို ရှိနေပါတယ်။ ခင်ဗျားရဲ့ ကျင့်ဝတ်နှုန်းစံတွေနဲ့အပြုအမူတွေဟာ အမြဲတမ်း ကောင်းမွန်မှန်ကန်ပြီး အပြုသဘောဆောင်နေတယ်လို့ ယူဆချင်နေတဲ့စိတ်ဆန္ဒလည်း နက်နက်ကြီးကိုရှိနေပါတယ်။ ဒီလိုမျိုးဖြစ်ဖို့ကိုလည်း ခင်ဗျား အပြင်းအထန်ကြိုးစားမိ နေပါလိမ့်မယ်။

ဒီစာအုပ်မှာပါတဲ့ အဓိက အကြောင်းအရာ သုံးရပ်ကတော့ သိမှုဆိုင်ရာ အစွဲမှားတွေ၊ ဆရာလွတ် အသင့်သုံး နည်းလမ်းတွေနဲ့ ယုတ္တိအမှားတွေပဲ ဖြစ်ပါတယ်။ ဒီဟာတွေက ခင်ဗျားစိတ်ရဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ခင်ဗျား ကိုယ်ခန္ဓာမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပေါ့။ အဲ့ဒီအစိတ်အပိုင်းတွေဟာ အကောင်းဆုံးအနေအထားမှာရှိမှသာ ခင်ဗျားကို ကောင်းကောင်း အလုပ်အကျွေးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘဝဆိုတာကအကောင်းဆုံး အနေအထားနဲ့ အမြဲနေရတာမျိုး ရှိမနေပါဘူး။ မျက်လှည့်ပညာရှင်တွေ၊ ကြော်ငြာသမားတွေ၊ စိတ်စွမ်းအားရှင်တွေနဲ့ ပစ္စည်းလှည့်လည် ရောင်းချသူတွေဟာ အဲ့ဒီ အစွဲမှားတွေ၊ ယုတ္တိအလွဲတွေကို နားလည်နေကြပြီး သိပ္ပံအတုအယောင် ကုစားနည်းတွေကို သူတို့ရဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းအသုံးချနေခဲ့တာ ရာစုနှစ်များစွာရှိနေပါပြီ။ စိတ်ပညာက ကောင်းမွန်တဲ့သိပ္ပံနည်းကျ နည်းစနစ်တွေကို အသုံးပြုပြီး ဒီ ကိုယ့်ကိုယ်ကိုယ်လှည့်ဖျားနေတဲ့ အစွဲမှား ယုတ္တိအမှားတွေကို ဖေါ်ထုတ်ပြီး အမျိုးအစားခွဲမပြမီအချိန်အထိ နားလည်မှု အလွဲအမှားတွေကိုသုံးပြီး လိမ်လည်လှည့်ဖျားနေကြတဲ့ကိစ္စတွေက အတော်လေးကို အားကောင်းကောင်းနဲ့ ရှိနေခဲ့ကြတာပါ။

သိမှုဆိုင်ရာ အစွဲမှားတွေဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ တွေးခေါ်စဉ်းစားမှုနဲ့ အပြုအမူဆိုင်ရာ ပုံစံတွေဖြစ်ပါတယ်။ အဲ့ဒါတွေက ခင်ဗျားကို မှားယွင်းတဲ့ကောက်ချက်တွေ ချမိစေမှာဖြစ်ပါတယ်။ ခင်ဗျားအပါအဝင် လူတိုင်းဟာ ဒီလောကထဲကို ဒီလိုမျိုးအရာရာကိုလုံးဝမှားယွင်းစွာ ရှုမြင်တတ်ပြီး အနှောက်အယှက်ဖြစ်စေနိုင်တဲ့အပြင် ခင်ဗျားကိုယ်တိုင်လည်း လုံးဝ သတိပြုမိနိုင်ခြင်းမရှိတဲ့ ကြိုတင်ထည့်သွင်းခံထားရတဲ့အစွဲမှားတွေတပုံတပင်နဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအစွဲမှား တွေထဲက အတော်များများက ကိုယ့်ထင်မြင်ယူဆချက်နဲ့ပတ်သက်ရင် ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ့်ကို်ယ်ခိုင်ခိုင်မာမာ ယုံကြည်တတ်သူတစ်ယောက် ဖြစ်အောင်လုပ်ပေးပါတယ်။ ပြီးတော့ ဒီအစွဲမှားတွေက ခင်ဗျားကိုယ်ခင်ဗျား လူရွှင်တော်၊ လူပြက်တစ်ယောက်အဖြစ် ပြန်မြင်စေခြင်းကနေလည်း အကာအကွယ်ပေးထားကြပါတယ်။ ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ကိုယ်ပြန်မြင်စေတာကို ထိန်းသိမ်းထားဖို့ဟာက လူ့စိတ်အတွက်အတော်လေး အရေးပါပုံရပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ်အရမ်းကောင်းတယ်လို့မြင်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာယန္တယား ဒီဇိုင်းတစ်ခု ဖြစ်အောင်အထိကို ဆင့်ကဲ တိုးတက်လာခဲ့ရပါတယ်။ သိမှုအစွဲမှားတွေဟာ တစ်ဖက်ကလည်း ဆိုးရွားတဲ့ရွေးချယ်မှုတွေ၊ ညံ့ဖျင်းတဲ့ ဆုံးဖြတ်သုံးသပ်ချက် တွေနဲ့ တစ်ခါတစ်ရံမှာ လုံးဝမှားယွင်းနေတဲ့ သိမြင်မှုတွေကို ဖြစ်စေပြန်ပါတယ်။ ဥပမာအားဖြင့် ခင်ဗျားဟာ ခင်ဗျားယုံကြည်လက်ခံယူဆထားတဲ့ ယုံကြည်ချက်ကိုအထောက်အပံ့ပြုနေတဲ့ သတင်းအချက်အလက်တွေကိုသာ ရယူလေ့ရှိပြီး ခင်ဗျားရဲ့ ယုံကြည်ချက်ကို ထိခိုက်ပျက်ပြားစေမယ့် သတင်းအချက်အလက်တွေကိုတော့ မသိကျိုးကျွံပြုလိုက်တတ်ပါတယ်။ ဒါကို အတည်ပြုမှုအစွဲမှားလို့ခေါ်ပါတယ်။ ခင်ဗျားစာအုပ်စင်မှာရှိတဲ့ စာအုပ်တွေနဲ့ ခင်ဗျား သိမ်းဆည်းမှတ်သားထားတဲ့ အင်တာနက်မှာ ရှာဖွေမှု မှတ်တမ်းတွေဟာ အဲ့ဒီ အချက်ရဲ့ တိုက်ရိုက် ရလဒ်တွေဖြစ်ပါတယ်။

ဆရာလွတ်အသင့်သုံးနည်းလမ်းတွေကတော့ ယေဘုယျပြဿနာတွေကို ဖြေရှင်းရာမှာ ခင်ဗျားအသုံးပြုတဲ့စိတ်ပိုင်းဆိုင်ရာ အရံသင့်နည်းစနစ်တွေ ဖြစ်ပါတယ်။ သူတို့တွေက ခင်ဗျားဦးဏှောက်ရဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်စေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာခင်ဗျားကို မြန်မြန်စဉ်းစားအောင်တွန်းအားပေးရင်းနဲ့ အရေးကြီးတဲ့အချက်တွေလွတ်ပြီး ကျန်သွားတတ်ပါတယ်။ အကောင်းဆုံးလုပ်ဆောင်ချက်ရအောင် ဒါမှမဟုတ် ယုတ္တိအကျဆုံး အတွေးအမြင်ရအောင် အကြာကြီးစဉ်းစားပြီး နက်နက်နဲနဲ ဆင်ခြင်တွေးတောနေမယ့်အစား ဆရာလွတ်အသင့်သုံးအရံသင့်နည်းလမ်းတွေက ဆုံးဖြတ်စရာရှိတာတွေကို အချိန်မီ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်စေပါတယ်။ တချို့သော အရံသင့် နည်းလမ်းတွေက တမင်လေ့လာသင်ယူရပါတယ်။ ကျန်တာတွေ ကတော့ လူ့ဦးဏှောက်က အလကားကူးယူခွင့်ရလို့ အလိုအလျှောက်တတ်မြောက်လာတဲ့အရာတွေ ဖြစ်ပါတယ်။ သူတို့ အလုပ်လုပ်တဲ့အချိန်မှာ သူတို့ဟာ ခင်ဗျားရဲ့စိတ်ကို စွမ်းအင်ပြုန်းတီးမှု မဖြစ်အောင် အကူအညီပေးကြပါတယ်။ သူတို့အလုပ်မလုပ်တဲ့အချိန်မှာတော့ ခင်ဗျားဟာ လောကကြီးကိုသူ့အမှန်တကယ်ရှိတာထက်ကိုပိုပြီး ရိုးရှင်းလွန်းစွာ ကြည့်မြင်မိ တတ်ပါတယ်။ ဥပမာအားဖြင့် သတင်းတွေမှာ ငါးမန်းကိုက်ခံရတဲ့သတင်းတွေ မြင့်တက်လာတာတွေ့ရုံနဲ့ ငါးမန်းတွေကို ထိန်းချုပ်လို့မရတော့ဘူးလို့ ထင်ပစ်လိုက်တာမျိုးပါ။ တကယ်တန်း ခင်ဗျား သိလိုက်ရတဲ့အချက်က သတင်းတွေက ငါးမန်း သတင်းကို အရင်ကထက် ပိုပြီး ထုတ်လွှင့်နေတယ် ဆိုတာလေးပါပဲ။

ယုတ္တိအလွဲတွေကတော့ သင်္ချာပြဿနာတွေပါဝင်တဲ့ ဘာသာစကားတစ်ခုလိုပါပဲ။ အဲဒီမှာ ခင်ဗျားဟာ ပုစ္ဆာကို သေချာနားမလည်ဘဲ အဆင့်တွေကို ကျော်ချတာ၊ နီးစပ်တာတွေကို ခန့်မှန်း ကောက်ယူပြီးလုံးချလိုက်တာမျိုးတွေ လုပ်မိတတ်ပါတယ်။ သူတို့ဟာ ခင်ဗျားက သက်ဆိုင်တဲ့အချက်အားလုံးကို မကြားချင်လို့၊ ဒါမှမဟုတ် ခင်ဗျားရတဲ့ သတင်းအချက်အလက်ရဲ့ အကန့်အသတ်ဟာ ဘယ်လောက်အထိပဲ ရှိလို့ ဆိုတာတွေကို မသိလို့ သက်ဆိုင်ရာ အချက်အလက်တွေကို ပြည့်စုံအောင် မစိစစ်တော့ဘဲ ကောက်ချက် ချပစ်လိုက်လို့ ဖြစ်လာတဲ့ ခင်ဗျားစိတ်ထဲက ပဋိပက္ခတွေပါပဲ။ ခင်ဗျားဟာ အမှုမှန်မဖေါ်ထုတ်တတ်ဘဲ မရေမရာတွေ လျှောက်ပြောနေတဲ့ စုံထောက်တစ်ယောက်လို ဖြစ်လာပါတယ်။ ယုတ္တိအလွဲတွေဟာ ကိုယ်လိုတာကိုပဲ အမှန်ဖြစ်တယ်လို့ ကွက်တွေးလို့ ဖြစ်ပေါ်လာရတာတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ မှားယွင်းတဲ့ အဆိုတွေကိုတောင်မှ ယုတ္တိကောင်းကောင်းနဲ့ ပြသမိနေတတ်ပါတယ်။ ဒါ့အပြင် အမှန်တရားတစ်ခုကိုလည်း ညံ့ဖျင်းတဲ့ ယုတ္တိကြောင့် ငြင်းပယ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် အဲဘက် အိုင်စတိုင်းက ကြက်ဥမွှေကြော် မစားဘူးလို့ ခင်ဗျားကြားဖူးတာနဲ့ပဲ ကြက်ဥမွှေကြော်ဟာ ခင်ဗျားအတွက်လည်း ကောင်းမှာမဟုတ်ဘူးလို့ ထင်မိတတ်တာမျိုးပါ။ ဒါကို အာဏာပိုင် များကို ဦးညွတ်မှု အစွဲမှားလို့ ခေါ်ပါတယ်။ လူတစ်ယောက်ကို တအားတော်တယ်လို့ ခင်ဗျားထင်မိရင် အဲ့ဒီလူဆုံးဖြတ်သမျှတွေအားလုံးဟာ ကောင်းမှာပဲလို့ ထင်မိတတ်တာမျိုးပါ။ ဒါပေမယ့် တကယ်တန်းမှာ အိုင်စတိုင်းက အရသာခံ အာရုံကြော ကြောင်နေတာလည်း ဖြစ်နေနိုင်ပါတယ်။

ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာအသစ်တစ်ခုစီတိုင်းကို ဖတ်သွားလိုက်တိုင်းမှာ ခင်ဗျားကိုယ်ခင်ဗျား အမြင်သစ်နဲ့ စတင်မြင်နိုင်လာပါလိမ့်မယ်။ အဲ့ဒီနောက်မှာ ခင်ဗျားဟာလည်း ထင်သလောက် စမတ်ဖြစ်မနေဘူးဆိုတာကို သိလာပါလိမ့်မယ်။ ပြီးတော့ လိုတာထက်ပိုနေတဲ့ သိမှုအစွဲမှားတွေ၊ မှားယွင်းတဲ့ အသင့်သုံးနည်းလမ်းတွေနဲ့ ယေဘုယျ ယုတ္တိအလွဲ တွေကို ကျေးဇူးတင်လာမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ တကယ့်အရှိတရားနဲ့ လိုက်လျှောညီထွေရှိနိုင်ဖို့ ခင်ဗျားကိုယ်ခင်ဗျား တစ်မိနစ်ပြီး တစ်မိနစ် လှည့်ဖျား နေရတယ်ဆိုတာကို နားလည်သွားမှာမို့ပါ။ 

သောကမရောက်ပါနဲ့ .. အဲ့ဒါက ပျော်စရာကောင်းမှာပါ။

You are not so smart 

David McRaney 

စာအုပ်မှာရန် - The Book Town

 အိုရှိုးရဲ့ ဖြုတ်ချက်

+++++

ဥပမာအားဖြင့် ယေရှုကို အပျိုစင်ကနေမွေးတယ်လို့ဆိုကြတယ်။ အဲဒါဟာ လူသားထုတရပ်လုံးကို စိတ်ပျက်အားလျော့မှု ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းကတော့အပြစ်တွေနဲ့အတူမွေးလာတယ်၊ ယေရှုတယောက်ဘဲ အပြစ်တွေမပါဘဲ မွေးလာတယ်ဆိုတဲ့သဘောမျိုး သက်ရောက်သွားစေလို့ပါပဲ။ သူတယောက်ထဲကသာ ဘုရားသခင်ရွေးချယ်တဲ့ချစ်မြတ်နိုးရာ တဦးတည်းသောသားတော်ဖြစ်တယ်ဆိုရင် မင်းကရောဘယ်သူတုန်း။ မင်းကသူ့ရဲ့တဝမ်းကွဲတောင်ဟုတ်မနေဘူးပေါ့။ 

သားတဦးတည်းပဲရှိရလောက်အောင်အထိ ဘုရားသခင်ကဘာကြောင့်စေးနှဲခဲ့ရတာလဲ။ သူက သားဆက်ခြားထိန်းချုပ်ရေး ကို ထောက်ခံတဲ့သူလား။ ခရစ်ယာန်တွေကအဲဒါကို ဆန့်ကျင်ကြတယ်နော်။ အနည်းဆုံး သမီးတယောက်ကတော့ရှိခဲ့သင့် တာပေါ့။ ဒါပေမယ့်အမျိုးသမီးထုကိုမျက်နှာသာမပေးချင်တာကြောင့် ဘုရားသခင်မှာ သမီးတော်တယောက်မရှိနိုင်ခဲ့ဘူး။ သူ့မှာဇနီးမယားတောင်မရှိခဲ့ဘူး။ ဒါပေမယ့်သားတယောက်ကတော့ရှိခဲ့တယ်။ သူ့သားကရေပေါ်မှာလမ်းလျှောက်တယ်။ မင်း ကတော့အဲဒါမျိုးမလုပ်နိုင်ဘူး။ သူက သေပြီးသားလူတွေကိုပြန်ရှင်စေနိုင်တယ်။ မင်းကတော့ အဲသလိုမလုပ်နိုင်ဘူး။ သူ ကားစင်တင်ပြီးအဆုံးစီရင်ခံရတယ်။ ပြီးတော့ရှင်ပြန်ထမြောက်လာခဲ့တယ်။ မင်းကတော့ ဒါမျိုးမလုပ်နိုင်ဘူး။ 

သဘာဝအားဖြင့် လူသားနဲ့ဘုရားအကြားက အကွာအဟကြီးက ကြီးမားလွန်းနေခဲ့တယ်။ မင်းကတော့သာမန်လူသား တယောက်ပဲ။ သူကတော့ဘုရားလေ။ မင်းအများဆုံးလုပ်နိုင်တာက သူ့ကိုဝတ်ပြုဆုတောင်းဖို့ပဲ။ သူဟာလူသားထုကြီးတရပ် လုံးကို ကြီးကြီးမားမားစော်ကားလိုက်တာပါပဲ။ ဒါပေမယ့်အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ။ ဒါမျိုးဘယ်သူမှ ဘယ်တုန်းကမှမလုပ်နိုင်ခဲ့ပါဘူး။ အဲဒါတွေကိုဖန်တီးထားရတာက မင်းနဲ့ ယေရှုအကြားမှာ အကွာအဟတခု ဖန်တီးဖို့သက်သက်လုပ်ထားတာပါပဲ။ သူတို့ရဲ့နောက်လိုက်တွေက လွန်လွန်ကဲကဲလုပ်ထားခဲ့ကြတာပါ။ 

မိုဟာမက်သေဆုံးသွားတယ်။ ဒါပေမယ့် သာမန်လူသားတယောက်လို သေဆုံးခဲ့တာမဟုတ်ဘူး။ တကယ်တန်းမှာတော့ သူဟာလူသားတယောက်သေဆုံးတဲ့နည်းမျိုးနဲ့ သေဆုံးခဲ့တာမဟုတ်ဘူး။ သူဟာကောင်းကင်ဘုံကို အသက်ရှင်လျက်နဲ့ ရောက်သွားခဲ့တာဖြစ်တယ်။ သူတယောက်ထဲတင်မဟုတ်ပါဘူး။ သူကသူ့မြင်းကိုပါစီးသွားလိုက်သေးတယ်။ ဆိုတော့ မြင်းကလည်းပဲကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားတာပေါ့။ အဲဒါကရိုးရိုးမြင်းမဟုတ်ဘူးလေ။ ဟာဇရက်မိုဟာမက်ရဲ့ မြင်းလေ။ မင်းအနေနဲ့ သူတို့နဲ့အတူတူဘောင်မဝင်နိုင်ဘူးပေါ့။ 

မဟာဝီရက ဘယ်တော့မှချွေးမထွက်ဘူးတဲ့။ အိန္ဒိယရဲ့ပူပြင်းတဲ့နွေရာသီမှာတောင်မှတဲ့လေ။ အထူးသဖြင့် ဘီဟာရဲ့ ဖုန်ထူ တဲ့လမ်းမတွေပေါ်မှာပေါ့။ သူကကိုယ်တုံးလုံးကြီးနဲ့ လေးဆယ့်နှစ်နှစ်လျှောက်သွားနေခဲ့တယ်။ အဲဒါတောင်မှ ချွေးမထွက်ဘူး တဲ့။ သူ့ကိုယ်ခန္ဓာကအရေပြားနဲ့ဖုံးအုပ်ထားတာမဟုတ်ဘဲ ပလတ်စတစ်နဲ့ဖုံးအုပ်ထားတာဆိုရင်တော့ ဖြစ်နိုင်မှာပေါ့။ အရေပြားကတော့ ချွေးထွက်တယ်။ ပြီးတော့အဲဒါကလည်း လူ့ရှင်သန်ရေးအတွက်အရေးကြီးတဲ့ဖြစ်စဉ်တခုပဲ။ မဟုတ်ရင် မင်းသေသွားမှာပေါ့။ 

ချွေးထွက်တယ်ဆိုတာ အကာအကွယ်တခုပါပဲ။ အရမ်းပူလွန်းတဲ့အချိန်မှာ ချွေးပေါက်လေးတွေထဲကနေ ချွေးတွေထွက်လာ ရတယ်။ အဲဒါမှသာအပူနဲ့ချွေးရေလေးတွေနဲ့ထိတွေ့ အငွေ့ပျံသွားပြီး မင်းခန္ဓာကိုယ်ရဲ့အပူချိန်တက်မလာအောင် အကာ အကွယ်ပြုနိုင်မှာပေါ့။ မဟာဝီရလည်းသေမှာပဲ။ ဒါပေမယ့် ထူးခြားအောင်လုပ်ချင်တော့ အဲသလိုတွေလုပ်ထားကြတာပေါ့။ ချွေးမထွက်ရင် သူ့အနေနဲ့ ရေချိုးစရာတောင်လိုမှာမဟုတ်တော့ဘူး။ 

မြွေတကောင်ကသူ့ကိုကိုက်လိုက်တယ်။ သွေးထွက်ရမယ့်အစားနို့တွေထွက်လာသတဲ့။ ဂျိန်းဘာသာတရားနှီးနှောပွဲတခုမှာ ဂျိန်းဘုန်းကြီးတပါးက ကျုပ်ရှေ့တင်ပြောနေတာ။ အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေနဲ့ အမွှန်းတင်နေတာ။ ကျုပ်ပြောရမယ့် အလှည့်လည်းရောက်ရော ကျုပ်က “မဟာဝီရရဲ့ကိုယ်ထဲမှာ သွေးအစားနို့တွေလည်ပတ်နေတယ်ဆိုရင် လေးဆယ့်နှစ်နှစ် လောက်လည်ပတ်နေတဲ့နို့တွေဟာ ဒိန်ခဲဖြစ်နေလောက်ပြီ .. ဆိုတော့မြွေကိုက်တဲ့အချိန်မှာ နို့မထွက်ဘဲ ထောပတ်ပဲထွက် လာသင့်တာ .. အခုတော့နို့ထွက်လာသတဲ့ .. လတ်ဆက်တဲ့နို့တွေထွက်လာသတဲ့လားဗျာ” ဆိုပြီးပြောခဲ့လိုက်တယ်။ 

ဂေါတမဗုဒ္ဓကရော ဘာထူးသလဲ။ သူ့အမေမတ်တပ်ရပ်နေတုန်းမှာမွေးသတဲ့။ အဲဒါကပြဿနာမဟုတ်လို့ သည်းခံလို့ရသေး တယ်ထားဦး။ သူ့အမေကသိပ်အပျင်းမကြီးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ကလေးမွေးပြီးတဲ့အမေတွေကတော့ အိပ်ယာ ပေါ်လှဲနေကြတာပဲ။ မတ်တပ်မရပ်နိုင်ကြဘူး။ ပြီးတော့ဂေါတမဗုဒ္ဓကလည်း မွေးမွေးချင်းမတ်တပ်ရပ်သတဲ့။ သူမြေပေါ်ကို မတ်တပ်ကလေးရပ်ပြီးထွက်ကျလာတယ်။ ဒါလည်းတခါတလေဖြစ်တတ်တယ်ထားဦး။ ပုံမှန်အားဖြင့်တော့ ကလေးတွေက ခေါင်းကနေစထွက်လာကြတာပါ။ ခြေထောက်ကစထွက်လာတာမျိုးက ဖြစ်တောင့်ဖြစ်ခဲပါ။ အတော်ရှားပါတယ်။ 

အဲဒီနားလောက်တင်ရပ်သွားတယ်ဆိုတော်သေးတယ်။ မရပ်ဘူး။ မင်းကိုအထင်ကြီးအောင်ဆက်ရေးထားသေးတယ်။ ခြေခုနှစ်လှမ်း လှမ်းသွားလိုက်သေးသတဲ့။ မွေးပြီးပြီးချင်းကလေးလေးက ဘယ်လိုလုပ်မတ်တပ်ရပ်နိုင်မှာလဲ။ သူကတော့ ခြေခုနှစ်လှမ်းတောင်လှမ်းသွားလိုက်သေးသတဲ့။ လမ်းလျှောက်ရုံတင်အားမရသေးဘူး “ငါဟာအကြီးမြတ်ဆုံးဗုဒ္ဓဖြစ်တယ် .. ငါဟာ အတိတ်၊ ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးစလုံးမှာ အကြီးမြတ်ဆုံးဉာဏ်အလင်းရသူဖြစ်တယ်” ဆိုပြီးကြွေးကြော် လိုက်သေးသတဲ့။

https://www.facebook.com/share/p/18FPjeBuQc/?mibextid=oFDknk

 ဖူးစာဖက်ဆိုတာ မရှိပါဘူး

---------------------------

ဒဿနပညာရှင် - ငါတို့ဒီမှာပဲ ရပ်မနေသင့်ဘူး .. ရှေ့ကိုနောက်တဆင့်လောက် ဆက်သွားကြရအောင် .. ဒီနေ့ အစောပိုင်းတုန်းက ပညာရေးအကြောင်းငါတို့ဆွေးနွေးခဲ့ချိန်မှာ အတင်းအကြပ်လုပ်ယူလို့မရတဲ့အရာနှစ်ခုရှိ တယ်လို့ ငါပြောခဲ့တယ်

လူငယ် - ဟုတ်ပါတယ် .. လေးစားမှုနဲ့ အချစ်

ဒဿနပညာရှင် - မှန်တယ် .. ငါဟာ ဘယ်လိုအာဏာရှင်မျိုးပဲဖြစ်နေပါစေ လူတွေငါ့ကိုလေးစားအောင် အတင်း အကြပ်ခိုင်းစေလို့မရပါဘူး .. လေးစားမှုနဲ့ပတ်သက်တဲ့ဆက်ဆံရေးမှာ တစ်ခုတည်းသောနည်းလမ်းက လေးစားမှုဟာ ငါ့ဆီကနေဦးဆုံးပေါ်ထွက်လာဖို့ပါပဲ .. ဒါဟာ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ .. တစ်ဖက်လူက ဘယ်လိုစိတ်နေစိတ်ထားမျိုးနဲ့ တုန့်ပြန်တာပဲဖြစ်နေပါစေ ငါလုပ်နိုင်တာက အဲ့ဒါပါပဲ .. ငါစောစော ပိုင်းကပြောနေတာက ဒီအချက်ပါပဲ 

လူငယ် - ဆိုတော့ ခင်ဗျားပြောချင်တာက အချစ်ဆိုတာဟာလည်း အဲ့သလိုသဘောပဲပေါ့ .. ဟုတ်လား

ဒဿနပညာရှင် - ဟုတ်တယ် .. အချစ်ဆိုတာကိုလည်း အတင်းအကြပ်လုပ်ယူလို့ မရဘူး

လူငယ် - ဒါပေမယ့် ခင်ဗျားကျွန်တော့်ရဲ့ အဓိကမေးခွန်းကို မဖြေသေးဘူးနော် .. ဒီမှာ .. ကျွန်တော်တစ်ယောက် ယောက်ကို ချစ်ချင်တဲ့ဆန္ဒအမှန်တကယ်ရှိပါတယ် .. အရိုးသားဆုံးပြောရရင် ကျွန်တော်ချစ်ချင်ပါတယ် .. ကျွန်တော်ချစ်ဖို့ကြောက်နေတာကို အပထားလိုက်ဦးတော့ ကျွန်တော့်မှာအချစ်ကိုငတ်မွတ်တောင့်တနေတဲ့ ခံစားချက်ရှိပါတယ် .. ဆိုတော့ ကျွန်တော်ဘာလို့ ချစ်ခြင်းထဲကိုမရောက်နိုင်သေးတာလဲ .. ဘာကြောင့်လဲဆို တော့ ကျွန်တော်ချစ်ရမယ့် အရေးအကြီးဆုံးသောသူနဲ့ ကျွန်တော်မဆုံတွေ့ရသေးလို့ပဲလေ .. ကျွန်တော့်ရဲ့ ဖူးစာဖက်ကိုကျွန်တော် မဆုံရသေးဘူး .. ဒါကြောင့် ကျွန်တော့်ရဲ့ချစ်ချင်တဲ့ဆန္ဒဟာ မပြည့်ဝသေးတာပေါ့ .. အချစ်နဲ့ပတ်သက်လာရင် ဆုံတွေ့ကြဖို့ဆိုတာက အခက်ခဲဆုံးသော ပြဿနာတစ်ခုပဲလေ 

ဒဿနပညာရှင် - ဆိုတော့ အချစ်စစ်ဟာ ဖူးစာဖက်နဲ့ဆုံတွေ့ခြင်းကနေ အစပြုရတာပေါ့ .. ဟုတ်လား 

လူငယ် - ဟုတ်တာပေါ့ဗျာ .. ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့လက်တွဲဖော်ဆိုတာက ခင်ဗျားဘဝတစ်ခုလုံး ပုံအပ်ရမယ့်သူ .. ပြီးတော့ ခင်ဗျားရဲ့ဘဝအမြင်တစ်ခုလုံးကို ပြောင်းလဲပေးမယ့်သူပဲလေ .. တွေ့ကရာလူ တစ်ယောက်ယောက်ဆီမှာ ခင်ဗျားဘဝတစ်ခုလုံးပေးအပ်လိုက်မယ်ဆိုပြီး လုပ်လို့မှမရတာ

ဒဿနပညာရှင် - ဆိုတော့ .. ဘယ်လိုလူမျိုးကို မင်းရဲ့ “ဖူးစာဖက်” လို့ မင်းခေါ်မှာလဲ .. ပြောချင်တာက အဲ့ဒီလူ တစ်ယောက်ဟာ မင်းရဲ့ဖူးစာဖက်ဆိုတာကို မင်းဘယ်လိုခံစားသိရှိနိုင်မှာလဲ 

လူငယ် - ကျွန်တော်မသိဘူး .. ကျွန်တော်ထင်တယ် .. အချိန်ကျလာရင် ကျွန်တော်သိလာလိမ့်မယ် .. အဲ့ဒါက ကျွန်တော့်အတွက်တော့ မသိနိုင်သေးတဲ့ နယ်ပယ်ပဲ 

ဒဿနပညာရှင် - အင်း .. ဟုတ်ပြီ .. ဆိုတော့ အက်ဒလာရဲ့ အခြေခံအတွေးအမြင်နဲ့ အဲ့ဒါကိုအဖြေပေးခြင်းနဲ့ပဲ ငါတို့စလိုက်ကြရအောင် .. အချစ်မှာဖြစ်စေ၊ ဘဝမှာဖြစ်စေ ဖူးစာဖက်ဆိုပြီး တစ်စုံတစ်ခုသောကံကြမ္မာက ကြိုတင်စီစဉ်ထားတယ်ဆိုတာမျိုးကို အက်ဒလာက လက်မခံပါဘူး 

လူငယ် - ကျွန်တော်တို့အတွက် ကံကစီမံထားတဲ့ဖူးစာဖက်ဆိုတာမျိုး မရှိဘူးလား 

ဒဿနပညာရှင် - မရှိပါဘူး 

လူငယ် - နေပါဦး .. အဲ့ဒါက ကျွန်တော်အလွယ်တကူ လက်ခံနိုင်မယ့် အဆိုပြုချက်တစ်ခုမဟုတ်ဘူး 

ဒဿနပညာရှင် - အချစ်ရေးနဲ့ပတ်သက်လာရင် ဖူးစာဖက်ဆိုတာကို လူတွေဘာကြောင့်ရှာဖွေကြတာလဲ .. ငါတို့ လက်ထပ်ရမယ့်ဘဝလက်တွဲဖော်ကို ဖျော်ဖြေမှုဆန်တဲ့ချစ်မှုရေးရာ ထင်ယောင်ထင်မှားတွေထဲ ဘာကြောင့် ဆွဲသွင်းချင်ကြတာလဲ .. အကြောင်းရင်းကို အက်ဒလာကောက်ချက်ချထားတာကတော့ .. “ချစ်သင့်ချစ်ထိုက်တဲ့ သူတွေ အားလုံးကို ဖယ်ထုတ်ချင်လို့” တဲ့ 

လူငယ် - ချစ်သင့်ချစ်ထိုက်တဲ့သူတွေကို ဖယ်ထုတ်ချင်လို့ .. ဟုတ်လား 

ဒဿနပညာရှင် - မင်းလိုမျိုးပဲ ချစ်ရမယ့်သူကိုမဆုံနိုင်ဘူးဆိုပြီး ပူဆွေးနေကြတဲ့သူတွေဟာ နေ့စဉ်ဆိုသလိုပဲ လူတစ်ယောက်မဟုတ် တစ်ယောက်နဲ့ ဆုံတွေ့နေကြတဲ့သူတွေချည်းပါပဲ .. မဖြစ်နိုင်တဲ့စံနှုန်းမြင့်မြင့်ကြီးတွေကို ချမှတ်ထားခြင်းအားဖြင့် သူချစ်ရမယ့်သူကို မတွေ့ဘူးဆိုပြီး သူတို့ပြောကြတယ် .. ဒါပေမယ့် မင်းဘဝမှာ လူအများကြီးကို မင်းဆုံတွေ့ခဲ့ပြီးပါပြီ .. မဟုတ်ဘူးလား 

လူငယ် - အင်း .. ဆုံခဲ့ရတဲ့ တွေ့ကရာလူတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ……..

ဒဿနပညာရှင် - ဒါပေမယ့်လည်း အဲ့သလိုမျိုးမထင်ရှားတဲ့ ဆုံတွေ့မှုလေးတွေကို ဆက်ဆံရေးတစ်ခုဖြစ်လာ အောင်လုပ်ဖို့က အတိုင်းအတာတစ်ခုအထိ သတ္တိရှိဖို့လိုအပ်တယ် .. ချိန်းဆိုတွေ့ဆိုတာလေးတွေလုပ်ဖို့ .. စာလေးတွေပို့ပေးဖို့ စသဖြင့်ပေါ့ 

လူငယ် - ဟုတ်ကဲ့ .. အဲ့ဒါမျိုးတွေ လိုအပ်ပါတယ် .. သတ္တိအတိုင်းအတာတစ်ခုအထိလိုအပ်တာ မဟုတ်ပါဘူး .. သတ္တိကြီးကြီးမားမားကြီးကို လိုတာပါ 

ဒဿနပညာရှင် - ဆိုတော့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ရာ သတ္တိလုံလုံလောက်လောက်မရှိတဲ့သူတွေ ဘာလုပ်ကြလဲ .. ဖူးစာဖက်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို မင်းအခုလုပ်နေသလိုမျိုး သူတို့ဖန်တီးပစ် လိုက်ကြတော့တာပေါ့ .. တကယ်တန်းက သူတို့ရှေ့မှာရှိနေတဲ့သူက သူတို့ဖြစ်သင့်တဲ့သူဖြစ်နေခဲ့ရင်တောင်မှပဲ သူတို့ဟာ အကြောင်းအမျိုးမျိုးပြပြီး အဲ့ဒီလူကို ငြင်းပယ်ကြတယ် .. ပြီးတော့ မျက်စိမှိတ်ပြီး “ငါ့အတွက် ဒါ့ထက်ပို ပြီး စံပြဖြစ်တဲ့သူ၊ ပြီးပြည့်စုံတဲ့သူ၊ ဖူးစာဖက်တစ်ဦး ရှိလိမ့်ဦးမယ်” ဆိုပြီး စဉ်းစားတွေးတောကြတော့တာပဲ .. သူတို့ဟာ ပိုပြီးနက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုထဲကို တိုးဝင်ဖို့မကြိုးစားကြဘူး .. ပြီးတော့ သူတို့ဟာ ချစ်သင့်ချစ်ထိုက်တဲ့သူအားလုံးကို တဖတ်သက် ဖယ်ထုတ်ပစ်လိုက်ကြတော့တာပဲ 

လူငယ် - မဟုတ်တာ

ဒဿနပညာရှင် - အဲ့သလိုမျိုး ချဲ့ကားလွန်းပြီး လက်တွေ့မကျတဲ့အတွေးအမြင်တွေကို ရှေ့တန်းတင်လိုက်ခြင်း အားဖြင့် တကယ်အစစ်အမှန်ရှိနေတဲ့ သက်ရှိလူသားတွေနဲ့ ဆက်ဆံရမယ့်ကိစ္စတွေအားလုံးကို ရှောင်ရှားပစ် လိုက်ကြတယ် .. ဒါဟာ သူတို့ဘယ်သူနဲ့မှဆုံတွေ့နိုင်မှာမဟုတ်ဘူးဆိုပြီး ပူဆွေးနေတဲ့သူတွေရဲ့ အမှန်တရား တစ်ရပ်ဖြစ်တယ်လို့မြင်ကြည့်လိုက်

လူငယ် - ကျွန်တော်က ဆက်ဆံရေးတွေကို ရှောင်ပြေးနေတာလား 

ဒဿနပညာရှင် - အဲ့ဒါတင်မက မင်းဟာ ဖြစ်နိုင်ချေဆိုတဲ့ နယ်ပယ်ထဲမှာ နေထိုင်နေတာဖြစ်တယ် .. မင်းက ပျော်ရွှင်မှုဆိုတာကို အခြားသောတစ်နေရာရာကနေ ရောက်လာမယ့် တစ်စုံတစ်ခုအဖြစ် စဉ်းစားတွေးတောနေ တာဖြစ်တယ် .. “ပျော်ရွှင်မှုဟာ ငါ့ဆီကိုရောက်မလာသေးဘူး .. ဒါပေမယ့် ငါ့ဖူးစာဖက်ကိုဆုံတွေ့တဲ့အချိန်ကျရင် အရာအားလုံးအဆင်ပြေသွားမှာပါလေ” ဆိုပြီး မင်းတွေးတောနေတာဖြစ်တယ် 

လူငယ် - သေလိုက်ပါလား .. အား .. ခင်ဗျားမှာ ဆိုးရွားတဲ့အသိအမြင်ရှိနေတာပဲ 

ဒဿနပညာရှင် - ဒီကိစ္စတွေက နားဝင်ချိုမှာမဟုတ်တဲ့ကိစ္စတွေဆိုတာတော့ သေချာတယ် .. ဒါပေမယ့် မင်းအနေနဲ့ ဖူးစာဖက်ကိုရှာဖွေစောင့်စားဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိနေရင် ငါတို့ဆွေးနွေးမှုဟာ ဒီအချက်ဆီကိုပဲ ပြန်ပြန်လည်ပြီး ရောက်လာဦးမှာပဲ 

The Courage to be Happy

Ichiro Kishimi

Fumitake Koga

 မနက်ခင်းမှာ မင်းကိုနှိုးမယ့်သူ မရှိတဲ့အခါ

ညမှာလည်း မင်းကိုစောင့်နေတဲ့သူ မရှိတဲ့အခါ 

ပြီးတော့ မင်း လုပ်ချင်တာကိုလည်း 

လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေခဲ့ရင် 

အဲဒီအခြေနေကို ဘယ်လိုခေါ်မလဲ

လွတ်လပ်ခြင်းလား၊ အထီးကျန်ခြင်းလား။

- Charles Bukowski

အမှောင်တွေ ကြီးစိုးတဲ့ ညနက်နက်တွေမှာ

မြုခိုးမြုငွေ့ နှင်းမှုန်တွေကြားထဲက  

ရန်သူ စစ်ဖိနပ်သံတွေကို နားစွင့်နေမိတယ်

ညအမှောင်ထဲ စောင့်ကြည့်ရင်း  

ငါတို့မျက်လုံးတွေက ကြယ်တွေလို လင်းလက်နေတယ်။

ငါတို့ရဲ့ တိုက်ပွဲဝင်စစ်ယူနီဖောင်း က လူသားတစ်ကိုယ်လုံး ရွှံ့တွေ၊ သွေးတွေ၊ အရောင်တွေမှေုးမှိန်လို့ နေတယ် ၊ 

 အကြမ်းစား Rock Music . Rap Music အစား

အမြှောက်သံတွေ မိုင်းသံ ဗုံးသံတွေ ရောနှောနေတဲ့  

နားမျက်စိတွေက ငါတို့ရဲ့ ငယ်ရွယ်မှုတွေ နုနယ်မှုကို

ဝါးမြိုခဲ့တယ် ။ 

ငါတို့ကျောပိုးအိတ်ထဲမှာ လူကိုသေစေနိူင်တဲ့ ကျည်ဆံတွေ အသက်ကို နှုတ်ယူနိူင်တဲ့ ဓား‌တစ်ချောင်း နဲ့ တောနက်ခရီး နှင်ခဲ့ရတယ် ၊

ဂစ်တာအိုနဲ့ ငါ့အလွတ်ကျက်ထားတဲ့ သီချင်းတွေက ကျန်ခဲ့တာပေါ့ 

နိူင်ငံတော်အလံကို ကိုင်ပြီး ဆိုထားတဲ့သစ္စာ 

ရှင်ဘုရင်နဲ့ ဘိသိတ်ခံပြီးမှ ရထားတဲ့ သေနတ်နဲ့ 

ပြန်တမ်းဝင်နံပါတ် နှလုံးသားထဲမှာမီးတောက်လို စူးနစ်နေတယ်။

ရဲဝံ့စွာ တာဝန်ထမ်းဆောင်ရင်း 

ငါသေသွားခဲ့ရင် နိူင်ငံ့သူရဲကောင်းအဖြစ် ငါနာမည်ကို 

နိူင်ငံတော်က သူရဲကောင်းကျောက်တိုင်မှာ မှတ်တမ်းရေးထွင်းမယ်၊  

ဒါပေမယ့် ငါ မိသားစုရဲ့ နှလုံးသားထဲမှာတော့  

ငါဟာ အမြဲတမ်း ဂုဏ်ယူစရာအသက်ဝိဉာဥ်ဖြစ်‌ေနလိမ့်မယ်။  

ငါ့တို့အသက်သွေးချွေးတွေက ဒီနိူင်ငံ ဒီတိုင်းပြည် ဒီပြည်သူတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အသက်ခန္ဒာတစ်ခုပဲ ၊

မြင့်မြတ်စွာ ရပ်တည်ခဲ့ကြတယ် 

မြင့်မြတ်စွာ တာဝန်ယူခဲ့ကြတယ် 

မြင့်မြတ်စွာ ပေးဆပ်ခဲ့ကြတယ် 

မြင့်မြတ်စွာနဲ့ပဲ စွန့်လွှတ်ပေးခဲ့ကြတယ် 

ငါတို့က နိူင်ငံတော်ကို ကာကွယ်ရင်း 

တိုင်းပြည်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ်နဲ့ ဂုဏ်သိက္ခာရှိရှိပါဝင်ခဲ့ကြတယ် ။

ဤကဗျာသည် ရှေ့တန်းစစ်မြေပြင်တွင် အသက်စွန့်လှုတိုက်ပွဲဝင်နေကြသော တပ်မတော်သားများ၏ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ညီအစ်ကိုစိတ်ဓာတ်ကို ဂုဏ်ပြုရေးဖွဲ့ထားခြင်းဖြစ်သည်။ 

 ဒီနေ့ 7လပိုင်း 13ရက်နေ့ 

လွန်ခဲ့တဲ့ ၃နှစ်က ကမ္ဘာတွေပျက်ခဲ့ရတဲ့ ညနေတစ်ခုပေါ့ 

မေးလေး ငေါ့ပြပြီး အဖေက လ္ဘက်ရည်ဆိုင်ကို ထွက်သွားခဲ့တာ အဲ့ဒါပြီးကတည်းက အဖေက အိမ်ကို ပြန်မလာနိူင်တော့ဘူး ကျနော်တို့ရော အမေပါ အိမ်က ဆင်းပြေးခဲ့ရတာ အဖေကတော့ လောကကြီးကိုပါ နှုတ်မဆက်နိူင်ပဲ ထွက်သွားတော့တာပါပဲ ။

အဖေအသက်ကိုမီဖို့ အများကြီး ကြိုးစားခဲ့ကြသေးတယ် အမှားအယွင်းတွေ များစွာနဲ့ အဖေအသက်ကို မကယ်နိူင်လိုက်ပါဘူး ။

ဒုက္ခတွေအကြောင်း အများကြီးမပြောတော့ပါဘူး ၊ ဆိုးဆိုးရွားရွားတွေ အများကြီး ကြုံခဲ့ရသလို တစ်ခါမှ မမြင်ဖူး မတွေ့ဖူးကြပါပဲ ၊ အကူအညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးတင်နေမှာပါ ။ 

အဖေကို သတိရတယ် 

အဖေကတော့ အဝေးကနေကြည့်ရင်တော့ ပျော်မယ်ထင်ပါတယ် အိမ်မပြန်နိူင်ကြသေးတာ တစ်ခုကလွဲရင်ပေါ့ ။

အမေကိုလည်း စိတ်မဆင်းရဲအောင် ကျနော်ကြိုး၏ားနေပါတယ် ၊ 

အရင်လိုကလေးမဆန်တော့ပါဘူး အပျော်အပါးတွေ အပေါင်းအသင်းတွေနဲ့ အချိန်မဖြုန်း ငွေမဖြုန်းတော့ပါဘူး 

အဖေကြိုးစားအားထုတ်မှုနဲ့ ရုန်းကန်ပေးခဲ့တဲ့ ဆိုင်လေးကတော့ မီးထဲပါသွားပြီတဲ့ ။

ကျနော်အသက်အရွယ်မှာ အဖေရဲ့အားထုတ်မှုတွေ ပြန်တွေးကြည့်ရင် ကျနော်က ဘာမှ အသုံးမကျတဲ့ အကောင်တစ်ကောင်လိုဖြစ်နေတယ် ။ 

အဖေငယ် အဖေကို အပြစ်တွေတင်ခဲ့တဲ့ ဒီကောင်က ဘာအဖြစ်မှ မရှိတာ အဖေယှဉ်ကြည့်ရင် အသိသာကြီးပါ ။ 

ကျနော်တောင်းပန်ပါတယ်အဖေ 

ဒီတောင်းပန်ခြင်းတွေက ခွင့်လွတ်ပေးဖို့မဟုတ်ဘူးနော်

ကျနော်ကို ခွင့်မလွတ်ပါနဲ့ လုံးဝခွင့်မလွတ်ပါနဲ့ဗျာ 

ခွင့်လွတ်လို့ရတဲ့ အမှားမျို

းမဟုတ်ဘူးလေဗျာ 