Friday, 17 December 2021

 NUG / PDF တွေရဲ့ဖက်က ပြောနေတယ် 

သူတို့ နိုင်နေပြီ အရေးတော်ပုံ အောင်နေပါပြီတဲ့ 

တကယ်မြေပြင်မှာတော့ ဆက်လက်ပြီး အဖမ်းခံနေရဆဲ တစ်ချို့တွေက နေအိမ်တွေ လုပ်ငန်းခွင်‌ေတွကုိ စွန့်ပစ်ပြီး ဘေးလွှတ်ရာ ပြေး‌ေနကြရ ပုန်းနေရဆဲပါပဲ ။ 


အဖမ်းခံထားရတဲ့ ခေါင်းဆောင်တွေတောင် လွတ်မြှောက်ဖို့ မပြောနဲ့ အမှုအမျိုးမျိုး ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲနေကြတာတောင် မပြီးနိူင်သေးဘူး 

။ တစ်ချို့တွေက သူတို့တောင် ပြည်ပပြေးရ ကပ်ရ EAOs တွေထဲ ဝင်ပုန်းနေကြရ လုပ်နေကြရပေမယ့် အရေးတော်ပုံ အောင်နေပြီ ၊ ငါတို့တွေ နိူင်နေပြီလို့ onlineနဲ့ media‌ေတွမှာ အော်လို့ကောင်းနေကြတုန်း ။


နစက SAC လော်ဘီတွေနဲ့ အစွန်းရောက်တပ်ထောက်ခံသူတွေကလည်း ငါတို့နိူင်နေပြီတဲ့ ၊ 

MWD MRTV နဲ့ social mediaပေါ်မှာ တပ်မတော်က နိုင်တာတဲ့ ၊ မင်းတို့ ဘယ်တော့မှ တပ်မတော်ကျရှုံး‌‌ေအာင် မတိုက်နိူင်ဘူးတဲ့ ၊


တကယ်မြေပြင်မှာတော့ တပ်ထောက်ခံသူတွေက နေ့စဉ်အသ တ် ခံနေကြရသလို Non CDMတွေကိုပါ ထပ်ပြီး လုပ်ကြံသတ်ဖြတ်နေကြတာ နေ့စဉ်နေ့တိုင်းပါပဲ ၊ ဒါပေမယ့်လည်း တစ်စက်မှ မလျှော့ဘူး ၊ ငါတို့ နိူင်နေပြီတဲ့ ။ 


ကျနော်အမြင်ကတော့ နစက SAC ‌ရော NUG PDFs တွေရော ဒီပွဲမှာ အားလုံးနိူင်ကြပါတယ် ၊


▪️အမှန်တကယ် ရှုံးနေတာက ကျနော်တို့ အောက်ခြေက အခြေခံ ပြည်သူတွေပါ ▪️


အရေးအခင်း မဖြစ်ခင် (72 နာရီ ငြိမ် )

ဆိုကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်း ၊ 

ဘာပစ္စည်းပဲ ဝယ်ဝယ် နှစ်ဆနီးပါး တက်လိုက်ကြတာ အံ့ဩဖို့တောင် ကောင်းပါတယ် ၊ ဆန်ဈေး ဆီဈေးကအစ ဓာတ်ဆီ ဒီဇယ်အဆုံး တက်လိုက်ကြတာ နိဗ္ဗာန်ထိများ အလယ်သွားသလဲ အောက်မေ့ရပါတယ် ၊ 

လူပြောများတဲ့ ဒေါ်လာဈေး နဲ့ ရွှေဈေးကိုတော့ အခြေခံလူတန်းစားတွေ နဲ့ တိုက်ရိုက်မပတ်သတ်လို့မပြောတော့ပါဘူး ။


ကုန်ဈေးနှုန်းက တက်လို့မှ မပြီးသေး ကိုဗစ်ကြောင့် သေလိုက်ကြတာ သင်္ချိုင်းမှာတောင် ချလို့မနိူင် မီးလောင်တိုက်ရှေ့မှာ အလောင်းတွေ တောင်ပုံရာပုံတွေအထိ ဖြစ်ခဲ့ကြရရှာတယ် ။


ဘယ်‌ေဒသကိုမှ လွတ်လွတ်လပ်သွားလို့မရ ၊ နိူင်ငံရေး‌ေတွ စီးပွားရေးတွေ လူမှုရေးတွေကြောင့် စိတ်မချမ်းမသာ ပူလောင်ရလို့ လူသူနည်းပါးတဲ့ ဘုရားကျောင်းကန်အစ ပင်လယ်ကမ်းခြေအဆုံး သွားဖို့လာဖို့ခက်ခဲနေတဲ့ အနေအထား ။ 


(သွားပြန်ရင်လည်း ခရီးမရောက်ခင် ခြိမ်းခြောက်စာ‌ေတွက အရင်ရောက်ရောက်နေကြတာ)


ပုံမှန်လုပ်နေကျ စီးပွားရေးနဲ့ အလုပ်အကိုင်က ပျက်

စစ်တပ်ကြောင့်လား ပီဒီအက်ဖ်ကြောင့်လား နေ့ သေမလားမသိ ည‌ေသမလားမသိ ၊ 

နေ့ဖမ်းခံရမလား ည ဖမ်းခံရမလား သေချာမသိ မိမိအသက်အိုးအိမ်ကို ဘယ်ဘက်က အာမခံနိူင်မလဲ မသိရတဲ့ ဘဝ‌ေတွဖြစ်နေကြပြီ ။


ခင်များတို့ SAC တပ်မတော်ရော ၊ ခင်များတို့ရဲ့ NUG PDF ဖက်က ရော နိူင်ပါတယ် ။


2021 နိူင်ငံရေး ကစားပွဲမှာ

ငါတို့အ‌ေခြခံပြည်သူကတော့ တကယ်ရှုံးနေတာပါ။

မင်းတို့နှစ်ဖက်စလုံး နိုင်ပါတယ် ငါတို့ပဲ ရှုံးနေတာပါ ။


#အဓိပတိကမ်မ 🇲🇲


.

 ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။


အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမ နဲ့ သူရဲ့အမျိုးသား မန္တလေး မြို့လည်ခေါင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ‌ေတာင် အစိုးရအနေနဲ့ 

ဘာမှတုံ့ပြန်မှုမရှိတဲ့ တပ်မ‌ေတာ်‌ေခါင်း‌ေဆာင်နဲ့အစိုးရအဖွဲ့ကို ကျနော်တို့ ဘာမှအားကိုးစရာမရှိ‌ေတာ့ပါဘူး ။


ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၁၀လ တစ်လျှောက်လုံး

စစ်တပ်ထောက်ခံသူတွေ ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ ၊ အမျိုးသားရေးသမားတွေ နဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ တစ်လျှောက်လုံး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာတွေကို သိနေပါလျှက်နဲ့ ဘာတစ်ခုမှ ထိထိရောက်ရောက် အခုချိန်ထိ မထိမ်းချုပ်နိူင်ခဲ့တာ အားလုံးအသိပါ ၊ 


ဘာလုံခြုံမှုမှ မပေးနိုင်တဲ့ ဒီကာလမယ် တန်ဖိုးရှိတဲ့လူတွေအများကြီး ဆုံးရှုံးခဲ့ရတယ် 


(နှမြောမိ ဝမ်းနည်းမိပါတယ်)


ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုတောင် အကာအကွယ်မပေးနိူင်တဲ့ တပ်မတော်ကို ဘာမှအားကိုးစရာမရှိတော့ပါ ။ 


သောက်သုံးမကျတဲ့အစိုးရ အဖြစ်နဲ့ သမိုင်းမှာ ထင်ကျန်ရစ်ပါတော့မယ် ။  


#အဓိပတိကမ်မ 🇲🇲


 နိူင်ငံရေးသမားဆိုတာ

လူတွေက‌ ကိုယ်ကို ‌ေထာက်ခံ အားပေး‌ေနတဲ့ အချိန် ပျော်တတ်ကြတယ် ၊ မာန ထောင်လွှားတတ်တယ် ၊ 


လူတိုင်းက အဖတ်မလုပ် နှာခေါင်းရှုံ့တဲ့ 

အချိန် ကျဆုံးတဲ့အချိန် ရန်ပြုခံရတဲ့အချိန်မှာလည်း 

လူတွေအပေါ် အပြုံးမပျက် မမုန်းတီးပဲ ရပ်တည်နိုင်ရတယ် ။ 


လူတွေက သူတို့ရဲ့ရပ်တည်ချက်နဲ့ ကိုယ်ရဲ့ရပ်တည်ချက်တူညီရင် ထောက်ခံအားပေးချစ်ခင်တတ်ကြဖို့လည်း ဝန်မလေးတတ်ကြသလို ၊ 

သူတို့နဲ့ ယုံကြည်ချက် ရပ်တည်ချက်နဲ့ မတူညီရင်လည်း နှာခေါင်းရှုံ့ ရန်ပြု အမုန်းထားတတ်ကြတာ သဘာဝပါပဲ ။ 


ဒါပေမယ့် ဆက်လက်ပြီး မိမိရဲ့ရပ်တည်ချက်တွေ ယုံကြည်ချက်တွေကတော့ 

ပတ်ဝန်းကျင်တွေ ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 

အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 


တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ မိမိရဲ့သစ္စာတရားတွေကတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့.....


#အဓိပတိကမ်မ 🇲🇲

Sunday, 12 December 2021

 ည▪️USရဲ့Sanctionက ဘယ်သူ‌‌ေတွကိုထိခိုက်စေသလဲ ?


အမေရိကန် က  မြန်မာနိုင်ငံက တပ်မတော်လက်အောက်ခံလူပုဂ္ဂိုလ် ၁၅ ဦး နဲ့ အဖွဲ့အစည်း ၁၀ ခုကို sanction လုပ်ကြောင်း မနေ့က လူ့အခွင့်အရေးနေ့မှာ ကြေငြာလိုက်ပါတယ်


အဲ့ဒီ sanction ထဲ

လက်ရှိ နစကအစိုးရရဲ့ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များဖြစ်တဲ့ (SAC)ရဲ့လက်ရှိ

▪️ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊

▪️ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊

▪️မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့

▪️ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့ က အဆိုပါ ၁၅ဦး ထဲမှာ ပါဝင်ခဲ့ပါတယ် 

အခုလို sanctionတွေက နစက အစိုးရကို တိုက်ရိုက်ထိခိုက်နစ်နာမှုမရှိဘူးလို့ သုံးသပ်လို့မရပါဘူး ။


ယခု sanction က မြန်မာနိုင်ငံက ထုတ်ကုန်တွေကို ကန့်သတ်တာ မဟုတ်ဘဲ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်တာ ဖြစ်လို့ နိုင်ငံနဲ့ လူထုအပေါ် ဆိုးကျိုးသက်ရောက်မှု နည်းပါးမယ် လို့ တော့မျှော်လင့်လို့ ရပါတယ်


ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်း ၅၀ နီးပါးလောက်ထိ “စီးပွား‌ေရးပိတ်ဆို့ဒဏ် တို့မမှုပါ သယံဇာတ‌ေတွ‌ ‌ေပါကြွယ်ဝတဲ့တိုင်းပြည်” လို့ သီချင်းလုပ်ပြီး ဆိုခဲ့ကြပေမ

မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှု နှေး‌ေကွးသွားရတဲ့ အကြောင်းအချက်တွေထဲမှာ အဆိုပါ sanction တွေလည်း အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်ခဲ့တယ် ဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး

(အရေးယူဒဏ်ပိတ်ဆုိ့ခံရတဲ့ တပ်မတော်ခေါင်းဆောင်တွေ နဲ့ ခရုိနီတစ်သုိက်ကတော့ ချမ်းသာမြဲချမ်းသာနေကြပြီး တိုင်းပြည်ရဲ့ တိုးတက်မှုတွေက နှေးကွေးသွားခြဲတာလည်း အားလုံးအသိဆုံးပါ 


ဒါကြောင့် အခုအရေးယူဒဏ်ခတ်ပိတ်ဆို့မှု့တွေကို အကြောင်းပြုပြီး ကျေနပ်နေတဲ့လူတွေ ဝမ်းသာနေကြတဲ့လူတွေ ကို ပြောချင်တာက နစက(SAC)နဲ့သူတို့အပေါင်းအပါတွေက ဘာမှမဖြစ်နိူင်ပေမယ့် တိုင်းပြည်အတွက်ကျတော့ ရေရှည်မှာ မကောင်းဘူးဆိုတာလောက်ကို သိကြစေချင်ပါတယ်


#အဓိပတိကမ်မ 🇲🇲


့့့့. ။)။ယ့်။ ။    မှာ။

 ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနဲ့ တီရန်နင်မင် ရင်ပြင်သတ်ဖြတ်မှုတွေကြောင့် တရုတ်ကွန်မြုနစ်အစိုးရကို သုံး လေးနှစ်အတွင်း ပြုတ်ကျလိမ့်မယ်လို့ ခန့်မှန်းမှုတွေ အများကြီး ရှိခဲ့ဖူးတယ် ၊ 


နောက်ပိုင်းမှာတော့ ဒီလိုပြောခဲ့သူတွေ ကိုယ်တိုင်က အစိုးရရဲ့အနာဂတ်ပေါ် ကြိုတင်တွက်ချက်နိူင်မှုကို ချီးကျုးလာရတဲ့ အနေထားမျိုးတွေ ရှိခဲ့ဖူးတယ် ။


အများစုက ကွန်မြုနစ်အစိုးရအပေါ် ကိုယ်ကျိုးကြည့်ပြီး အကျင့်ပျက်ချစားနေတဲ့ ယန္တရားလို့ မြင်ထားကြပေမယ့် စစ်တပ်နဲ့အစိုးရကို ဖြုတ်ချဖို့ရွေးမလား ? 

နိူင်ငံရဲ့စီးပွားရေးတိုးတက်နေမှုကို အဆုံးရှုံးခံမလား ? ဆိုတဲ့ မေးခွန်းတွေတောင် အသံကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ဖူးတဲ့ သမိုင်းတွေ တရုတ်ပြည်မှာ ရှိခဲ့ဖူးတယ် ။


နောက်ပိုင်းမှာတော့ ဒီလို ခြိမ်းခြောက်တဲ့ မေးခွန်းတွေ လူသိရှင်ကြားပြောခဲ့သူတွေ ကိုယ်တိုင်က အစိုးရရဲ့အနာဂတ်ပေါ် ကြိုတင်တွက်ချက်နိူင်မှုကို ချီးကျုးလာရတဲ့ အနေထားမျိုးတွေထိ အများကြီး ရှိခဲ့ဖူးတယ် ။


လက်ရှိမြန်မာပြည် ရဲ့ နွေဦးတော်လှန်ရေး နဲ့ တီရန်နင်ရင်ပြင် အရေးအခင်းဖြိုခွဲမှုနှင့် နှိုင်းယှဉ်ကြည့်တဲ့ အတွေးတစ်ခုဝင်လာလို့ပါ ။ 


နစက ထောက်ခံသူ အဘဗောမတွေ အနေနဲ့ အားတင်းထားကြပါ🤗 ။ 


#အဓိပတိကမ်မ 🇲🇲

 10122021

 အကြောက်တရား‌ေတွ နဲ့ ထိန်းချုပ်ခံလိုက်ရတဲ့ ဒီနေ့ကို


လူ့အခွင့်အရေးနေ့ လို့ပြောရဲကြတဲ့ လူတွေ စိတ်လုံနိူင်ကြပါ‌ေစ.စ..


10122021

 ▪️လောကမှာ...

အမှား အမှန် အကောင်း အဆိုး

ကုသိုလ် အကုသိုလ် ဆိုတာရှိပေမယ့်


▪️အမှန်ဘက်က

အကောင်းဘက်က 

ကုသိုလ်ဘက်က ရပ်တည်ဖို့

ပြောရတာလွယ်ပေမယ့်၊ 


▪️တကယ်လိုက်နာကျင့်သုံးဖို့ကတော့

‘‘ သတိ ’’ ရယ် ‘‘ ဥာဏ်ပညာ ’’ နဲ့  

အရေးကြီးဆုံးကတော့ 

‘‘ သတ္တိ ’’ ရှိဖို့လိုပါလိမ့်မယ်။

         အဓိပတိကမ္မ   

#အနေခက်အောင်ကူညီကြသူများ ( ၂၀၁၁ )

 08122021


တပ်‌မတော် အာဏာ်ထိမ်းသိမ်းပြီး‌ နောက်ပိုင်း မြန်မာပြည်အတွင်းတွင် အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲ ၁၉၄၈ ကြိမ်ထက်မနည်း ၂၀၀၀ နီးပါးခန့် အထိ ဖြစ်ပွားခဲ့ပါသည်။ 

ဒီအထဲမှာ ၁၀၀၀ နီးပါးခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တာပါ။ 

တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဟာ September လမှာ ၃၄၄ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့ပါသည် ။

 

February 1 နောက်ပိုင်းမှ December ၃ ရက် နေ့အထိ 

▪️ကချင်ပြည်နယ်၊ 

▪️ကရင်ပြည်နယ်၊ 

▪️ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း အစရှိတဲ့ နေရာဒေသတွေက EAOs နယ်မြေ တွေမှာ တိုက်ပွဲဖြစ်မှု ၁၆၃၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

November လ အတွင်း EAOs နယ်မြေတွေအတွင်း တိုက်ပွဲ ၁၁၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး (ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာ KNU တပ်မဟာ၅ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာပါ။)


ရှစ်လအတွင်း တပ်မတော်နှင့် PDF/NUGတွေအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၅၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

နိုဝင်ဘာတစ်လတည်းမှာတင် ၁၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှစ်လတာ ကာလအတွင်းမယ် အကြိမ်ရေ အများဆုံး ဖြစ်လာတာပါ။

စစ်ကိုင်းတိုင်း မကွေးတိုင်း နှင့် ရန်ကုန်တိုင်းအတွင်းမယ် အများဆုံးအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသည် ။


please po#အဓိပတိကမ်မ 🇲🇲

 မြောင်မြို့ အခြေအနေအမှန်က ဘာလဲ?

------------------------------


မနေ့က ဧရာဝတီသတင်းဌာနကနေ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြောင်မြို့ကို PDF တွေ သိမ်းသွားပြီ လို့ ဆိုတယ်။


နောက်ပြီး မြောင်မြို့နယ်သတင်းပြန်ကြားရေး ဆိုတဲ့ FBpage ကတော့ "တပ်မတော်က ခရီးသွားတွေကို တားပြီး COVID ကာကွယ်ဆေး ထိုးနေသတဲ့" ဆိုလိုတာက စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့သဘောလို့ ယူဆရပါတယ် ။ 


မြောင်မြို့ အဝင်/အထွက် ဂိတ်များကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်နေသော ထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေး အသုံးစရိတ်နှင့် မြို့နယ်သူ/သားများ ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည် ဖြစ်ကြောင်း CDSOM ၏ မနေ့ကပဲ ထုတ်ပြန်ထားသည် ။


ဧရာဝတီကပဲ ထပ်ပြီးတင်ထားသေးတာက တပ်မတော်က ၁၂ ဘီးကားနဲ့ မနေ့ စစ်သား ၅၀လောက် ထပ်ပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မနေကညနေကပဲ တင်ထားတာတွေလည်း ဖတ်နေရတယ် ။ 


(အခြေအနေမှန်လို့ ယုံကြည်ရ‌ေလာက်တဲ့ သတင်းတွေတော့ မဟုတ်ပါဘူး)


မြေပြင်ကအခြေအနေက ဒီနေ့ထိ တိတိကျကျ သေသေခြာခြာ မသိသေးတာရယ် ဒေသခံတွေရဲ့ စကားသံတွေကလည်း ကျယ်ကျယ်လောင်လောင် အခုထိ ထွက်မလာသေးပါဘူး ။


DVB MIZZIMA MYANMAR-NOW IRRAWADDY သတင်းဌာနတွေနဲ့ လော်ဘီတစ်ချို့ရဲ့ သတင်းစကားတွေအရ ဆိုရင်တော့ မြောင်မြို့ဟာ CDSOMရဲ့စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီးတော့တောင် လွတ်မြောက်နယ်မြေ ဖြစ်နေတဲ့သဘောမျိုးတွေ တွေ့နေရ‌တယ် ။


ပထမ မြောင်ကို သိမ်းဖို့ ဆိုတာ ထန်တလန်လောက် မလွယ်ဘူး။ မြောင်မြို့ဆိုတာက အချိန်မရွေး စစ်ကူရောက်လာနိုင်တဲ့ နေရာဖြစ်နေလို့ပါပဲ။


▪️ထန်တလန်လို တောင်ပေါ်မြို့ကိုတောင် တစ်ရက်မကြာပဲ စစ်ကူတွေ အလုံးလိုက် အရင်းလိုက် ရောက်လာပြီး အားလုံးထွက်ပြေးနေရတဲ့ အနေအထားပါ ၊ ထန်တလန်မြို့ကတောင် CDF တွေ လက်ထဲ လုံးဝရောက်မသွားသေးတဲ့ အချိနှ်ာတောင် တပ်မတော်က အထိနာထားတာ‌ေတွများလို့ နယ်မြေရှင်းလင်းရေးတွေ ထိုးလုပ်ခဲ့တဲ့သဘောမျိုးတွေ တွေ့ရတယ် ။

ပြီးတော့ မြောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒလန်ရှင်းလင်းရေး အုပ်ကြီးလုပ်ကြံသတ်ဖြတ်တာနဲ့ စစ်ယာဉ်တန်းကို ဗုံးထောင်မိုင်းခွဲ လုပ်နိူင်တဲ့ သတင်းတွေ ကြား‌ေနရတာက လွဲလို့ 

တခြား မြို့နယ်ရဲစခန်း မြို့နယ်ထွေအုပ် တရားရုံးတွေလောက်ကိုတောင် သိမ်း‌ပိုက်နိူင်ခဲ့တဲ့ သတင်းမျိုးကိုတောင် မကြားဖူးပါပဲ မြို့ကိုသိမ်းပိုက်ပြီး လွတ်မြှောက်‌နယ်မြေ ဖြစ်လာတယ် ဆိုတာမျိုးကတော့ ယုံကြည်ရဖို့ အတော်လေး ခက်ပါတယ် ။


အဓိကပြောချင်တာ မြောင်မြို့ကို PDF တွေ သိမ်းပြီး ဆိုတာ လုံးဝမဖြစ်နိူင်တဲ့ အနေအထားတစ်ခုလို့ ထင်မြင်မိပါတယ် ။ 


ဆိုတော့ ကျွန်တော့် မိတ်ဆွေများမှာ မြောင်မြို့သို့မဟုတ် ၎င်းမြို့နှင့်အနီးနားက တစ်ယောက်ယောက် ရှိရင် အခြေအနေမှန်က ဘာလဲ ဆိုတာကို တိတိကျကျ ပြောပြ‌ေပး‌‌ေစလိုပါတယ် ။မြောင်မြို့ အခြေအနေအမှန်က ဘာလဲ?

------------------------------


မနေ့က ဧရာဝတီသတင်းဌာနကနေ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြောင်မြို့ကို PDF တွေ သိမ်းသွားပြီ လို့ ဆိုတယ်။


နောက်ပြီး မြောင်မြို့နယ်သတင်းပြန်ကြားရေး ဆိုတဲ့ FBpage ကတော့ "တပ်မတော်က ခရီးသွားတွေကို တားပြီး COVID ကာကွယ်ဆေး ထိုးနေသတဲ့" ဆိုလိုတာက စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့သဘောလို့ ယူဆရပါတယ် ။ 


မြောင်မြို့ အဝင်/အထွက် ဂိတ်များကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်နေသော ထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေး အသုံးစရိတ်နှင့် မြို့နယ်သူ/သားများ ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည် ဖြစ်ကြောင်း CDSOM ၏ မနေ့ကပဲ ထုတ်ပြန်ထားသည် ။


ဧရာဝတီကပဲ ထပ်ပြီးတင်ထားသေးတာက တပ်မတော်က ၁၂ ဘီးကားနဲ့ မနေ့ စစ်သား ၅၀လောက် ထပ်ပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မနေကညနေကပဲ တင်ထားတာတွေလည်း ဖတ်နေရတယ် ။ 


(အခြေအနေမှန်လို့ ယုံကြည်ရ‌ေလာက်တဲ့ သတင်းတွေတော့ မဟုတ်ပါဘူး)


မြေပြင်ကအခြေအနေက ဒီနေ့ထိ တိတိကျကျ သေသေခြာခြာ မသိသေးတာရယ် ဒေသခံတွေရဲ့ စကားသံတွေကလည်း ကျယ်ကျယ်လောင်လောင် အခုထိ ထွက်မလာသေးပါဘူး ။


DVB MIZZIMA MYANMAR-NOW IRRAWADDY သတင်းဌာနတွေနဲ့ လော်ဘီတစ်ချို့ရဲ့ သတင်းစကားတွေအရ ဆိုရင်တော့ မြောင်မြို့ဟာ CDSOMရဲ့စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီးတော့တောင် လွတ်မြောက်နယ်မြေ ဖြစ်နေတဲ့သဘောမျိုးတွေ တွေ့နေရ‌တယ် ။


ပထမ မြောင်ကို သိမ်းဖို့ ဆိုတာ ထန်တလန်လောက် မလွယ်ဘူး။ မြောင်မြို့ဆိုတာက အချိန်မရွေး စစ်ကူရောက်လာနိုင်တဲ့ နေရာဖြစ်နေလို့ပါပဲ။


▪️ထန်တလန်လို တောင်ပေါ်မြို့ကိုတောင် တစ်ရက်မကြာပဲ စစ်ကူတွေ အလုံးလိုက် အရင်းလိုက် ရောက်လာပြီး အားလုံးထွက်ပြေးနေရတဲ့ အနေအထားပါ ၊ ထန်တလန်မြို့ကတောင် CDF တွေ လက်ထဲ လုံးဝရောက်မသွားသေးတဲ့ အချိနှ်ာတောင် တပ်မတော်က အထိနာထားတာ‌ေတွများလို့ နယ်မြေရှင်းလင်းရေးတွေ ထိုးလုပ်ခဲ့တဲ့သဘောမျိုးတွေ တွေ့ရတယ် ။

ပြီးတော့ မြောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒလန်ရှင်းလင်းရေး အုပ်ကြီးလုပ်ကြံသတ်ဖြတ်တာနဲ့ စစ်ယာဉ်တန်းကို ဗုံးထောင်မိုင်းခွဲ လုပ်နိူင်တဲ့ သတင်းတွေ ကြား‌ေနရတာက လွဲလို့ 

တခြား မြို့နယ်ရဲစခန်း မြို့နယ်ထွေအုပ် တရားရုံးတွေလောက်ကိုတောင် သိမ်း‌ပိုက်နိူင်ခဲ့တဲ့ သတင်းမျိုးကိုတောင် မကြားဖူးပါပဲ မြို့ကိုသိမ်းပိုက်ပြီး လွတ်မြှောက်‌နယ်မြေ ဖြစ်လာတယ် ဆိုတာမျိုးကတော့ ယုံကြည်ရဖို့ အတော်လေး ခက်ပါတယ် ။


အဓိကပြောချင်တာ မြောင်မြို့ကို PDF တွေ သိမ်းပြီး ဆိုတာ လုံးဝမဖြစ်နိူင်တဲ့ အနေအထားတစ်ခုလို့ ထင်မြင်မိပါတယ် ။ 


ဆိုတော့ ကျွန်တော့် မိတ်ဆွေများမှာ မြောင်မြို့သို့မဟုတ် ၎င်းမြို့နှင့်အနီးနားက တစ်ယောက်ယောက် ရှိရင် အခြေအနေမှန်က ဘာလဲ ဆိုတာကို တိတိကျကျ ပြောပြ‌ေပး‌‌ေစလိုပါတယ် ။


#အဓိပတိကမ်မ 🇲🇲



#အဓိပတိကမ်မ 🇲🇲


 မနေ့က ပခုက္ကူအလယ်တိုက် ဆရာတော်တစ်ပါးအား ခြိမ်းခြောက်သည့် စာတစ်စောင်တွေ့လိုက်သည်။


ထိုစာကို ဖတ်ရင်း စိတ်ကို ဖတ်ကြည့်သည်။ ထိုမှ လာရာ လားရာကိုလည်း မျှော်ကြည့်မိသည်။


ပြောဆိုသည့် လေသံကို ကြည့်လျှင် အလယ်တိုက် သုဝဏ္ဏဝတီဆရာတော် ဦးသောဘနဟု ယူဆရသည်။


ဆရာတော်က ပခုက္ကူတိပိဋကဆရာတော်ဘုရား၏ တပည့်ရင်းပင်။ အပြောအဆို ရဲရင့်၏။ စာပေကျွမ်းကျင်တော်မူ၏။ အသံဩဇာကောင်းလှသည်။ တရားဟောကောင်း၏။ ဓမ္မကထိကလိုင်းဖက်လိုက်လျှင် ကျော်ကြားမည့် ဟောပြောဟန် အသံဩဇာပင်။ 


ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသည့် ဆရာတော်ဖြစ်သည်။ ဆရာတော်ထံတော့ စာဝါမလိုက်ခဲ့ဖူးပေ။ သို့သော် လိုက်ဖူးသည့် သူငယ်ချင်းများ ပြောပြသည်ကတော့ စာချကောင်းလှသည်ဟူ၏။ မိမိပို့ချသည့် ဘာသာရပ်၌ ကျွမ်းကျင်လှပါသည်တဲ့။


ထိုသို့သော် ဆရာတော်မျိုးသည့် လူတို့၏ အဟောက် အငေါက်ကို ခံမည့် ဆရာတော်မျိုး မဟုတ်ကုန်။


သတ်လျှင်လည်း ရဲဝံ့စွာအသေခံသွားမည့် ဆရာတော်ဟု ခန့်မှန်းရသည်။ မိမိတို့ ရှိနေစဉ် သုဝဏ္ဏဝတီသည် သံဃာများစွာ။ သို့သော် နောက်ပိုင်း တစ်ခေါက်ပြန်ရောက်သွားတော့ သံဃာအတော်နည်းသွားသည်။ ဆရာတော်လည်း ကျန်းမာရေး ချို့ယွင်းလျက် ဒေါသလည်း ကြီးလာသည်ဟူ၏။ မကျန်းမမာလျှင် ဒေါသအလိုလို ကြီးလာတတ်သည်။ စာသင်သား အချို့ ဆရာတော့်ဒဏ်မခံနိုင်၍ ပြေးကြသည်ကများသည်ဟူ၏။ 


ကားမှန်မချသဖြင့် စာပေကျွမ်ကျင်တော်မူသည့် ဆရာတော်ကြီးတစ်ပါး အသက်အန္တရာယ် အခြိမ်းခြောက်ခံရမှု။ 


မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည်။ တကယ် အံ့ဩဖွယ်ပင်။


အဘယ်သို့သော် စိတ်ဓာတ်တို့သည် ရဟန်းသံဃာကိုပင် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဖြစ်စေခဲ့သနည်း။


ပြေလည်အောင် ဆက်ဆံ၍ ရနိုင်သည့် နည်းလမ်းတို့ ကုန်ဆုံးခဲ့ပြီလော?


လက်နက်ရှိလျှင် သတ်၍ ရသည် စကားနားမထောင်လျှင် သတ်၍ရသည် ဟူသော အယူဝါဒတို့ လွှမ်းမိုးခဲ့ပါပြီလော?


အတော်စိတ်မကောင်းစဖွယ်ဖြစ်စဉ်များပင်။ 


အဓမ္မကို တော်လှန်နေပါသည် ဟူသော ဓမ္မဖက်တော်သားအမည်ခံယူထားသူတို့၏ ရဟန်းသံဃာတို့အပေါ် ခြိမ်းခြောက်မှု သတ်ဖြတ်မှုတို့ မမြင်ရ မကြားရလျှင် ကောင်းပါလေစွ။


ဆရာတော် ဘေးအန္တရာယ်ကင်းပါစေဘုရား။


ကျန်းမာစွာဖြင့် ခန္ဓာဝန် သာသနာ့ဝန် ဆက်လက်ဆောင်ရွက်နိုင်ပါစေဘုရား။


 https://www.facebook.com/100042225284090/posts/617417139675790/

 နွေဦးတော်လှန်ရေးမယ် ဖြစ်ဖြစ်မြှောက်‌ေမြှာက်အောင်မြင်မှုက ၉လ အတွင်းမယ်လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ ဆေးရုံတွေပိတ်လိုက်ရတာ စာသင်ကျောင်းတွေ ပိတ်ထားတာကလွဲပြီး ဘာမှမရှိတာ အားလုံးအမြင်ပါပဲ ၊ ပြည်တွင်း‌ေမြပြင်မယ် လှုပ်ရှားမှုတွေကို အင်အားကြီးလာအောင် လုပ်ဆောင်နေတဲ့ ကိုဂျင်မီ ကိုဖြိုးဇေယျာသော် တို့ကုိပါ အခုရက်ပိုင်းအတွင်းမယ်လက်နက်အမြှောက်အများနဲ့ အဖမ်းခံလိုက်ရပါတယ် ၊ 


ပြောချင်တာက NUG က အလှုငွေတွေ ဆက်တိုက်ကောက်ခံနေတဲ့ ကိစ္စပါ ၊ ပြည်တွင်းက အလှုငွေကို ရသလောက်ကောက်ပြီး အခု ပြည်ပကနေ ငွေတိုက်စာချုပ်ဆိုပြီး ကြီးကြီးမားမား အလှုငွေတွေ ဇွပ်ကောက်နေခြင်းတွေမှာ ရိုးသားမှုမရှိဘူးလို့ ‌မြင်ပါတယ် ။ 


NUG အစိုးရအဖြစ် ြပည်တွင်းမယ် ပြန်လည်ရပ်တည်နိူင်ဖို့ကတော့ မလွယ်တော့ပါဘူး ။

ဒါကြောင်လဲ သူတို့က ပြည်ပထိထွက်ပြေးကြတာလို့ မြင်ပါတယ် ။

NUG မအောင်မြင်ပေမယ့် ပြည်ပရောက်နေတဲ့Cele‌ေတွ NUG ‌ေ‌ခါင်းဆောင်တချို့ရဲ့ ရည်ရွယ်ချက်က သူတို့တစ်သက်စာ ဖူလုံ‌ေလာက်ငတဲ့ ငွေပမာဏကို ရည်မှန်းချက်ထားပြီး အလှုခံ ရှာဖွေစုဆောင်းနေကြတဲ့ ရည်မှန်းချက်ကတော့ အောင်မြင်‌ေနမှာပါ။ 

(အခုလိုပြောရတာ စိတ်မကောင်းပေမယ့် အလှုငွေတွေ အမြှောက်အများရနေပါလျက်နဲ့ ပြည်တွင်းက CDM ဝန်ထမ်းတွေကို အခုချိန်ထိ မျက်ကွယ်ပြုနေခြင်းတွေက သက်သေပါပဲ )


လက်နက်ကိုင် လမ်းစဉ်နဲ့ နိုင်ငံတော် အာဏာကို ရယူမယ့် GZတွေ PDF‌ေတွရဲ့ တစ်ဖက်သတ် အိပ်မက်တွေကတော့ နစက ကျင်းပမယ့် လာမည့် ရွေးကောက်ပွဲကျင်းပရင်တော့ အိပ်ပျော်နေတဲ့သူကို လှုပ်နိူးလိုက်သလို သိကြရပါလိမ့်မယ်။


ဒီနေ့ နစက သတင်းစာရှင်းပွဲမယ် NLD ဖျက်သိမ်းရေးမေးတော့ ဇော်မဲလုံးရော UEC ကပါ ဝေ့လည်ကြောင်ပတ် ပြန်ပြီးဖြေပုံထောက်ရင် NLD မဖျက်သိမ်းနိူင်ဘူးလို့ ယူဆလို့ရပါတယ် ။

 

နောက်ပြီး တော်လှန်ရေးနဲ့ မပက်သက်ပါဘူးလို့ ခံဝန်ထိုးထားတဲ့ အမတ်ပေါင်း၂၀၀ကျော် ၃၀၀နီးပါး ရှိ‌ေနတာကုိလည်း အားလုံးအသိပါပဲ ။


"သမ္မတဟောင်း ဦးကျော်ထင်နဲ့ ဒေါ်စုစုလွင်တို့က အင်အားအချို့ စုဆောင်းထားပြီး NLDပါတီကို အမွေဆက်ခံဖို့ ပြင်နေကြတယ်" ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်နေတယ် ၊ 

ဦးခင်မောင်ဆွေတို့ 2010 ရွေးကောက်ပွဲ ဝင်သလို ပါတီအမည်အသစ်နဲ့ပဲ ပြန်လာမလား NLD အနေနဲ့ပဲ ဆက်ပြီး ရပ်တည်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ 

(NLD အသက်ဆက်ဖို့အတွက် ဦးထင်ကျော်ပဲ ဖြစ်ဖြစ် ဒေါ်စုစုလွင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်လိမ့်မယ်လို့ မျှော်လင့်မိတယ် )


ပြည်တွင်းက လက်နက်ကိုင်ထားတဲ့ GZတချို့နဲ့ PDF တစ်ချို့တစ်ဝက်လောက်ကတော့ လက်ခံနိူင်မှာမဟုတ်ပါဘူး ၊ အင်အားအနည်းငယ်နဲ့ တောထဲမှာပဲ ဆက်ပြီး ရပ်တည်‌ေနပါလိမ့်မယ် ။

(စတေးခံအသက်‌ေတွ ဘဝတွေအတွက် စိတ်မကောင်းပါဘူး)

နစက ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲခရီးကြီး ဝေးရင် ဝေးသလောက် အချိန်‌ေတွကြာရင် ကြာနေသလောက် နှစ်ဖက်စလုံးမယ် ပေးဆပ်ရတဲ့ တန်ဖိုး‌ေတွများလေပါပဲ ဆိုတာကို ပြည်သူအများစုက အမြဲသတိချပ်စေချင်ပါတယ် ။


▪️မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ▪️


#အဓိပတိကမ်မ 🇲🇲

Sunday, 5 December 2021

 ရန်ပွားအောင် လုပ်ရတာက သိပ်ကိုလွယ်ကူသလောက် ၊ 

သည်းခံပေးရတာ နဲ့ ခွင့်လွှတ်ပေးတတ်ဖို့ ဆိုတာကြတော့ သိပ်မလွယ်ကူလှဘူး ။ 


#အဓိပတိကမ်မ 🇲🇲

 🇷🇺💛🇲🇲


ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် ဧည့်ရိပ်သာ ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံခဲ့ကြပါသည်။


(ပြီးခဲ့တဲ့သီတင်းတစ်ပတ်လောက်ကပဲ ရုရှားရေတပ်က ဗိုလ်ချုပ်ကြီးရဲ့ လျှို့ဝှက် နေပြည်တော်ခရီးစဥ်ကို ပြည်တွင်းသတင်းအရင်းအမြစ်များရ သိရတယ် ။ခရီးစဥ်အသေးစိတ်ကို နှစ်ဖက်စလုံးကသတင်းမထုတ်ပြန်ကြပါဘူး ။ ဒါဟာ ရုရှားရဲ့ နောက်ထပ် ဗျူဟာမြောက် ပထဝီနိူင်ငံရေးအရွေ့ စစ်အခြေစခန်းတစ်ခု မြန်မာနိုင်ငံမှာ ထပ်မံထွက်ပေါ်လာနိုင်မလားဆိုတဲ့ မေးခွန်းမျိုး Military Today news website ကလည်း မေးခွန်းထုတ်ခဲ့ပါတယ် ။) (ကိုးကား-နိူင်လင်းထက်ပိုစ့်မှ)


 အခုရက်ပိုင်းအတွင်းမှာ

"​မြန်မာ၏ စီးပွားရေးနှင့်လုံခြုံရေးအတွက်အစွမ်းကုန် ကာကွယ်ပေးမည် " ဟု ရုရှားရေတပ် ဒုချုပ်ပြောထားခဲ့တာလည်း ရှိပါတယ် ။


" မြန်မာဟာ ရုရှားအတွက် ယုံကြည်စိတ်အချရဆုံး အရှေ့တောင်အာရှ က မိတ်ဆွေနိုင်ငံဖြစ်ပြီး မြန်မာစစ်ဘက်နဲ့ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ " ရုရှားကာကွယ်ရေးဝန်ကြီးက တရားဝင်ပြောကြားထားတာ‌ေတွကလဲ ရှိနေပြန်‌ေသးတယ်။

 

ယခုအချိန်မှာ

ကျနော်တို့နိူင်ငံဟာ ဒေသတွင်း အာဆီယံဆက်ဆံရေးတင်းမာမှုတွေ မြင့်‌တက်နေချိန်မှာ ရုရှားဘက်က ဒီလိုပြတ်ပြတ်သား နစက ဘက်က ရပ်တည်နေခြင်းက ကြီးမားတဲ့ နိူင်ငံတကာဆက်ဆံရေး ကို နစကအတွက် မောင်းတင်ပေးနေခြင်းလို့ မြင်မိပါတယ် ။


ရုရှားက ခြေလှမ်းခပ်စိပ်စိပ် နဲ့ မြန်မာအပေါ်လွှမ်းမိုးမှုတွေ ယခင်ကထက် ပိုမိုကြီးထွားလာနေတာ အသေအခြာပါ ၊ 


အရင်ကတည်းကလည်း ရုရှားလက်နက်တွေ အမြှောက်အများ ပြည်တွင်းက ဝယ်လိုအားတွေ အများကြီး ရှိနေသလို စစ် ပညာတော်သင်နဲ့ စစ်ဘက်ဆိုင်ရာ ပြိုင်ပွဲတွေ စစ်ဘက်ဆိုင်ရာနိူင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာနဲ့ရုရှားက အတော်လေး မိတ်ဖက်ဖြစ်နေခဲ့တယ်လို့ သုံးသပ်ရတယ် ။


▪️ပြောချင်တဲ့ အဓိက အကြောင်းအရင်းက ပြည်တွင်းမှာ အခုလက်ရှိ တော်လှန်ရေးအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းတို့ ချင်းပြည်နယ် တို့လို့ ဒေသအတော်များများမှာ တပ်မ‌ေတာ်က နောက်ထပ်ဝယ်မယ့် ရုရှားရဲ့စစ်လက်နက်အသစ်တွေ စမ်းသပ်ဖို့အတွက် စက်ပစ်ကွင်း‌ေနရာ‌ေဒသတစ်ခုဖြစ်‌လာနိုင်ပါတယ် ။ 

(ကံဆိုးရင်တော့ ရုရှားရဲ့စစ်လက်နက်အသစ်တွေစမ်းရုံတင်မကဘဲ သက်တမ်းလွန်တွေကိုပါ ဖျက်ဆီးဖို့ စက်ပစ်ကွင်းတစ်ခုဖြစ်လာနိုင်ပါတယ် ) 


နိူင်ငံတကာဖိအားတွေ လက်ရှိထက် ပိုများလာရင် များလာသလောက် နိူင်ငံတကာဆက်ဆံရေးကို မငဲ့ကွက်ပဲ နစကဘက်က ပြည်တွင်းမှာ ယခုထက်ပိုပြီး ရုရှားလက်နက်အသစ်အဆန်းတွေ စမ်းသပ်ဖို့ အတွက် ဖြစ်လာနိူင်မလား ဆိုတာကတော့ မတွေးဝံ့စရာပါ ။ 


အားလုံးဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ။


အဓိပတိကမ်မ 🇲🇲

 ▪️ရွေးချယ်စရာလမ်းမရှိတော့ဘူးတဲ့လား▪️ 


NUG အနေနဲ့ လက်နက်ကိုင်တိုက်ရမယ့် စစ်‌ေရးဘက်ကို မရွေးချယ်ခဲ့သင့်ဘူး။

PDF တွေမှာ လက်နက်ကလည်း မပြည့်မစုံ ၊ ဘဏ္ဍာရေးကလည်း မပြည့်မစုံနဲ့ စစ်ပွဲ‌ေတွကို စတင်လိုက်တာဟာ အတော်လေး အန္တာရယ်ကြီးပါတယ် ။


▫️စစ်စတင်ဖြစ်လာပြီဆိုရင် ပထမဆုံး လူတွေ‌သေမယ် ၊ 

( စစ်ဖြစ်ခြင်းဟာ လူအများဆုံးသေစေတဲ့ နိူင်ငံရေးလမ်းပဲ ဖြစ်ပါတယ် ။)

▫️စီးပွားရေးသမားတွေ စီးပွားရေးပျက်ကြမယ် 

▫️အခြေခံလူတန်းစားတွေ အငတ်ဘေးစိုက်လာမယ် ၊

▫️နေအိမ်တွေ မီးရှို့ခံရမယ် 


▫️နောက်ပြီး အိုးအိမ်တွေကို စွန့်ခွါပြီး တောတွေတောင်တွေထဲကို ပြေးကြရမယ် ၊ ကလေးတွေလည်းသေကြေရမယ် မိန်းမတွေအမျိုးသမီး အများစုလည်း မုဒိမ်းအကျင့်ခံရနိူင်ပါတယ် ၊


▪️ (ဒါတွေဟာ စစ်ရဲ အနိဌာရုံတွေပါပဲ) ▪️


စစ်ရဲ့အကျိုးဆက်ကို ပထမဆုံးခံကြရမှာက ပြည်သူတွေပါပဲ ။ ဒီမိုကရေစီနိူင်ငံရေးမှာ ပြည်သူအတွက် ငြိမ်းချမ်းရေးလမ်းကုိ ရွေးရတာပဲ ရှိပါတယ် ။ 

ပြည်သူအတွက်စစ်တိုက်ရတယ်ဆိုတာ မရှိပါဘူး


အစွန်းရောက်တဲ့ နိူင်ငံရေးဝါဒ ကြောင့်သာ စစ်ပွဲ‌ေတွ ဖြစ်ကြတာပဲလို့ ထင်မြင်မိပါတယ် ။


ကျနော်တို့ဟာ အစွန်းရောက်သော နိူင်ငံရေးအယူအဆတွေကို စွန့်လွှတ်ကြရပါလိမ့်မယ် ၊ ဒါဟာ ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ ။


စစ်ဖြစ်လာပြီဆိုရင် စစ်ကိုလိုလားတဲ့ပြည်သူတွေရော စစ်ကို မလိုလားတဲ့ပြည်သူတွေရော အားလုံးက စုပေါင်းပြီး ခံစားကြရတာပါ ၊

ဒါကိုနှစ်ဖက် နိူင်ငံရေးခေါင်းဆောင်တွေ သိထားသင့်ပါတယ် ။ 


ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်နိူင်ငံကို နျူဗုံး ကျဲခံရတဲ့ Hiroshima မြို့နဲ့ Nagasakiမြို့တွေပဲကြည့်ဗျာ အဖြုတွေ အမည်းတွေ ခွဲမနေဘူး အကုန်သေကြရတာပဲ ။ အနီတွေ အစိမ်းတွေ ခွဲမနေဘူး အကုန် ဒုက္ခရောက်တာပဲ ။


အခုလည်း မင်းတပ်‌တို့ ထန်တလန်တို့မှာ အကုန်ထွက်ပြေးကြရတာ နောက်ပြီး အိမ်တွေကို မီးရှို့ခံရတာ‌ေတွ‌ေတာင် ပါသေးတယ် ၊ ဒါတွေဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ် ။

အခုလည်း စစ်တပ်ဘက်ကလည်း စစ်ကိုင်းဘက်ကို အလောင်းမင်းတရား စစ်ဆင်ရေးဆိုပြီး အခုစတင်နေပြန်ပြီ ။


NLD အနေနဲ့ အနိူင်ယူလိုလျှင်

အပျော့နည်းကုိသုံးပါ Soft power သုံးပါလို့

 အစိုးရသက်တမ်းတစ်လျှောက်လုံး ပြောလာလည်း အလကားပါပဲ။

နိူင်ငံရေးပဋိပက္ခ ဖြစ်မလာခင်ကတည်းက ပြောလာခဲ့တာ တစ်ယောက်မှ နားမလည်ကြဘူး ။ 

အချို့ကျလည်း နောက်ဘဝရောက်တဲ့အထိကို

နားလည်မသွားကြဘူး။


ကျနော်တို့ မြန်မာပြည်သူအများစုက စာမဖတ်တော့ နားမလည်ဘူး စာဖတ်ပါတယ်ဆိုတဲ့ လူငယ်တချို့ကျတော့လည်း ဉာဏ်ရည်က အဆင့်မမီတော့ နားမလည်နိူင်ပြန်ဘူး။ 

(နိူင်ငံရေးကို ကမူးရူးတိုးနဲ့ စဉ်းစားစဉ်ချင်မှု ကင်းစွာလုပ်ကြတယ် )


စေ့စပ် ညှိနှိုင်းရေးလမ်းကို ရွေးပါလို့ ဘယ်လောက်ပဲ အော်နေနေ လက်ခံတဲ့လူက အနည်းစုပဲ ရှိတယ် ။ 


စစ်ကို ခေါ်ရင် စစ်က လာမှာပါ ။

စစ်ဆိုတာ အပြင်းပြေ စိတ်ညစ်တိုင်း ထပြီး ကစားလို့ကောင်းတဲ့ အရာမဟုတ်ဘူး ဆိုတာကို အားလုံးသိထားသင့်ပါတယ် ။


လူ့အသက်တွေစတေးရတဲ့ နိူင်ငံရေး အားပြိုင်မှုတွေကို မြန်မာပြည်သူအားလုံးက ရွံ့မုန်းသင့်နေပါပြီ ။


အခုကတော့ ငါတို့မလိုလားတဲ့ ဒီစစ်ပွဲတွေနဲ့ ငါတို့ နိူင်ငံသားအချင်းချင်း ငါတို့လူမျိုးအချင်းချင်း ▪️သတ်နေဆဲပဲ ▪️သေနေဆဲပါပဲ ။


အဓိပတိကမ်မ 🇲🇲


https://www.facebook.com/kmpyaephyoaung/


.

 အရင်တုန်းကတော့ ကျည်ဆံတွေအစား ခဲတံတွေပေးပါဆိုပြီး အော်ခဲ့လော်ခဲ့တဲ့ လူတွေက 

 အခုကျတော့လည်း ကျောင်းဝ သွားရင် ပြောင်းဝ နဲ့ တွေ့မယ်တဲ့ အပြောင်းအလဲ‌အတော်မြန်ပြီး ကြောက်စရာအတော်ကောင်းတဲ့ လူတွေဗျာ ။ 


(တာလီဘန်တွေတောင် ဒီလောက်ထိ မဆိုးရွားလောက်ဘူး )


အံ့ဩမိပါရဲ့

နောင်မျိုးဆက်တွေအတွက်

ခဲတံဖိုးအစား ကျည်ဆံဖိုးပဲ လှုကြပါတဲ့

(ဘယ်လောက်ထိ အောက်တန်းကျထားလဲ)

 

ပညာရေးမြင့်မှ တိုင်းပြည်တိုးတက်မှာဆို မင်းတို့ပဲ ပြောခဲ့ကြတာလေ၊

အခုကျတော့ ကျောင်းမတက် နဲ့ ကျောင်းပျက်တဲ့ အတော်‌ေလး စိတ်ပျက်စရာကောင်းတဲ့ လူတွေဗျာ ။

တခါတခါ မြန်မာ့နိုင်ငံရေးကို

ဘာမှမပြောပဲ နေချင်‌ေလာက်အောင် စိတ်ကုန်မိတယ် ဒါပေမယ့်လည်း ထပ်ခါထပ်ခါ ပြောပြောနေမိပြန်တယ် ။


ဒို့ မြန်မာတွေ ကျက်သရေတုံး ကုန်ကြပြီ ။ 


#အဓိပတိကမ်မ 🇲🇲

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်အစိုးရအဖွဲ့ဝင်တွေကို

ချက်ချင်းလွှတ်ပေးဖို့ ပြီးခဲ့တဲ့ရက်ကပဲ တရားဝင် စာထုတ်ပြန်ပြီး ပြောကြားထား‌တာတွေ ရှိတယ် 


ကျနော်တို့ နစက ကတော့ အချိန်ကိုက်ပဲ 

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ တရားခံ ဒေါ်နန်းခင်ထွေးမြင့်ကို အလုပ်နှင့်ထောင်ဒဏ် ၇၅ နှစ် ဒီနေ့ ချပစ်လိုက်တယ်

တရားခံ ဒေါ်နန်းခင်ထွေးမြင့်က အမှု ၅ မှု နဲ့ တစ်မှုကို ၁၅ နှစ်နှုန်း စုစုပေါင်းထောင်ဒဏ် ၇၅ နှစ် ကျသွားတယ် ဒီမနက်ပဲ အမိန့်ချလိုက်တာ။ 


▪️အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ စွဲထားတဲ့အမှုတွေနဲ့ ရာထူးလက်ရှိဖြစ်တဲ့အချိန်တုန်းက ဆေးဝါးကုသစရိတ် ထုတ်ယူတဲ့အကြောင်းတွေ၊ 

▪️ကရင်ပြည်နယ် ကမ်းနားလမ်း သာယာလှပရေးကိစ္စတွေ၊ 

▪️အစိုးရကို ရန်ပုံငွေပေးသွင်းရမှာကို အစိုးရဘဏ်အကောင့်မှာ မထည့်ဘဲ ဖွံ့ဖြိုးရေးရန်ပုံငွေအနေနဲ့ ပုဂ္ဂလိကဘဏ်မှာ သီးခြားအကောင့်နဲ့ ထည့်တယ်ဆိုတာတွေနဲ့ ချလိုက်တာ ဖြစ်ပါတယ်။


'' ပြောတော့လဲ အဂတိကင်းတယ် ငါတို့အစိုးရက မခိုးဘူး ဆိုတာချည်းပဲ မိလိုက်လဲ သူခိုးမှုတွေချည်းပဲ ရှက်တတ်ရင် လဲသေလို့တောင်ရနေပြီ ။ " 


နောက်ပြီး

ကရင် ပြည်နယ် ဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးသန်းနိုင်ကိုလည်း ထောင်ဒဏ် ၉၀ နှစ်အမိန့်ချလိုက်တယ် ။ အမှု ၆ မှု ၁ ခုကို ၁၅ နှစ် နဲါစုစုပေါင်း ၉၀ နှစ် အမိန့်ချလိုက်ပါတယ်ဗျာ ။ 

ဘာတတ်နိူင်ကြပါသေးသလဲခင်ဗျာ 😁


ကရင်ဝန်ကြီးချုပ်ဟောင်းကို ၇၅နှစ် စည်ပင်ဝန်ကြီးဟောင်းကိုလည်း ကျူးလွန်ထားတဲ့ အဂတိအမှုတွေအတိအကျ နဲ့ ထောင်ဒဏ် အနှစ် ၉၀ တွေ ချပြလိုက်ပါတယ် ။


ဒါတောင် ဦးဝင်းထိန်ကို အနှစ် ၂၀ ချထားတာ ထည့်မပြောသေးဘူး ။


နောက်ထပ် အစိုးရအဖွဲ့ဝင်ဟောင်းတွေလည်း လာပါလိမ့်မယ် ၊ စောင့်မျှော်ကြည့်ထားကြပါဗျာ ။


အနောက်က အမေရိကန်နိူင်ငံ‌ခြားရေး ဝန်ကြီးရော ဘာတတ်နိူင်သေးသလဲ 

ပြည်တွင်း ဖိုးသူတော်အမည်ခံ သူခိုးလောင်းလေးတွေရော ဘာတတ်နိူင်သေးလဲ ။


▪️သူခိုးကြီးရော သူခိုးလေးရော အေးဆေးဖြစ်သွားပြီ ။▪️

(မှတ်မိကြသေးလား မနှစ်က ဒီအချိန်မှာ အဲ့လိုလှောင်ခဲ့ကြတဲ့လူတွေ )🤗


@အဓိပတိကမ်မ 🇲🇲

 ဒီနေ့ကာချုပ်မင်း‌ေအာင်လှုိင်က နိူင်ငံရေးပြစ်မှုတွေနဲ့ အကျဉ်းကျခံ တရားစွဲခံထားရတဲ့ လူဦးရေ

ငါးထောင်ကျော်ကို လွှတ်‌ေပးလိုက်တာနဲ့ ပတ်သတ်ပြီး တပ်မတော်ကို ထောက်ခံတဲ့သူတွေက မကျေမနပ်ဖြစ်နေကြသလို social media ပေါ်မှာလည်း ဥဩသောင်းနင်း ဖြစ်နေကြတာတွေ မြင်တွေ့နေရပါတယ် ။

အခု NLD ထိပ်ပိုင်းက မုံရွာဦးအောင်ရှင်အထိ လွှတ်ပေးနေပြီဆိုတော့ အတော်လေး သဘောထားပြည့်ဝတဲ့ နစကပဲလို့ မြင်မိတယ် ။  


ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်‌ေပးတာကို လက်ခံပါတယ် ‌ထောက်လည်း ထောက်ခံပါတယ် ။ 

ဒီမိုကရေစီစနစ်နဲ့နစက အာဏာကမောင်းနင်နေခြင်း ဖြစ်တဲ့အတွက် နိူင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ့် တာဝန်ကလည်း တစ်ဖက်မှာ ရှိပါတယ် ။


တပ်ထောက်ခံသူတွေကို အဓိက ပြောချင်တာက ပြန်လွှတ်ပေးလိုက်တဲ့လူတွေက ဆန္ဒပြခဲ့လို့ ဆန္ဒပြဖို့ လှုပ်ဆော်ခဲ့ကြတွေ နိူင်ငံတော် အကြည်ညိုပျက်စေတဲ့ နိူင်ငံရေးပုဒ်မတွေနဲ့ပဲ ြဖစ်ပါတယ် ။ 

ဒီမိုကရေစီစံနှုန်းတွေနဲ့နိုင်ငံရေးပြစ်မှုတွေ နိူင်ငံရေးသမားတွေကုိ ပြန်ပြီး လွှတ်ပေးသင့်ပါတယ် 


အခုလွှတ်‌ေပးလိုက်တဲ့အထဲမှာ လူသတ်တဲ့လူလည်း တစ်ယောက်မှ မပါဘူး ဗုံးခွဲတဲ့လူတွေလည်း လုံးဝမပါပါဘူး ။ အကြမ်းဖက်တဲ့ PDF တွေလည်း မပါဘူး ။ 

NUG PDF ကို ထောက်ခံအားပေးတာတွေကတော့ရှိချင်ရှိမှာ‌ေပ့ါ ။ 


ကျနော်တို့ က အပြုတ်တိုက်အပြတ်ရှင်း 

လုပ်လို့မရပါဘူး ၊

ဒါ့ကြောင့် တတ်နိုင်သမျှ ဖြေလျော့တဲ့ပျော့ပြောင်းတဲ့နည်းလမ်းတွေကို အသုံးချဖို့အခွင့်အရေးရတိုင်း အသုံးချရမှာပါ ။

 

 နစက တက်လာကတည်းက 

အပျော့နည်းနဲ့တက်လာခဲ့သလို အခဲခက်ဆုံးသော အပြင်းထန်ဆုံးသော တော်လှန်ရေးရေချိန် အမြင့်ဆုံး အချိန်တွေမှာတောင် ပျော့ပျော့ပြောင်းပြောင်းပဲ ကိုင်တွယ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ် ။


ကာချုပ်မင်းအောင်လှိုင်က အစွန်းရောက် စစ်ခေါင်းဆောင်တစ်ယောက်မဟုတ်ပါဘူး ၊ ဒီမိုကရေစီကို အလေးထားပြီး တော်တော်လေး စိတ်သဘောထားပြည့်ဝတဲ့ နိူင်ငံရေးသမားဆန်တဲ့ စစ်ခေါင်းဆောင်လို့ပဲ ကျနော်က သုံးသပ်ချင်ပါတယ် ။

နစက ကို ထောက်ခံဝန်းရံကြသူတွေအနေနဲ့လည်း အစွန်းရောက်သော အပြုတ်တိုက်အပြတ်ရှင်းဝါဒလမ်းစဥ်ကို မမျှော်ကိုးကြပါနဲ့ ၊မအလလက်ထက်မှာ ဖြစ်လာနိူင်မှာလည်း မဟုတ်ပါဘူး ။


 NLD ထောက်ခံသူလည်း မြန်မာနိုင်ငံသားပဲ ၊ တိုင်းပြည်အပေါ် အဖျက်အမှောက်လုပ်နေကြသူတွေကလည်း ကျနော်တို့နဲ့ တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ညီအကိုတွေပဲ‌ေလ ။

ပြည်သူအချင်းချင်း အမုန်းတွေအငြိုးတွေနဲ့ ဒီနိူင်ငံထဲမှာ ထာဝရနေထိုင်သွားလို့မရပါဘူး။

 

တိုင်းပြည်နဲ့လူမျိုးကို ဘုံထားပြီး အချင်းချင်း စကားများ ရန်ဖြစ်နေလို့ ထာဝရမရနိူင်ဘူးလေ ။


ထာဝရရန်သူမပြောထားပါနဲ့ တစ်ခဏတာရန်သူအဖြစ်လို့တောင် သတ်မှတ်လို့မရတဲ့ သူတွေအပေါ်ကို အမုန်းတရားရှေ့တန်းမတင်စေချင်ဘူး ။


အပြစ်မဲ့ အသတ်ခံလိုက်ရတဲ့ လူတွေပေါ် မငဲ့ကွက်လို့ ဒီလိုစကားမျိုးပြောတာမဟုတ်ပါ ၊ သေသွားတဲ့ အသက်တွေအတွက် ခင်များတို့လိုပဲ ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ 

အခုချိန်ကတော့ ကျနော်ကိုယ်တိုင်လည်း မိမိရဲ့အသက်အန္တရာယ်ကို ဂရုစိုက်နေရတဲ့ အချိန်ပါ ။


ဦးနေဝင်းတို့ ဦးစောမောင်တို့လို ဦသန်းရွှေတို့လို စစ်သွေးစစ်မာန် တွေနဲ့ အပြုတ်တိုက်အပြတ်ရှင်းစေလိုတဲ့ ဆန္ဒကတော့ ခင်များတို့လို ကျနော်မှာလည်း ရှိတာပေါ့ ၊ ဒါပေမယ့် ဖြစ်မှာမဖြစ်နိူင်ပဲလေ မဖြစ်နိူင်တဲ့ အနေအထားဆိုတော့ နစကရဲ့ အာဏာအပျော့လိုင်းကိုပဲ စနစ်တကျ ဟန်ချက်ညီညီ လျှောက်နိူင်ဖို့ကိုသာ ကျနော်တို့က ဖေးမှကူညီအားပေးကြရမှာပေါ့ 


▪️ကျနော်တို့ အချိန်ယူရပါလိမ့်မယ် 

▪️ပေးဆပ်မှုတွေ များပါလိမ့်မယ် 

▪️အနစ်နာခံမှုတွေ သီးခံနိူင်စွမ်းတွေကို အစွမ်းကုန် မြှင့်တင်ကြရပါလိမ့်မယ် 


ဒါ‌ေတွဟာ အချည်းအနှီးဖြစ်မသွားပါဘူး နိူင်ငံရေးဆိုတာ ခဏတာအတွက်မဟုတ်ပါဘူး 

တိုင်းပြည်နဲ့လူမျိုးရှိနေသ၍ နိူင်ငံတော်ကြီးတည်တံ့နေစေဖို့ ခရီးရှည်ကြီးအတွက် ငြိမ်းချမ်းရေးကသာ အကောင်းဆုံးလက်နက်ပါ ငြိမ်းချမ်းရေးကမ်းလက်‌ေတွကသာ အဓိကကျတဲ့ လမ်းစဉ်မှန် နည်းလမ်းအမှန်ပဲ ဖြစ်ပါတယ် ။


ကဲသူငယ်ချင်း‌ေကာင်းဘောမတို့ရေ


မချစ်မနှစ်သက်ရင်လည်း အောက်ကာနမ်းဖို့ကိုသာ ပြင်ထားပါ ၊(ဘန်းတော့မနှောမိစေနဲ့)😁 အရပ်ထဲမှာလည်း ဘောမနေရာကနေ ထမိန်ပြေးခြုံဖို့ကလည်း မဖြစ်နိူင်တော့ပါဘူး အခုချိန်မှ ကြားနေပါလို့လည်း ပြောမရ ဆိုတော့ ဘောလေးသာ ဆက်မတာပေါ့ 🤗


ဘောလေးသာဆက်ပြီး မ ထားကြပါ ။


အဓိပတိကမ်မ 🇲🇲

18102021

 ▪️သေဒဏ်ချမှတ်ခံရသူ ၈၆ဦးရှိလေပြီ▪️

-----------------------------------


တပ်မတော်အာဏာထိမ်းသိမ်းပြီး ၁၀ လ တင်းတင်းပြည့်တဲ့ အချိန်ကာလမှာ နိူင်ငံရေးအရ အကြမ်းဖက် ဆူပူအုံကြွမှုကြောင့် မြန်မာပြည်တွင် သေဒဏ်ချ မှတ်ခံရသူ ၈၆ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 


သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲမှာ အမျိုးသား ၇၉ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး၊ အသက် မပြည့်သေးတဲ့ အမျိုးသားလူငယ်နှစ်ဦးလည်း ပါဝင်နေပြီး သူတို့ နှစ်ဦးကို သန်လျင် လူငယ်ထိန်းသိမ်းရေးစခန်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ခိုင်မာတဲ့ သတင်းတွေအရသိရပါတယ် ။


သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ ၄၇ ဦးက လက်ရှိ ဖမ်းဆီးရရှိပြီးဖြစ်ပါတယ် ၊ ဖမ်းမမိသေးတဲ့ အကြမ်းဖက်သမားတရားခံ ၃၉ ဦးကို တော့ မျက်ကွယ်သေဒဏ်ချမှတ်ထားပြီး လခရ များအနေနဲ့ ဖမ်းဆီးရရှိရေး ဆက်လက်ဆောင်ရွက်နေကြဆဲပဲ ြဖစ်ပါတယ်။ 

 

▪️သေဒဏ်ချမှတ် ခံထားရသူတွေထဲမှာ 

၃၅ ဦးဟာ မြောက်ဥက္ကလာပ မြို့နယ်ထဲက အများဆုံး ဖြစ်ပြီး၊ 

▪️ဒုတိယအများဆုံးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ၂၄ ဦး ဖြစ်ပါတယ်၊ 

▪️ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၅ ဦး၊ 

▪️လှိုင်သာယာမြို့နယ်မှာ ၇ ဦး နဲ့ 

▪️ရွှေပြည်သာမြို့နယ်မှာ ၅ ဦး ရှိပါတယ်။


ရန်ကုန်တိုင်း‌ေဒသကြီးအတွင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားတဲ့ မြို့နယ် ခြောက်ခု ရှိတဲ့အထဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ရှိတဲ့ စစ်ခုံရုံးတွေမှာ သေဒဏ်စီရင်ခြင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။


#အဓိပတိကမ်မ


▪️

 နွေဦးတော်လှန်ရေးမယ် ဖြစ်ဖြစ်မြှောက်‌ေမြှာက်အောင်မြင်မှုက ၉လ အတွင်းမယ်လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ ဆေးရုံတွေပိတ်လိုက်ရတာ စာသင်ကျောင်းတွေ ပိတ်ထားတာကလွဲပြီး ဘာမှမရှိတာ အားလုံးအမြင်ပါပဲ ၊ ပြည်တွင်း‌ေမြပြင်မယ် လှုပ်ရှားမှုတွေကို အင်အားကြီးလာအောင် လုပ်ဆောင်နေတဲ့ ကိုဂျင်မီ ကိုဖြိုးဇေယျာသော် တို့ကုိပါ အခုရက်ပိုင်းအတွင်းမယ်လက်နက်အမြှောက်အများနဲ့ အဖမ်းခံလိုက်ရပါတယ် ၊ 


ပြောချင်တာက NUG က အလှုငွေတွေ ဆက်တိုက်ကောက်ခံနေတဲ့ ကိစ္စပါ ၊ ပြည်တွင်းက အလှုငွေကို ရသလောက်ကောက်ပြီး အခု ပြည်ပကနေ ငွေတိုက်စာချုပ်ဆိုပြီး ကြီးကြီးမားမား အလှုငွေတွေ ဇွပ်ကောက်နေခြင်းတွေမှာ ရိုးသားမှုမရှိဘူးလို့ ‌မြင်ပါတယ် ။ 


NUG အစိုးရအဖြစ် ြပည်တွင်းမယ် ပြန်လည်ရပ်တည်နိူင်ဖို့ကတော့ မလွယ်တော့ပါဘူး ။

ဒါကြောင်လဲ သူတို့က ပြည်ပထိထွက်ပြေးကြတာလို့ မြင်ပါတယ် ။

NUG မအောင်မြင်ပေမယ့် ပြည်ပရောက်နေတဲ့Cele‌ေတွ NUG ‌ေ‌ခါင်းဆောင်တချို့ရဲ့ ရည်ရွယ်ချက်က သူတို့တစ်သက်စာ ဖူလုံ‌ေလာက်ငတဲ့ ငွေပမာဏကို ရည်မှန်းချက်ထားပြီး အလှုခံ ရှာဖွေစုဆောင်းနေကြတဲ့ ရည်မှန်းချက်ကတော့ အောင်မြင်‌ေနမှာပါ။ 

(အခုလိုပြောရတာ စိတ်မကောင်းပေမယ့် အလှုငွေတွေ အမြှောက်အများရနေပါလျက်နဲ့ ပြည်တွင်းက CDM ဝန်ထမ်းတွေကို အခုချိန်ထိ မျက်ကွယ်ပြုနေခြင်းတွေက သက်သေပါပဲ )


လက်နက်ကိုင် လမ်းစဉ်နဲ့ နိုင်ငံတော် အာဏာကို ရယူမယ့် GZတွေ PDF‌ေတွရဲ့ တစ်ဖက်သတ် အိပ်မက်တွေကတော့ နစက ကျင်းပမယ့် လာမည့် ရွေးကောက်ပွဲကျင်းပရင်တော့ အိပ်ပျော်နေတဲ့သူကို လှုပ်နိူးလိုက်သလို သိကြရပါလိမ့်မယ်။


ဒီနေ့ နစက သတင်းစာရှင်းပွဲမယ် NLD ဖျက်သိမ်းရေးမေးတော့ ဇော်မဲလုံးရော UEC ကပါ ဝေ့လည်ကြောင်ပတ် ပြန်ပြီးဖြေပုံထောက်ရင် NLD မဖျက်သိမ်းနိူင်ဘူးလို့ ယူဆလို့ရပါတယ် ။

 

နောက်ပြီး တော်လှန်ရေးနဲ့ မပက်သက်ပါဘူးလို့ ခံဝန်ထိုးထားတဲ့ အမတ်ပေါင်း၂၀၀ကျော် ၃၀၀နီးပါး ရှိ‌ေနတာကုိလည်း အားလုံးအသိပါပဲ ။


"သမ္မတဟောင်း ဦးကျော်ထင်နဲ့ ဒေါ်စုစုလွင်တို့က အင်အားအချို့ စုဆောင်းထားပြီး NLDပါတီကို အမွေဆက်ခံဖို့ ပြင်နေကြတယ်" ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်နေတယ် ၊ 

ဦးခင်မောင်ဆွေတို့ 2010 ရွေးကောက်ပွဲ ဝင်သလို ပါတီအမည်အသစ်နဲ့ပဲ ပြန်လာမလား NLD အနေနဲ့ပဲ ဆက်ပြီး ရပ်တည်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ 

(NLD အသက်ဆက်ဖို့အတွက် ဦးထင်ကျော်ပဲ ဖြစ်ဖြစ် ဒေါ်စုစုလွင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်လိမ့်မယ်လို့ မျှော်လင့်မိတယ် )


ပြည်တွင်းက လက်နက်ကိုင်ထားတဲ့ GZတချို့နဲ့ PDF တစ်ချို့တစ်ဝက်လောက်ကတော့ လက်ခံနိူင်မှာမဟုတ်ပါဘူး ၊ အင်အားအနည်းငယ်နဲ့ တောထဲမှာပဲ ဆက်ပြီး ရပ်တည်‌ေနပါလိမ့်မယ် ။

(စတေးခံအသက်‌ေတွ ဘဝတွေအတွက် စိတ်မကောင်းပါဘူး)

နစက ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲခရီးကြီး ဝေးရင် ဝေးသလောက် အချိန်‌ေတွကြာရင် ကြာနေသလောက် နှစ်ဖက်စလုံးမယ် ပေးဆပ်ရတဲ့ တန်ဖိုး‌ေတွများလေပါပဲ ဆိုတာကို ပြည်သူအများစုက အမြဲသတိချပ်စေချင်ပါတယ် ။


▪️မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ▪️


#အဓိပတိကမ်မ 🇲🇲

 နွေဦးတော်လှန်ရေးမယ် ဖြစ်ဖြစ်မြှောက်‌ေမြှာက်အောင်မြင်မှုက ၉လ အတွင်းမယ်လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ ဆေးရုံတွေပိတ်လိုက်ရတာ စာသင်ကျောင်းတွေ ပိတ်ထားတာကလွဲပြီး ဘာမှမရှိတာ အားလုံးအမြင်ပါပဲ ၊ ပြည်တွင်း‌ေမြပြင်မယ် လှုပ်ရှားမှုတွေကို အင်အားကြီးလာအောင် လုပ်ဆောင်နေတဲ့ ကိုဂျင်မီ ကိုဖြိုးဇေယျာသော် တို့ကုိပါ အခုရက်ပိုင်းအတွင်းမယ်လက်နက်အမြှောက်အများနဲ့ အဖမ်းခံလိုက်ရပါတယ် ၊ 


ပြောချင်တာက NUG က အလှုငွေတွေ ဆက်တိုက်ကောက်ခံနေတဲ့ ကိစ္စပါ ၊ ပြည်တွင်းက အလှုငွေကို ရသလောက်ကောက်ပြီး အခု ပြည်ပကနေ ငွေတိုက်စာချုပ်ဆိုပြီး ကြီးကြီးမားမား အလှုငွေတွေ ဇွပ်ကောက်နေခြင်းတွေမှာ ရိုးသားမှုမရှိဘူးလို့ ‌မြင်ပါတယ် ။ 


NUG အစိုးရအဖြစ် ြပည်တွင်းမယ် ပြန်လည်ရပ်တည်နိူင်ဖို့ကတော့ မလွယ်တော့ပါဘူး ။

ဒါကြောင်လဲ သူတို့က ပြည်ပထိထွက်ပြေးကြတာလို့ မြင်ပါတယ် ။

NUG မအောင်မြင်ပေမယ့် ပြည်ပရောက်နေတဲ့Cele‌ေတွ NUG ‌ေ‌ခါင်းဆောင်တချို့ရဲ့ ရည်ရွယ်ချက်က သူတို့တစ်သက်စာ ဖူလုံ‌ေလာက်ငတဲ့ ငွေပမာဏကို ရည်မှန်းချက်ထားပြီး အလှုခံ ရှာဖွေစုဆောင်းနေကြတဲ့ ရည်မှန်းချက်ကတော့ အောင်မြင်‌ေနမှာပါ။ 

(အခုလိုပြောရတာ စိတ်မကောင်းပေမယ့် အလှုငွေတွေ အမြှောက်အများရနေပါလျက်နဲ့ ပြည်တွင်းက CDM ဝန်ထမ်းတွေကို အခုချိန်ထိ မျက်ကွယ်ပြုနေခြင်းတွေက သက်သေပါပဲ )


လက်နက်ကိုင် လမ်းစဉ်နဲ့ နိုင်ငံတော် အာဏာကို ရယူမယ့် GZတွေ PDF‌ေတွရဲ့ တစ်ဖက်သတ် အိပ်မက်တွေကတော့ နစက ကျင်းပမယ့် လာမည့် ရွေးကောက်ပွဲကျင်းပရင်တော့ အိပ်ပျော်နေတဲ့သူကို လှုပ်နိူးလိုက်သလို သိကြရပါလိမ့်မယ်။


ဒီနေ့ နစက သတင်းစာရှင်းပွဲမယ် NLD ဖျက်သိမ်းရေးမေးတော့ ဇော်မဲလုံးရော UEC ကပါ ဝေ့လည်ကြောင်ပတ် ပြန်ပြီးဖြေပုံထောက်ရင် NLD မဖျက်သိမ်းနိူင်ဘူးလို့ ယူဆလို့ရပါတယ် ။

 

နောက်ပြီး တော်လှန်ရေးနဲ့ မပက်သက်ပါဘူးလို့ ခံဝန်ထိုးထားတဲ့ အမတ်ပေါင်း၂၀၀ကျော် ၃၀၀နီးပါး ရှိ‌ေနတာကုိလည်း အားလုံးအသိပါပဲ ။


"သမ္မတဟောင်း ဦးကျော်ထင်နဲ့ ဒေါ်စုစုလွင်တို့က အင်အားအချို့ စုဆောင်းထားပြီး NLDပါတီကို အမွေဆက်ခံဖို့ ပြင်နေကြတယ်" ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်နေတယ် ၊ 

ဦးခင်မောင်ဆွေတို့ 2010 ရွေးကောက်ပွဲ ဝင်သလို ပါတီအမည်အသစ်နဲ့ပဲ ပြန်လာမလား NLD အနေနဲ့ပဲ ဆက်ပြီး ရပ်တည်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ 

(NLD အသက်ဆက်ဖို့အတွက် ဦးထင်ကျော်ပဲ ဖြစ်ဖြစ် ဒေါ်စုစုလွင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်လိမ့်မယ်လို့ မျှော်လင့်မိတယ် )


ပြည်တွင်းက လက်နက်ကိုင်ထားတဲ့ GZတချို့နဲ့ PDF တစ်ချို့တစ်ဝက်လောက်ကတော့ လက်ခံနိူင်မှာမဟုတ်ပါဘူး ၊ အင်အားအနည်းငယ်နဲ့ တောထဲမှာပဲ ဆက်ပြီး ရပ်တည်‌ေနပါလိမ့်မယ် ။

(စတေးခံအသက်‌ေတွ ဘဝတွေအတွက် စိတ်မကောင်းပါဘူး)

နစက ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲခရီးကြီး ဝေးရင် ဝေးသလောက် အချိန်‌ေတွကြာရင် ကြာနေသလောက် နှစ်ဖက်စလုံးမယ် ပေးဆပ်ရတဲ့ တန်ဖိုး‌ေတွများလေပါပဲ ဆိုတာကို ပြည်သူအများစုက အမြဲသတိချပ်စေချင်ပါတယ် ။


▪️မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ▪️


#အဓိပတိကမ်မ 🇲🇲

 မကြာခင် ရက်ပိုင်းကတင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ် ၊ NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် ၂ဝ စသဖြင့် ချမှတ်ခဲ့ပြီးပါပြီ။


ဒေါ်စုကြည် အပေါ် 

▪️အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ 

▪️အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊

▪️သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ 

▪️ပို့ကုန်သွင်းကုန်ဥပဒေ၊ 

▪️ဆက်သွယ်ရေးဥပဒေတွေ နဲ့ 

စွဲချက်တင်ထားတဲ့အမှု ၁၁ မှု‌ေတွကလည်း တန်းစီပြီး ရှိပါတယ်။


စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ 

လာမည့် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်တည်ငြိမ်ရေးပုဒ်မ ၅ဝ၅ ခ နဲ့ စွဲချက်တင်ထားတဲ့အမှု‌ေတွကုိ စီရင်ချက်အမိန်ချမည်လို့ ကြားထားတယ် ၊ ထောင်ဒဏ်ဘယ်လောက်ထိချမလဲ ဆိုတာတော့ မသိရသေးပါဘူး ။ ဒါပေမယ့် ရှေ့က အမှုတွေလိုပဲ အမြင့်ဆုံးပြစ်ဒဏ်ကိုချလိမ့်မယ်လို့ ကျနော်က သုံးသပ်ချင်ပါတယ် ၊ 


၅၀၅ ခ ကို အမိန်ချပြီးရင် (ဒေါ်စုကြည်ကို အစဉ်အလာအရဆိုရင်) နောက်အမှုတွေအတွက် ရုံးချိန်းထုတ်တဲ့အခါ မြန်မာပြည်ရဲ့ ဥပဒေထုံးစံအတိုင်း ထောင်ဒဏ်အပြစ်ပေးခံထားရသူတွေကို ထပ်မံရုံးထုတ်တဲ့အခါ ဆောင်ရွက်လေ့ရှိသလို ခြေကျင်းနဲ့ လက်ထိပ်ခတ် မှာလားဆိုတာက‌ေတာ့ စဉ်းစားစရာပါ ၊ 


နောက်ပြီး ပြစ်ဒဏ်ချပြီးရင် ထောင်ကိုပဲ ပို့မှာလား နေအိမ်အကျယ်ချုပ်မှာပဲ ထားမှာလား ဆိုတာကတော့ စဥ်းစားစရာ စိတ်ဝင်စားစရာတော့ ကောင်းနေပါတယ် ။ ကျန်တဲ့အမှုတွေအတွက် တရားရုံးကုိ ဆက်ထုတ်ရတဲ့အခါမှာ အပြင်တရားရုံးထွက်ရမယ်ဆိုရင် အစဉ်အလာအရတော့ ခြေကျင်းလက်ထိပ်ခတ်ပြီးတော့ ထွက်ရတဲ့သဘောတော့ရှိတယ်။

နစကအနေနဲ့ ဒေါ်စုနဲ့ဦးဝင်းမြင့်တို့ကို အဲ့လောက်ထိတော့ မလုပ်လောက်ဘူးလို့ ထင်တာပဲ ။


မှတ်ချက် ။ ။ ကာချုပ်မအလ ကတော့ ပြောထားတာရှိ‌ေသးတယ် "မလုပ်ရဲတာ ဘာတစ်ခုမှ မရှိဘူး"တဲ့ 

▪️ကဲ ပရိတ်သတ်တို့ကရော ဘယ်လိုအမိန့်ချပြီး ဘယ်လိုရုံးထုတ်မယ်လို့ ထင်ပါသလဲ ?


အဓိပတိကမ်မ 🇲🇲

 အခု သံဖြူဇရပ် ကျိုက်နဲရေလည်ဘုရားမှာ မတော်တဆကြောင့် သေဆုံး၊ ပျောက်ဆုံးသူတွေဟာ အပျော်ရှာဖို့ သက်သက် လာကြတာ မဟုတ်ကြပါဘူး တစ်နှစ်မှ တစ်ကြိမ် လျှောက်လမ်းပေါ်ပြီး ဖူးခွင့်ကြုံလို့ ကုသိုလ်လည်းရ အပန်းလည်းပြေ ဖို့နဲ့ ဘုရားဖူးဖို့ သွားခဲ့ကြသူတွေပါ ။


လူတွေအစုလိုက် ၂၀ကျော်သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေကြတာ ဝမ်းသာစရာကိစ္စမဟုတ်ပါ ၊ 

လှောင်ပြောင်စရာကိစ္စမျိုးလည်း မဟုတ်ပါ ။ ဒီလူတွေက နိူင်ငံရေးနဲ့ပတ်သတ်ခြင်းလည်း မရှိသလို နိူင်ငံတော်ပျက်စီးရာပျက်စီးကြောင်း လုပ်နေတဲ့လူတွေလည်း မဟုတ်ပါ ၊ လူသားဆန်စွာ လူလိုပဲ ရိုးရိုးစိတ်ကလေးပဲထားကြည့်ပါ လူသားတစ်ယောက် သေဆုံးတယ်ဆိုတာ ဝမ်းသာစရာမ‌ေကာင်းသလို ၊ လှောင်ပြောင်နေရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး ။


လှောင်ပြောင်ဝမ်းသာနေတဲ့ လူတွေ အများစုက နိူင်ငံရေးပါတီ နိူင်ငံရေးအဖွဲ့အစည်း

တစ်ခုကို ယုံကြည်လက်ခံထောက်ခံနေတဲ့ လူတွေပဲ ြဖစ်ပါတယ်၊ ဒီလိုလူ‌ေတွက ယခုအချိန်မှာ ဘာသာရေးဆိုင်ရာ သံဃာတော်တွေ သေဆုံးရင်လည်း အားရဝမ်းသာနေကြတာတွေ ဖမ်းဆီးလုပ်ကြံသတ်ဖြတ်တာတွေ ရှိနေခြင်း‌ေတွကို အားပေးအားမြှောက်လုပ်နေခြင်းတွေကို မြင်းရတွေ့ရကြားရတာ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။

(ကျနော်မြန်မာလူမ‌ျိုးတွေ ဒီလောက်ထိ ယုတ်ညံ့‌ေသာ စိတ်ထားတွေ ရှိနေခြင်းတွေအတွက် စိတ်မကောင်းလဲ ဖြစ်ရပါတယ် )

အကုသိုလ်တွေလည်း ဖြစ်ရပါတယ် 


ဘုရားဖူးသွားရင်း သေဆုံးကြတာဖြစ်လို့

ဘုရားကိုအာရုံပြုရင်း ကုသိုလ်စိတ်နဲ့ သေဆုံးသွားကြပြီး

ကောင်းရာသုဂတိဘုံဘဝသို့ လားရောက်ကြလိမ့်မယ်လို့ မျှော်လင့်ယူဆမိပါတယ်။ 

ကောင်းရာသုဂတိဘုံဘဝသို့ လားရောက်ကြပါစေ


မတော်တဆ အဖြစ်ဆိုးနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဘုရားဖူးပြည်သူများအပေါ် ဝမ်းသာ၊ လှောင်ပြောင်နေကြသူ အပေါင်းလဲ အန္တရာယ်ကင်းရှင်းပါစေလို့ စိတ်ရင်းနဲ့ဆုတောင်း‌ေပးလိုက်ပါတယ် ။


#အဓိပတိကမ်မ 🇲🇲

Sunday, 19 September 2021

 ကိုယ့်ကတော့ ကံမပါလို့ ဝေးရတယ်လို့ သတ်မှတ်ခဲ့ပေမယ့် ။


အမှန်တကယ်တော့ သူကခြေစုံကန်ပြီး ထွက်သွားခဲ့တာပါ ။


ကံပါရင်တော့ သူကိုယ်တိုင် ကိုယ့်ဆီလျှောက်လာလိမ့်မယ် ထင်ခဲ့ပေမယ့် ။


ဆယ်စုနှစ်တွေသာ ကြာသွားတယ် ၊ 

ကိုယ့်‌မှာ နေညိုချိန်တိုင်း သတိရနေတုန်းပါပဲ ။


အဓိပတိကမ်မ

 ကျ‌ေနာ်တို့ မိတ်ဆွေတွေရဲ့ အသက်‌ေတွဆုံးရှုံးနေရပါတယ် ၊ 

ရောဂါအခံလည်းမရှိ ၊ ဆေးလိပ်မသောက် ကွမ်းမစား ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခံအားကောင်း‌ေသာ အသက် ၃၀ကျော်၄၀တွေတောင် ကိုဗစ်ဒဏ်မခံနိူင်‌ေတာ့ပါဘူး ။


ယခုလက်ရှိအချိန်မှာ

ဆရာဝန်တွေလည်း အားကိုးလို့မရနိူင်ဘူး။


အောက်ဆီဂျင်လည်း အားပြုလို့မရပါဘူး ။


အခြားဘယ်နည်း​လမ်းတွေမှ အားမကိုးပါနဲ့။

မထိရောက်နိူင်ဘူး ကယ်တင်နိူင်မယ့် အခွင့်အရေးအလွန်နည်းပါးပါတယ် ။


ကိုဗစ်ပိုး ကို ရင်ဆိုင်နိူင်ဖို့ အ​ကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်​ဆေးထိုးခြင်း သည်သာ အားကိုးရာ အားထားရာဖြစ်ပါတယ် ။


ကာကွယ်ဆေးကို ထိုးြပပါဗျာ အသက်ကိုဉာဏ်စောင့်ပါတယ် ။


 မိမိကိုယ်ကိုကာကွယ်ပါ ။ မိသားစုကိုကာကွယ်ပါ မိမိပတ်ဝန်းကျင်ကိုကာကွယ်ပါ ။


အဓိပတိကမ်မ

07082021


စူးရဲတဲ့ခြေလှမ်းတွေနဲ့

မြို့ပြမှာ ငါ့ကိုယ်ငါ

အမဲလိုက်နေရသလို...

 လေးစားရသော ရဲရင့်ထက်acc က ကျနော်ရေးထားတာလေး တင်ပေးလို့ ဝမ်းသာမိပါတယ် ။

▫️▪️▫️

အောက်ခြေ ပြည်သူ့ စားဝတ်ရေး တော်တော်အခက်ကြုံနေပြီ


ရပ်ကွက်‌ထဲမှာ အလှုလုပ်သူရှိရင် တန်းစီတိုးစားနေရတဲ့ လူတန်းစားတွေ အတော်များလာပါတယ် ။


အလူလုပ်သူ မရှိရင်တောင် လှုနေကြ ဝေနေကြ နေရာတွေ စောင့်နေကြသူတွေ အများကြီး ဖြစ်နေပါပြီ ။

တန်းစီ‌ေနရလို့ အများကြီး ပေး‌ေနတယ် လှူ‌ေနတယ် မထင်လိုက်ပါနဲ့ ချဉ်ပေါင်ရွက် ကန်စွန်းရွက် ဗူးရွက် ဖရုံရွက် ကြက်ဥ အများဆုံးပါပဲ ။


ဆန်ဝေတာမပြောနဲ့ ဆန်ကွဲဝေတာ‌ေတာင် တန်းစီတိုးပြီး စောင့်နေတဲ့လူတန်းြကီးက မျက်စိတစ်ဆုံးပါပဲ ။


အလုပ်အကိုင် အခွင့်အလမ်းမပြောနဲ့ ထမင်းစားရေသောက် နပ်မှန်ဖို့တောင် မလွယ်ကူတော့တဲ့ ဒီတိုင်းပြည်က အ‌ခြေခံလူတန်းစားတွေ ဘဝတွေ အတော်လေး နစ်မွှန်းနေပါပြီ ။


 နည်းလမ်း ရှာကြပါအုံး 


ဒီထက်သာ ပိုပြီးဆိုးဝါးလာမယ်ဆိုရင် ကျနော်တိုင်းပြည် အငတ်ဘေးဆိုက်တော့မယ် ထင်ပါတယ် ။


နိူင်ငံရေးက မတည်မငြိမ် စီးပွားရေးက တန်းစီတိုးစားနေရ ရောဂါကပ်ဘေးက အသက်မသေဖို့ကြိုးစားနေရ ဒီကြားထဲ ပြည်တွင်းစစ်ဖြစ်လာနိူင်တဲ့ အနေအထားတွေ အများကြီး ဖြစ်နေတာမို့ 


ကျနော် တိုင်းပြည်အတွက် နည်းလမ်းတစ်ခုခု ရှာကြည့်‌ေပးကြပါအုံး 

တိုင်းပြည်အုပ်ချုပ်နေတဲ့လူတွေရော ပညာရှင်အသိုင်းအဝိုင်းတွေရော ပြည်သူအတွက် နည်းလမ်းတွေ ရှာကြည့်ပေးကြပါအုံးဗျာ ။


အဓိပတိကမ်မ 🇲🇲

#စာနာစိတ်ရှိသောလူများဖြစ်ပါစေလို

 #စာနာစိတ်ရှိသောလူများဖြစ်ပါစေလို


မြန်မာနိုင်ငံမှာ အတ္တအကြီးဆုံး လူတန်းစားနှစ်ခု ပြပါဆို သေနတ်ကုိင်ထားတဲ့ စစ်တပ်ရယ် နဲ့ နားကြပ်တပ်ထားပြီးဆေးမကုတဲ့ ဆရာဝန်ရယ်ပဲ

လက်ညိုးထိုးပြချင်မိတယ် ။


ဆရာဝန်ရော စစ်သားရော

ပြည်သူအသက်ကို ကာကွယ်ပါမယ် ဆိုတဲ့ ဂတိသစ္စာပြုထားသော ပုဂ္ဂိုလ်တွေရဲ့ အတ္တကြီးမှုတွေကြောင့် ပြည်သူအသက်တွေ

ဆုံးရှုံးနေရတယ် ထပ်ပြီးလည်း မဆုံးရှုံးစေချင်တော့ဘူး ။


 

ခင်ဗျားတို့ရဲ့ အတ္တကြီးမှုတွေကြားထဲ ကျ‌ေနာ်တို့ပြည်သူအသက်တွေကို လောင်းကြေးထပ်ပြီး ပြည်သူ‌ေတွက မြေဇာပင်ဖြစ်ပြီး သေနေရပီ။ 


အာဏာသိမ်းတဲ့စစ်တပ်ကို လက်ညိုးထိုးအပြစ်တင်သူကတင် ၊ CDM doctorတွေကို အပြစ်မြင်သူကမြင်နဲ့ အပြန်ပြန်အလှန်လှန် အပြစ်တင်နေရမယ့် အချိန်မဟုတ်တော့ပါဘူး ။


အာဏာအားပြိုင်မှုကြောင့် မသေသင့်ပဲသေနေရတဲ့ ကိုဗစ်လူနာတွေပါ ။


မဟော်သဓာ သားတရားစီရင်ခန်းလို ပြန်သုံးသပ်ရရင် ဘယ်သူက ဘီးလူးမဖြစ်ပြီး ဘယ်လိုလူက မိခင်ဖြစ်လည်း စောင့်နေရတာ အချိန်တွေကုန် အသက်တွေကုန်နေရသလို ပိုးကူးစက်ခံရသူတွေလည်း နေအိမ်တွေမှာ အခြေခံဆေးဝါးက မရှိ အောက်ဆီဂျင်ကမလုံလောက်ဖြစ်လိုက်နဲ့ သေဖို့စောင့်နေရသလို ဖြစ်နေကြပါပြီ ။ 


  တစ်ဖက်ဖက်ကတော့ ပြည်သူအသက်ကို ငဲ့ညာပြီး အလျော့ပေးလိုက်ကြ‌ေစချင်ပါတယ် ။


အခုလက်ရှိချိန်မှာတော့ ကျုပ်တို့ပြည်သူတွေ အသက်ရှင်ရေးထက် ဘာမှအရေးကြီးစရာမရှိဘူးလို့ ကျနော်ယူဆပါတယ် ။


ဆဲချင်လည်း စိတ်ကြိုက်ဆဲကြပါ ။

Comment boxဖွင့်ထားသလို mail ကနေလည်း ဆဲ‌နိူင်ပါတယ် ။


 

အဓိပတိကမ်မ 

27072021


https://www.facebook.com/kmpyaephyoaung/

 ယခုအချိန်မျိုးမှာ ဘယ်သတင်းဖတ်လို့ဖတ်ရမယ်မှန်း မသိဖြစ်နေရင် အောက်ပါ သတင်းနှစ်ခုကို အမြန်ဖတ်ပါ ။


မြန်မာပြည်ရဲ့ စတ္တုထမဏ္ဍိုင်ကြီး အကြီးကျယ်ယိုင်လဲနေပြီ ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ။

အဆိုးဆုံးက ဒေါ်လာစား ပြည်ပမီဒီယာကြီး ၅ခုပါပဲ ။


#1 ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း၌

နေထိုင်သောကိုဗစ်လူနာရှင်များအား အိမ်တိုင်

ရာရောက် လိုက်လံကုသပေးနေသော စေတနာရှင်

ပြည်သူဆရာဝန် ၅ ဦးအား အောက်ဆီဂျင်အိုးများနှင့်

တကွ စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ။ 


#2 ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း

၌ ကိုဗစ်လူနာတစ်ဦးလျှင်ကျပ်(၁၀)သိန်း

မှ(၁၅)သိန်းအထိတောင်းပြီး တရားမဝင်

ဆေးလှည့်လည်ကုသနေသည့် CDM

ဆရာဝန်များရှိနေကြောင်း သတင်းပေး

တိုင်ကြားချက်အရ သက်ဆိုင်ရာမှစုံစမ်း

ဖော်ထုတ်ခဲ့ရာ ဝိသမလောဘဆရာဝန် 

(၅)ဦးအား အောက်စီဂျင်အိုး(၂၃)လုံးနှင့်

အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါ

သည်။


ဆဲချင်ရင်ဆဲ shareချင်ရင်share 😂


အဓိပတိကမ်မ 🇲🇲

19072021


https://www.facebook.com/kmpyaephyoaung/

#ဆလိမ်လေး

 #ဆလိမ်လေး 


ဆလိမ်လေး အမြင်ကောင်းသလောက် ငါ့တို့အတွက် အကျိုးမပြု အကျိုးနည်းခဲ့ရတဲ့ ဆလိမ်လေး ။


ဆန် 

ဒီတိုင်းပြည်ကပဲ ထွက်တယ် ဒီတိုင်းပြည်မှာပဲ ဈေးကြီးပေးစားနေကြရတယ် ၊ ဆန်ဈေးကြီးလို့ လယ်သမားတွေရော ချမ်းသာရဲ့လား မမေးပါနဲ့ သူတို့ကစပြီး ထမင်းနပ်မမှန်နေတာပါ ။


ဆီ

ဒီတိုင်းပြည်က ထွက်တဲ့ မြေပဲဆီ နှမ်းဆီ အလွန်ပေါများပါတယ် ဒါပေမယ့် ပဲဆီ နှမ်းဆီကို လူတိုင်းမစားနိူင်ပါပဲ နေကြာဆီ စားအုန်းဆီ ပြည့်ဝဆီ 

စတဲ့ ဆီတွေကိုသာ စားသုံးနေကြရင်း နှလုံး သွေးတိုး အသဲအဆီဖုံးက အစ ကင်ဆာအဆုံး ရောဂါအစုံဖြစ်နေကြရတာပါ ။


ဆရာဝန် 

ဆရာဝန် အလုံအလောက်နီးပါး ဒီတိုင်းပြည်မှာ ရှိသင့်သလောက်ရှိပါတယ် ဒါပေမယ့် နိူင်ငံရေး မတည်ငြိမ့်မှု့တွေကြောင့် ဆရာဝန်အများစု အလုပ်မဆင်းကြတော့ဘူး ။

အခုလို ကိုဗစ်တွေက တတိုင်းပြည်လုံးဖြစ်လို့ သေသူသေ ပိုးကူးသူကူး ကုစရာနေရာမရှိ သွားစရာ ဆေးရုံဆေးခန်းမရှိနဲ့ မရှုမလှ သေကြရပြန်တယ် ။


ဆေးရုံ ဆေးဝါး

ဆေးရုံတွေ ဆေးပေးခန်းတွေ တတိုင်းပြည်လုံးအနှံ ရပ်ကွက်ကျေးလက် တောရော မြို့ပါမကျန် အမြှောက်အများရှိပါတယ် ကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းက အလုပ်မဆင်း နဲ့ အတိဒုက္ခလှလှ တွေ့ရတယ် ၊ ဖျားလို့နာလို တုတ်ကွေးချောင်းဆိုးတာတောင် ဆေးမီးတို က ဝေလို့မရ ။

ဆေးဝါးကုန်တိုက် ဆေးဝါးစက်ရုံတွေ ပြည်တွင်းမှာ ရှိပါလျက်နဲ့ ပြည်သူတွေ ဆေးဝါးအငတ်ဘေးနဲ့ ကျန်းမာရေး စောက်ရှောက်မှု ဗလာနတ္တိပါပဲ ။


ဆရာ/ဆရာမ

ဆရာ ဆရာမ တွေကလည်း တ‌ပြည့်တွေကို ပစ်ခဲ့ပြီး တောထဲတောင်ထဲ မှာ မြေဖြုအစား လက်နက်စွဲကိုင် ခေါင်းလောင်းလေးနဲ့ စာသင်ကျောင်းလဲ စာသံပေသံ ကျောင်းသားလူငယ်တွေ အသံမကြားရပါပဲ သေနတ်သံ ဗုံးသံတွေနဲ့ စာသင်ခုံတွေက စစ်တန်းလျား ဖြစ်လို့နေတဲ့ တို့တိုင်းပြည်လေး သနားစရာ ။


ကျနော်တို့ မြန်မာပြည်မှာ ပေါသလောက် လိုအပ်နေတာ "ဆလိမ်လေး" ပါပဲ ။

ပေါများသလောက် ချို့တဲ့နေတာ "ဆလိမ်လေး"ပါပဲ။

ဆလိမ်လေးရယ် ကျနော်တို့ အများကြီးမျှော်လင့်နေပါတယ် ။


ဆလိမ်လေးရယ် အမြန်ဆုံး နေရပ်ပြန်လာပေးပါ ဆလိမ်လေး😥


အဓိပတိကမ်မ 🇲🇲

 Dalai Lama ကပြောဖူးတယ် 


"ဘာသာရေးတစ်ခုရဲ့ ရည်ရွယ်ချက်က

သင့်ကိုသင် ထိန်းချုပ်ဖို့ဖြစ်တယ်။

သူတစ်ပါးကို ဝေဖန်အပြစ်တင်ဖို့ မဟုတ်ဘူး။" တဲ့


မြန်မာပြည်က ဘာသာရေးကို ပြစ်တင်စော်ကားပုပ်ခတ်ဝေဖန်ရေးလုပ်နေသူတွေ သိဖို့ ဖြန့်ဝေပေးလိုက်ပါတယ် ။


@အဓိပတိကမ်မ 🇲🇲

 ငြိမ်သက်ခြင်းနှင့် တိတ်ဆိတ်ခြင်း 


တစ်ယောက်တည်းနေရတာ ကြာလာတော့ 

 တစ်ယောက်တည်းနေရတာ‌ေလးကို သဘောကျနှစ်သက်လာတယ်။


ဝမ်းနည်းတဲ့အချိန် နှစ်သိမ့်ပေးမယ့်လူ မလိုအပ်‌ေတာ့သလို

ပျော်ရွှင်ကြည်နူးတဲ့အချိန်မှာလည်း နှောက်ယှက်မယ့်လူ‌လည်း မရှိဘူး‌ေတာ့ဘူးပေါ့ 


အေးအေးချမ်းချမ်းနဲ့ မိမိရဲ့ အတွေးကမ္ဘာ‌ေလးထဲမှာ အမှီအခို ကင်းကင်းနဲ့လည်း နေတတ်လာခဲ့တယ် ။


ကိုယ်နဲ့ပတ်သတ်သည် ဖြစ်စေ ကိုယ်နဲ့ မပတ်သတ်သည် ဖြစ်စေ ဘာအတွက်မှ တခြားလူတွေကို အပြစ်မတင်ဖြစ်တော့ဘူးပေါ့ ။


ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က စကားပြောပေး‌ေနဖို့ အဖော်လုပ်ပြီး နေပေးဖို့ မလိုတော့ဘူး ။ အဲ့ဒီတော့ အဖော်တွေကို ဂရုစိုက်‌‌ေပးဖို့ အရေးစိုက်နေဖို့ ငဲ့ကွက်မနေရတော့ဘူး ။


တစ်ယောက်တည်းနေရတာ နွေးထွေးမှုတော့ မရှိဘူးပေါ့ ၊ ဒါပေမယ့် လွတ်လပ်‌တယ် ပေါ့ပါးတယ် ၊ ကိုယ်အတွေးနဲ့ကိုယ် စီးမျှောခွင့် စိတ်ကြိုက်ရတယ် ။ 


အချစ်တွေလည်း မလိုအပ်ဘူး အမုန်းတွေဆိုတာကုိလည်း နားလည်ပေးတတ်လာတယ် ၊ နားလည်းခွင့်လွှတ်ပေးတတ်တော့ ကိုယ်စီမှာ အမုန်းတွေ နည်းနည်းလာတယ် ။ 

အမုန်းတွေ နည်းပါးလာသလောက် ပိုပြီးပျော်တတ်လာတယ် ။


တစ်ယောက်တည်း ဆိုတော့ အချိန်တွေ ပိုလာတယ် ဘယ်လိုလူအတွက်မှ ကိုယ်အချိန်တွေ အချိန်ကုန်ပေးစရာ မလိုအပ်တော့ဘူး ။


အချိန်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး 🤗

ထဲမှာ 

မဖတ်ဖူးသေးတဲ့စာတွေ ဖတ်မယ် မလေ့လာဖူးသေးတဲ့ ပညာရပ်တွေထဲ စပ်စုကြည့်မယ် ‌


ဖတ်ဖူးထားတဲ့ စာတွေထဲ အတွေးတွေနယ်ချဲ့ကြည့်မယ် 

တစ်ယောက်တည်း နေရတဲ့ တိတ်ဆိတ်ခြင်းအရသာကို အပြည့်အဝ မြည်းစမ်းကြည့်မယ် ။


တွေးကြည့်နိူင်သမျှ အတွေးတွေကို ဖြန့်ကျက်ထားမယ် ။


ဒီလောက်ပါပဲ ။

ဘာကြီးကျယ်ခမ်းနားမှုမှ မတက်မက်တော့ဘူး ၊

ဘယ်လိုအသိအမှတ်ပြုမှုကိုမှ မလိုအပ်တော့ဘူး ၊


ငါဟာငါနဲ့ ငြိမ်းချမ်းဖို့ပဲ လိုချင်တက်မက်တယ် ။


အဓိပတိကမ်မ 🇲🇲

23082021

တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲

 ▪️တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲


လက်ရှိနိူင်ငံရေး အခြေအနေက မတည်မငြိမ် ဖြစ်ရုံနဲ့တင်မက ပဋိပက္ခ သူနိူင်ကိုယ်နိူင် လူသတ်လက်နက်တွေနဲ့ တိုက်နေကြတဲ့ အနေအ‌ထားပါ ဒီပုံစံမျိုးတိုင်းသာ ဆက်သွား‌ေနရင် တပ်ကပြောထားတဲ့ ရွေးကောက်ပွဲ ဆိုတာက 2023 မပြောထားနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကတော့ နောက်ထပ် ဘုရားတဆူပွင့်တောင် မဖြစ်နိုင်တော့ပါ။


မိမိနှစ်သက်တဲ့ပါတီကို ရပ်ကွက်ထဲမှာ မဲဆွယ်ဖို့ မပြောနဲ့ ပါတီအိင်္ကျီကိုတောင် မဝတ်ရဲလောက်အောင် ဖြစ်နေတဲ့ အနေအထားပါ ။


ရပ်ကေျးအုပ်မှုးတောင် အသတ်မခံရဖို့ အိမ်ထဲ ကုတ်ကုတ်လေး နေနေရတာ ဘယ်လိုလုပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်လို့ရပါ့မလဲ ။


တကယ်လို့

ရွေး‌ေကာက်ပွဲကို မဖြစ်မနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့တပ်က လုပ်ရင်တောင် လွတ်လပ်ပြီး တရားမျှတတဲ့‌ေရွး‌ေကာက်ပွဲလို့ ပြောလို့မရပါ ။


ပြီးခဲ့တဲ့

2010 ကလို ရွေးကောက်ပွဲ ပုံစံမျိုးဆိုရင်လည်း

ပြည်သူဆန္ဒအမှန်မဲ ဖြစ်နိူင်ပါ့မလား ။


စဉ်းစားစရာ တွေးတောစရာပါ ။


တကယ်လို့ တပ်ထောက်ခံတဲ့ပါတီကပဲ ‌လွှတ်တော်ထဲ နေရာအများစုနဲ့ အစိုးရပြန်ဖွဲ့တော့ရော တိုင်းရေးပြည်ရေးက လက်ရှိအ‌ေခြအ‌ေနလို လက်နက်ကိုင် ပဋိပက္ခနဲ့ ဆူပူအုံကြွမှုတွေက ပြန်ပေါ်လာမှာပဲ မဟုတ်လား ။


တိုင်းပြည်ရဲ့အခြေအနေဟာ ယခုချက်ချင်းဖြေရှင်း

တည်ငြိမ်အေးချမ်းရေးလမ်း(ဒေါ်စုကိုလွှတ် ရွေးကောက်ပွဲရလဒ် အတည်ပြု )ဖို့ကိုလည်း တပ်ဘက်က လက်ခံမှာ မဟုတ်သလို NUG PDF တွေဘက်ကလည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာမလို့ ဘာကိုမှ လက်ခံနိူင်မည် မဟုတ်ပါ ။(သူဘက်ကလည်း အပြုတ်တိုက် အပြတ်ရှင်း လမ်းစဉ်ကိုး )


ဒီတော့ ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေးဆိုတာက မမျှော်လင့်သင့်တဲ့ တိုင်းပြည်ရဲ့အနာဂတ်တစ်ခုပါ 

ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ဖို့ ဆိုတာက ဒီအခြေနဲ့ဆို အနည်းဆုံး ဆယ်စုနှစ်နဲ့ချီ အချိန်ယူပြီး တည်ဆောက်ရလိမ့်မယ်လို့ ကျနော်က‌ေတာ့ ယူဆပါတယ်။


တပ်မ‌တော်အနေနဲ့လည်း နိူင်ငံတော်တာဝန်ယူထားတာ ၇ လ တင်းတင်းပြည့်ပြီဖြစ်လို့ တရားဥပဒေစိုးမိုးရေးကို တစိုက်မတ်မတ် လုပ်ဆောင်သင့်နေပါပြီ ။ 


ဒါမှမဟုတ် ဖမ်းဆီးထားသော ထိပ်ပိုင်း နိူင်ငံခေါင်းဆောင်ဟောင်းတွေကို လွှတ်ပေးပြီး နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းရေး လမ်းစဉ်ကို ရွေးချယ်သင့်ပါတယ် ။

နှစ်ဖက်တွေ့ဆုံညှိနှိုင်းလို့ အစဉ်ပြေသွားရင်တောင် လက်နက်အတိုအစတွေက ပြည်တွင်းမှာ မှိုလိုပေါက်နေတာဆိုတော့ တောပုန်း ဓားပြ လုယက်မှုတွေကတော့ ယခင်က‌ထက် ပိုပြီး များပြားလာမှာကလည်း အသေအခြာပါ ။


တပ် ဖက်ကလည်း တည်ငြိမ်အောင် မအုပ်ချုပ်နိူင် တခြားတစ်ဖက်ကိုလည်း တွေ့ဆုံညှိနှိုင်းရေး မလုပ်နိူင် တပ်ကို အပြုတ်တိုက်ဖို့လည်း မလွယ်ကူနဲ့ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က ရှေ့လျှောက် လှပမည်မဟုတ်ပါ ။


တိုင်းပြည်အတွက်လို့ ‌ပါးစပ်မချတမ်း ပြောနေကြတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည်မျက်နာကြည့်ပြီး မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်သင့်တဲ့ အချိန်ရောက်နေပါပြီလို့ အကြံပြုချင်ပါတယ် ။


ငြိမ်းချမ်းလိုတဲ့ ပြည်သူ‌ေတွက‌ေတာ့

မဟော်သဓာရဲ့ သားတရားစီရင်ခန်းလို 

ဘယ်သူကအလျော့ပေးမလဲ စောင့်နေရုံအပြင်မရှိပါ ။ 


အဓိပတိကမ်မ 🇲🇲

19092021

မရှက်တတ်တဲ့ သောက်လော်ဘီတွေ ရှက်ရကောင်းမှန်းမသိတဲ့ အောက်တန်းစားတွေ

 သူခိုးတွေ ပေါ်တင်မိတာတောင် မသိချင်ယောင်ဆောင်ပြီး အဘဘောမလို့ ကောင်းနေကြတဲ့ ကြံ့ဖွတ်တွေကိုလည်း အံ့ဩမိတာ အမှန်ပါပဲ ။


အရင်ကလည်း အမအမနဲ့ ခိုးလိုက်ကြတာ ဒါကို ဖာတဲ့နီပိန်‌းတွေကိုလည်း ဆဲခဲ့ပြီးပြီ။


အခုလည်း အဘအဘနဲ့ သူခိုးတွေကို မသိချင်ယောင်ဆောင်နေသော အဘဘောမတွေ မသိချင်ယောင်ဆောင်နေလို့ ဆဲရပြန်ပြီ ။ 


ဒီဘက်ခေတ်မှာ ဒီလိုသူခိုးကြီး ရှိနေတာ‌ေတွကို အစိမ်းတွေက ရှက်ရကောင်းမှန်း မသိကြဘူး ။

အဘဘောမလို့ ကောင်းနေကြတုန်း ။ 

ကြာလာရင် နီပိန်းတွေအစား စိမ်းပိန်းတွေကို ပိုပြီး ဆဲရတော့မယ် ထင်တယ် ။


တိုင်းပြည်ရဲ့ငွေတွေ ပေါ်တင်ခိုးနေတာကို အဘဘောက မ လို့ကောင်းနေကြတုန်း ကမကလ တွေ ပတဆမ တွေ ဠီးတဲ့ 

ဒီလောက်ထိတော့ တိုင်းပြည်အပေါ်သစ္စာ မမဲ့သင့်ဘူးနော် ။ သိဖို့ ။


ကြာလာတော့ ကျနော်တို့ တိုင်းပြည်က သူခိုးတိုင်းပြည် ဖြစ်မှန်းမသိ ဖြစ်တော့မယ် သေချာတယ် ။


ဒီနိုင်ငံမှာ အဘဖက်ကကောင်တွေလည်း အဘစောက်ချိုးမပြေတာ ရှက်ရကောင်းမှန်းမသိ သေးဘူး ။

 အမဘက်ကကောင်တွေလည်း အမ စောက်ချိုးမပြေတာ ရှက်ရကောင်းမှန်းမသိကြဘူး ။


ဟိုဖက်ရော ဒီဖက်ရော လူ့ကျင့်ဝတ်မညီတဲ့ အပေါစား အောက်တန်းစားတွေ


ဒီလို‌ပြည်သူအများစုနဲ့ တူတူနေရတာ ငါ့အတွက် ငါ့ကိုယ်ငါတောင် စက်စုပ်ရွံရှာ ရှက်မိတယ်။


မရှက်တတ်တဲ့ သောက်လော်ဘီတွေ ရှက်ရကောင်းမှန်းမသိတဲ့ အောက်တန်းစားတွေ ဠီးပဲ ။


အဓိပတိကမ်မ 🇲🇲

ခေတ်ကောင်းစနစ်ကောင်းကို တန်ဖိုးထားသော ပြည်သူပြည်သားများ ဖြစ်ပါစေ ။

 လူသားတိုင်းက ကိုယ့်အနာဂတ် ကိုယ့်ကုိတိုင်ဖန်တီးကြရတာပါ 

ခေတ်ကောင်းရင်တော့ ကောင်းတဲ့အနာဂတ် ရမှာပါ ။

ခေတ်မကောင်းရင် အနာဂတ်ကောင်းကို မျှော်လင့်လို့မရပါဘူး ။


လက်ရှိ ပစ္စုပ္ပန်ကုိတောင် အစဉ်ပြေပြေနေနိူင်ဖို့ မနည်းရုန်းကန် လှုပ်ရှားနေကြရမှာပါ ။


ပြည်သူအားလုံးက ခေတ်ပျက်စနစ်ကို ရွံမုန်းကြမှ ဒီခေတ်ပျက်စနစ်ပျက်ကြီးထဲက အမြန်ဆုံးရုန်းထွက်နိူင်ပါ ။


မိမိတို့ဒေသ အေးချမ်းသာယာဖို့က မိမိတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ် ။

ကိုယ့်ကျင့်တရား ပျက်ယွင်းသူတွေ ပေါများလေ ခေတ်ပျက်မှာပါ ၊ ကိုယ်ချင်းစာတရား နည်းပါးလေလေ စနစ်ပျက်စီးမှာပါ ၊ အသိဉာဏ်ပညာ စဉ်းစားတွေးခေါ်မှု နည်းပါးလေ နည်းပါးသလောက် ငြိမ်းချမ်းရေး ကင်းပျောက်မှာပါ ။


ပြောချင်တာက

ခေတ်ပျက်ကြီးထဲ တွန်းပို့နေတဲ့ ဘယ်အဖွဲ့အစည်းရဲ့ နောက်ကိုမှ မလိုက်ကြပါပဲ ၊ ‌

အတူတကွငြိမ်းချမ်းစွာ နေထိုင်ကြရင် အမြန်ဆုံး အေးချမ်းပြီး ငြိမ်းချမ်းတဲ့ လွတ်လပ်‌ေသာ ခေတ်ကောင်းတစ်ခုကို မောင်းခတ်စရာမလိုပဲ ချက်ချင်းခံစားကြရမှာပါ ။


မြန်မာပြည်က ဒေသအချို့မှ ငြိမ်းငြိမ်းချမ်းချမ်းမရှိပါပဲ သူတစ်လို ငါတစ်မင်း လူ့အသက်တွေကို သတ်ဖြတ်ခြင်း ဖမ်းဆီးညှင်းဆဲခြင်း လုပ်ဆောင်နေသော မည်သည့်အဖွဲ့အစည်းကိုမှ ကျနော်သဘောမကျပါ ။


ကျနော်တို့ နိူင်ငံတော် တည်ငြိမ်မှု ပျက်‌ပြားစေရန် အားပေးအားမြှောက် လုပ်ဆောင်သော မည်သည့် လူပုဂ္ဂိုလ်ကို မဆို ရွံမုန်းပါတယ် ။ 


မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ‌ဒေသတိုင်းက ပြည်သူတွေ ခူးစွပ်သုံးဆောင်နိူင်ကြပါစေ ။ 


မြန်မာပြည်ကြီးမှာ လက်နက်ကိုင်ထားတဲ့လက်တွေကနေ ငြိမ်းချမ်းရေးတွဲလက်တွေနဲ့ အမြန်ဆုံး လက်တွဲနိူင်ကြပါစေ ။


ခေတ်ကောင်းစနစ်ကောင်းကို တန်ဖိုးထားသော ပြည်သူပြည်သားများ ဖြစ်ပါစေ ။


အဓိပတိကမ်မ 🇲🇲

တိုင်းပြည်အတွက်ဆိုပြီး ခေတ်ပျက်စနစ်ပျက်ထဲ ဆွဲချနေခြင်းတွေရပ် 🇲🇲

 တိုင်းပြည်အတွက်ဆိုပြီး ခေတ်ပျက်စနစ်ပျက်ထဲ ဆွဲချနေခြင်းတွေရပ် 🇲🇲


ဗုဒ္ဓဘာသာတိုင်းပြည် ဖြစ်ပေမယ့်

သာသနာကင်းမဲ့နေသလို 

လူသားချင်းစာနာထောက်ထားမှု

လူအချင်းချင်း တန်ဖိုးထားမှု နဲ့ 

သနားညှာတာ ထောက်ထားမှု့ မခံစားနိုင်

ကြပါပဲ နှလုံးသား ချွတ်ယွင်းသူ‌ေတွလို ရက်စက်ကြမ်းကျုပ်မှုတွေနဲ့ ပါ။


A sin, even if committed by many, remains a sin.

အပြစ်ဆိုတာ အများက ကျူးလွန်တာပဲဖြစ်ဖြစ် အပြစ်က အပြစ်ပါပဲ ၊ တဲ့ 


ဟန်ဂေရီစကားပုံ တစ်ခုပါ ။ မြန်မာပြည်မှာက လူများစုက ဘာပဲလုပ်လုပ် မှန်တယ်လို့ ထင်နေကြတယ် ။

လူများစုပဲဖြစ်ဖြစ် လူနည်းစုပဲ ဖြစ်ဖြစ် မိမိတို့ရဲ့လုပ်ရပ်တွေက တရားမျှတမှု ရှိရဲ့လား လူသားဆန်ရဲ့လား ပြန်လည်တွေးသင့်နေပြီ ။


ကိုယ်ချင်းစာတရား မရှိတော့ပါပဲ မေတ္တာ ချွတ်ယွင်းကင်းမဲ့‌ေနတဲ့ ငါတို့တိုင်းပြည်ကြီး ငရဲခန်းတွေနဲ့ ကြာလေပိုတူ‌လာလေပါပဲ ။


လူငယ်တွေရဲ့အနာဂတ်လို့ ပြောပြီး လူငယ်တွေရဲ့ အသက်တွေ လူငယ်တွေရဲ့ ငြိမ်းချမ်းမှုကို စတေးနေသူတွေ ကျဆုံးပါစေ ။


ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေ ကြီးဆိုးနေတဲ့ ယနေ့လို ခေတ်ကြီး ပျက်သုန်းပါစေ မြန်မာပြည် ။ 


အသိပညာမရှိသူတွေက အမှန်ကို မမြင်နိုင် မျက်စိ ချွတ်ယွင်း‌ေနသူ‌ေတွလို အမှောင်ဖုံးနေအုံးမှာပါ ။


ပညာအသိ မရှိသူတွေက အမှန်တရားကို မကြားနိုင်ပါဘူး ကြားရရင်တောင် မကြားချင်ယောင်ဆောင်နေတဲ့ နား ချွတ်ယွင်းသူများလို ဆွံ့အနေမှာပါ။

ဒီအချိန်မှာ အမုန်းခံပြီး လမ်းမှန်ပြပေးမယ့် ပညာရှင်တွေ နူတ်ဆိတ်နေခြင်းက တိုင်းပြည်အပေါ်သစ္စာဖောက်ဖျက်တာပါပဲ ။


ပညာမရှိသူတွေက အမှန်ကိုလည်း မသိနိုင်

ဦးနှောက် ချွတ်ယွင်းလူ‌ေတွလို အမှန်အမှား အကောင်းအဆုိးခွဲခြားမထားပဲ လုပ်မိလုပ်ရာ လုပ်နေကြတယ် ။

ပညာမဲ့တဲ့လူတွေကို တိုင်းပြည်‌တည်ဆောက်ရေးမှာ အဓိက အသုံးချနေခြင်းက အလွန်အန္တရာယ်ကြီးတဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်ရပ်တွေပဲလို့ ပြောချင်ပါတယ် ။


ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေ ကြီးဆိုးနေတဲ့ ယနေ့လို ခေတ်ကြီး ပျက်သုန်းပါစေ မြန်မာပြည် ။


အဓိပတိကမ်မ 🇲🇲

 တစ်ချို့တွေက ဒေါ်လာဈေးတွေ

တက်ပြီး ပြည်တွင်းငွေဈေးတွေကျဆင်းလို့ စိတ်ပူနေကြတယ် ။

အားလုံးက ဒီအချိန်မှာ ပိုက်ဆံအတွက်စိတ်ပူနေကြတာလား ။

ကျနော်မှာ ဒေါ်လာတွေ မရှိလို့ ပျော်လည်း မပျော်ဘူး ။

ကျနော်မှာ ပြည်တွင်းငွေကလည်း ပေါပေါများများမရှိဘူး မနက်ဖြန် လ္ဘက်ရည်သောက်ဖို့တောင် အနိူင်နိူင်ဆိုတော့ ကျနော်ကတော့ ဘာမှ စိတ်မပူပါဘူး ။


🤗ကိုယ်မှာမှ ဘာမှမရှိတာ ဘာကို စိတ်ပူနေရမှာလဲ မဟုတ်ဘူးလား ။


အိမ်နားက လူ‌တစ်ချို့ရှိတယ် 

ရွှေဈေးက ၁၈သိန်းတဲ့ ဟော တက်သွားပြန်ပြီ ၁၉သိန်းတဲ့ဟ နဲ့ အမြဲပြောနေကြတာ 

"ခင်များတို့ကလည်း နိူင်ငံရေးက မတည်ငြိမ်ပါဘူးဆို ရွှေဝယ်မလို့လားလို့" သွားမေးမိပါတယ် 


"မဝယ်ပါဘူးတဲ့" ဒါဆို ပြန်ရောင်းမလို့လားလို့ ထပ်မေးကြည့်တော့ "ရောင်းစရာလည်း မရှိပါဘူး စားဖို့တောင် မနည်းရုန်းကန်နေရတာ ဘယ်လို့လုပ်ပြီး ရွှေကို ရောင်းဖို့ ဝယ်ဖို့ စိတ်ကူးမရှိပါဘူးတဲ့" 


ကြည့်အုံး ပြောပုံက ကျနော်ကတော့ ဘာမှမပြောပဲ လှည့်ပြန်လာခဲ့ပါတယ် ။ ဒါကို ရွှေဈေးတက်တာ ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောလိုပြော ဒေါ်လာဈေးတက်တာကို ငိုသံကြီးနဲ့ အော်လို့အော်နဲ့

တကယ်စိတ်ပျက်မိတယ် 😂


ဘာမှ မရှိတာတွေကို လူတွေ ပူနေကြသေးတယ် ။ ကျနော်ကတော့ အံ့ဩမိတယ် ။


ခေတ်ကိုက

ငွေတွေရှိတဲ့ ဘဏ်‌ေတွမှာ ဓားမြတိုက်ခံရ

ရွှေရှိတဲ့ အိမ်တွေ အနုကြမ်းဆီးခံရ 

ငွေထုတ်ပိုက်နိူင်တဲ့လူတွေ လုယက်ခံရ နဲ့ 


ကိုယ်တွေက ဘာမှမရှိတော့ ဘာမှစိတ်ပူစရာမလိုဘူး 😂 လာလုလဲ အိပ်ကပ်ထဲက ၅ရာတန်တစ်ရွက် ထုတ်ပေးလိုက်ရုံပဲ ဘာမှ နှမျောစရာ မလိုဘူး မဟုတ်လား ။ 


တစ်ချို့တွေ ရှိသေးတယ် 

ကိုယ့်မှာသာ ဘာမှမရှိတာ ဘာမှမရှိလို့ ဆိုပြီး စိတ်ပူနေကြတဲ့လူတွေ ၊ 


ဒီလောက်ခေတ်ပျက်ကြီးထဲမှာ ခင်များတို့က ဘာတွေ ထပ်ပြီး လိုချင်နေကြသေးတာလဲ ။

ဘာမှမလိုချင်ကြပါနဲ့ 

ဒါနဲ့ ရပ်ကွက်ထဲ ပိုရင်လှု လိုလျှင်ယူ ဆိုင်းဘုတ်ချိန်ထားရင်တော့ တန်းစီပြီး အပြေးယူကြအုံးပေါ့ 😂 ဒါက ခင်များတို့ မျှော်လင့်တောင်းတနေတဲ့ ခေတ်ပျက်ကြီးကိုးဗျ 🤗 


မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ 🤗👏🇲🇲


အဓိပတိကမ်မ 🇲🇲

In to the wild

 InToTheWild 


တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ တောအုပ်ထဲကို ဘယ်သူမှ မသိအောင် ထွက်သွားမယ် ၊


တောင်ကျချောင်းရေသံ ကျေးငှက်တွေရဲ့ အသံပလံတွေ ဆူညံနေတဲ့ အနားက သစ်ပင်အိုကြီး အမှီပြုပြီး အကြိုက်ဆုံး သီချင်းတပုဒ်ကုိ အားပါးတစ်ရ အော်ဟစ်ပြီး ဆိုမယ်


မေ့တစ်ခါ ရတစ်လှည့်ဖြစ်နေတဲ့ ဟိုးမားရဲ့ ကဗျာတွေကို ရေရွတ်ရင်း 

ပါလာတဲ့ ဝီစကီနဲ့ စီးကရက်ကို သက်ပြင်းတွေနဲ့‌ေရာစပ်ပြီး သောက်မယ်၊


စိတ်လိုလက်ရနဲ့ လွင့်နေတဲ့ တိမ်တွေကိုငေးရင်း

အဆုံးလည်းမရှိ အစမရှိတဲ့ စိတ်ကူးနဲ့ တ​စ်ယောက်ထဲ စိတ်ကြုက်လွင့်‌ေမှျာနေမယ် ။


တစ်ခါတစ်ခါ စိတ်ထွက်ပေါက်ရအောင် တစ်ခုခုကို အော်ဟစ်ဆဲပစ်မယ် ။


ငါတစ်ယောက်တည်းပဲလေ 

ငါ့ဘေးမှာ ဖြတ်သွားဖြတ်လာ

ခွေးလေခွေးလွင့်တွေ မရှိသလို သောက်ကြီးသောက်ကျယ် လူကြီးလူကောင်းနာမည်‌ေကာင်းတွေနဲ့ လူပုဂ္ဂိုလ်‌ေတွလည်း ရှိမနေဘူး ။


ငါကမ္ဘာကို ငါကိုယ်တိုင် ဖန်တီးပြီး 

ငါကမ္ဘာမှာ ငါဟာ အဓိပတိပဲ 


ဘယ်လိုလူကိုမှ သောက်ဂရုစိုက်စရာ မလိုဘူး ဂရုစိုက်စရာလူလည်း မရှိဘူး ။


မွေးဖွားခြင်းကိုလည်း မေးခွန်းမထုတ်တော့ဘူး

ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ကိုလည်း မရှာ‌ေဖွတော့ဘူး 


အားလုံးကို ထားခဲ့ပြီး အားလုံးမရှိတဲ့ နေရာမှာ ငါပျော်ပျော်ကြီး ရှင်သန်မယ် ။


ငါဟာငါနဲ့ ငြိမ်းချမ်းနေဖို့ပဲ လိုတာပါ ။


အဓိပတိကမ်မ

Sunday, 11 July 2021

နစကအစိုးရ

ကို အခုလို ကိုဗစ်‌ေဘးရောဂါ အလျင်အမြန် အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ကပ်ဘေးခံနေရတဲ့ ကိုဗစ်လူနာတွေကို ကြည့်ပြီး  

ဖမ်းဆီးအ‌ေရးယူထား‌ေသာ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေကို အမြန်ပြန်လွှတ်ပေးသင့်‌ေနပါပြီ ။


ကျန်းမာရေးကပ်ဘေးဖြစ်တဲ့အတွက် အခုချိန်လိုမျိုးမှာ ကျန်မာရေးဝန်ထမ်းတွေကုိ ပြည်သူအတွက် မရှိမဖြစ်လိုအပ်နေတာ အမှန်ပါပဲ ။ အခုဆို Q စင်တာမှာ မပြောနဲ့ အစိုးရဆေးရုံတွေမှာတောင် ဆရာဝန်မလုံလောက်တဲ့ အနေအထားပါ ။

 

နောက်ပြီး

ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာဝန်တွေကို ပြန်ရုပ်သိမ်းပေးပြီး လုပ်ငန်းခွင်ထဲ ပြန်ရောက်စေမယ့် တွေ့ဆုံညှိနှိုင်းပြီး လက်ငင်း ပြဿနာကို အကောင်းဆုံး အဖြေရှာသော လမ်းစဉ်ကို ရွေးချယ်သင့်နေပါပြီ ။


ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း‌ေတွလည်း လုပ်ငန်းခွင် အမြန်ပြန်ဆင်းပေး‌ေစချင်ပါတယ် ။


နေ့စဉ်ပြည်သူတွေ ကိုဗစ်နဲ့သေနေတာတွေ ကြားနေရတာ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ် ။ 

ဒါဟာ မသေသင့်ပဲ သေဆုံးနေရတာပါ ။ မိမိတို့ရဲ့တာဝန်မဲ့မှုတွေကြောင့် ပေးဆပ်ရတာ အပြစ်မဲ့တဲ့ ပြည်သူတွေပဲဖြစ်ပါတယ် ။ 


အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်ကန့်ကွက်တာကို ထိုက်သင့်သလောက် လက်ခံပေးလို့ရပါတယ် ။


ပြည်သူအတွက် အာဏာရှင်ကို ဆန့်ကျင်တာဆိုရင် ပြည်သူအသက်တွေ အလကားသက်သက် ဆုံးရှုံးနေရတာတွေကို ပညာရှင်အနေနဲ့ လက်ပိုက်ပြီး ကြည့်မနေသင့်တော့ပါဘူး 


လူ့အသက်ထက် အရေးကြီးတာဘာမှမရှိပါဘူးလို့ ကျနော်လက်ခံယုံကြည်ထားပါတယ် ။


 နောက် ဆရာဝန် သမားတော်ဆိုတာ ရန်သူကိုတောင် အသက်အန္တာရယ်နဲ့ ရင်ဆိုင်နေရတာကို တွေ့နေရတာတောင် အသက်ကယ်ရမယ့် တာဝန်ကျင့်ဝတ်ရှိပါတယ် ။


နကစ အစိုးရအနေနဲ့လည်း တိုင်းပြည်ကို ကယ်တင်တာပါ ခြေဥကို ကယ်တင်တာပါနဲ့ ကြီးကြီးကျယ်ကျယ် လျှောက်ပြောမနေပဲ ပြည်သူအတွက် လျှော့ပေးသင့်တာ လျှော့ပေး လွှတ်ပေးသင့်တာ လွှတ်ပေး ပြီး အကောင်းဆုံးသော လမ်းတစ်ခုကို ကျန်းမားရေးဝန်ထမ်းတွေနဲ့ လက်တွဲညီညီ ဆောင်ရွက်ပေးစေချင်ပါတယ် ။ 


 အဓိပတိကမ်မ

10072021sat



Saturday, 13 March 2021

 ကျနော်လိုသားမျိုးလည်း ခင်များတို့ လိုချင်မှာ မဟုတ်သလို 

ခင်များတို့လို မိဘတွကိုလည်း ကျနော်မိဘ မတော်ချင်ဘူး ။ 

ကျနော်လည်း မမွေးဖွားသင့်ဘူး 

 တကယ်ဆိုမ‌ေမွးဖွားခဲ့သင့်ဘူး 

 ပထမတော့ crph နဲ့ Dr.Sa Sa ကိုမျှော်လင့်‌ေနကြတယ်


ဒုတိယအနေနဲ့ USA တို့ 

UNတို့ R2P တို့ကို USကိုမျှော်‌ေနကြတယ်


နောက်ဆုံးKNUကိုမျှော်လိုက် KIA ကို မျှော်လိုက်နဲ့ အခုမြောက်ပိုင်းသုံးဖွဲ့ကို မျှော်ရတဲ့ အဆင့်ထိရောက်လာခဲ့ပြန်ပြီ။


အောင်ဆန်းကိုးကွယ် 

ဒေါ်စုကိုးကွယ် လာရင်း

သူရဲကောင်းမျှော်/မင်းလောင်းမျှော်တဲ့ ဗီဇ‌ေတွကြောင့် 

ပဲ

ပုဂ္ဂိုလ်‌ေရးကိုးကွယ်မှုအရမ်းမြင့်တက်ခဲ့လို့ မလုပ်သင့်တာတွေ မမှားသင့်တာတွေ မှားယွင်းခဲ့ကြပြီးပြီ ။


ဆက်လည်း မှားယွင်းကြမယ်ဆိုရင် မဖြစ်သင့်တာတွေ ထပ်ဖြစ်လာနိူင်ပြီး 


ပေးဆပ်ရတဲ့ အသက်သွေးချွေးတွေကိုလည်း ထည့်တွက်သင့်နေပါပြီ။ 


အဓိပတိကမ်မ

Thursday, 11 March 2021

မဂ္ဂင်ရှစ်ပါး

 မဂ္ဂင် ရှစ်ပါး


1. Right View -

    ကောင်းစွာ သိမြင်ခြင်း


2. Right thought-

    ကောင်းစွာ ကြံစည်ခြင်း


3. Right speech-

    ကောင်းစွာ ပြောဆိုခြင်း


4. Right action-

    ကောင်းစွာပြုမူနေထိုင်ခြင်း


5. Right livelihood-

    ကောင်းစွာ အသက်မွေးခြင်း


6. Right effort-

    ကောင်းစွာ အားထုတ်ခြင်း


7. Right mindfulness-

    ကောင်းစွာ အောင့်မေ့ခြင်း


8. Right concentration-

    ကောင်းစွာ တည်ကြည်ခြင်း


အဓိပတိကမ္မ 

pyaephyoaungkm

Friday, 5 March 2021

၇နှစ်လောက် မတွေ့ရပဲနေပြီး 
သိပ်ချစ်ရသူကို ပြန်တွေ့တော့ 
သူက စောက်‌ရမ်းလန်းပြီး ကိုယ်က စောက်ရမ်း ဂွမ်းနသာအခါ 🤓🤪


▪️တိုင်းပြည်ရဲ့အနာဂတ်မှာ လူငယ်ရောင်စုံပန်းများ ဖူးပွင့်ပါစေ🇲🇲

 ▪️တိုင်းပြည်ရဲ့အနာဂတ်မှာ လူငယ်ရောင်စုံပန်းများ ဖူးပွင့်ပါစေ🇲🇲 04032021


အခုဆိုရင် နေ့တိုင်း ရက်တိုင်း နေဝင်ခါနီးရင် 

ဝမ်းနည်းပါတယ် ပြောပြီး နောက်ကွယ်ကနေ မြှောက်ပင့်ပေးနေသူတွေရှိ‌‌ေနတယ် ။ 

ဂုဏ်ပြုပါတယ်‌ေပြာပြီး စတေးခံနေသူတွေ ရှိတယ် ။

ကန့်ကွက်ပါတယ်‌ေပြာပြီး အားပေးအားမြှောက်လုပ်နေတယ် ။ 

ရှုံ့ချပါတယ် .ဆိုပြီး ချနင်းနေကြသူတွေ ရဲ့စကားတွေ ရှိတယ် ၊ 

အထပ်ထပ်အခါခါ ကြေကွဲပြပြီး စစ်တပ်ကို နာမည်ဆိုးတွင်အောင် လုပ်နေကြသူတွေ ရှိနေပြီ ။


မင်းတို့ လူငယ်တွေသတိရှိကြပါ ဘယ်သူတွေက မိမိတို့ရဲ့ရန်သူ‌ေတွလည်း ဘယ်လိုလူတွေ ဘယ်လိုပုဂ္ဂိုလ်တွေက မိမိကို သတ်ကွင်းထဲ တွန်းပို့နေတာလည်း မင်းတို့လူငယ်တွေ သိသင့်‌‌ေသာ အချိန်ဖြစ်တယ် ။ မညံ့ကြပါနဲ့တော့ ။


အပြစ်မဲ့ပြည်သူတွေ တန်ဖိုးရှိတဲ့ လူငယ် တွေ လမ်းပေါ်မှာ သေကြေရတိုင်း အရမ်းနာကျင်ရတယ်ခံစားရတယ်။


အောင်မြင်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းပါတယ်လို့လည်း ဝေဖန်ခဲ့ဖူးပါတယ် ။


 မအောင်မြင်နိူင်တဲ့ တော်လှန်ရေးလို့ လည်း ခဏခဏ ကျနော် သုံးသပ်ခဲ့ဖူးတယ် အဆဲ‌ေတွလည်း အများကြီး ခံခဲ့ရပြီးပြီ ။


ဘယ်လိုလုပ်သင့်တယ် ဘယ်လိုတိုက်ပွဲဝင်ပြီး ဘယ်လိုတော်လှန်သင့်တယ်လို့ အကြံလည်းခဏတိုင်းပြုခဲ့ဘူးပါတယ်။


ကျနော်လည်း ဒီထက်ဘာမှပိုပြောလို့မရတော့ဘူး ပြောလည်း မပြောတတ်တော့ဘူး ။


 အခုလည်း အသက်တွေ အများကြီး ဆုံးရှုံးရပြီးပြီ 


 ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ ကိုယ်ယုံကြည်‌ေနတာ အောင်မြင်မယ် ထင်‌ေနရင်‌လည်း ဆက်လုပ်ကြပေါ့ ။

မှားတယ်လို့တော့ မပြောချင်ဘူး ။ ဒါပေမယ့်အမှန်မဟုတ်ဘူးနော် ။


 စဉ်းစားမိတာ တစ်ခုရှိတယ် လက်ရှိအ‌ေ‌ရးအခင်းမှာ လူငယ်တွေရဲ့ အသက်တွေစတေးပေးနေရတာ မထိုက်တန်ဘူးလို့ တွေးမိတယ်။ 


ဗမာလူငယ်တိုင်းကြားဖူးပါတယ်

အသက်ကုိ ဥာဏ်စောင့်

ဥစ္စာကံစောင့် ဆိုသော မြန်မာစကားပုံရှိပြီးသားပါ အသိနဲ့ သတိရှိကြ‌ေပါ့။


 ငါတို့လုပ်တာ မှားနေလား မှန်နေလား အသိဥာဏ်နဲ့ သုံးသပ်ဆင်ခြင်ပြီးလုပ်ကြပါ။ 


မတရားမှုကို တော်လှန်ချင်ကြတဲ့ လူငယ်တွေ ဒီမိုကရေစီအတွက် အသက်ပေးဝံ့တဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ စိတ်ဓာတ်ကိုတော့ လေးစားတန်ဖိုးထားမိပါတယ်။ 


 ▪️တစ်ချက်လေးတော့မှတ်ထားကြပါ▪️


 လက်ရှိနိူင်ငံရေးပြဿနာဆိုတာ စားပွဲဝိုင်းမှာ နှစ်ဖက်ခေါင်းဆောင်အချင်းချင်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီး နိူင်ငံရေးအပေးအယူ ချိန်ညှိလိုက်ရင်  

ရက်ပိုင်းအတွင်း ပြီးစီးသွားမှာပါ ။


ဒါပေမယ့် အခုပေးဆပ်ခဲ့တာတွေက အလကားသက်သက် ဖြစ်သွားမှာ ဆိုတာကိုတော့ သတိချပ်ကြပါ ။


မြန်မာ့

နိုင်ငံရေးမှာ အင်အားကြီးတဲ့ ယှဉ်ပြိုင်တိုက်ပွဲတွေ ရှိခဲ့ဖူးတယ် ။ အလံနီ အလံဖြု ကရင်သူပုန် ရှမ်းသူပုန် တိုင်းရင်သားအစုံနဲ့ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေက ယခုထက်ပိုပြီး အဆပေါင်းမြှောက်များစွာ ကြီးမားပြင်းထန်ခဲ့ပါတယ် ။


 နောက်ဆုံးတော့

တွေ့ဆုံညှိနှိုင်းအ‌ေြဖရှာကြရတဲ့ စကားဝိုင်းမှာပဲ ဆွေးနွေးအဖြေရှာရတာပဲ‌ေလ


လက်ရှိအထိတောင် မပြီးနိူင်သေးတဲ့ လက်နက်ကိုင်ပြဿနာတွေ ပြည်တွင်းမှာ ရှိနေပါသေးတယ် ။


အဲ့တော့ လက်ရှိပြဿနာကို စာပွဲဝိုင်းမှာ အမြန်ဆုံးဆွေးနွေးအဖြေရှာနိုင်လေ ထိခိုက်နစ်နာဆုံးရှုံးမှု နည်းလေပါပဲ 


ဒါကို နိူင်ငံရေးသမားတိုင်း သိသလိုစစ်တပ်ဘက်က လူတွေအရာရှိတွေကလည်း ‌ေ‌ကာင်းကောင်းကြီး သိကြတယ် ။


ဒါကို ဒေါ်စုလည်း သိတယ် မင်းအောင်လှိုင်လည်း သိတယ် ။

သူတို့ခေါင်းဆောင်တွေ နိူင်ငံရေး ချိန်ခွင် ချိန်ကြည့်မရတိုင်း ကျောင်းသားပြည်သူနှင့် အခြေခံလူတန်းစားတွေက အမြဲပေးဆပ်ကြရတာ သိပ်ကို ဝမ်းနည်းစရာကောင်းတယ် ။


ငြိမ်းချမ်းတဲ့နိူင်ငံ‌ေရးလမ်းစဉ်

 အမှားနည်းသော နိူင်ငံရေးလမ်းစဉ်ကို ရွေး‌ချယ်လျှောက်လှမ်းစေချင်ပါတယ် ။


ငြိမ်းချမ်းပါစေ မြန်မာပြည်ကြီး 

အေးချမ်းသာယာပါစေ ပြည်သူလူထုကြီး ။

မနက်ဖြန်တိုင်းမှာ အရာရာ အစဉ်ပြေပါစေ။


အဓိပတိကမ်မ

Wednesday, 3 March 2021

▪️လူငယ်တွေ သန်စွမ်းပါစေ🇲🇲

 ▪️လူငယ်တွေ သန်စွမ်းပါစေ🇲🇲


နိူင်ငံရေးသမားတွေ ကိုယ့်အလုပ် ကိုယ်လုပ်စေချင်ပါသည် ။


စစ်တပ်ဘက်ကရော လက်ရှိစစ်ဆန့်ကျင်ရေးလုပ်နေသော လူတွေကပါ ကိုယ့်အလုပ် ကိုယ်လုပ်စေချင်သလို crph ကလည်း နိူင်ငံရေး ဦးတည်ချက်ခိုင်ခိုင်မာမာ ရှိစေချင်ပြီ ။


နီပေါတွေကို တစ်ခုပြောချင်တယ်။

အောင်ဆန်းစုကြည်နိုင်ငံရေးခေတ်ကို မျှော်လင့်မနေပါနဲ့တော့ ဒေါ်စု နိူင်ငံရေးခေတ်က ပြီးဆုံးသွားပါပြီ။ 

မပြီးပြီးအောင်လည်း စစ်တပ်က လုပ်မှာ အသေအချာပါပဲ ။

နိူင်ငံရေး ဇာတ်ခုံပေါ် ဒေါ်စု ပျောက်သွားဖို့ တပ်က လက်ရှိ အာဏာသိမ်းတာလို့ပဲ ကျနော်ကတော့ ယူဆပါတယ် ။


ဒေါ်စု ပြန်လွတ်လာလည်း နိူင်ငံရေးကစားကွင်း ဝင်လို့ရတော့မှာ မဟုတ်ပါဘူး ။ 

 မလွတ်ပဲထားနေရင်လည်းအနေအထားတွေက အခုထက်ပိုပြီး သိပ်ထူးမယ်မထင်ပါဘူး ။

ဘာကြောင့်လဲ ဆိုတော့ ဒေါ်စုကို မြန်မာ့နိူင်ငံရေးလောကကနေ ထုတ်ပစ်ဖို့ရာ တပ်ရဲ့အဓိက နိူင်ငံရေးကစားကွက်ပါပဲ ။


အဲ့ဒါကြောင့် ဒေါ်စု ချက်ခြင်းလွှတ်ပေးပါ ။သမ္မတကြီး ဦးဝင်းမြင့် လွှတ်ပေးပါ အော်နေလည်း ထူးခြားလာမည် မထင်ပါ။

အဲ့ကြောင့် နိူင်ငံရး ကစားကွက် ပြောင်းလဲသင့်နေပြီ ။


နောက်ပြီး 

CRPH ကို တစ်ခုလောက်ပြောချင်တယ်။ ပြည်ပကိုပဲ အားအများကြီး မကိုးပါနဲ့ ။

သူတို့လုပ်နေတာတွေက ပြည်ပကိုပဲ အားကိုးနေပြီး ပြည်တွင်းကို ပြန်မကြည့်သလို့ဖြစ်နေတယ် ။

 ASEAN တွေ UN တွေက ကျနော်တို့ ပြည်တွင်းရေး ပြဿနာကို သံခင်းတ

မန်ခင်း အပျက်ခံပြီး ဝင်ရောက် စွက်ဖက်မှာ မဟုတ်လို့ အားကိုးလွဲနေပြီလို့ သုံးသပ်ချင်ပါတယ် ။


အခုချိန်ထိ သူတို့မှာ ဖိအားပေးရုံနဲ့ ရှုံ့ချရုံကလွဲပြီး ဘာမှ အသံထွက်မလာတာကိုက ကျနော်တို့အတွက် မျှော်လင့်ချက်လမ်းဆုံးတာပါပဲ ။


စစ်တပ်ဘက်က သူလုပ်စရာရှိရာကို ဦးတည်ချက်မဝေဝါး ပြတ်ပြတ်သားသားလုပ်ဆောင်နေပါပြီ။ သူတို့ သွားချင်တဲ့ပုံစံကို သူတို့စိတ်ကြိုက်လုပ်နေတာကလည်း အမှန်ပဲလေ ။


အာဏာသိမ်းပြီးတဲ့ နေ့ကတည်းက စလို့ တစ်ရက်မှ မပြတ်ဘူး ။ သူတို့ ပုံသွင်းချင်သလို နိူင်ငံရေး player တွေကို သူတို့ ရွေ့ချင်သလို ရွေ့ပြီး ဟန်ချက်ညီညီ လုပ်နေကြတယ် ၊  


ဘယ်သွားမယ် ဘာလိုလုပ်မယ် ဘယ်လမ်းစဥ်ကို ရွေးချယ်တယ် နဲ့ ‌ေနာက်က လိုက်မယ့် လူတွေကလည်း တစ်စီတတန်းကြီးပါပဲ ။


Nld နဲ့ crph တိ့ုအနေနဲ့ 

အခုအချိန်အထိ ၂၀၀၈ ခြေဥကို ဖက်တွယ်ပြီး ကြောင်တောင်ကန်းဖြစ်နေရတာတွေလည်း ရပ်သင့်ပါပြီ။


ဥပဒေနဲ့အညီ စည်းကမ်းတကျ ငြိမ်းချမ်းစွာတွေနဲ့ လမ်းမပေါ်မှာ လူငယ်တွေ အသက်၂၀ကျော်က‌ေလးတွေရဲ့ အသက်တွေကို တန်ဖိုးမဲ့စွာ ဆက်လက်မစတေးပါနဲ့တော့ ၊ 


အသက်တွေ ဆုံးရှုံးသွာတာတောင် ဝမ်းနည်း မပြော နာရေးအိမ်ကို နာရေးသတင်း လာမမေးတဲ့ သူတွေ နဲ့ အားပေးစကားလာမပြောကြတဲ့ လူကြီးလူ‌ေကာင်း ဆိုသူတွေက လမ်းပေါ်မထွက်ထွက်အောင် onlineပေါ်ကနေ သူရဲကောင်းလုပ်နေသူတွေ အနေနဲ့လည်း ရပ်တန်းက ရပ်သင့်ပါပြီ ။


မနက်ဖြန်ဆို အောင်မြင်ပြီ သဘက်ခါဆို အောင်မြင်ပြီ မင်းအောင်လှိုင်ပြေးတော့မှာပါ ဆိုတဲ့ လိမ်လုံးညာလုံးတွေနဲ့ ကျောင်းသားပြည်သူတွေအသက်တွေကို မစတေးပါနဲ့တော့ ။


လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေဟာ အားလုံးအသစ်ဖြစ်နေပါပြီ။

2020 ရွေးကောက်ပွဲရလဒ် အတည်ပြုပေးပါ ပြည်သူ့ဆန္ဒမဲတွေကို လေးစားပါတွေ အော်မနေနဲ့တော့ ရတော့မှာ မဟုတ်ဘူး ။ 

နိူင်ငံရေးလမ်းဆုံသွားပြီ သိဖို့ပါ ။


လက်နက်ကိုင်ပြီး စစ်တပ်ကို တော်လှန်မှာလား တော်လှန်ပြန်ရင်ရော အောင်မြင်နိူင်ပါ့မလား ။ အောင်မြင်နိူင်ရင်ရော ဘယ်လောက် အချိန်ယူ ဘယ်လောက်ထိ ပေးဆပ်ကြရမှာလဲ ။ လက်နက်ကိုင်တိုက်ရင် ရော လက်နက်ခဲယမ်းကို ဘယ်နိူင်ငံ‌က ထောက်ပံ့ပေးမှာလဲ ။


ဘယ်လောက်ထိ ထောက်ပံ့ပေးမှာလည်း ၊စဉ်းစားကြပါ နိူင်ငံရေးလုပ်နေသူတွေ 

ခင်များတို့ ရဲ့ အသိနည်းမှု အတွေးအခေါ် အမျှော်အမြင် နည်းမှုတွေရဲ့ ရော်ကြေးနဲ့‌ေလာင်း‌ေကြးက တန်ဖိုးရှိတဲ့ ကျောင်းသား ပြည်သူ‌တွေရဲ့ တန်ဖိုးရှိတဲ့ အသက်တွေပါ ။  

 

လူငယ်မျိုးဆက်တွေကိုပြောချင်တယ်။

GEN X တွေ gen Z တွေ မြှောက်ပေးတိုင်း မကကြပါနဲ့ မိမိအသိတွေကို မြှင့်တင်ကြပါ ။ 

အခုက အာဏာငမ်းသူ စစ်တပ်နဲ့ အာဏာမက်သူ nld တို့ အာဏာလုတဲ့ပွဲမှာ စတေးခံရသူတွေမဖြစ်ပါစေနဲ့‌ေတာ့။


ခေတ်ကတော့ ပျက်နေပြီ 

ခေတ်ပျက်ထဲမှာ အသားကျအောင် ဘယ်လိုနေမလဲ ကိုယ်လိုချင်နေတဲ့ နိူင်ငံရေးကို ဘယ်လိုရောက်အောင် လျှောက်လှမ်းကြမလဲ 

လက်ရှိခေတ်ပျက်ကို ဘယ်လိုကျော်လွှားကြမလဲ သေချာ တွေးတောကြပါ ခေတ်ပညာတွေ သင်ယူထားတာ ခေတ်ကို နောက်ပြန်ဆွဲချဖို့ မဟုတ်ဖူးဆိုတာ သိပါ ။

သင်တို့ လူငယ်တွေ အကောင်းဆုံးသော အနာဂတ်လမ်းမှန်ကို ငြိမ်းချမ်းစွာ ရွေးချယ်လျှောက်လှမ်းကြပါ ။


ကိုယ်ရွေးချယ်တဲ့လမ်းဟာ ကိုယ့်အနာဂတ်ပါ။

အကောင်းမွန်ဆုံး အသန့်ရှင်းဆုံး အမှန်ကန်ဆုံး အလှပဆုံးဖြစ်ပါစေလို့ တောင်းဆု‌ပြုပေးလိုက်ပါတယ် ။

အမှား‌နည်းသော လူငယ်တွေ ဖြစ်ပါစေ ။

လူငယ်တွေ သန်စွမ်းသော အသိဉာဏ်တွေ ပိုင်ဆိုင်နိူင် ကြပါစေ ။


အဓိပတိကမ်မ

Monday, 1 March 2021

 ဆိတ်ဆိတ်နေသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ စကားပေါသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ စကား မယုတ်မလွန်ပြောသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ လောက၌ ကဲ့ရဲ့ပြစ်တင်မခံရသူ တစ်ဦးတစ်ယောက်မှ မရှိ။ - ဗုဒ္ဓ


They blame those who remain silent, they blame those speak much, they blame those who speak in moderation. There is none in the world who is not blamed. -The Buddha

 ကိလေသာ နဲပါး စင်ကြယ်သူတို့အဖို့ အစဉ်အေးချမ်းနေကြသော်လည်း


ကိလေသာ ထူပြောတဲ့ သူမိုက်တို့အဖို့ အမြဲပူလောင်နေတတ်တာ မဆန်းပါ

Sunday, 28 February 2021

Wanamaunglwin u

 ဦးဝဏ္ဏမောင်လွင်ဆိုတာ...


ကိုယ်တွေကျောင်းဆင်းစ မိခင်တပ်ရင်းမှာ

တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ

တပ်ရင်းအပေါ် ဖခင်သဖွယ်အုပ်ချုပ်ခဲ့လို့

၁၉၉၁- ၉၄ လောက်က တပ်ရင်းမှူးကို ယနေ့အချိန်ထိ 

အားလုံး အမှတ်ရ လေးစားခံနေရသူ


KNU တို့ရဲ့ နာမည်အကြီးဆုံး စခန်း ဝမ်ခသစ် သို့မဟုတ် ကော့မူးရာ

ဘယ်တော့မှ မကျပါဘူးလို့ကြွေးကြော်ထားတဲ့ စခန်း 

အနောက်နိုင်ငံတွေကစ လောင်းကြေးထပ်ပြီး 

မကျစေရဘူးဆိုပြီး

ဝမ္ခသစ္ကို ပံ့ပိုးပေးနေတဲ့အချိန် 

သင်တန်းပါတာတောင် မသွားနိုင်ပဲ 

ပြီးဆုံးအောင် တိုက်ပွဲဝင်ခဲ့သူ


သူ့ရဲ့ထူးခြားချက်ကတော့

စစ်တက္ကသိုလ်သမိုင်းမှာ ဘယ်သူမွ မရဖူးတဲ့

အမြင့်ဆုံးဆု ၃ ဆုလုံးကို တစ်ယောက်ထဲ ယူခဲ့သူ


စစ်တက္ကသိုလ် အမှတ်စဉ် ၁၆

{၁} ဗိုလ်လောင်းအမှတ် - ၁၂၀၆ အောင်စစ်သည်ဆု

{၂} ဗိုလ်လောင်းအမှတ် - ၁၂၀၆ လေ့ကျင့်ရေးထူးချွန်ဆု

{၃} ဗိုလ်လောင်းအမှတ် - ၁၂၀၆ စာပေထူးချွန်ဆု(သိပ္ပံ) စသည့် ဆုမ်ားရရွိခဲ့သူ....


ပထမဆုံး အရပ်သားအစိုးရမှာ

ပြည်ထောင်စုဝန်ကြီး/နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း

ကုလသမဂ္ဂ အစည်းအဝေးမှာ

မြန်မာနိုင်ငံတိုင်းရင်းသားထဲမှာ " ဘင်္ဂါလီ " မပါဘူးဆိုတာ

ပြတ်ပြတ်သားသား ပြောခဲ့တဲ့သူ

ဘင်္ဂါလီကို တိုင်းရင်းသားလို့ ဆက်ပြီးပြောနေမယ်ဆိုရင်

အစည်းအဝေးခန်းမထဲကနေ ချက်ခြင်းထွက်သွားမယ်လို့

ပြောခဲ့တဲ့သူ


ခုလည်း အနီအားပေး သံရုံးတွေက 

statement တွေ အားတိုင်းယားတိုင်းထွက်နေမှုအပေါ်

နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ မသင့် ဝေဖန်ဖို့မလိုဘူးလို့

ပြတ်ပြတ်သားသားပြောရဲသူ


သူ့ကိုဖောင်းထုနေတဲ့သူတွေ သူ့အရည်အချင်းကို

ဆက်ပြီး စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ် ok



လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေကို တန်ဖိုးထားတတ်ခြင်းကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။

ငါတို့က လူများတယ်ဆိုပြီး တွေးနေရင်ဖြင့် ငြိမ်နေတဲ့ အသံတွေ၊ ကိုယ်နဲ့ မတူညီတဲ့ယုံကြည်ချက်တွေကို . . .


သေသေချာချာတွေးပေးခြင်းကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ထင်တာပဲ။



28022021

ကြယ်လေးတွေ ကြွေသွားတယ် တွေ့လား

ဒီနေ့တချို့တွေ အိမ်ပြန်မလာနိုင်တော့ဘူး။


We will remember you brothers and sisters ❤️

𝗥𝗲𝘀𝘁 𝗜𝗻 𝗣𝗼𝘄𝗲𝗿 𝗼𝘂𝗿 𝗛𝗲𝗿𝗼𝗲𝘀 😞 

 အမှောင်မရှိပါဘဲ ဘယ်ကြယ်မှ လင်း၍မရ။ 


Stars can't shine without darkness.


ကိုယ်နှင့်မကိုက်ညီသူနှင့် အတူရှိနေတာနှင့်စာရင် ဘယ်သူနှင့်မှ မပတ်မသက် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ တစ်ကောင်တည်း လေမှာဝဲတတ်တဲ့ငှက်တွေက အသန်မာဆုံးသောတောင်ပံတွေ ရှိတတ်တယ်။ 


Being with no one is better than being with the wrong one, because those who fly solo often have the strongest wings.


SayarThant

Friday, 26 February 2021

ရှင်နွေတမ်းခြင်း

 သံယောဇဉ်ကြိုးတွနဲ့တာင် မချည်နှာင်ဖွဲ့ရသေးဘူး ခေတ်ပျက်ကြီးတစ်ခုကို ဖြတ်သန်းကြရင်း သဘောထားတွေ ကွဲလွဲကြရပြန်တယ် ။

အသိတွ မတူညီလို့ အတူမနေရမယ့် အဖြစ်ကို မတွေးတော့ပဲ လက်ရှိ လူမှုစံနှုန်းအားကာင်းဖို့ပဲ သိတဲ့ ကလေးအသိတွကြာင့် မဝေးသင့်ပဲ ဝေးရတာ့မယ် ။

တစ်သက်တာ အမှတ်တရကို ပြရရင် မဆက်ဆ့ရခင် ဆက်ဆံရးအပြတ်ခံခဲ့ရတာတွေကို ချပြရမှာပါပဲ ။

နင်လည်း နင်နဲ့တန်တဲ့ အသိတွ အတွေးအခေါ်တွေနဲ့ ဖြတ်သန်း ငါလည်း ငါ့အသိအမြင် ငါ့အတွေးအခေါ်တွနဲ့ ခေတ်တစ်ခုကို အတူလျှာက်လှမ်းခဲ့ကြပမယ့် မတူညီတဲ့ ပတ်ဝန်းကျင် မတူညီနဲ့ အသိတွ‌ေြကာင့် ဆုံမလိုလိုနဲ့ အလိုလိုကွဲသွားခဲ့ပြီ တစ်သက်စာအတွက် ။

တစ်ပတ်စာ အသိ တစ်‌ေခတ်စာအသိ  ဒီမိုကရေစီလူ့အခွင့်အရေးတွေ  ြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြအများကြီး မပြောဖြစ်ကြပဲ အများသဘောအလိုလိုက်ကာ ငါတို့ ဝေးခဲ့ရပြန်တယ် ။

နွေဦးတော်လှန်ရေး အကြောင်းပြုပြီး နွေရဲ့အလှကို မေ့ထားခဲ့သူရယ် နွေဦးရာ မျော်မှန်းချက်တွနဲ့ မကိုက်ညီတော့ ပြန်မဆုံနိူင်အောင် သဘောထားတွေ ကွဲလွဲခဲ့တယ် ။


အဓိပတိကမ္မ

26022021


Saturday, 20 February 2021

နေပြည်တော် နှင့် ရန်ကုန်မြေနီကုန်း

 ယနေ့ည နှစ်ခုပြောမယ် 


နေပြည်တော် နှင့် ရန်ကုန်မြေနီကုန်း


ဟိုအရင် နဝတ နအဖခေတ်တုန်း က 

ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ အားလုံးကြားကြဖူးမှာပါ ၊


ယာဉ်တိုက်မှု ဖြစ်လိုက်ပြီဆိုရင် 

ဘာကြီးပဲ ြဖစ်နေဖြစ်နေ ဘယ်လိုပဲ ဖြစ်ဖြစ် တိုက်လိုက်ရင် ယာဉ်ကြီးကအမှားပဲ ၊ ယာဉ်ငယ်က ဘယ်လိုအနေနေအမှန် ဆိုတာမျိုးတွေ ။ 


အခုလည်းအဲ့လိုပဲ စစ်တပ်က ဘာလုပ်လုပ်အမှား ပြည်သူကတွေဘာလုပ်လုပ်အမှန် လို လုပ်ချင်နေကြတယ်။


သိပ်တော့မတရားဘူးထင်တယ် ။

စစ်တပ်ကို ထောက်ခံလို့ ဒီစကားပြောရခြင်းမဟုတ်ဘူး ၊ အခုက ပြည်သူဆိုသူတွေက အတော်လွန်နေပြီ ။


အခုလည်းကြည့်လေ သေနတ်ပစ်ခံရရင် ပစ်တဲ့သူက အမှားဆိုပြီး သတင်းသမားတွေ ဆန္ဒ ပြအုပ်စုတွေက သောက်ရမ်းကြီး drama တွေခင်းပြပြီး ကြေကွဲပြနေပုံက အတော်ရွံစရာကောင်းပါတယ် ။


လုံခြုံရေးတပ်တွေကို ဒီကောင်မလေး ခဲတွေနဲ့ပစ်တဲ့ video တွေလည်း တက်နေတာပဲ အဲ့ဒီအခင်းဖြစ်တဲ့နေရာမှာ ဘယ်လောက်ထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသလဲ အားလုံးသိနေတာပဲလေ ၊


ဒါကို လုံထိန်းရဲတွေ အပြစ်လိုလို စစ်တပ်ရဲ့အပြစ်လိုလို အပြစ်တင်နေကြခြင်းတွေ တိုင်းပြည် အတွက်လည်း မကောင်းဘူး ။


လုပ်စရာရှိတာ ဥပဒေအတိုင်း စစ်တပ်က လုပ်မှာပဲ ၊ အရင်ကလိုတော့ ယာဉ်ကြီးနဲ့ယာဉ်ငယ် တိုက်ရင် ယာဉ်ကြီးပဲ အရေးယူဆောင်ရွက်သည့် ခေတ်က ကုန်ခဲ့ပြီ ။


ခင်များတို့လည်း ယနေ့ခေတ်မှာ အမှန်တရားနဲ့ မတရားမှုတွေကို တိုက်ဖျက်ကြပါ ။ အမှန်ပဲနဲ့တော့ မတရားမှုတွေကို မတိုက်ဖျက်နိူင်ပါဘူး ။ 


 

အခုလည်း မြေနီကုန်းမှာ လုပ်နေပုံတွေက

 အဖျက်ကိုပဲ ဦးတည်နေသော ပြည်သူတွေ ဖြစ်မှန်းမသိဖြစ်နေပြီ ၊ ကြက်သွန်နီတွေ ပစ်ချပြီး အိတ်အပေါက်နဲ့ လိုက်ကောက်ပြနေလိုက် လမ်းပေါ် စက်ဘီးလဲပြလိုက် ybs ကားတွေ ဖုန်သုတ်ပြကြနဲ့ အတော်လေး ကြည့်ရ ရှုပ်ဆိုးလာပြီး ဆန္ဒပြချင်တာမဟုတ်ပဲ အပျော်ရှာဖို့သက်သက် လုပ်နေသလို ဖြစ်နေပြီ ။


၁၈ ရက်နေ့ကလည်း လူကူးမြင်းကြားမှာ လုပ်နေပုံတွေက အုပ်စုဖွဲ့ပြီး တိုင်းပြည်ကို အဖျက်အမှောက်လုပ်နေကြသလို ဖြစ်နေပြီ ။


အာဏာသိမ်းစစ်တပ်ကို ဆန္ဒပြ

တာ မမှားပါဘူး ။ ဆန္ဒ ပြနေခြင်းတွေကတော့ မမှားမိစေရန် သတိပြုကြရမှာပါ ။


စစ်တပ်က သေနတ်မောင်းခလုတ် မနှိပ်ပဲ အုပ်ချုပ်နေလို့ အခုလိုတွေ လုပ်နေကြတာလား မသိဘူး ။

စစ်တပ်က ပစ်လိုက်ပါပြီတဲ့ နောက်ထပ် စစ်တပ်ပဲ အပြစ်ဝိုင်းပြီးတင်ကြမှာပါပဲ ။


အခုအခြေအနေက စစ်တပ်မပစ် ပစ်အောင် ရန်စောင်နေသလိုဖြစ်နေပြီ ။


တိုင်းပြုပြည်ပြု နိူင်ငံရေးလုပ်ကြရမယ့်အစား တိုင်းပျက်ပြည်ပျက် အဖျက်အမှောက် နိူင်ငံရေးစိတ်ဓာတ်တွေနဲ့ လမ်းပေါ်ထွက်နေကြခြင်းတွေ ရပ်တန်းက ရပ်သင့်ပါပြီလို့ အကြံပြုပြောကြားချင်ပါတယ် ။


@အဓိပတိကမ်မ 

 20022021

အမှားနည်းသော စစ်ကောင်စီဖြစ်စေလို

 ▪️အမှားနည်းသောကောင်စီဖြစ်စေလို🇲🇲


နူိင်ငံ‌ေတာ်စီမံအုပ်ချုပ်မှု‌ေကာင်စီက နိူင်ငံတော်အကြံပေးအသစ်တွေ ခန့်အပ်လိုက်တဲ့သတင်းကြားရတော့ အရပ်ဘက်က လူတွေနဲ့ စစ်ဘက်က လူတွေပေါင်းပြီး ၇ဦး ခန့်အပ်တာ တွေ့လိုက်ပါတယ် ။


ဒါဟာ ကောင်စီအတွက် ကြီးမားသော အားဖြစ်ပါတယ် ။

အခုလိုခန့်အပ်ခြင်းအား‌ဖြင့် စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်လာမှာဖြစ်သလို ပြီးခဲ့သော 1962 1988 ကာလအာဏာသိမ်းခြင်းတွေနဲ့ အတော်လေး ကွဲလွဲနေတာ မြင်ရတွေ့ပါတယ်။

ကောင်စီဖွဲ့တာတွေ စီမံအုပ်ချုပ်မှု ပုံစံတွေ နှင့့် ဆန္ဒပြလူအုပ်တွေကို ကိုင်တွယ်တာ လုံးဝလမ်းမှန်ကို ရွေးချယ်ခဲ့တာ ကာချုပ်ရဲ့ ပျော့ပြောင်းပြီး ညင်သာတဲ့ စီမံအုပ်ချုပ်မှု ပါပဲ ။


နောက်ပြီး ပြောချင်တာက 

 ဒေါက်တာစလိုင်းငွန်ကျုံးလျန် နဲ့ ဒေါက်တာရင်ရင်နွယ်လိုလူတွေပါလာတာကုိတော့ အလွန်သဘောကျတယ်

အခုလိုပညာရှင်တွေ ကို နေရာပေးပြီး နိူင်ငံတော်တာဝန်ပေးအပ်လိုက်ခြင်းက တိုင်းပြည်အတွက်လည်း ဝမ်းသာစရာပါ ။


 ဒေါက်တာနေဇင်လတ် နှင့် ဒေါက်တာ ညိုညိုသင်းတို့ကိုလည်း နေရာတွေပေးပြီး ကောင်စီရဲ့ဆောင်ရွက်မှုတွေကို အားကောင်းမောင်းသန်ဖြစ်အောင် ဆောင်ရွက်စေချင်ပါသေးတယ် ။


နောက်တစ်ခုရှိသေးတာက ရပ်ကျေးအုပ်ချုပ်ရေးမှုးရွေးချယ်ရေး ကိစ္စတွေ အခုချိန်လပ်တလော အတော်‌ေလးအသံထွက်လာတာပါပဲ ။


90% နီးပါးလောက်ကို ကြံ့ခိုင်ရေးတွေကို ပဲ ရွေးချယ်ခန့်လိုက်တာတွေ ရပ်ကွက်နှင့်ကျေးရွာလူထုက လက်မခံနိူင်တဲ့လူတွေကို ခန့်အပ်လိုက်တာကတော့ စီမံအုပ်ချုပ်မှု အမှားတစ်ခုပါလို့ ပထမဆုံး ဝေဖန်ထောက်ပြချင်ပါတယ် ။


ပြီးခဲ့သော

ယခင်အုပ်ချုပ်ရေးမှုးတွေနှင့် ထွေအုပ်က မြို့နယ်မှုးတွေ ဦးစီးမှုးတွေ နဲ့ ပေါင်းပြီး ညှိလိုက်ရင် အစဉ်ပြေသွားမယ့် ကိစ္စကို ချက်ချင်းလက်ငင်း ဖြုတ်လိုက်တပ်လိုက် လုပ်လိုက်တာတွေက ပြည်သူထောက်ခံမှု မရနိူင်သလို စစ်တပ်ရဲ့ အာဏာထိမ်းခြင်းကို လက်ညှိုးထိုးစရာ တစ်ခုဖြစ်လာတာ မြင်ရပါတယ် ။


ကျနော်လည်း အထက်ပါ

‌ပြဿနာအတွက် ဖြေဆေးကို စဉ်းစား

လို့မရသေးပါဘူး

 နောက်ထပ် အမှားမပါစေချင်သလို အဘက်ဘက်မှ အနှုတ်သဘောဆောင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြချိန်မှာ မိမိတို့ဘက်မှ အတတ်နိူင်ဆုံး အမှားအနည်းနိူင်ဆုံးနှင့် အားနည်းချက်တွေ နည်းနိူင်သမျှ နည်းအောင် ဆောင်ရွက်စေလိုသော ဆန္ဒတွေ ရှိနေပါတယ်လို့ ပြောချင်ပါတယ် ။


တပ်မတော်ရဲ့အမျိုးသားနိူင်ငံ‌ရေးကို ထာဝရယုံကြည်ချင်ပါတယ်။


@အဓိပတိကမ်မ

     20022021

Thursday, 18 February 2021

 ညီလေးရေ…

သမိုင်းဆိုတာ 

စစ်နိုင်သူတွေရေးတာသာ အမှန်ပါ၊


အဲဒီလိုပဲ 

အာဏာလက်ရှိရယူထားသူက 

လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုတာကို 

ဥပဒေလို့ခေါ်ပါတယ်ကွယ်။

အာဏာသိမ်း စစ်ကောင်စီသို့


 တရားမျှတမှုကို အလိုရှိပါတယ် ။


မတရားမှုမှန်သမျှ ဆန့်ကျင်ကြ ။


ငါတို့ လိုချင်တာ ဒီမိုကရေစီ တဲ့

ကြွေးကြော်သံတွေကတော့ ‌မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ 


အမှန်တကယ်တော့ ငါနဲ့မတူ ငါရန်သူ


ငါတို့နဲ့ မတူရင် ငါ့တို့ရန်သူ သတ်မတ်နေကြသော နိူင်ငံရေး အခိုက်အတန့်

 ဖြစ်နေပါပြီ။


ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ် ။

မြန်မာ ဒီမိုကရေစီကတော့ အုပ်စုဖွဲ့ပြီး လူနည်းစုတွေကို နှိပ်ကွပ်ဖို့ သက်သက်ဖြစ်နေတယ် ။

 

အမြင်မတူညီမှုတွေ အ‌ေတွးအခေါ်မတူညီမှုတွေကို အမုန်းထားကြပြီး တိုက်ခိုက်ရန်ပြုနေကြခြင်းတွေ ရှိနေ ဖြစ်ပေါ်နေပါတယ် ။

ငြိမ်းချမ်းရေးကို အသံကောင်းဟစ် ဗန်းပြပြီး မတော်မတရား ဆောင်ရွက်ခြင်းတွေ အမြှောက်အများ ရှိနေတယ် ။


တရားမျှတခြင်းကို ကြွေးကြော်ပြီး မတရား လုပ်ဆောင်မှုတွေ ရှိနေတယ် ။


လမ်းပေါ်ထွက် ဆန္ဒပြသူတွေက ဆန္ဒထွက်မပြသူတွေကို ဝေဖန်မယ် ရှုပ်ချမယ် အပုပ်ချ ပုတ်ခတ် စော်ကားကြတယ် ။


CDMလုပ်သူတွေ CDM မလုပ်သူတွေကို ဖိအားပေးနေကြတယ် ။


အခုအချိန်မှာ ဘာဖြစ်နေသလဲ ဆိုတော့ ဆန္ဒပြလူအုပ်ကြီးက စစ်အာဏာရှင်ကို ဆန္ဒပြရမယ့်အစား ဆန္ဒပြမလိုက်သူတွေကို ရန်စ 

ရုံးရှေ့လာပြီး ဖိအားပေး‌ေ‌နခြင်းတွေက ပြည်သူတစ်ယောက်ရဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တွေ ကိုပါ ဆန့်ကျင်နေသော အပြုအမူတွေကို လက်ရှိဆန္ဒပြလူအုပ်ကြီးက လုပ်ဆောင်နေပါတယ် ။


ဒါတွေဟာ ဒီမိုကရေစီကုိ ဆန့်ကျင်ရာ ရောက်သလို လူ့အခွင့်အရေးအရလည်း လုံးဝကြီး လမ်းလွဲနေတာ အမှန်ပါပဲ ။


ဒီမိုကရေစီကြွေးကြော်ကြပြီး ငါနဲ့မတူ ငါရန်သူ‌ ဆိုတာကြီးကတော့ မြင်လို့မကောင်း ရှုလို့မကောင်းပါဘူး ။


မိမိတို့ လိုချင်တာ ဒီမိုကရေစီသာ ဆိုရင် ဒီမိုကရေစီရဲ့အခြေခံကိုတော့ သိထားရမှာ ြဖစ်ပါတယ်။


အခုဖြစ်နေတာက

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေကြတာ မဟုတ်ပဲ ရုံးတက်နေသော ဝန်ထမ်းတွေကို ဆန့်ကျင်သလိုဖြစ်နေပါတယ် ။


နောက်တစ်ခုက ကြံ့ခိုင်ရေးပါတီဝင်တွေကို လူမှုရေးအရ ဖိ‌အားပေးနေကြတယ် ။


ကြံ့ခိုင်ရေး ပါတီရပ်ကျေး ဥက္ကဌတွေကို ဆန္ဒပြပွဲထဲ ပါဝင်လာအောင် အနူနည်း အကြမ်းနည်း သုံးပြီး ဆောင်ရွက်နေမှုတွေပါ မြင်ရတွေ့ရ ကြားနေရတာ စိတ်မကောင်းစရာပါပဲ ။


ဆန္ဒပြလူအုပ်ကြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေရာကနေ စစ်တပ်ထောက်ခံသူတွေ ကြားနေပြည်သူတွေကို ဆန့်ကျင်ရာရောက်နေပါပြီလို့ ပြောချင်ပါတယ် ။


အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ခင်များတို့ကို ထောက်ခံသော အုပ်စုတွေကို ဘယ်လိုအကာကွယ်ပေးကြမလဲ ၊


@အဓိပတိကမ်မ

18022021

#Ganenitionz

Sunday, 14 February 2021

တပ်ချုပ်သိပါစေ🇲🇲

 ▪️ကာချုပ်ကြီးသိပါစေ🇲🇲

နိူင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီကို ဉာဏ်မီသလောက် ပြောချင်ပါသေးတယ် ။


 အခုလိုပြောလို့ စစ်တပ်ထောက်ခံသူတွေ နှစ်သက်မှာ မဟုတ်သလို စစ်တပ်ကို မုန်းတဲ့လူတွေကလည်း ကြိုက်ကြမှာ မဟုတ်ပါဘူး ။


ဒါပေမယ့် ပြောသင့်တယ် ထင်လို့ ပြောပါမယ် ။

လက်ခံတာ လက်မခံတာက နောက်တစ်ပိုင်း ြဖစ်ပါတယ်။


CDMလှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စော်ကားတာ မဟုတ်ပါ၊

တပ်မတော်ရဲ့အမှားကို ထောက်ပြဝေဖန်ချင်တာပါ ။


တပ်မတော်သားတွေ စစ်သားတွေကို အရပ်ဖက်လွှတ်ပြီး တာဝန်ပေးနေမယ့်အစား အရပ်ဘက်ထဲက ပြည်သူတွေ အလုပ်မရှိ‌ေသးသူတွေကို ဦးစားပေးပြီးနေရာပေး ဝန်ထမ်းခန့်သင့်ပါတယ်။


ပထမ အစဆုံး အလုပ်ခေါ်လိုက်ပါ 

မလျှောက်တာ လျှောက်တာက ပြည်သူတွေဘက်က အပိုင်းပါ ။


အလုပ်လက်မဲ့လူဦးရေ အ‌ေရှ့တောင်အာရှမှ အလွန်များတဲ့ ဒီနိူင်ငံမှာ အလုပ်လျှောက်ပြီး အလုပ်လုပ်ချင်နေကြသော ပြည်သူတွေ အမြှောက်အများ ရှိနေပါတယ် ။

ဒါကို တပ်မတော်အနေနဲ့ သိထားသင့်ပါတယ် ။


ပြည်သူဘက်ကို ကြည့်သော အစိုးရသာဆိုရင် စစ်သားမှ စစ်ဗိုလ်မှ အရပ်သားမခိုင်းဘူး အရပ်သားတွေကို မယုံကြည်ဘူး ဆိုတဲ့ စတိုင်နဲ့

 ပြည်သူကို မျက်ကွယ်ထားမယ်ဆိုရင် ပြည်သူက စစ်တပ်ကို ထပ်မုန်းပါလိမ့်မယ် ။

ပြည်သူအလုပ်မ‌ေလှျာက် အလုပ်မလုပ်နိူင်သော နေရာဒေသတွေကို လိုအပ်လာခဲ့ရင် တပ်မတော်သားတွေကို ခန့်ပြလိုက်ပါ 

အားလုံးကျေနပ်‌ေနကြမှာ အသေအခြာပါ ။

ယနေ့ခေတ်မှာ

စစ်အစိုးရတက်လာရင် စစ်သားတွေကိုပဲ နေရာချပေးမယ် ဆိုတာချည်းကို လက်ကိုင်ထားမနေသင့်တော့ပါဘူး 

 စဉ်းစားတာကြည့်ပါ


တချို့ပြည်သူတွေစစ်တပ်ကုိမုန်းလို့  

လမ်းပေါ်ထွက်နေသူတွေ ရှိသလို 

CDM လှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စစ်တပ်ကအလုပ်ဖြုတ်ပြီး ဝန်ထမ်းခေါ်ယူခြင်းမျိုးတွေကို စောင့်နေသော ပြည်သူတွေ အမြှောက်အများကြီးရှိနေမှာ အသေအခြာပါပဲ ။


တပ်မတော်အစိုးရ နိူင်ငံတော်အုပ်ချုပ်စီမံကောင်စီတက်လာလို့ အလုပ်ရသော အလုပ်လက်မဲ့တွေက ဝမ်းသာကျေနပ်နေမှာ ဖြစ်သလို အလုပ်ပြုတ်ရသော CDMတွေကလည်း သူတို့အပြစ် သူတို့သိပြီး အလုပ်ပြန်လျှောက်လာသော ကျွမ်းကျင် ဝန်ထမ်းတွေလည်း လုပ်ငန်းခွင်ထဲ အနည်းနဲ့အများ ဝင်လာမှာ အသေအချာပါပဲ ။


ဒီလိုမဟုတ်ပဲ စစ်တပ်က စစ်သားကိုပဲ အရပ်ဘက်မှာ ခန့်မယ် ဆိုတာကြီးကတော့ ပြည်သူအမုန်းကို စစ်တပ်က 

ပိုခံရမှာဖြစ်ပါတယ် 


 နိုင်ငံရေး‌ေလာကမှာ စစ်သားတွေ ဝင်လာပြီး သူတို့အကျိုးစီးပွားအတွက်လုပ်တယ်ဆိုတဲ့ အနေအထား‌ေတွကို 

ပြီးခဲ့သော ထောက်လှမ်းရေးခေတ် တစ်ခုလုံး နဲ့ နဝတ နအဖ ခေတ်တစ်လျှောက်က ဒါဟာအမြင်သာစေသော အနီးဆုံးသမိုင်းဖြစ်သလို အမြင်သာဆုံးသော 

နောက်ခံပဲ ြဖစ်သည်။


ကာချုပ်အာဏာထိမ်းတာ ကောင်းတယ်တော်တယ် အချိန်မှန်တယ် ရွေးချယ်လျှောက်တဲ့‌လမ်းတွေ ကြည့်ပြီး လေးစားနေရ‌သလို နိူင်ငံ‌ေရးမှာ ကိုင်တွယ်တာ ညင်သာတယ် နူးညံ့တယ် ဆိုပြီး တိတ်တိတ်လေး လေးစားနေရပါတယ် ။


ကောင်စီစပြီး ဖွဲ့တော့ တပ်ဘက်က ၈ယောက် အရပ်ဘက်က ၈ယောက်ဆိုတော့ လေးစားခဲ့ရတယ် 

 လူမှန်‌ေတွ လူတော်တွေနဲ့ ဖွဲ့တယ်‌ေပါ့။


 ဒါပေမယ့် လက်ရှိစီမံမှုတွေ နည်းနည်း လွဲလာနေပြီလို့ ထင်မြင်လာပါတယ်။ 

 


အားလုံးကျေးဇူးတင်ပါတယ်


@အဓိပတိကမ်မ

Saturday, 13 February 2021

Pyaephyoaungkm


 #CDM


ဝန်ထမ်းတွေ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ကြတယ် ။

 အပြစ်မပြောချင်ပေမယ့် လုပ်ပုံမှားနေတယ်လို့ မြင်မိပါတယ်။

 တော်လှန်ချင်တယ်ဆိုရင်လည်း တခြားနည်းလမ်းသုံးပြီး တော်လှန်သင့်ပါတယ်   


အခုဟာက အောက်ခြေအခြေခံ ပြည်သူလူထုကုိ တိုက်ရိုက်ထိခိုက်နစ်နာစေပါ‌တယ် ။ 


ဘဏ်ဝန်ထမ်းတွေက CDM လုပ်တယ်ပြောပြီး အလုပ်မဆင်းကြဘူး ပင်စင်ထုတ်ပြီးမှ တစ်လစာကို ရက်၃၀

 စားနေရသော ပင်စင်စားတွေ ဘယ်လိုစားကြမလဲ ။


သား‌ေတွသမီး‌ေတွ လွှဲပေးမှ ထမင်းစားရမယ့် သက်ကြီးရွယ်အိုတွေ ဘယ်လိုရှေ့ဆက်ကြရမလဲ တွေးကြည့်ကြပါ 


ပြည်သူအတွက်ဆို 

 

ပြည်သူကို ချစ်လို့ပါဆို တကယ်ထိခိုက်တော့ စစ်အာဏာရှင်မဟုတ်ဘူး ပြည်သူလူထုရဲ့ အရှိုက်တည်တည်ကို ထိမှန်ခဲ့တာပါ ။ 


မြို့နယ်တစ်ခုမှ မီးလောင်တယ် မီးသတ်တွေက cdm လုပ်တယ် ပြောပြီး ပြည်သူဘက်မှာ မရှိတော့ 

နေ အိမ် ၃ လုံးမီး‌ေလာာင်ခဲ့ရလို့ အိမ်မဲ့ ဖြစ်သွားခဲ့ရသော မိသားစုတွေ ရှိလာပြီ ။ 


ပြည်သူအသက်ကယ်နေပါတယ် ဆိုတဲ့ ဆရာဝန် ဒေါက်တာတွေက ပြည်သူအတွက် ဆေးမကုနိူင်ပါတဲ့ 

ကျနော်တို့ CDM လှုပ်ရှားမှု လုပ်နေပါတယ်တဲ့ 

ပြည်သူနဲ့အတူပါပဲ လို့ လမ်းပေါ်ထွက် ကြွေးကြော်ပြီး ဆန္ဒပြနေကြပေမယ့် ဆေးရုံလာတက်တဲ့ ပြည်သူကို ဆေးကုမပေးလို့ ‌‌ေသရတာ ဘယ်နှစ်ယောက် ရှိပြီလည်း ။


မြန်မာတစ်နိူင်ငံလုံးဆို ယခုလက်ရှိကာလအတွင်းမနည်း‌ေလာက်ပါဘူး ။


ပုဂ္ဂလိကဆေးရုံသွားပြန်တော့လည်း 

ကိုဗစ်ကပ်‌ေရာဂါကြောင့် ဝင်ငွေမရှိ အလုပ်မရှိ ဆေးဖိုးမရှိ ရတဲ့ကြားတည်း ငွေအားဓနအင်အား မပြည့်စုံလို့ ငွေးတိုးယူ ဆေးကုရပြန် အကြွေးထူရ‌ေတာ့ ပြည်သူလူထုပဲ မဟုတ်လား ။


တချို့ဝန်ထမ်းတွေ ရုံးတက်နေကြပေမယ်။

ရုံးမတက်ရုန်းထွက် ‌ဆိုပြီး ရုံးရှေ့လာအော်နေကြ‌ေနတယ် အဲ့ဒီဝန်ထမ်းတွေရဲ့ နောက်ကမိသားစုက အလုပ်မရှိရင် ဝင်ငွေမရှိပါ ဝင်ငွေမရှိရင် ခက်ခဲသွားရပါလိမ့်မယ် ။

CDMလှုပ်ရှားမှုက လက်ရှိအချိန်ထိ အလုပ်ပြုတ်မယ် မပြုတ်မယ် လုံးဝမသေချာ‌ပါ ။


တကယ်အလုပ်ပြုတ်သွားရင် အလုပ်ပြန်ရဖို့မသေချာပါ အလုပ်မရှိလို့ အလုပ်ရှာရတာ ဒီနိူင်ငံမှာ လုံးဝမလွယ်ကူပါ ။


ဒီအလုပ်တစ်ခုရဖို့ ဝန်ထမ်းဖြစ်လာဖို့ ကိုယ်ဘယ်လောက်ကြိုးစားရတာလဲ ကိုယ်ပဲ အသိပါ ။


CDMနဲ့ စစ်အာဏာရှင် ဘယ်သူနိူင်မလဲ ယှဉ်ပြိုင်ကြတဲ့ပွဲမှာ ပြည်သူဘက်က ပထမဆုံးရှုံးနေတာ မြင်ပေးကြပါ ။


ပစ္စုပ္ပန်မှာ ပြည်သူရှုံးနေသော အာဏာလုပွဲတွေ နားသင့်နေပါပြီ ။


@အဓိပတိကမ်မ

Friday, 12 February 2021

မျှော်တိုင်းဝေးရသော‌ေရွှနိူင်ငံမ‌ဖြစ်ပါစေနဲ့ (12022021 ပြည်ထောင်စုနေ့)

 #မျှော်တိုင်းဝေးရသောနိူင်ငံမ‌ဖြစ်ပါစေနဲ့

    (12022021 ပြည်ထောင်စုနေ့)


ခံစားချက်အတုတွေနဲ့ တိုင်းပြည်ကို ချစ်ပြနေကြပေမယ့် တိုင်းပြည်ပျက်ဆီးရာ ပျက်ဆီးကြောင်း ပြုမူမှုတွေ မြင်ရတွေ့ရနေတယ် ။


သံဗုံးမတီးတဲ့အိမ်တွေ cdm မလုပ်တဲ့ဝန်ထမ်းတွေ ပြည်ခိုင်ဖြိုးတွေ တပ်ထောက်ခံသူတွေကို တိုင်းပြည်မချစ်သူတွေ ပြည်သူသစ္စာဖောက်သူတွေလို့ ဝေဖန်သုံးသပ်နေကြပြီး ၊ လမ်းမှ လချင်တွေ့ရင်တောင် လက်သုံးချောင်းမထောင်ရင် နှုတ်မဆက်သူတွေ ရှိလာတယ် ။


တိုင်းပြည်နဲ့ လူထုကို ချစ်ပါတယ်ပြောပြီး မိသားစုအချင်းချင်း ခုနှစ်အိမ်ကြား ရှစ်အိမ်ခြား နိူင်ငံရေးနှင့် ပတ်သတ်ပြီးရန်တွေ့ရန်ဖြစ်နေကြခြင်းတွေ ဖြစ်ပေါ်နေတယ် ။


ဆန္ဒပြပွဲကို အသက်နှစ်ဆယ် ဝန်းကျင်က‌‌ေလးတွေကို လူထုရှေ့ထုတ်ပြီး ပွဲစီစဉ်သူတွေက ဝန်းရံသူတွေလို လုပ်နေခြင်းတွေ မြင်ရတွေ့ရနေတယ် ။


ကလေးတွေက တိုင်းပြည်ရဲ့ အနာဂတ်ပါ 

ကလေး‌ေတွက တိုင်းပြည်ရဲ့ အသုံးချခံမဟုတ်သလို အရွယ်မရောက်ခင် တိုင်းပြည်အတွက်လည်း မဖြစ်သင့်တော့ပါဘူး ။


တိုင်းပြည်ပျက်မှ 

ပြည်သူအာဏာ ပြည်သူ့ဆီ ပြန်ရောက်လာမှာ ဆိုသော အတွေးအမြင်အလွဲမယအမှားတွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြ‌ေနသော ပြည်သူတွေအနေနဲ့ တိုင်းပြည်က ဆူဆူသာဆိုရင် တပ်မတော်က အာဏာဆက်ကိုင်ထားနိူင်ပါတယ် ။


နောက်တစ်ခုပြောချင်တာက အခု cdm လုပ်နေသော ဝန်ထမ်းတွေအများစုက 

ပညာရေးတို့ ကျန်းမာရေးတို့ ကအစိုးရလုပ်သူတွေ ဆီက ငွေကုန်ကြေးကျအများဆုံးသော ဌာနတွေဆိုရင် မမှားပါဘူး ။

ဒီလိုမဟုတ်ပါပဲနဲ့ အခွန်ဦးစီးဌာနတို့ စွမ်းအင်နှင့်လျှပ်စစ်တို့ 

က ပိုပြီး သပိတ်မှောက်သင့်သလို လဝက တို့ ကညန တို့လို ဌာနတွေကလည်း ပိုပြီး cdm လုပ်သင့်သော ဌာနတွေပဲ ြဖစ်ပါတယ်။

နောက်ပြီး ပြည်ထဲရေးနှင့် ထွေအုပ်ကသာ ပါလာရင် ခင်များတို့ လိုချင်သော 

ဆန္ဒတွေ အနည်းနှင့်အများတော့ ပြည့်ဝလာလိမ်မယ်လို့ ကျနော်ယူဆပါတယ် 

ဒါပေမယ့်အခုလို လမ်းပေါ်မှာ ရုပ်ရုပ်သည်းသည်း သာ ဆူဆူပူပူ လုပ်နေရင် 

‌အာလုံးမျှော်မှန်းနေတဲ့ ဒီမိုကရေစီကလည်း မျှော်တိုင်းဝေးနေမှာပါပဲ ။


စစ်တပ်က ပြည်သူတွေကို ပစ်သတ်လိုက်ပါပြီတဲ့ ပြည်သူလူထုကပဲ အရင်ဆုံး ထိခိုက်နစ်နာသူတွေပါ ။

နာမည်ကောင်းမကောင်းကတော့ စစ်တပ်အတွက်မထူးတော့ပါဘူး အရင်ကလည်း သမိုင်းရှိခဲ့သလို နာမည်ကောင်းနှင့် မျက်နှာဗန်း လှနေသော စစ်တပ်မဟုတ်လို့ တိုင်းပြည်အတွက် ပြည်သူတွေက စတေးမဖြစ်စေချင်တာတော့ အမှန်ပါ ။


ပြီးခဲ့သော လတွေရက်‌ေတွမှာလည်း တပ်မတော် အာဏာသိမ်းရဲ့သိမ်းကြည့် ဆိုပြီး တပ်ကို စိန်ခေါ်ခဲ့တာတွေ မြင်ရတွေ့ရ ကြားခဲ့ရပါတယ်။ 

အခုတပ်အာဏာသိမ်းတာ နှစ်ပတ်နီးပါးရှိပါပြီ ပြည်သူတွေလည်း ဘာမှမတတ်နိူင်သလို လမ်းပေါ်ထွက် ဆန္ဒပြ cdm လုပ်ရုံအပြင် ဘာမှထူးမလာနိူင်ပါဘူးလို့ ကျနော်ယူဆပါတယ် ။


ဒီကြားထဲ ပစ်ရဲ့ရင် ပစ်ကြည့် ဆိုပြီး ကြွေးကြော်သံတွေ ရှိနေသလို ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေ သတ်ဖို့ မဟုတ်ဘူး လို့ ကြွေး‌ေကြာ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာခြင်းတွေကလည်း တပ်ကို ပစ်အောင်စော်ကားရာ ရောက်ပါတယ် ။


ပြည်သူနစ်နာစေမယ့် ဘယ်လိုအလုပ်မျိုးကို မဆို နိူင်ငံခေါင်းဆောင်း မလုပ်မိပါစေနဲ့ 


ပြည်သူကုိတိုက်ရုိက်ထိခိုက်စေနိူင် ဘယ်လိုအပြုအမူမျိုးကိုမှ နိူင်ငံရေးသမားတွေ မလုပ်ကြပါနဲ့ 


အစိုးရလူကြီး အုပ်ချုပ်သူလူတန်းစား အာဏာလုပွဲမှာ ပြည်သူလူထုက အသုံးချခံ မဖြစ်ပါစေနဲ့လို့ 


တောင်းဆုပြုရင်း 

မြန်မာပြည်ကြီး အေးချမ်းသာယာ ငြိမ်းချမ်းပါစေ ။


#အဓိပတိကမ်မ

12022021ပြည်ထောင်စုနေ့

Thursday, 11 February 2021

 ဆန္ဒပြပွဲ အတွေ့အကြုံ


ဒီကြက်ဥက မနက်က ဆန္ဒပြတဲ့အထဲပါလို့ ရခဲ့တဲ့ ကြက်ဥ။ နောက်နေ့တွေ ဆန္ဒပြပွဲထဲ ဆက်ပါရမလား စဉ်းစားမိတယ်။ ကျန်းမာရေး လှုပ်ရှားမှုတော့ ဖြစ်တယ်။ အုပ်စုလိုက်ဆိုတော့ ပျော်စရာကြီးလိုလို။ 


အများနဲ့ဆိုတော့ ရောယောင်ပါသွားတာပါပဲ။ ငြင်းမလို စဉ်းစားသေးပေမယ့် ငြင်းရင်လဲ ကိုယ့်သာ လူမုန်းများသွားမယ်။ ကိုယ်လဲ စစ်အစိုးရကို ထောက်ခံတာမဟုတ်။ နောက်တစ်ကြောင်းက ဆန္ဒမပြဖူးရင် ခေတ်မမီသလိုလို လူရာမဝင်သလိုလိုဆိုတော့ လိုက်သွားကြည့်တာ။ 


ဆန္ဒပြဆိုပေမယ့် စိတ်ခံစားမှုက ပွဲစျေးတန်းမှာ စျေးမဝယ်ဘဲ ပွဲစျေးလျှောက်တဲ့ ခံစားမှုမျိုး။ သာသာယာယာ ဖြစ်နေတယ်။ 


ရဲတွေ ရှေ့မှာ ပိတ်ထားတယ် ပြောတော့ ထိတ်သွားတယ်။ မနေ့ကလို ထိပ်တိုက်တွေ့တော့မှာလား စိုးရိမ်သွားတယ်။ ကိုယ်ကသာ စိုးရိမ်နေတာ၊ ဘေးက တစ်ချို့ကတော့ ရဲနဲ့ ထိပ်တိုက်တွေ့ကြည့်ချင်သေးတာ တဲ့။ စိတ်ထဲဖြစ်နေတာက သူတို့ ထိပ်တိုက်တွေ့တာကိုလဲ ကြည့်ရမလား (အမှန်ဝန်ခံရရင် စိတ်ထဲကတော့ ကြည့်ချင်မိတယ်) ? လစ်ပြေးရတော့မလား ? ဝေခွဲမရ။ 


ရဲလေးတွေကလဲ ဘယ်အချိန်ကတည်းက ရပ်နေရတယ် မသိ။ စားစရာ မရှိ။ ရေဘူးတောင် မမြင်။ သနားလိုက်တာ! နောက်နေ့ မနက်စောစောတော့ စားစရာ မုန့်နဲ့ ရေလေး သွားပေးလိုက်ဦးမယ် စိတ်ကူးမိတယ်။


ဒါပေမယ့် ရှေ့က ဦးဆောင်သူတွေက လမ်းကြောင်းပြောင်းသွားတော့ ဒီအတိုင်း ရပ်ကွက်ထဲ အိပဲ့ အိပဲ့ လိုက်လမ်းလျှောက်ပေါ့။ လမ်းမကြီးထက်တုန်းက ကိုယ့်ကို ကြည့်သူ အများကြီးမို့ ပျော်သလိုလို ရှိုးတို့ရှန့်တန့် ဖြစ်သလိုလို ပေမယ့် ရပ်ကွက်ထဲကျတော့လဲ ကြောင်တောင်တောင်ကြီးလို့ ခံစားရပါတယ်။


"အမေစု အမေစု" ဆိုတဲ့ လုပ်ယူတဲ့ ငိုသံပါကြီးနဲ့ ထအော်တော့ ဆန္ဒပြနေတာကနေ အသုဘပို့နေသလိုလိုတောင် ခံစားချက် ဖြစ်သွားတယ်။ "သြော် ငါ့နှယ် မဦးမချွတ်" ဆို အတွေးကို ပြန်နှိမ်ရတယ်။ 


ဆန္ဒပြရင်း ခဏနား သူတို့ပြောကြဆိုကြတာတွေ ကြားရတော့ သူတို့စိတ်ဓာတ်တွေ သိလာရတယ်။ တချို့များ အတော် စိတ်ဓာတ်မကောင်းတာ။ ပခုက္ကူဘဏ်မှာ ဘဏ်ဝန်ထမ်းတချို့ ရုံးတက်လို့ တဲ့၊ သူတို့ CDM ကို မထောက်ခံလို့ဆိုပြီး ငွေ ၁၀၀၀ တန်တွေ ဝန်ထမ်းအလုပ်ရှုပ်အောင် သွားအပ်ပြီး ပြဿနာ ရှာမယ် တဲ့။ အသက်ကြီးကြီး တစ်ယောက်က "ညည်းတို့အေ မစာမနာ သူလဲ မိသားစုရှိတော့ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရရှာတာပေ့့ါ" လို့ သူ့အမြင်ကို ဆွေးနွေးတယ်။ ဒါကို ဒီ ဘွားတော်က သစ္စာဖောက်၊ မင်းအောင်လှိုင်ရဲ့ ဘယ်သို့ဘာညာ သူတို့ချင်း တီးတိုးပြော ရှောင်ဖယ်ဖယ် လုပ်လိုက်ကြတယ်။ သူတို့စကားက ဘွားတော်က "ဓမ္မ နဲ့ အဓမ္မကို ခွဲမသိဘူး" တဲ့။ အဲလိုတွေ။ 


အပြန်ခရီးကျတော့ ခံစားချက်က ညောင်းတာရော၊ အော်သံတိုင်သံတွေကို နားကြားပြင်းကပ်လာသလိုလို ရှိတာရော ဖြစ်လာတော့ မြန်မြန်သာဆန္ဒပြ ပြီးချင်တော့တာ။ အဲဒီအချိန်မှ အမှတ်ရတယ်။ selfie ဆွဲဖို့။ နားတုန်းက သူများတွေ စကားတွေ လိုက်နားထောင်မိတာနဲ့ မရိုက်မိလိုက်ဘူး။ ဒါပေမယ့် ခုကျတော့လဲ selfie မဆွဲချင်တော့ဘူး။ စိတ်က တမျိုးဖြစ်သွားတယ်။ 


ဘာပြောပြော အတွေ့အကြုံအသစ်တစ်ခုရလို့ ဆန္ဒပြရတာ ကြိုက်ပါတယ်။

ဆရာသန့်‌ေရးသည်။