Monday 8 April 2024

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့ဆန့်ကျင်ဘက်အရပ်တွေဆီကိုလည်း ခြေဆန့်ခဲ့ဖူးပါရဲ့ 

ထင်တိုင်း ဖြစ်မလာခဲ့တဲ့ ရှင်သန်ရာ နေ့စွဲတွေထဲ ထင်တိုင်းကြဲခဲ့တဲ့ အတိတ်တွေလည်း ရှိခဲ့ဖူးပါတယ် ။ 

ရှိခြင်းတွေ မရှိခြင်းတွေထက် မသိခြင်းတွေကသာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တာ ယနေ့အထိပါပဲ .....


အဓိပတိကမ္မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...