Monday 12 September 2022

နိူင်ငံတကာ ဖက်ဒရယ်မူကွဲများ

 

-ခွဲမထွက်ခွင့်ဆိုင်ရာနိုင်ငံတကာ ဥပဒေများ- #MIPS နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ 
(က) ခွဲထွက်ခြင်းကို ခွင့်ပြုသည့်နိုင်ငံများ၊ (ခ) ခွဲထွက်ခြင်းကို ပိတ်ပင်သည့်နိုင်ငံများ၊ (ဂ) ခွဲထွက်ခြင်းကို အခြားစကားရပ်များဖြင့် ပြဋ္ဌာန်းသည့် နိုင်ငံများနှင့်(ဃ) ခွဲထွက်ခြင်း သို့မဟုတ် ခွဲမထွက်ခြင်းကို ပြဋ္ဌာန်းထားခြင်း မရှိသည့် နိုင်ငံများဟု အမျိုးအစား လေးမျိုးရှိသည်ကို တွေ့ရှိသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွဲထွက်ခွင့်ကို ပိတ်ပင်သည့် နိုင်ငံများမြန်မာနိုင်ငံ၏ အိမ်နီးခြင်း နိုင်ငံဖြစ်သည့် *တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အာဖရိကကျွန်းစုနိုင်ငံငယ်ဖြစ်သည့် *ကိုမိုရိုး(စ်)နိုင်ငံနှင့် တောင်အမေရိကန်ရှိ *အီကွေဒေါနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ခွဲထွက်ခွင့်များကို တင်းကျပ်စွာ ပိတ်ပင် တားဆီးထားသည်ကို တွေ့ရှိရသည်။ 
တရုတ်နိုင်ငံတွင် ခွဲထွက်ခွင့်ကို ပိတ်ပင်သော် လည်း တဖက်တွင် တိုင်းရင်းသားလူမျိုးများအကြား တန်းတူညီမျှမှုဖြင့် ပြန်လည် ထိန်းချုပ်ထားသည်ကို တွေ့ရှိရသည်။ 
ထို့အပြင် *လိပ်ချိန်စတိန်း (Licchtenstein) နိုင်ငံတွင်လည်း ခွဲထွက်ခွင့်ကို ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိပါသည်။
တောင်အာဖရိက ကျွန်းစုနိုင်ငံဖြစ်သည့် ကိုမိုရိုး(စ်) နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ခွဲထွက်ခွင့်ကို တားမြစ်ထားသည့် ပြဋ္ဌာန်းချက် ပါရှိပါသည်။ 
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကျွန်းများအား ခွဲထွက်ခွင့် ခွင့်မပြုကြောင်းနှင့် ကျွန်းစုနိုင်ငံ၏ နယ်နမိတ် အပိုင်းအခြားများ ပဲ့ထွက်ရန် ရည်ရွယ်ခြင်း၊ အမျိုးသားစည်းလုံးမှုကို ထိခိုက်စေသည့် ပြုမူဆောင်ရွက်ချက်များ အားလုံးကို ခွဲထွက်ရန် လှုံ့ဆော်ခြင်းဟု သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားပါသည်။
လက်တင်အမေရိကန်တောင်ပိုင်းရှိ အီကွေဒေါ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်း နိုင်ငံ၏ စည်းလုံးမှုနှင့် နယ်နမိတ်အပိုင်းအခြားများမှ ခွဲထွက်ရန်ကြံစည် လုပ်ဆောင်မှုများကို တားမြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်ထိုသို့ တားမြစ်နိုင်ရန် အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး လွတ်လပ်ခွင့်များကို ဗဟိုချုပ်ကိုင်မှုမှ လျော့ချခြင်း။ solidarity, subsidiarity, inter-territorial equity, integri tion and public partipation တို့ဖြင့် အာမခံထားသည်ကို တွေ့ရှိရသည်။
-ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွဲထွက်ခွင့်ကို ခွင့်ပြုသည့်နိုင်ငံများ-
 ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွင့်ပြုခဲ့သည့် ဆိုဗီယက်ယူနီယံ နှင့် ယူဂိုစလားဗီးယားနိုင်ငံတို့ ပြိုကွဲပြီးသည့်နောက်ပိုင်း ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တရားဝင်ခွင့်ပြုခဲ့သည့် နိုင်ငံ (၃) နိုင်ငံသည် *အီသီယိုးပီးယားနိုင်ငံ၊ *ဆူဒန် နိုင်ငံ နှင့် *စိန့်ကစ်နယ်ဗစ်၊ *ယူဇဘက်ကစ်စကန်နိုင်ငံတို့ ဖြစ်သည်ကိုတွေ့ရှိရသည်။
-အခြားသောနည်းလမ်းများဖြင့် ခွဲထွက်ခွင့်ကို တားမြစ်သည့် နိုင်ငံများ-
အချို့သောနိုင်ငံများတွင် ခွဲထွက်ခွင့်ကို ဥပဒေဖြင့် ပိတ်ပင်တားမြစ်သည့် အစား နိုင်ငံသည် ခွဲခြမ်းမရသော နိုင်ငံဖြစ်သည်ဟူသော စကားရပ်ဖြင့် ပြဋ္ဌာန်း ကြသည်ကို တွေ့ရှိရသည်။ 
စပိန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “စပိန်နိုင်ငံသည် ဖြိုခွဲမရသော နိုင်ငံဖြစ်သည်'' ဟုလည်းကောင်း၊ 
ဘရာဇီးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် 'ဘရာဇီးနိုင်ငံသည် ဖြိုခွဲမရသော ပြည်နယ်များ၊ ကောင်တီများနှင့် ဖက်ဒရယ်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားသည် ” ဟုလည်းကောင်း၊ 
နိုင်ဂျီးရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ဂျီးရီးယားနိုင်ငံသည် ခွဲခြမ်း၍မရ၊ ဖြိုဖျက်၍ မရသော အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သည် ဟုလည်းကောင်း၊ 
ချက်ပြည်ထောင်စု နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် 'ခွဲခြမ်း၍မရသော သမ္မတနိုင်ငံဖြစ်သည်” ဟု လည်းကောင်း၊
 ဖင်လန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ မက္ကဆီကို နိုင်ငံနှင့် နော်ဝေနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် “ခွဲခြမ်း၍မရသောနိုင်ငံ" ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
-ခွဲထွက်ခြင်း၊ ခွဲမထွက်ခြင်းကိစ္စကို မသိကျိုးကျွံပြုသည့် နိုင်ငံများ-
အထက်ပါနိုင်ငံများမှအပ ကျန်သည့်နိုင်ငံများတွင် ခွဲထွက်ခြင်း သို့မဟုတ် ခွဲမထွက်ခြင်းတို့ကို ခွင့်ပြုခြင်း၊ တားဖြစ်ခြင်း၊ အခြားနည်းလမ်းများဖြင့် တားမြစ်ခြင်း သို့မဟုတ် ပြဋ္ဌာန်းထားခြင်း မရှိပါ။ 
ခွဲထွက်ခြင်း သို့မဟုတ် ခွဲမထွက်ခြင်း ကိစ္စရပ်အပေါ် မသိကျိုးကျွံ (silence) ပြုထားကြသည်ကို တွေ့ရှိရပါသည်။
#အဓိပတိကမ်မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...