Monday 26 September 2022

Terrorism and terrorist

 Terrorism 

အကြမ်းဖက်ဗိါ၊ အကြမ်းဖက်ခြင်း


နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲဖြစ်မြောက်စေရန် အစိုးရ သို့မဟုတ် လူ့အဖွဲ့ အစည်းအား အကြမ်းပတမ်းနည်းသုံး၍ အကျပ်ကိုင်ခြင်းကိုဆိုလိုသည်။


အကြမ်းဖက်ဝါဒ ကျင့်သုံးသူတို့ သည် အစိုးရစစ်တပ် သို့မဟုတ် ရဲအဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိ အနိုင်တိုက်ခိုက်နိုင်စွမ်းလည်းမရှိ ကြောင်းကိုလည်း သိသည်။ 


၎င်းတို့သည် ပစ်မှတ်များကိုသာ ထိခိုက်ပျက်စီးအောင် ပြုလုပ်သည်။ ပြည်သူ လူထုသည် ပျက်စီးဆုံးရှုံးမှုကြောင့် စိတ်မရှည်ဘဲဖြစ်လာအောင် အဖျက်အမှောင့်လုပ်ရပ်များကို အကြမ်းဖက် သမားများတို့က ပြုလုပ်ကြသည်။ 


ထို့ပြင် အကြမ်းဖက်သမားတို့ လှုပ်ရှားမှုရှိသည့်နေရာများကို အစိုးရ တပ်များက စီးနင်းတိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများသည် ၎င်းတို့၏အကွက်ထဲသို့ ဝင်လာခြင်းဖြစ်ပါသည်။ 


အကြမ်းဖက်သမားတို့ကို နှိမ်နင်းသည့်အစိုးရတပ်များကို ပြည်သူလူထုက ရွံမုန်းသွားတတ်သည်။


နိုင်ငံရေး အတိုက်အခံများက အာဏာဖီဆန်ရေး (civil disobedience) လှုပ်ရှားမှုဖြင့် အကြမ်းမဖက် ဆန္ဒပြသည့် အခါမျိုးတွင် နှိမ်နင်းရန်ခက်ခဲသည့်အခါ အကြမ်းဖက်လာအောင် လှုံ့ဆော်ခြင်းလည်းရှိတတ်သည်။ 


အိန္ဒိယတွင် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်ကို ဗြိတိသျှအစိုးရက အကြမ်းဖက်နှိမ်နင်း ရာတွင် နည်းမျိုးစုံအသုံးပြုခဲ့သည်။


 


အိုင်ယာလန်လွတ်မြောက်ရေးလှုပ်ရှားသူ အိုင်အာရ်အေများသည် ဗြိတိသျှကိုလိုနီနယ်ချဲ့ များကို တွန်းလှန်တိုက်ခိုက်ရာတွင် ဗုံးခွဲခြင်း၊ ချောင်းမြောင်းလုပ်ကြံခြင်းများကို တရားသောစစ်ပွဲဟု ခံယူကျင့်သုံးကြသည်။ 


ဗြိတိသျှဘုရင်မ၏ဦးရီးတော် မောင့်ဘက်တန်ကိုလည်း ဗုံးဖောက်ခွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့သည်။


 အီတလီ ရက်ဘရီဂိတ်ခေါ် တပ်နီများဂျာမန်ဘာဒါ မိန်းမဟော့ဖ်ဂိုဏ်း၊ ဥရုဂွေးမှ တူပါမာရိုးအဖွဲ့များ၊ ဂျပန် ယာဇူကာအဖွဲ့တို့သည် ထင်ရှားသော အကြမ်းဖက်အုပ်စုများဖြစ်သည်။ 


အကြမ်းဖက်ဂိုဏ်းများသည် များသောအားဖြင့် လက်ဝဲဝါဒကို ယုံကြည်သူများဖြစ်သော်လည်း တရားဝင်ကွန်မြူနစ် ပါတီများက အကြမ်းဖက်အုပ်စုများကို ဆန့်ကျင်သည်။


 ကွန်မြူနစ်များဆင်နွှဲသော လက်နက်ကိုင် တော်လှန်ရေးသည် လူထုကိုစည်းရုံး၍ ပြည်သူ့ပြောက်ကျားနည်းကျင့်သုံးခြင်းဖြစ်သည်။ 


လူထုစည်းရုံးရေး မပါဘဲ လူတစ်စုတစ်ဖွဲ့၏ တစ်ယူသန်လုပ်ရပ်များကို လက်မခံနိုင်ဟု အီတလီ ကွန်မြူနစ်ပါတီက ကြေညာခဲ့သည်။ 


အီတလီတွင် ဗုံးဖောက်ခွဲမှုအများစုသည် ဖက်ဆစ်လက်သစ်များ၏ လက်ချက်ဖြစ်သည်။ 


အစိုးရ အာဏာရခဲ့သော အကြမ်းဖက်အုပ်စုမှာ အာဖဂန်နစ္စတန်မှ တာလီဘန်များဖြစ်သည်။ 


အိုစမာဘင်လာဒင် ဦးဆောင်သော အယ်လ်ခိုင်ဒါအုပ်စုမှာ ၁၁ စက်တင်ဘာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုအဆောက်အဦကြီးကို အပိုင်စီး ၂၀၀၁ တွင် လေယာဉ်များဖြင့် အသေခံ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်ဝါဒကျင့်သုံးမှုအားလုံးအပေါ် ဗိုလ်စွဲသွားသည်။ 


မျက်မှောက်ကမ္ဘာတွင် unlimited war - ကန့်သတ်မဲ့စစ်ပွဲက နေရာယူခဲ့ပြီဖြစ်သည်။


 အကြမ်းဖက်လုပ်ရပ်များအကြမ်းဖက်ဝါဒသည် နိုင်ငံကြီးငယ်မဟူကို ခြိမ်းခြောက်လျက်ရှိနေပြီဖြစ်သည်။


စစ်ဘက်အရပ်ဖက်ဆက်ဆံရေးနှင့် သူတို့အရပ်သူတိုဇာတ်အကြောင်း (ဗလမင်းဒင်)စာအုပ်မှ ကောက်နှုတ်ထားပါသည် ။ 


အဓိပတိကမ်မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...