▪️တိုင်းပြည်ရဲ့အနာဂတ်မှာ လူငယ်ရောင်စုံပန်းများ ဖူးပွင့်ပါစေ🇲🇲 04032021
အခုဆိုရင် နေ့တိုင်း ရက်တိုင်း နေဝင်ခါနီးရင်
ဝမ်းနည်းပါတယ် ပြောပြီး နောက်ကွယ်ကနေ မြှောက်ပင့်ပေးနေသူတွေရှိေနတယ် ။
ဂုဏ်ပြုပါတယ်ေပြာပြီး စတေးခံနေသူတွေ ရှိတယ် ။
ကန့်ကွက်ပါတယ်ေပြာပြီး အားပေးအားမြှောက်လုပ်နေတယ် ။
ရှုံ့ချပါတယ် .ဆိုပြီး ချနင်းနေကြသူတွေ ရဲ့စကားတွေ ရှိတယ် ၊
အထပ်ထပ်အခါခါ ကြေကွဲပြပြီး စစ်တပ်ကို နာမည်ဆိုးတွင်အောင် လုပ်နေကြသူတွေ ရှိနေပြီ ။
မင်းတို့ လူငယ်တွေသတိရှိကြပါ ဘယ်သူတွေက မိမိတို့ရဲ့ရန်သူေတွလည်း ဘယ်လိုလူတွေ ဘယ်လိုပုဂ္ဂိုလ်တွေက မိမိကို သတ်ကွင်းထဲ တွန်းပို့နေတာလည်း မင်းတို့လူငယ်တွေ သိသင့်ေသာ အချိန်ဖြစ်တယ် ။ မညံ့ကြပါနဲ့တော့ ။
အပြစ်မဲ့ပြည်သူတွေ တန်ဖိုးရှိတဲ့ လူငယ် တွေ လမ်းပေါ်မှာ သေကြေရတိုင်း အရမ်းနာကျင်ရတယ်ခံစားရတယ်။
အောင်မြင်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းပါတယ်လို့လည်း ဝေဖန်ခဲ့ဖူးပါတယ် ။
မအောင်မြင်နိူင်တဲ့ တော်လှန်ရေးလို့ လည်း ခဏခဏ ကျနော် သုံးသပ်ခဲ့ဖူးတယ် အဆဲေတွလည်း အများကြီး ခံခဲ့ရပြီးပြီ ။
ဘယ်လိုလုပ်သင့်တယ် ဘယ်လိုတိုက်ပွဲဝင်ပြီး ဘယ်လိုတော်လှန်သင့်တယ်လို့ အကြံလည်းခဏတိုင်းပြုခဲ့ဘူးပါတယ်။
ကျနော်လည်း ဒီထက်ဘာမှပိုပြောလို့မရတော့ဘူး ပြောလည်း မပြောတတ်တော့ဘူး ။
အခုလည်း အသက်တွေ အများကြီး ဆုံးရှုံးရပြီးပြီ
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ ကိုယ်ယုံကြည်ေနတာ အောင်မြင်မယ် ထင်ေနရင်လည်း ဆက်လုပ်ကြပေါ့ ။
မှားတယ်လို့တော့ မပြောချင်ဘူး ။ ဒါပေမယ့်အမှန်မဟုတ်ဘူးနော် ။
စဉ်းစားမိတာ တစ်ခုရှိတယ် လက်ရှိအေရးအခင်းမှာ လူငယ်တွေရဲ့ အသက်တွေစတေးပေးနေရတာ မထိုက်တန်ဘူးလို့ တွေးမိတယ်။
ဗမာလူငယ်တိုင်းကြားဖူးပါတယ်
အသက်ကုိ ဥာဏ်စောင့်
ဥစ္စာကံစောင့် ဆိုသော မြန်မာစကားပုံရှိပြီးသားပါ အသိနဲ့ သတိရှိကြေပါ့။
ငါတို့လုပ်တာ မှားနေလား မှန်နေလား အသိဥာဏ်နဲ့ သုံးသပ်ဆင်ခြင်ပြီးလုပ်ကြပါ။
မတရားမှုကို တော်လှန်ချင်ကြတဲ့ လူငယ်တွေ ဒီမိုကရေစီအတွက် အသက်ပေးဝံ့တဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ စိတ်ဓာတ်ကိုတော့ လေးစားတန်ဖိုးထားမိပါတယ်။
▪️တစ်ချက်လေးတော့မှတ်ထားကြပါ▪️
လက်ရှိနိူင်ငံရေးပြဿနာဆိုတာ စားပွဲဝိုင်းမှာ နှစ်ဖက်ခေါင်းဆောင်အချင်းချင်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီး နိူင်ငံရေးအပေးအယူ ချိန်ညှိလိုက်ရင်
ရက်ပိုင်းအတွင်း ပြီးစီးသွားမှာပါ ။
ဒါပေမယ့် အခုပေးဆပ်ခဲ့တာတွေက အလကားသက်သက် ဖြစ်သွားမှာ ဆိုတာကိုတော့ သတိချပ်ကြပါ ။
မြန်မာ့
နိုင်ငံရေးမှာ အင်အားကြီးတဲ့ ယှဉ်ပြိုင်တိုက်ပွဲတွေ ရှိခဲ့ဖူးတယ် ။ အလံနီ အလံဖြု ကရင်သူပုန် ရှမ်းသူပုန် တိုင်းရင်သားအစုံနဲ့ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေက ယခုထက်ပိုပြီး အဆပေါင်းမြှောက်များစွာ ကြီးမားပြင်းထန်ခဲ့ပါတယ် ။
နောက်ဆုံးတော့
တွေ့ဆုံညှိနှိုင်းအေြဖရှာကြရတဲ့ စကားဝိုင်းမှာပဲ ဆွေးနွေးအဖြေရှာရတာပဲေလ
လက်ရှိအထိတောင် မပြီးနိူင်သေးတဲ့ လက်နက်ကိုင်ပြဿနာတွေ ပြည်တွင်းမှာ ရှိနေပါသေးတယ် ။
အဲ့တော့ လက်ရှိပြဿနာကို စာပွဲဝိုင်းမှာ အမြန်ဆုံးဆွေးနွေးအဖြေရှာနိုင်လေ ထိခိုက်နစ်နာဆုံးရှုံးမှု နည်းလေပါပဲ
ဒါကို နိူင်ငံရေးသမားတိုင်း သိသလိုစစ်တပ်ဘက်က လူတွေအရာရှိတွေကလည်း ေကာင်းကောင်းကြီး သိကြတယ် ။
ဒါကို ဒေါ်စုလည်း သိတယ် မင်းအောင်လှိုင်လည်း သိတယ် ။
သူတို့ခေါင်းဆောင်တွေ နိူင်ငံရေး ချိန်ခွင် ချိန်ကြည့်မရတိုင်း ကျောင်းသားပြည်သူနှင့် အခြေခံလူတန်းစားတွေက အမြဲပေးဆပ်ကြရတာ သိပ်ကို ဝမ်းနည်းစရာကောင်းတယ် ။
ငြိမ်းချမ်းတဲ့နိူင်ငံေရးလမ်းစဉ်
အမှားနည်းသော နိူင်ငံရေးလမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းစေချင်ပါတယ် ။
ငြိမ်းချမ်းပါစေ မြန်မာပြည်ကြီး
အေးချမ်းသာယာပါစေ ပြည်သူလူထုကြီး ။
မနက်ဖြန်တိုင်းမှာ အရာရာ အစဉ်ပြေပါစေ။
အဓိပတိကမ်မ
No comments:
Post a Comment