Monday 28 August 2023

 ဟို့တစ်နေ့ မီးပျက်တာနဲ့ လမ်းပေါ်ထိုင်ပြီး ဖုန်းလေးပွတ်လိုက် လိုင်းလေးသုံးလိုက်နဲ့ လမင်းကြီးငေးကြည့်နေရင်းကနေ သတင်းတစ်ခုတက်လာတယ် 

"အိန္ဒိယ အာကာသယာဉ် လကမ္ဘာပေါ် ဆင်းသက်သွားတယ်" တဲ့  


ဒါနဲ့ငါတို့ကမ္ဘာကနေမြန်း မြင်ရလေမလား ဟိုတွေးဒီတွေးနဲ့ လမင်းကြီးကို ငေးကြည့်နေမိပြန်တယ် ။

 

သူများနိူင်ငံ‌တွေတောင် လကမ္ဘာပေါ်သွားနေကြပြီ 

 ကမ္ဘာပျက်ရင် ဘယ်သွားရမလဲ တွေးနေရင်းကနေ ငါတို့နိူင်ငံက လူတွေ ‌ဘယ်ကို သွားမလဲ ထပ်တွေးကြည့်ရင်း ထုံးစံအတိုင်း လမ်းထိပ်က အရက်ဆိုင်ကိုပဲ ထွက်သွားလိုက်တယ် ။ 


ငါတို့နိူင်ငံကလည်း ငါတို့တစ်သက် အာကာသထဲ သွားနိူင်ဖို့ဆိုတာ အဝေးကြီးပဲပေါ့ ။


ရွာက ဆရာတော်အဘဘုန်းကြီး ပြောတာကတော့ လေထဲ ပျံနိူင်ဖို့ဆိုရင်တော့ ဈာဉ်ရဖို့လိုတယ်တဲ့ ဈာဉ်ရဖို့ ဆိုရင်တော့ တရားထိုင် တရားမှတ် ကမ္မဌာဉ်းကျင့် တဲ့ အဲ့ဒါနဲ့ တရားထိုင် တရားမှတ် တစ်နှစ်လောက်လုပ်လည်း ဈာဉ်ကမရတော့ အာကသထဲသွားဖို့က မလွယ်ပါ့လားလို့ တွေးမိပြန်တယ် ။


လမ်းထိပ်အရက်ဆိုင်က ကျော်စိုးက‌ေတာ့‌ေပြာတယ် ။

သူပြောတာတွေက အာကာသနဲ့ပတ်သတ်လို့ စုံနေတာပါပဲ  

အာကာသထဲ သွားလို့ရရင် ရွှေသွားတူးမယ် ကျောက်စိမ်းတွေ စိန်တွေရှာမယ် ဆိုပဲ နောက်ပြီး ဓာတ်ပုံတွေရိုက်ပြီး ရောင်းစားမယ်တဲ့ 

 

ကျနော်လည်း ဘာမှ သိပ်မမှတ်ပါဘူး သူပြောတာတစ်ခုက လကမ္ဘာထဲသွားတာ ' ရိုးပါတယ်ကွာ' တဲ့ အာကာသထဲကိုတောင် သူများနိူင်ငံတွေက သွားပြီးကြပြီတဲ့ သူများနောက်က လိုက်တာ မကောင်းပါဘူး မိမိဘာသာ လမ်းသစ်ဖောက်ပြီး သွားသင့်တယ်ပေါ့ ။


ဒါနဲ့ ဘယ်သွားမလဲလို့ နိူင်ငံရပ်ခြားထွက်ပြေးတဲ့ NUG ပြည်ပြေးတသိုက်ဆီ online ကနေ လှမ်းမေးကြည့်ပြီးတော့ အကူအညီတောင်းကြည့်တော့ သူတို့က ငါတို့နဲ့လိုက်ခဲ့တဲ့ 


ငါတို့လည်း ဘယ်သူနဲ့မှ မတူအောင် လမ်းသစ်ဖောက်ပြီး သွားနေတာဆိုပဲ ။ 

ဘယ်ကိုလည်း ဆိုပြီး ဆက်မေးကြည့်တော့ ကမ္ဘာမြေကြီးအောက်က အဝေဇိငရဲပြည်ကို ဆိုပဲ ၊ 

ဘယ်ကနေဘယ်လိုသွားတာလဲ ဆက်မေးကြည့်တော့ 

သူ့ခင်မျာစိတ်ရှည်ရှည်နဲ့ ဖြေပေးနေရှာ‌ပါတယ် ၊ 

မြန်မာပြည်မယ် ဆေးကုနေတဲ့ ဆရာဝန်တွေ နဲ့ စာသင်နေတဲ့ ဆရာ/မတွေ ကုိ သတ်နေတာ သူတို့အဖွဲ့ပါပဲ တဲ့ 

နောက်ပြီးပြောသေးတယ် တရားပြတရားရှာနေတဲ့ ဆရာတော် ဘုန်းကြီးတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေတာလဲ ငါတို့ NUG PDF တွေ ပဲကွတဲ့ ၊ 

ဒါကြောင့် ငရဲကို ဗီဇာမလိုပဲတောင် သွားလို့ရတယ် ဆိုလားပဲ ။ 


ငါတို့ ဗုဒ္ဓဘာသာမှာ ဘာသာရေးအရ အဝေဇိငရဲကို သွားလိုလျှင် 

ငါတို့နဲ့သာ တစ်ခါတည်းလိုက်ခဲ့တဲ့ အခု နိူင်ငံခြားကနေ စောင့်နေမယ်တဲ့ ။ 


ဒါဆိုရင်တော့ တော်ပါပြီဗျာ မလိုက်တော့ပါဘူးလို့ပေါ့ 

 မြန်မာပြည်မှာပဲ အေးအေးဆေးဆေးလေးနဲ့ အရက်ဆိုင်သွားလိုက် ဆေးလိပ်လေးဖွာနေလိုက်ပဲ နေပါ‌ေတာ့မယ် ၊ ခင်များတို့ရဲ့ မတရားမှုတွေထဲလည်း ကျနော်မပါအောင်ပဲ နေပါ‌ေတ့ာမယ် လကမ္ဘာလည်း မသွားချင်တော့ပါဘူး အာကာသထဲလည်း မသွားချင်တော့ပါဘူး လို့ တောင်းတောင်းပန်ပန်နဲ့

ပြောရတော့တာပေါ့ဗျာ ။


ဒါတောင်သူတို့က ဆက်ပြောနေသေးတယ် ညီလေး မလိုက်ရင်လည်း တော်လှန်ရေးအတွက် အလှုခံလေး ထည့်သွား‌ေပးပါအုံး ဆိုပြီး မျက်နှာငယ်နဲ့ ခွက်ခေါက်ပြီး ၊ 

"NUG pay က လွှဲပေးနိူင်ပါသည် " တဲ့


 ငါ့လူးတဲ့မှပဲ 😆🤣


အဓိပတိကမ်မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...