Monday 28 August 2023

 လူသားတိုင်း တစ်နေရာမဟုတ် တစ်နေရာရာမှာ ကျွမ်းကျင်လိမ္မာတဲ့အလုပ်တစ်ခုတော့ရှိတတ်ကြစမြဲပါပဲ ။


တချို့လူတွေဆို သူတို့ ကျွမ်းကျင်ပိုင်နိူင်သော အလုပ်ကို လုပ်နေပြီး 

ဒီအလုပ်ကို ငါပိုင်ပိုင်နိူင်နိူင် လုပ်ဆောင်နိူင်တယ် ဆိုတာတောင် သတိမထားမိပါပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်နေတာတွေ တွေ့ဖူးတယ် ။


ထားပါ အဲ့ဒါတွေ မပြောတော့ဘူး 

ပြောချင်တာက ခေါင်းဆောင်လုပ်နေသူသည် 

ဘယ်သူဟာ ဘယ်အလုပ်မှာ တော်သလဲ( ကျွမ်းကျင်သလဲ ) ဆိုတာကိုသိအောင်လုပ်ထားရတယ်။ 


အဲဒီလိုသိမှ လိုအပ်တဲ့နေရာမှာ သင့်တော်တဲ့သူကို နေရာချထားနိုင်မှာပေါ့။

ဒါတွေကို မသိရင် ခေါင်းဆောင်ကောင်းမဟုတ်သေးဘူး ဆိုတာ ခေါင်းဆောင်လုပ်နေသူတွေ သိထားသင့်ပါတယ် ။


 လူတိုင်းက အရာအားလုံးကို ကျွမ်းကျင်ကြတာမဟုတ်ဘူးလေ။


 အရည်အချင်းကိုသိတဲ့သူမှသာ လုပ်ငန်းနဲ့ကျွမ်းကျင်သူကို မှန်မှန်ကန်ကန်နေရာချထားနိုင်တယ်။ အဲဒါမှ ခေါင်းဆောင်ကောင်းလို့ ပြောလို့ရမယ် ဒါမှလည်း ခေါင်းဆောက်ပီသမည် ဖြစ်သည် ။ 


  

လက်အောက်ငယ်သား လူတိုင်းလူတိုင်းကို သူတို့ကျွမ်းကျင်တဲ့အလုပ်နဲ့ လူမှန်နေရာမှန်ချထားနိုင်မှုစွမ်းရည်ပဲ ဒါကို 

ခေါင်းဆောင်မှုအရည်အသွေးလို့လည်း တနည်းအားဖြင့်ပြောလို့ရတယ် ။


တိရိစ္ဆာန်‌ေတွတောင်မှ အသုံးတည့်သေးတာပဲလေ

မြင်းကို မြင်းနေရာ ဆင်ကို ဆင်နေရာ ခွေးကို ခွေးနေရာ ထားရသေးတယ် မဟုတ်လား ၊ 

မြင်းလုပ်ရမယ့် အလုပ်ကို ဆင်ကို ခိုင်းလို့မရသလို 

ဆင်လုပ်ရမယ့်အလုပ် ခွေးကို ‌ခိုင်းလို့လဲ မရနိူင်ပါဘူး ။


အဓိကပြောချင်တာက 

လက်ရှိ န်ူင်ငံရေးခေါင်းဆောင်တွေ ပြောချင်တာပါ ၊

ဆေးကုတဲ့ ဆရာဝန်သည် ဆေးထိုးအပ်ကို ကိုင်ပြီး ဆေးကုမှ သင့်တော်ပေသည် ၊ 

‌မြေဖြုကိုင်သော ကျောင်းဆရာသည် ကလေးတွေကို စာသင်မှ သင့်တော်‌ေပသည် ၊ 

ဤသို့မဟုတ် ဆေးဆရာဝန်လည်း သေနတ်ကိုင် တောတိုး 

ကျောင်းဆရာလည်း သေနတ်ကိုင် တောခို 

ပန်းချီဆရာလည်း သေနတ်ကိုင် တောခို 

နောက်ဆုံး ကုန်ကုန်ပြောရရင် ပုတီးကိုင်တဲ့ ဘုန်းကြီးကိုပါ တောခို သူပုန်လုပ်ခိုင်နေခြင်းတွေက နည်းနည်းနောနော ပညာ‌မဲ့သော ခေါင်းဆောင်မှုတော့ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ် ။


ပြည်ပြေးမအေဘေး CRPH NUG သောက်ပေါတသိုက်နဲ့ NLD လော်ဘီ အများစု၏ အယူအဆသည် အတော်လေး သဘာဝကျ‌မှု နည်းပါးနေတာ နည်းနည်းပါးပါး တွေးတော တတ်သူတိုင်း သိပါတယ် ။


စဉ်းစားကြည့်လေ ခွေးရူးတွေလို ပတ်ကိုက်နေတာ အချိန်အတော်ကြာပြီ ၊ 


ဆေးရုံမှာ ဆေးကုနေသော ဆရာဝန်သည် သူတို့နဲ့ရန်သူ

‌စာသင်ကျောင်းမှာ စာသင်နေသော ကျောင်းဆရာမလေးသည် သူတို့ရဲ့ရန်သူ 

အနုပညာရှင်တွေ သူတို့အနုပညာအလုပ် လုပ်နေရင်လည်း သူတို့ရန်သူ  

လူအချင်းချင်း မသတ်ဖြတ်ကြဖို့ တပါးသူအသက်မသတ်ကြဖို့ 

တရားဟော ဓမ္မပြပေးတဲ့ ဆရာတော်ဘုန်းကြီးတောင် အသက်ချမ်းသာမပေးပဲ သတ်ဖြတ်နေတာတွေက 

အတော်လေး ကြောက်စရာကောင်းသော နိူင်ငံရေးလမ်းမှားကြီးကို ဆင်ကန်းတောတိုးသလို တိုးနေတာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါတယ် ။ 


တိုင်းဖျက်ပြည်ဖျက် သာသနာဖျက်

NUG PDF တွေရဲ့ နိူင်ငံရေးလမ်းဆုံးသည် ဘယ်တော့ရောက်မလဲ

ဆိုတာကတော့ လက်ရှိတပ်မတော်အစိုးရအပေါ်မှာပဲ မူတည်ပါလိမ့်မယ် ။


အကြမ်းဖက်လူသတ်သမား ဓားပြတိုက် လုယက် အဖျက်အမှောက်လုပ်ရပ်တွေ လုပ်ဆောင်နေသော သစ္စာဖောက်လောက်ကောင်တွေကို အမြစ်ပြတ် ခြေမှုန်းပေးစေဖို့ တပ်မတော်ကို ထောက်ခံသော ပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ် ။


နစက အနေနဲ့လည်း အကြမ်းဖက်သမားတွေကို အကြမ်းဖက်သမားနဲ့ ထိုက်တန်သော တန်ပြန်သက်ရောက်စေသော အရေးယူမှုမျိုးကို ထိထိရောက်ရောက် လုပ်ဆောင်သင့်ပါသည် ။


ထိုသို့မ‌လုပ်ဆောင်ပါလျှင် အောင်မြင်မှုထက် ဆုံးရှုံးမှုက ပိုများပါလိမ့်မယ်။


(လက်ရှိအချိန်ထိပဲ အသတ်ခံရသော အပြစ်မဲ့ပြည်သူတွေ အစိုးရဝန်ထမ်းတွေ ‌ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ အသက်တွေ ရက်ရက်စက်စက် အသတ်ခံနေရသော စာရင်းတွေကို ကြည့်ရင် သိနိူင်ပါတယ် )

နိူင်ငံတော်အစိုးရသည် နိူင်ငံသားတို့၏ 

လူမှုစီးပွားရေး ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိူင်ရမည် ဖြစ်သလို 

နိူင်ငံ့တပ်မတော်သည်လည်း နိူင်ငံသာ‌းတွေရဲ့ 

အသက်အိုးအိမ်စည်းစိမ် အပြည့်အဝ လုံခြုံမှုပေး ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ် ။ 


ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် နိူင်ငံတော် အကြီးအကဲတစ်ယောက် ဖြစ်သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ပါ ယူထားသည်ဖြစ်၍ သူမှ လုံးဝတာဝန်ရှိပါသည် ။ 


တာဝန်ကျေပြွန်စွာ ထမ်းဆောင်နိူင်လိမ့်မယ်လို့လည ယုံကြည်ပါသည် ။


ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ကာကွယ်ပေးနိူင်မှသာ နိူင်ငံခေါင်းဆောင်ကောင်း ပီသဖို့ မျှော်လင့်တောင်းတပါသည် ။


 နိူင်ငံတော်ကို ‌အုပ်ချုပ်သော နိူင်ငံ့ခေါင်းဆောင်ကောင်း ဖြစ်ပါစေ ။ 


ကိုယ်ကျန်းမာ၍ စိတ်ချမ်းပါစေ 

ချစ်ခင်လေးစားရသော အဘမင်းအောင်လှိုင် 

နိူင်ငံတာဝန်များ ကျေပြွန်စွာ ထမ်းဆောင်နိူင်သော နိူင်ငံခေါင်းဆောင်ကောင်း ဖြစ်ပါစေ....... ။


အဓိပတိကမ်မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...