Monday, 28 April 2025

 ငါတို့သမိုင်းအတွက် မှတ်တမ်းထားဖို့လိုတယ်။

လွန်ခဲ့တဲ့ ၁နှစ်ကျော်ကသတင်းကြားကြားခြင်း ကိုယ့်အိမ်ထဲကနေပဲ ခြုံးပွဲချငိုခဲ့ရတယ်။(အခုပြန်ပြောရင် စာတွေဖတ်ရရင် အခုမျက်ရည်ကျရတယ်)


ကျောက်တော် ဖြစ်စဥ် (၁ မှ ၅) ထိ အစအဆုံးကို စုထားပေးတာပါ။ မီးမစိမ်းနိုင်တော့တဲ့ ကိုယ့်သူငယ်ချင်းတွေကို tag တွဲချင်ပေမယ့် သူတို့အကောင့်ကို မြင်ရတိုင်း ရင်ထဲ မချိလို့ မတွဲတော့ဘူး။ ငါတို့ မေ့သွားမယ် မထင်နဲ့။ အကြွေး ရှိတယ်လို့ တင်နေပါစေ။


(မူရင်းရေးသူက Ko TinKo Win @ကိုဂျူဖြစ်ပါတယ်)


ကျောက်တော် (၁) 


#ကျောက်တော် စကခ(၉) စတင်တိုက်ခိုက်ခံ ခဲ့ရတဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ

ကျောက်တော်မြို့နယ်၊ ကျောက်ဖြူရွာအနီးမှာ ကမ်းထိုးရေယာဉ် ၃ စီး မီးလောင်နှစ်မြုပ်ခံရတဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ဖြစ်စဉ်အထိ အဲ့ဒီရေယာဉ်ပေါ်မှာပါဝင်ခဲ့ပြီး ကံကောင်းထောက်မစွာ တစ်ဦးတည်း အသက်ရှင် ကျန် ခဲ့တဲ့ လူငယ်လေးကြောင့် ရင်နာဖွယ် ၊ ကြေကွဲဖွယ်၊ ခါးသီးတဲ့ အမှန်တရားတွေကို သိခွင့် ကြုံခဲ့ရပါတယ်—-အမှန်တရားတွေဟာ ခါးသီးလွန်းလို့ လက်မခံချင်ဘဲ လက်ခံ ခဲ့ရတဲ့ အပိုင်းတွေ ရှိတယ်။ 


                             ( ၁) 


ကျနော်တို့ ကစ္ဆပနဒီတံတားနားက ကင်းမှာ တာဝန်ကျနေတုံး ဖေ ၁ ရက်နေ့မှာ တံတားကို 

ဒီကောင် တွေစတိုက်တာ ၊ အင်အား ၃၀၀လောက်ပါတယ်။ ကျနော်တို့လဲ အင်အားမမျှတော့ ၃၇၄ ဗဟိုကင်းကို ပူးပေါင်းခဲ့ရတယ်၊ ကျနော်တို့က ၅ ယောက်ထဲလေ 


နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်ကျတော့ AA တွေ ကစစ္ဆပနဒီတံတားကို ဗုံးခွဲလိုက်ပြီးဒီဖက်ကကမ်းကို လှေတွေနဲ့ကူးလာကြတယ်… 


ဖေဖော်ဝါရီ ၃ ရက်နေ့က စပြီး တပ်မကို စတိုက်ကြတာ၊ တသုတ် ကို အင်အား ၆၀လောက်က လက်ပစ်ဗုံး ၃ လုံးစီနဲ့ ဓားတစ်ချောင်းဆီကိုင်ပြီး ကာထားတဲ့ အုတ်တံတိုင်းတွေကို ကျော်တက်ဖို့ လုပ်ကြတယ်။ အုတ်နံရံတွေမှာကျနော်တို့ဖက်က ပုံသေ ပစ်ကြောင်းလဲ ဆင်ထားတယ်၊ ရှေ့ထွက်မိုင်းတွေလဲ ထောင်ထားတယ်—-သူတို့တက်လာတဲ့ အချိန် ရှေ့ထွက်မိုင်းတွေ ခွဲပလိုက်တာ အပြုံလိုက်ပဲ ထိကြတာ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာ 

ေ-သွးချောင်းစီးနေတာမြင်မကောင်းဘူး။

ဒါပေမယ့် တသုတ်ကုန်တိုင်း နောက်တသုတ် ထပ်တက်လာတယ် ၊ တချို့ဆို ရင်အုံတွေမှာ ထိပီး ဒဏ်ရာ အကြီးအကျယ်ရတာတောင် သေနတ်ကို မရမက လာဆွဲကြတာ၊ ကျနော့်စိတ်ထင် ဆေးတမျိူးမျိုးသုံးထားကြသလိုပဲ

ဒဏ်ရာရထားတဲ့ကြားကနေ နောက်ထပ် တစ်နာရီ နှစ်နာရီလောက်အထိ ပုံသေ ပစ်ကြောင်းထဲကိုပဲ တိုးတိုးဝင်လာကြတယ်… 


AA အဖွဲ့တွေက အိမ်ထောင်သည်လိုင်းတွေကို drop ဗုံးတွေချတော့ မှီခို ကောင်လေး ၂ ယောက် ၁၃ နှစ်ဝန်းကျင်ပေါ့၊ သူတို့မိဘ နှစ်ပါးလုံး ဆုံးပါးသွားကြတယ်…အဲ့ဒီ ညီလေး နှစ်ယောက်က မိဘတွေ သူတို့ရှေ့ ထိခိုက်ခဲ့ရတာ မြင်တော့ ကျနော်တို့နဲ့အတူတူ လာပြီး ခံပစ်ကြတယ် ၊ တားလို့ကိုမရတာ မခံချင်စိတ်ပေါ့ အကိုရယ်။ နောက်ဆုံးကျ သူတို့ နှစ်ယောက်လဲ ဒဏ်ရာ ရပြီး ရန်သူတွေ တက်လုံးတဲ့အချိန် အဖမ်းတော့မခံဘူးကွာဆိုပြီး သူတို့ဘာသာ အဆုံးစီရင်လိုက်ကြတယ်။ 


ဒီကောင်တွေ ကျနော်တို့တပ်မ အုတ်တံတိုင်းခြံစည်းရိုးကို လူတွေအများကြီး အ/ သေ ခံပြီးတိုက်ကြတာ ၃ ရက်မြောက်နေ့အထိ မရဘူး၊ ဒါနဲ့ သူတို့ တပ်မအစွန်က ထောက်ပို့ဖက် ကျားလန် ခြံစည်းရိုးကိုဖြဲပြီး တပ်ယူနီဖောင်းတွေနဲ့ အယောင်ဆောင်ဝင်လာခဲ့ကြတာ-//အရှေ့ဖက် ခြမ်းမှာမဲတိုက်နေတော့ အနောက်ပိုင်းမှာ အားနည်းခဲ့တာဗျ။ အဲ့လိုဝင်လာမှန်းသိတော့ ကျနော်တို့ကို သွားရှင်းခိုင်းတဲ့ အချိန် ကြက်ခြံနဲ့ ဝက်ခြံကြားမှာ ထမင်းချက်စားနေကြတာ၊ တပ်ယူနီဖောင်းတွေနဲ့ ကျနော်တို့က ဘယ်တပ်ကလဲမေးတာနဲ့သူတို့စပစ်ပေမယ့် ကျနော်တို့ဝိုင်းပစ်တော့ ၄ ယောက်ကျန်ခဲ့ပြီး လျှိုထဲဆင်းပြေးကြတယ်။ ကျပြီးကျန်ခဲ့တဲ့လူရဲ့ အိတ်ကပ်ထဲမှာ wy ဆေးပြား ၃၀လောက်နဲ့ ဆေးပြားရှူတဲ့ ခဲပတ်တွေပါလာတယ် 


                           (၂ )

ကျနော်ထင်တာတော့ AA အဖွဲ့ရဲ့ အတွင်းသတင်းပေးက တပ်မမှူးနားမှာကို ရှိနေတာ၊ တပ်မမှူး ရိပ်သာကုန်းမှာရှိရင် အဲ့နေရာကို dropဗုံးတွေ ၊ RPGတွေ အပြုံလိုက်ကျတယ်၊ အာ့နဲ့ ရိပ်သာကုန်းကနေ BE အဖွဲ့တွေနေတဲ့ တောင်ကုန်းဖက်ကို ညတွင်းချင်း ရွှေ့တော့လဲ

အဲ့နေရာကို ပစ်ပြန်ရော၊ အာ့နဲ့နောက်ထပ် ဆေးကုန်း၊ အဲ့ဒီကနေ သကြားစက်ကုန်းပြောင်းရပြန်ရော၊ တပ်မမှူး လက်မောင်းနဲ့ပေါင်မှာ ပတ်တီးစည်းထားတယ်၊ ပတ်တီးပေါ်မှာ သွေးတွေ မြင်ရတယ်ဗျ။ သကြားစက်ကုန်းက ချုံတအားထူတာ အောက်ကလဲ လှိုဏ်ခေါင်းဖောက်ထားတယ် အရင်က ကျည်တစ်ပေါက်တောင်မရောက်ဖူး၊ တပ်မမှူး လာနေမှပဲdromp ဗုံးတင်မက၊ လက်နက်ကြီးပါအဆက်မပြတ် ကျနေတာ 


စကားတောင်စခန်းဆိုတာ တပ်မနဲ့ ချောင်းတဖက်မှာထားတာ လူနည်းနည်းပဲ ကာကင်း သဘောထုတ်ထားတာ၊ အဲ့နေရာကို AA တွေက ဝိုင်းထားပြီး လက်နက်ချခိုင်းတာ၊ ရဲဘော်တွေက လက်နက်ချလိုက်တော့မှ လက်နက်တွေသိမ်း၊ နောက်ပြန်ကြိုးတုပ်ပြီး ကမ်းစပ်မှာဒူးထောက်ခိုင်း၊ နောက်စေ့တွေကို ပစ်that ပြီး မြစ်ထဲကို ကန်ချကြတယ်။ 


Cd###Tin Ko Win 


#ကျောက်တော်(၂) 


၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျောက်တော်စကခ ၉ ဌာနချုပ် ရန်သူ့လက်အောက်ကျသွားပါတယ်။ 


အဲ့လို ကျသွားတဲ့ အခါ ဒဏ်ရာ ရနေတဲ့တပ်မမှူးက သကြားစက်ကုန်းမှာ ရှိနေပြီး ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သည် အင်အား ၂၀၀လောက်နဲ့ မှီခိုသူ ရဲမေ မိသားစုဝင် ၄၀၀ကျော်လောက်ကို ကယ်ထုတ်ဖို့ အတွက် သတင်းပို့ခဲ့တဲ့အခါ ကမ်းထိုးရေယာဉ်

၁၇၁၃ နဲ့ ၁၆၁၃ တို့ဟာ ဖေ ၈ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။ 


ကမ်းထိုးကပ်ရမယ့် BE ရေဆိပ်ဟာ ရန်သူ့လက်ရောက်နေတဲ့ အတွက်

တပ်မမှူးက ကမ်းထိုးရေယာဉ်ခေါ်ထားပြီးကြောင်း ၊ ကမ်းထိုးကပ်ရန်နေရာကို AA အဖွဲ့က စိုးမိုးထားတဲ့ အတွက် BE ရေဆိပ်ကို ပြန်တိုက်ယူ မှဘဲ ကမ်းထိုးကပ်နိုင်မှာလို့ စစ်သည်တွေကို ပြောပါတယ်။ 


ဒါနဲ့ ဗျူဟာမှူးဦးစီး တစ်ဖွဲ့က BE ရေဆိပ်ကို ပြန်တိုက်ယူကြတဲ့ အခါ တပ်မဖက်အခြမ်း ချောင်းကမ်းစပ်တစ်ဝက်အထိ ကျနော်တို့ ပြန်ရလိုက်တယ်၊ အဲ့လို တိုက်နေတုံးမှာပဲ ဒဏ်ရာရ စစ်သည်တွေနဲ့ ရဲမေတွေကို ရေဆိပ်နဲ့ အနီးဆုံးနေရာအထိ ခေါ်ဆောင်ထားရတယ်၊ အဓိကကျတဲ့နေရာတွေမှာ ကင်းတွေ လည်းချထားတာပေါ့ အကိုရယ်။ ကမ်းထိုးကပ်တဲ့ အချိန် တစ်ဖက်က ပစ်လို့ ကာပစ်ကျရင်း ထပ်ပြီး ကျဆုံး ရတာတွေ လည်း ရှိတယ်။  


ကျနော်တောင် ကာပစ်ကောင်းလို့ ကမ်းထိုးပြန်ထွက်တာ မသိဘဲ ကျန်ခဲ့တော့မလို့ 


တပ်မမှူးက ကျနော်တို့ ၃ ယောက်တစ်ဖွဲ့ကို သကြားစက်ကုန်းမှာ နောက်ဆုံး ခံစစ်အဖြစ် တာဝန်ပေးခဲ့တာ။ အမ်အေ ၃ က ၂လက်၊ ပစ္စတိုက ၁ လက်၊ ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံးတွေ ပေးခဲ့တယ်——ကျနော်တို့က ရန်သူလာမယ့် လမ်းကို မျှော်ပြီးစောင့်ရတော့ ကမ်းထိုး လာမယ့် လမ်းကို မ မြင်ရ၊ အသံ လည်းမကြားရဘူးဗျ။ ခနကြာတော့ AA အဖွဲ့တွေ အော်ဟစ်ဆဲဆိုနေတဲ့ အသံတွေ ကြားရမှ အတူတူ စောင့်နေတဲ့ ၂ ယောက်ကို ကမ်းထိုးကပ်ပြီလား 

ကြည့်ဖို့ လွှတ်လိုက်တယ်။ 


အဲ့ဒီ အချိနိမှာပဲ ကျနော်တို့ စောင့်နေရတဲ့ သကြားစက်ကုန်းကို AA တွေ အပြုံ လိုက်တက်လာကြာတာ၊ ကျနော်လည်း ရှိတဲ့ ရှေ့ထွက်မိုင်း ၃ လုံးကို ခွဲပြီး၊ လက်ပစ်ဗုံး ၃ လုံးထဲက ၂ လုံးကို ထုပြီး သူတို့ကစဉ့်ကလျား ဖြစ်တဲ့ အချိန်လေး ကမ်းဖက်ကို ပြေးရတာ 


ကျနော်ကံကောင်းတာက အဲ့အချိန် ကမ်းထိုးက 

ကမ်းကခွါနေပြီ၊ ကျနော်လည်း 

ရေထဲကို ခုန်ချ ၊ ကမ်းထိုးရေယာဉ်သို့ ရေကူးပြီး ဘောကွင်းတွေကတဆင့် ကမ်းထိုးပေါ် ရောက်သွားတယ်။ ကျနော် တက်လို့ ရလိုက်တဲ့ ကမ်းထိုးက အသေးဗျ၊ ကြည့်လိုက်တော့မှ ကပ်လျက်မှာ ကမ်းထိုး အကြီး ၁ စီးပါတာ တွေ့လိုက်ရတယ်။ အဲ့ ဒီအချိန်က ဖေ ဖော်ဝါရီ ၈ ရက် နေ့လယ် ၁၂ ခွဲလောက်ပေါ့ဗျာ—- 


ကျနော်တို့စထွက်ခဲ့ကြတာ။😢 


#crd TinKo Win 


#ကျောက်တော်(၃) 


ကျနော်တို့ ကျောက်တော်က စထွက်လာပြီး မြို့အထွက်က ကစ္ဆပနဒီတံတားကို ဖြတ်တဲ့ အချိန်မှာ တံတားပေါ်ကနေ ကမ်းထိုးဆီကို လက်ပစ်ဗုံးတွေနဲ့ ပစ်ချကြတယ်။ ကမ်းထိုးပေါ်ကို မကျဘဲ ရေထဲကျပြီး လက်ပစ်ဗုံးကွဲသံတွေကြားရတယ်… 


ကျောက်တော်ကနေ ထွက်ပြီး အပေါက်ဝကျေးရွာ အထိ ကုလားတန်မြစ်ကြောင်းတစ်လျောက်မှာ ကမ်းဘေး က ရွာတွေကနေလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျောက်ပစ်ခတ်ကြတယ်၊ ကမ်းထိုးပေါ်ကို Dropဗုံးတွေလဲ ချတယ်ဗျ၊ 


အဲ့လို ပစ်တော့ ကမ်းထိုး ၁၇၁၃ က နေပူခံရွာနားမှာ

စက်ပျက်ပြီး ရေတွေဝင် မြုပ်ရော

အဲ့ဒါနဲ့ အဲ့ဒီ ကမ်းထိုးပေါ် ပါလာတဲ့ စစ်သည်၊ ရဲမေ၊ မိသားစုဝင်တွေကို ဟိုဘက်က ကမ်းထိုး ၁၆၁၃ ပေါ်ကို ပစ်တဲ့ခတ်တဲ့ကြားကနေ ပဲ ပြောင်းရတာပေါ့ဗျာ။ 


အဲ့လို လူတွေ ပြောင်းတင်ပြီး ဆက်ထွက်လာကြတဲ့အခါ AA ကလဲ ကမ်းနားဘေးကနေ ၁၀၇ မမရှော့တိုက်ဒုံးတွေ၊ Dropဗုံးသီးတွေနဲ့ တရစပ် ပစ်တာ 


ဒီဖက်ကလဲ ရှိတဲ့ လက်နက်နဲ့ ပြန်ပစ်ကြပေါ့၊ 

အဲ့လိုနဲထွက်လာလိုက်တာ သိပ်မကြာဘူး 

နေပူခံရွာ အလွန်လေးပဲ ရှိသေးတယ်၊ 

ကမ်းထိုးဟာ AAထောင်ထားတဲ့ အတားအဆီး 

ကျားပိုက်နဲ့ ပန်ကာနဲ့ ညှိပြီး ရေလယ်ခေါင်ကြီးမှာ စက်ရပ်သွားလေရော 


ကမ်းထိုး ရပ်တာနဲ့ ကမ်းဘေးက ရွာကနေ လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်၊ 

Dropတွေ တောက်လျောက်ချတော့တာပဲ

ခဏကြာတော့ Drop ဗုံးဒဏ်ကြောင့် ရေလယ်ခေါင်က ကမ်းထိုးကို မီးစလောင်ရောအကို 


ဒါနဲ့ ပစ်နေခတ်နေတဲ့ ကြားကပဲ မီးဝိုင်းငြှိမ်းကြတယ်….ရေတပ်က အဖွဲ့တွေက အလေးအပင်တွေ 

စွန့်ပစ်ဖို့ ပြောလာတော့

ရဲမေတွေရဲ့ ပစ္စည်းတွေရော၊ 

လက်နက်ကြီး အချို့ကိုရော စွန့်ကြရတယ် ။


တပ်မမှူးကလဲ နောက်ထပ်ကမ်းထိုးအကြီး တစ်စီးလာနေပြီ၊ အားတင်းထားကြဆိုတာနဲ့ စစ်သည်တွေလဲ အားရှိပြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တဲ့ ဖက်ကို ပြန်ပစ်ကြတယ်၊

ဒီလိုနဲ့ အဲ့ဒီ ပိုက်ငြိနေတဲ့နေရာမှာ ၂ နာရီလောက် ကြာပြီးတဲ့ အချိန် မှာ နောက်ထပ်ကမ်းထိုးတစ်စီး ထပ်ရောက်လာလို့ အဲ့ဒီပေါ်ကို လူတွေ ထပ်ရွှေ့ကြပြန်တယ်၊ 

ကျားပိုက်နဲ့ ငြိတဲ့ ကမ်းထိုးက စက်ခန်းတွေ မီးလောင်နေပြီ အကို မြုပ်တော့ မမြုပ်သွားဘူး 


နောက်ထပ်ရောက်လာတဲ့ ကမ်းထိုးအကြီးနဲ့ ဆက်ထွက်လာတဲ့ အခါ AAက အတားအဆီး လုပ်ထားတဲ့ ရေလယ်က ကျားပိုက်တွေကို မငြိအောင်ရှောင်တိမ်းရင်း သွားကြရတယ်၊အဲ့ဒါနဲ့ နောက်ထပ် ၁ နာရီလောက် ပဲထွက်ရသေးတယ်

ကျားပိုကိတွေ ရှောင်ရင်း ကမ်းထိုးကသောင်တင် သွားတယ်ဗျာ…အဲ့ဒီအချိန် ညနေစောင်းတော့မယ် ၊ 


ကမ်းထိုး သောင်တင်နေတဲ့ နေရာကို လောင်းလှေ ၁၀၀ကျော်လောက်နဲ့ AA အဖွဲ့တွေ ရောက်လာပြီး ကမ်းထိုးကိုဝိုင်းထားတယ်၊ 

လူတွေက ကြိုးချိတ်တွေနဲ့ ပစ်ပြီး ကမ်းထိုးပေါ်ကို တက်ဖို့ ကြိုးစားကြလို့ ကျနော်တို့ ပစ်ကြတာ 


သူတို့အတော်များများထိပြီးတော့ လောင်းလှေ တွေ ပြန်ထွက်သွားကြတယ်။ 


ခဏနေတော့ ကမ်းထိုးကို မီးကျည်တွေနဲ့ ပစ်ပြီး

လက်နက်ငယ်၊ လက်နက်ကြီးတွေ ပစ်တယ်၊ dropဗုံးချတယ်။ ထူးဆန်းတာက သစ္စာဖောက်ကောင်က ကမ်းထိုးပေါ်အထိ ပါလာတာပဲ အကို ၊ 


ကမ်းထိုးပေါ်မှာ ရေတပ်အဖွဲ့ကလွဲ ပြီး ကျန်သူအားလုံး ယူနီဖောင်းမဝတ်ထားကြဘူး၊ အဲ့ဒါကိုတပ်မမှူး ကမ်းထိုးဦးပိုင်းမှာဆို ဗုံးသီးက ဦးပိုင်းကိုကျ တယ်၊ နောက်ပိုင်းသွားရင် နောက်ပိုင်းကိုကျတယ်၊ တပ်မမှူးကလဲ တောက်လျောက်ကွပ်ကဲတယ်၊ ရဲဘော်တွေကိုလဲ အားပေးတယ်၊ တပည့်တို့တောင့်ထား ကမ်းထိုး ထပ်လာလိမ့်ဦးမယ်လို့ပြောတယ် 


အဖြစ်အပျက်တွေက ပြန်မပြော

ချင်လောက်အောင်ဆိုးတယ်အကို၊

တပ်မမှူးနဲ့တပ်ရင်းမှူးတွေ ကမ်းထိုးအရှေ့ပိုင်းက ဂေါ်ချတဲ့ ထောင့်ကျဉ်းလေးမှာ စုပြီးတိုင်ပင်နေကြတဲ့အချိန် လက်နက်ကြီးတစ်လုံးက အဲ့ထဲကို တည့်တည့်ကျသွားတယ်😢 


# crd TinKo Win 


#ကျောက်တော်(၄) 


ကျနော်ခုနကပြောသလို တပ်မမှူးနဲ့ တပ်ရင်းမှူး 2ICတွေ ကမ်းထိုးဂေါ်ချတဲ့ထောင့်လေးမှာစုပြီး တိုင်ပင်၊ စစ်တွေနဲ့ ဆက်သွယ်မှု လုပ်နေကြတုံး

ဗုံးသီးတစ်လုံးက အဲ့ဒီအထဲ ကိုတည့်တည့်ကျတယ်၊ ကျနော်မြင်လိုက်တဲ့ အသိအရတော့ အဲ့နေရာမှ အားလုံးကျဆုံးသွားကြတယ်၊(AA အဖွဲ့ကတော့ ရေကြောင်းတိုက်ပွဲမှာ တပ်မမှုးကို အရှင်ဖမ်းမိကြောင်း ထုတ်ပြန်ထားတာရှိပါတယ်- စကားချပ်) 


အဲ့နေရာတစ်ဝိုက် သွေးချောင်းစီးပြီး သွေးတွေ ပန်းထွက်နေတာ၊ ကျနော့်အထင် အရာရှိဆိုလို့ ကမ်းထိုးနောက်ပိုင်းမှာ တာဝန်ပေးထားတဲ့ နှစ်ပွင့်နဲ့ ဗိုလ်ကြီးတစ်ယောက်ပဲ ကျန်တယ် ၊ အဲ့ဗိုလ်ကြီးက ခြေထောက်ပြတ်နေတာ 


ပြောပြ တော့သာ ခဏတဖြူတ်လေး အကို၊ 

အဲ့ဒီ မှာ ငရဲပွက်သလိုပဲ 

ကမ်းထိုး စထွက်ပြီး အပေါက်ဝရွာ မရောက်ခင်ကတည်းက Dropဗုံးနဲ့ လက်နက်ကြီး လက်နက်ငယ်တွေ တောက်လျောက်ပစ်ခတ်ခံရတာ၊ ကမ်းထိုးတွေလည်း စက်ပျက်ပြီးရေဝင် မြုပ်တာကတစ်စီး၊ မီးလောင်ပြီးစွန့်ခဲ့ရတာက တစ်စီးနဲ့ အခုဆို ပစ်နေခတ်နေတဲ့ ကြားကနေ ပြောင်းရတာ ကမ်းထိုး ၃ စီးမြောက် ဖြစ်လာပြီ

ယမ်းခိုးနံ့တွေမွှန်ထူပြီး၊ ရေလည်း အရမ်းငတ်တာ 


Dropဗုံး တစ်ခါချတိုင်းမှာ စစ်သည်၊ ရဲမေရော မှီခိုကလေးတွေရော ၁၀ ယောက် ၁၅ ယောက်လောက် thay တယ်အကို၊ကမ်းထိုးပေါ်မှာ စစ်သည်/ရဲမေတွေ ခေါင်းမရှိတော့ဘူး၊ ခါးကနေပြတ်သွားတဲ့လူ၊ အလောင်းတွေ မသေမရှင်ကုန်းထနဲ့အများကြီးပဲ 


ကျနော်တို့လည်း တပ်မမှူးမှာခဲ့တဲ့အတိုင်း နောက် ၂ နာရီ ၃ နာရီလောက်အထိတောင့်ခံထားကြတယ်၊ ယမ်းခိုးတွေကြောင့် ရေဆာလွန်းလို့ ကျည်ကာဦးထုပ်နဲ့ လက်နက်ကြီးမကျခင်လေး မှာ 

ခပ်သောက်ကြတယ်။ 


အဲ့လိုနဲ့ စောင့်ကြရင်း လက်နက်ချတယ်ဆိုပြီး တစ်ဖွဲ့က အလံဖြူထောင်တယ်အကို (ပြောပြတဲ့အထဲမှာ ဘယ်အဖွဲ့ဆိုတာပါပါတယ်) ၊ AA အဖွဲ့တွေက 

လှေပေါ်ကနေ လက်နက်ချတဲ့သူတွေ လာခဲ့ကြဖို့ လှမ်းအော်ခေါ်လို့ ရေကူးပြီးသွားကြတယ် 


လှေနားရောက်လို့ ခေါင်းပေါ်လာ တဲ့အချိန်ဝါးရင်းတုတ်နဲ့ ရိုက်thatတာ၊ တချို့ကိုကျတော့ လှေပေါ် ဆွဲတင်ပြီးမှဓားတွေနဲ့ ထိုးthatတာဗျာ၊ အဲ့လိုမျိူး လုပ်တာ တွေ့တော့ ကမ်းထိုးပေါ်မှာကျန်သူတွေက လက်နက်ချမယ့် အကြောင်း မပြောကြတော့ဘူး— 


အဲ့လိုနဲ့နောက်ထပ် အချိန်ခဏကြာတော့ ကမ်းထိုးနောက်ပိုင်းက ရဲဘော်တစ်ယောက်က ဆာလာအိတ် အဖြူကိုဝါးလုံးမှာချည်ပြီး အလံဖြူထောင်ပြလို့ 

၂ ပွင့်နဲ့ ခြေထောက်ပြတ်နေတဲ့ဗိုလ်ကြီးက ပစ္စတို ကျည်ထိုးပြီး အလံဖြူထောင်တဲ့ကောင် ငါကိုယ်တိုင်thatမယ် ၊ အဲ့ဒီဆာလာအိတ်ငါ့ဆီယူလာဆိုပြီး ဆာလာအိတ်အစကို မီးရှို့ပစ်လိုက်တယ် 


AA က ကမ်းထိုးနောက်ပိုင်းကို လက်နက်ကြီးတွေနဲ့တောက်လျောက်ပစ်တဲ့အခါ ကမ်းထိုးနောက်ပိုင်းကို ၅ လုံးကျပြီး နောက်ပိုင်း ပျက်စီးသွားတယ်၊ အနောက်ပိုင်းနေက စပြီး တဖြေးဖြေးရေမြုပ်လာလို့

စစ်သည် ရဲမေတွေ ကမ်းထိုးဦးပိုင်းကို ပြေးကြပြန်တယ်၊ နောက်တော့ တဖြေးဖြေး ထပ်မြုပ်လာတော့ ရေထဲ ခုန်ချကြတယ် 


အကိုမြင်ကြည့်စမ်းပါ ရေထဲ ခုန်ချတဲ့ စစ်သည် ရဲမေ မိသားစုဝင်တွေကို ရွာသစ်ကေ၊ ကျောက်ဖြူ၊ လမုတပင် ရွာတွေက လှေတွေနဲ့ ရေထဲမှာ တွေ့သမျှ လူမှန်သမျှလိုက်ခုတ်ကြတာဗျာ 


အချို့ရဲမေတွေဆို ကမ်းစပ်အထိ ရောက်ကြတယ် ၊ သာလီစွပါဆိုပြီးကမ်းပေါ်တက်ကြတယ်။

အဲ့မှာ တစ်ယောက်မှ အရှင်မထားနဲ့ဆိုပြီး ဝိုင်းအော်ကြတယ်၊ တုတ်တွေနဲ့ ရို-က် လက်နက်ငယ်ပစ်သံတွေလဲကြားရတယ်။ သ‌င်္ဘောပေါ်ကနေ ရေထဲ ခုန်ချသွားတဲ့ လူတွေအားလုံး လှေ/ စက်လှေတွေနဲ့ လိုက်ပြီး ဓားတွေနဲ့ ခုတ် thatတာ 


ကျနော်ကတော့ ရေထဲ ခုန်မဆင်းဘဲ ကမ်းထိုးဦးပိုင်းထိပ်အထိ ကို ရနိုင်သလောက်တက်ပြီး

အမှောင်ထုကို စောင့်နေတယ်၊ သင်္ဘောစုန်းစုန်း မြုပ်ခါနီးမှ ရေထဲကို ခုန်ချ ခဲ့တယ်😢 


#crd TinKo Win


#ကျောက်တော်(၅)အဆုံး


ကျနော်လည်း တော်တော်လေးမှောင်လာပြီး

ကမ်းထိုးသင်္ဘော ဦးပိုင်းအထိ မြုပ်တော့မယ့် အချိန်ကြမှ ရေထဲကို ခုန်ဆင်းခဲ့တယ်၊ ကျနော် နောက်ဆုံးလို့ပဲ ပြောရမယ် အဲ့ဒီအချိန် ကမ်းထိုးပေါ်မှာ အသက်ရှင်ကျန်ရစ်သူ မတွေ့မိတော့ဘူး။


ကျနော် ရေထဲ ရောက်ရောက်ချင်းပဲ လောင်းလှေ တစ်စီးက ကျနော့်နား ရောက်လာပြီး လှေပေါ်ကနေ ဝမ်းဗိုက်ကို ဓားနဲ့ခုတ်တယ်—-ကျနော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ရေအောက်ကို ချက်ချင်းငုပ်ပြီးပြေးရတယ်၊ ဓားနဲ့ခုတ်တာ ဝမ်းဗိုက်ကို မထိဘဲ ပေါင်နဲ့ လက်နဲ့ကို ခုတ်မိပြီးဒဏ်ရာရခဲ့တယ်၊ 


အဲ့ဒါနဲ့ ရေထဲမှာ ငုပ်ပြီးအသက်အောင့်ပြီးနေလိုက်တယ်၊ ခနကြာတော့မှ ရေပေါ်ပြန်တက်တော့ အဲ့လောင်းလှေ မရှိတော့ဘူး၊ ကျနော် သေပြီ ထင်ပြီး ပြန်လှည့် သွားတာ ထင်တယ်။


သူတို့ဆက်မစောင့်တာကပဲ ကျနော်ကံကောင်းဖို့ ဖြစ်လာတာ ထင်တယ်အကို၊ နို့မို့ ခုလို အဖြစ်ဆိုး ကြီးကို မျက်မြင်ကိုယ်တွေ့ ပြန်ပြောပြနိုင်မယ့် လူ တစ်ယောက်မှ ရှိတော့မယ် မထင်ဘူး။


ကျနော် ရေပေါ်ကို ပြန်တက်လာတဲ့အထိ အခြားလှေတွေကနေ ရေထဲခုန်ချသူတွေကို လိုက်ခုတ်နေတုံးပဲ။ 

အော်ဟစ်ဆူညံနေကြတာ။ 


ကျနော်လည်း ဓားနဲ့ ခုတ်ခံရတဲ့ လက်နဲ့ ပေါင်နေရာတွေက သွေးတွေ အရမ်းထွက်နေတာနဲ့ ရေစီးအတိုင်းမျှောလိုက်ပြီး ကမ်းစပ်နားက

ခြုံပုတ်ကြီးပေါ်မှာ ပုန်းနေခဲ့တယ်၊ 


အဲ့လိုပုန်းနေတုန်းမှာပဲ ရွာသားတွေက ရေထဲကို ဓာတ်မီးနဲ့ ထိုးပြီး ဗမာစစ်ခွေးတွေ ထွက်လာခဲ့၊

 တွေ့ရင် သ/တ် မယ်လို့ အော်ဟစ်ကြိမ်းဝါးနေတာကို ကြားနေရတယ်၊ 

အဲ့လိုနဲ့ ည ၁၁ နာရီလောက်မှာ AA အဖွဲ့က လှေအကြီးကြီး တစ်စီး ထပ်ရောက်လာပြီး ရေကြောင်း တစ်ဝိုက်ကို မီးတွေနဲ့ ထိုးပြီး အကြာကြီးလှည့်ပတ်ကြည့်ကြတယ်။  


ခေါင်းဆောင်လို့ ထင်ရတဲ့ လူက စစ်ခွေးတွေ အကုန် 

ေ/သ လောက်ပြီ ပြန်ကြမယ် ဆိုပြီး ပြန်လှည့်သွားတယ်၊ သူတို့လှေရပ်တဲ့နေရာက ကျနော်နဲ့ အတော်လေးနီးတယ်။


သူတို့လှေ ထွက်သွားပြီးမှ ကျနော်ပုန်းနေတဲ့ နေရာကို လှည့်ပတ်လိုက်ကြည့်တော့ ကမ်းစပ်က အိမ်ကြီးတစ်လုံးရဲ့ အိမ်သာဘေးက ခြုံပုတ်ကြီးမှန်းသိတယ်။ 


ကျနော်ပုန်းနေတဲ့ ခြုံပုတ်နားမှာ လှေတစ်စီးတွေ့လိုက်တယ်၊ လှေကို သံကြိုးနဲ့ ချည်ထားတာနဲ့ ကျနော်လည်း ချည်ထားတဲ့ တိုင်ကို ဆွဲနုတ်ပြီး လှေကို အကာအကွယ်ယူ ရေစီးအတိုင်းမျောပြီးကူးလာခဲ့တယ်


ကျနော် ကူးလာတဲ့ တစ်လျောက်လုံး ရေထဲမှာ လှေတွေရှိတယ်၊ ကမ်းနားဖက်က ရွာတွေမှာလည်း မီးရောင်တွေတွေ့တယ်၊ သူတို့က ထပ်လာမယ့် ကမ်းထိုးကို စောင့်ကြတာ၊ 


အဲ့လိုကူးနေတုံး

AA တွေက ‘’သူတို့လာနေပြီ၊ မီးတွေပိတ်ကြ’’ ဆိုပြီး အချင်းချင်းအော်ပြောသံကြားရတယ်၊ အဲ့မှာ မီးတွေအကုန် ပိတ်သွားတော့ ရေပြင်က မှောင်မဲ ပြီး ဘာမှ မမြင်ရတဲ့ အချိန်မှာ လှေပေါ်ကို တက်ပြီး လှေလှော်ပြီး ထွက်ပြေးခဲ့တယ်


လှေလှော်ရင်း ခဏကြာတော့ ထပ်လာနေတဲ့ ကမ်းထိုးရေယာဉ်ကို မြင်ရတဲ့ အခါ ကျနော် အရမ်းအားရှိသွားတယ် အကို၊ ကမ်းထိုးက ပထမတော့ ကျနော့်ကို လက်နက်ငယ်နဲ့ ပစ်သေးတယ်၊ ကျနော်က လည်း နာမည်ဘယ်သူပါ၊ ဘယ်တပ်ကပါလို့ ကုန်းအော်ရတာအကို၊ AA က ဘယ်လောက်မိုက်ကန်းသလဲဆို ကမ်းနားကနေ ဗမာလေသံနဲ့ ငါတို့ စကခ ၉ ကပါ၊ ငါတို့ကိုလဲ ခေါ်အုံးလို့ ဝိုင်းအော်ကြတယ်။


ကျနော့်ကို ကမ်းထိုးပေါ် ကယ်ပြီး ပထမကြိုးတုပ် ပြီးစစ်ဆေးကြတယ်၊ ကျနော့် နာမည်၊ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ လမ်းတစ်လျောက်ကြုံတွေ့ရတာကို ပြောပြမှ ကြိုးဖြေပေးတယ်၊ ဒဏ်ရာတွေကို ဆေးထည့် ၊ အဝတ်အစားတွေပေးပြီးစောင့်ရှောက်ခဲ့တယ်၊ နောက်ဆုံးတော့ ကမ်းထိုးရေယာဉ်နဲ့ စစ်တွေ အထိ ပြန်လိုက်ပို့ပြီး ရန်ကုန်က ကျနော့် မိခင်တပ်ကို ပြန်သတင်းပို့နိုင်ခဲ့တယ်။


(၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၈ ရက်တွင် ကျောက်တော် မြို့၊ ကျောက်ဖြူကျေးရွာအနီး ကုလားတန် မြစ်အတွင်း ဖြစ်ပေါ်ခဲ့သော ယခုကဲ့သို့ ဆိုးဝါးပြီး ရက်စက်လှသည့် ဖြစ်စဉ်အား ပျောက်ကွယ် မသွားရအောင်ဖြစ်စဉ်အမှန် အား အတိဿယဝုတ္တိ အင်္လကာများ မပါဘဲ လိုရင်း

တိုရှင်း ဖော်ပြအပ်ပါသည်။)


Photo… AA info desk telegram

Thursday, 10 April 2025

 @pyaephyoaungkm:ဒီနိူင်ငံက လူဆင်းရဲတစ်ယောက်က

ခေတ်ကိုလည်းကြောက်တယ်

စစ်ကိုလည်းကြောက်တယ်

အချစ်ကိုလည်း ကြောက်ရပါတယ်

Sunday, 6 April 2025

 လူကသာ အမေ့ဆီမှာ ရှိနေတာ စိတ်ထဲမှာတော့ လိုချင်တာတွေ တက်မက်တာတွေနဲ့ လူက အတော်ပူလောင်ပါတယ် ။ 

စိတ်အလိုမကျတာတွေ စိတ်မကြည်လင်တာတွေနဲ့ စိတ်မရွှင်မလန်းပါပဲ .....

တစ်ယောက်ယောက်ကိုပဲ လိုချင်နေတာလိုလိုနဲ့ တကယ်ပိုင်ဆိုင်ရမယ်ဆိုရင်လည်း မလိုချင်ပြန်တော့ဘူး ၊ လိုအပ်နေတာတော့အမှန်ပါပဲ လိင်မှုကိစ္စကအစ ဘဝလက်တွဲဖော်အဖြစ်ပါ လိုချင်မိတယ် ၊ ဒါပေမယ့်လည်း လိင်မှုကိစ္စတွေမှာ ခင်များကို ဘယ်လိုမှမခံစားတတ်ဘူး ၊ လိင်မှုကိစ္စကို ခံစားတတ်တဲ့ သူတွေကိုကျပြန်တော့လည်း ဘယ်ကိစ္စကိုမှ မနှစ်စက်ပြန်ဘူး ခက်တာပဲ မိခက်ခက်ရယ် ။


နင်လည်းငါကို အားလုံးနှစ်သက်မယ်မထင်ပါဘူး 

ဒါပေမယ့်လည်း နင်က ပိုင်ဆိုင်ရဲတဲ့သတ္တိရှိတယ် ရင်ဆိုင်ရဲတဲ့ သတ္တိတွေ အများကြီးရှိတယ် ၊ ငါကတော့ နင့်လိုမဟုတ် မဝံ့မရဲအဖြစ်နဲ့ စိတ်ပျက်စရာပါပဲ ။


ငါသာ မပိုင်ချင်တာ ဆိုင်ချင်တာတွေတော့ ရှိပါသေးတယ် ၊ 

နောက်ပြီးတော့ 

ငါက တကယ်သောက်သုံးမကျတဲ့အကောင် ၊ 

ဘာမှသိတာလည်း မရှိဘူး 

ဘာမှရှိတာလဲ မဟုတ်ဘူး 

ဘာမှလုပ်ချင်စိတ်မရှိဘူး 

ကြိုးစားအားထုတ်မှု ဘယ်လိုနေရာမှ မရှိသလို 

ဘယ်လိုစိတ်ခံစားချက်မှ ပြင်းပြင်းထန်ထန်ရှိတာမျိုး မရှိဘူး မရှိဘူး ။

ဒါပေမယ့်လည်း နင့်ကို တခြားတစ်ယောက်နဲ့ မြင်ရတာမျိုးကိုတော့ ငါမဖြစ်ချင်ဘူး ၊ ငါကလည်း တကယ်ခက်တယ်ဟာ ၊ 

ဘာမှ ဖြစ်ဖြစ်မြှောက်မြှောက်သာ မစွမ်းဆောင်နိူင်တာ တချို့မျှော်လင့်ချက် သေးသေးလေးတွေကျပြန်တော့လည်း မျှော်လင့်ချက်အသေတွေနဲ့ ရှင်သန်နေတတ်တာမျိုးဟ 

အဲ့ဒီမျှော်လင့်ချက်ဆိုတာကလည်း စူလလိပ်လေး ရေထဲလွှင့်လိုက်သလိုဆိုပေမယ့်လည်း ငါက ငါဆီပြန်လာလိမ့်မယ် ထင်နေတုန်း ၊ ဘုရားမှာ ငါလွှင့်လိုက်တဲ့ ငှက်ကလေးတွေ ငါဆီပြန်လာမယ် ထင်နေတုန်း ၊ 

တကယ်လို့ ပြန်လာရင်တောင် မိအောင်ဖမ်းမှ ဖမ်းနိူင်ပါ့မလား တွေးစရာဆိုပေမယ့်လည ငါမျှော်လင့်နေသေးတယ် ငါအိမ်မက်တွေ မက်နေသေးသေးတယ် ။ 


မျှော်မှန်းနိူင်စွမ်းတော့ မရှိပါဘူး 

သို့ပေမယ့်လည်း ငါကတော့ မျှော်လင့်လို့ ရနေသေးသ၍ မျှော်နေလိမ့်အုံးမယ် ထင်ပါရဲ့ကွာ .....

 ဒီလောက လူ့ဘောင်ထဲမှာ ရှက်စရာအကောင်းဆုံးအရာက ဆင်းရဲခြင်းပဲ ၊ ဒါကို ဆင်းရဲတဲ့လူတွေက မသိကြဘူး ။

ဆင်းရဲရင် လူရာမဝင်ဘူး 

ဆင်းရဲရင် ဘောင်မဝင်ဘူး 

နှုတ်ထွက်စကားခြင်းတူရင်တောင် ဆင်းရဲ‌တဲ့ကောင်ပြောလာခဲ့ရင် အလကားပဲ ဟာသသက်သက် ရယ်စရာသက်သက်ပဲ ဖြစ်တယ် ။


ဘယ်လိုနည်းနဲ့ပဲ ချမ်းသာလာပါစေ 

ချမ်သာတဲ့လူတွေက ပိုပြီး မျက်နှာပွင့်တယ် 

မပြည့်တဲ့ရေအိုးကိုသာ ဘယ်သူမှ မဖြည့်ချင်ကြတာ ပြည့်ပြီးသား အိုးတွေကိုတော့ ရေလာလောင်းမယ့် လူတွေက အများကြီးပဲ ။

အကျင့်ကောင်းခြင်းတွေ ရိုးသားဖြုစင်ခြင်းတွေ 

ဉာဏ်ကောင်းခြင်းတွေ လူမှုရေးကိစ္စတွေမှာ ငွေမရှိရင် အလိုလိုအားနည်းလှော့နည်းလာတတ်ကြစမြဲပါပဲ ။


ငွေမရှိရင် မျက်နှာငယ်ရတယ် မေတ္တာရှိချင်ယောင်ဆောင်ပြီး အမှိုက်ပုံလိုသဘောထားလာမယ် 

အောက်ကျနောက်ကျအလုပ်တွေနဲ့ အခိုင်းခံဘဝကြီးထဲကို ဆွဲခေါ်ကြလိမ့်မယ် ။ အဲ့ဒီအသုံးချခံဘဝထဲကို ဝင်မလာသူတွေက အသုံးမကျသူတွေအဖြစ် ဝိုင်းလှောင်ကြလိမ့်မယ် ၊ တချို့တွေကျ‌ပြန်တော့လည်း အသုံးချခံဖြစ်နေရတာကိုပဲ ဂုဏ်ယူနေကြတာတွေ ရှိတယ် ၊ အဲ့ဒီဘဝကြီးကိုပဲ လူရာဝင်တယ်လို့ ထင်နေကြပြီး အတင်းတိုးဝင်ကြတာမျိုးတွေရှိတယ် ။ 

အဲ့လူတွေက လူရာဝင်တာမဟုတ်ပဲ လူရာဝင်ဖို့ အတင်းလုပ်ယူနေကြတာလို့ပဲ မြင်မိတယ် ။ 


တကယ်တော့ ဘာမှ မရှိတဲ့ ဘဝတစ်ခုဟာ ဘာမှ မရှိပါဘူး ၊ အကျင့်သိက္ခာလည်း မရှိဘူး ၊ ကိုယ်ကျင့်တရားလည်း မရှိဘူး ၊ ဂုဏ်သိက္ခာလည်း မရှိဘူး ၊ ပညာလည်း မရှိဘူး ၊ ဉာဏ်လည်း မရှိဘူး ၊ တချို့သောအနည်းအကျဉ်းကတော့ ဘဝရှိနေသေးတယ် ဖြစ်တည်မှုရှိနေသေးတယ် သေးသေးပဲဖြစ်ဖြစ် နည်းနည်းပဲဖြစ်ဖြစ်ပေါ့ ။ 

သို့ပေမယ့်လည်း အများစုကတော့ ဘာမှကို ရှိမနေတော့တာပါပဲ ၊ 

Friday, 4 April 2025

 မနေ့ည…

ညဖက် အမှောင်ထုကြီး ကောင်းကင်ယံထက်က တစ္ဆေတစ်ကောင်လို တိတ်တိတ်လေးပျံဝဲလာပီး

၁၂၀မမ drop bomb သုံးလုံးချသွား တာ…တဲ့။


ကျန်း……

WW2 တုံးက ညဖက်ဆို ဂျာမာန်တွေကြောက်ရတဲ့ တစ္ဆေဖြူဆိုသော ရုရှားဗုံးကြဲလေယာဉ်တွေ လိုဘဲ။


ဒီလို paramotor တွေ အစင်းရေ (၃၀၀)လောက် တန်းပြည့်တိုက်ပွဲဝင်လာနိုင်ရင်…


တနိုင်ငံလုံးက သဗုန်‌ခွေးဗဒတ်တွေ ရဲ့အနာဂါတ်ဟာ…


ဘယ်လိုဖြစ်သွားမလဲ???


ပြိတ်သတ်ကြီး အယောက်၁၀၀ ရဲ့အဖြေ က????


mat R

 ခေတ်သစ်စိတ်တွေမှာပေါ်ပေါက်လာကြတဲ့ နူရိုးဆစ်စိတ်ဝေဒနာတွေနဲ့ပတ်သက်ပြီး ပတန်ဇလိုကဘယ်လို အကူအညီပေး နိုင်ပါသလဲ။ 


+++++


ကျုပ်လိုပါပဲ။ ကျုပ်ဒီမှာလုပ်နေသလိုမျိုးပေါ့။ ခင်ဗျားတို့ရဲ့နူရိုးဆစ်စိတ်ဝေဒနာတွေနဲ့ ကျုပ်တိုက်ခိုက်နေရတယ်။ အတ္တဟာ နူရိုးဆစ်အားလုံးရဲ့အရင်းအမြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တဟာမာယာမုသားတွေနဲ့ လိမ်လည်လှည့်ဖြားမှုအားလုံးရဲ့ ဗဟိုချက်ဖြစ်နေတာကြောင့်ပါပဲ။ ပြဿနာတရပ်လုံးက အဲဒီအတ္တဆိုတဲ့အရာပါပဲ။ ခင်ဗျားအတ္တနဲ့နေထိုင်နေခဲ့ရင် အနှေးနဲ့ အမြန်ဆိုသလိုပဲ စိတ်ဝေဒနာကိုခံစားလာရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အတ္တကစိတ်ဝေဒနာရဲ့အခြေခံအကြောင်း တရားဖြစ်တာကြောင့်ပါပဲ။ အတ္တက “ငါဟာကမ္ဘာလောကရဲ့ဗဟိုချက်ဖြစ်တယ်” ဆိုပြီးပြောပါတယ်။ အဲဒါကအမှားအယွင်းပါ။ ရူးသွပ်မှုတခုပါ။ ဘုရားသခင်တပါးရှိတော့မှသာ သူက “ငါ” ဆိုတဲ့စကားကိုပြောနိုင်မှာပါ။ ကျုပ်တို့ကအစိတ်အပိုင်းတခုသာ ပါပဲ။ ကျုပ်တို့က “ငါ” ဆိုတာကိုပြောလို့မရပါဘူး။ အဲဒီ “ငါ” ဆိုတာကိုအခိုင်အမာတည်ဆောက်ထားတာကိုက စိတ်ဝေဒနာ ပါပဲ။ ငါ ဆိုတာကိုလွှတ်ချလိုက်ပါ။ စိတ်ဝေဒနာကချုပ်ဆုံးသွားပါလိမ့်မယ်။ 


ခင်ဗျားနဲ့အရူးထောင်မှာရောက်နေတဲ့ အရူးတယောက်အကြားမှာ ကြီးမားတဲ့ကွာခြားမှုသိပ်မရှိလှပါဘူး။ ဒီဂရီအနည်းအငယ် လောက်ပဲကွာခြားတာပါ။ အရည်အသွေးမှာကွာခြားမှုမရှိပါဘူး။ အရေအတွက်မှာပဲ အနည်းငယ်ကွာခြားမှုရှိနေတာပါ။ ခင်ဗျားက ကိုးဆယ့်ရှစ်ဒီဂရီလောက်ရှိပါမယ်။ သူတို့က တစ်ရာကျော်ကျော်လေးမှာရှိပါမယ်။ ဒီလောက်လေးပဲကွာခြားတာ ပါ။ ခင်ဗျားဘယ်အချိန်မှာမဆို အဲဒါကိုကျော်သွားနိုင်ပါတယ်။ ကွာခြားမှုက မကြီးမားလှပါဘူး။ 


အရူးထောင်တွေကို တခါတလေသွားကြည့်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါကအနာဂတ်မှာခင်ဗျားဖြစ်လာနိုင်တဲ့ပုံစံ ဖြစ်တာကြောင့်ပါပဲ။ 


ရူးသွပ်နေတဲ့လူတယောက်ကို စောင့်ကြည့်ကြည့်ပါ။ သူဘာတွေဖြစ်နေတာလဲ။ သူဖြစ်နေတာမျိုး ခင်ဗျားမှာလည်း တစိတ် တပိုင်းအားဖြင့်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ရူးသွပ်နေတဲ့လူတယောက်က ဘာတွေဖြစ်နေတာလဲ။ သူ့အတ္တကတကယ် အစစ်အမှန်ကြီးဖြစ်လာပြီး အဲဒါကလွဲတဲ့ကျန်တဲ့အရာအားလုံးက အတုအယောင်တွေဖြစ်လာတာပါ။ တလောကလုံးဟာ ထင်ယောင်ထင်မှားဖြစ်မှုတခု ဖြစ်လာပါတယ်။ သူ့အတွင်းလောကလေး၊ သူ့အတ္တလေးနဲ့ သူ့ကမ္ဘာလေးကပဲ အစစ်အမှန်ဖြစ် လာပါတယ်။ ခင်ဗျားအရူးထောင်ရောက်နေတဲ့ မိတ်ဆွေတယောက်ကို သတင်းသွားမေးရင် သူကခင်ဗျားကိုကြည့်နေမှာ တောင်မဟုတ်ပါဘူး။ ခင်ဗျားကိုမှတ်မိမှာမဟုတ်ပါဘူး။ သူဟာသူ့ရဲ့အမြင်ရတဲ့မိတ်ဆွေတွေကိုပဲ စကားပြောနေပါလိမ့်မယ်။ ခင်ဗျားကိုတော့သူ မှတ်မိမှာမဟုတ်ပါဘူး။ သူ့စိတ်ကူးနဲ့ဖန်တီးထားတဲ့ မိတ်ဆွေတယောက်ကရှိနေပြီး သူကအဲဒီမိတ်ဆွေနဲ့ ပဲ မေးတာတွေ၊ ပြန်ဖြေတာတွေလုပ်နေပါလိမ့်မယ်။ 

✉️

ရူးသွပ်နေတဲ့လူတယောက်ဆိုတာ သူ့အတ္တကသူ့ကို လုံးဝလွှမ်းမိုးချုပ်ကိုင်သွားတဲ့အခြေအနေရောက်နေတဲ့သူတယောက် ပါ။

 သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ သူ့အတ္တကိုလုံးဝဥဿုံလွှတ်ချလိုက်နိုင်တဲ့သူကတော့ ဉာဏ်အလင်းရသွားတဲ့သူပါပဲ။

 သူက သဘာဝနဲ့တသားတည်းဖြစ်သွားတဲ့သူပါ။ 

အတ္တရှိမနေရင် ခင်ဗျားဟာသဘာဝနဲ့ တသားတည်းဖြစ်နေပါတယ်။ 

သမုဒ္ဒရာဆီ ကိုစီးဆင်းနေတဲ့ မြစ်တစင်းလိုပေါ့။ 

ဒါမှမဟုတ် ထင်ရူးတောတွေကိုဖြတ်တိုက်လာတဲ့ လေလိုပေါ့။ 

ဒါမှမဟုတ် ကောင်းကင် ကြီးထဲမှာလွင့်မြောနေတဲ့ တိမ်တွေလိုပေါ့။ 

အတ္တသာရှိမနေရင် ခင်ဗျားဟာ ကျယ်ပြောတဲ့သဘာဝတရားကြီးရဲ့အစိတ်အပိုင်း တခုအဖြစ်ရှိနေမှာပါပဲ။

 လျော့ရဲပြေလျော့ပြီး သဘာဝနဲ့တသားတည်းဖြစ်နေပါလိမ့်မယ်။ အတ္တရှိနေရင်တော့ တောင့်တင်း ဖိစီးမှုတွေဖြစ်နေပါလိမ့်မယ်။ အတ္တရှိနေတယ်ဆိုရင် ခင်ဗျားဟာသဘာဝတရားနဲ့ကွဲထွက်နေပါလိမ့်မယ်။ အတ္တရှိနေရင် ခင်ဗျားဟာခင်ဗျားကိုယ်ခင်ဗျား ဆက်သွယ်ချိတ်ဆက်မှုတွေကနေ ဖြတ်တောက်ပိုင်းဖြတ်ထားသလိုဖြစ်နေပါလိမ့်မယ်။ အဲသလိုအနေအထားမျိုးနဲ့ ဆက်နွယ်မှုတွေပြုနေတယ်ဆိုရင်တောင်မှ ခင်ဗျားဟာတရွေ့ရွေ့နဲ့သာ ရွေ့လျားနေနိုင်ပါလိမ့် မယ်။ အတ္တဟာခင်ဗျားကို ဘယ်အရာဆီကိုမှပြည့်ပြည့်ဝဝရွေ့လျားနိုင်စေဖို့ ခွင့်မပြုပါဘူး။ အတ္တဟာသူ့ကိုယ်သူပဲ ဖမ်းဆုပ် ထားပါတယ်။ 


ခင်ဗျားဟာဖြစ်တည်မှုကြီးရဲ့ဗဟိုချက်ဖြစ်တယ်လို့ ခင်ဗျားထင်နေရင် ခင်ဗျားရူးသွပ်နေပါပြီ။ ခင်ဗျားကိုယ်ခင်ဗျား သမုဒ္ဒရာ ကြီးထဲကလှိုင်းလုံးတလုံးသာဖြစ်တယ်၊ ပြည့်ဝတဲ့အရာကြီးတခုလုံးရဲ့အစိတ်အပိုင်းတခုသာဖြစ်တယ်၊ ဖြစ်တည်မှုကြီးနဲ့ တသားတည်းဖြစ်နေတဲ့အရာတခုဖြစ်တယ်လို့ မှတ်ယူထားရင် ခင်ဗျားဘယ်တော့မှရူးသွပ်မသွားနိုင်ပါဘူး။ အခုအချိန် ပတန်ဇလိသာဒီမှာရှိနေခဲ့ရင် ကျုပ်လုပ်နေတာမျိုးကိုပဲသူလုပ်နေမှာပါ။ အချိန်ကာလတွေ၊ အနေအထားတွေက ဘယ်လောက်ပဲကွာခြားသွားပါစေ လူဆိုတာကလူပါပဲဆိုတာလေးကို ကောင်းကောင်းမှတ်ထားပေးပါ။ 


အခုဆိုဒီမှာနည်းပညာအသစ်တွေရှိနေပါပြီ။ ပတန်ဇလိရဲ့ခေတ်အခါတုန်းက အဲဒါတွေမရှိသေးပါဘူး။ အိမ်အသစ်အဆန်း တွေ၊ ပစ္စည်းကိရိယာအသစ်အဆန်းတွေ ဘာမှမရှိသေးပါဘူး။ အခုတော့ လူသားရဲ့ဝန်းကျင်ကအရာအားလုံးဟာ ပြောင်းလဲ သွားခဲ့ပါပြီ။ ဒါပေမယ့် လူသားကတော့ဒုံရင်းကဒုံရင်းဖြစ်နေတုန်းပါပဲ။ အခုခေတ်လူသားတွေဟာ ပတန်ဇလိရဲ့ခေတ်အခါက လူသားတွေနဲ့ သိပ်မကွာခြားလှသေးပါဘူး။ အတူတူနီးပါးပါပဲ။ ဘာမှအများကြီးမပြောင်းလဲသေးပါဘူး။ ဒါလေးကိုမှတ်သား ထားဖို့လိုပါတယ်။ အဲသလိုမှမဟုတ်ရင် ခေတ်သစ်လူသားတွေဟာ တနည်းနည်းနဲ့ပိုပြီးဖိသိပ်ခံနေရတယ်လို့ ထင်မိနေပါ လိမ့်မယ်။ အဲသလိုမဟုတ်ပါဘူး။ ခင်ဗျားက ကားတွေကိုရူးသွပ်နေပါလိမ့်မယ်။ ပြိုင်ကားတွေကိုလိုချင်လွန်းလို့ စိတ်ဖိစီးမှု တွေပိုပြီးခံစားနေရတယ်လို့ထင်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ပတန်ဇလိရဲ့ခေတ်အခါမှာ ကားတွေမရှိသေးပါဘူး။ ဒါပေမယ့်အဲဒီခေတ်အခါတုန်းကလည်း လူတွေဟာနွားလှည်းတွေအတွက် ရူးသွပ်ခဲ့ကြတာပါပဲ။ အခုအချိန်အခါမှာတောင်မှ ခင်ဗျားအိန္ဒိယကကျေးရွာတွေမှာသွားကြည့်ရင် မြန်ဆန်ပြီးလှပတဲ့လှည်းယဉ်ကိုပိုင်ဆိုင်ထားကြသူတွေဟာ လန်ဒန်မှာ ရိုးရွိုက်စ်ကားကိုပိုင်ဆိုင်ထားတဲ့သူတယောက်သဖွယ် ဖြစ်နေတာကိုခင်ဗျားတွေ့ရပါလိမ့်ဦးမယ်။ နွားလှည်းဖြစ်ဖြစ်၊ ရိုးရွိုက်စ် ဖြစ်ဖြစ်သိပ်တော့မထူးခြားလှပါဘူး။ အတ္တဟာအဲသလိုအရာတွေနောက်ကို အတူတူပဲလိုက်နေတာပါပဲ။ လန်ဒန်မှာ ရိုးရွိုက်စ် ကိုတပ်မက်မယ်။ ရွာမှာနွားလှည်းကိုတပ်မက်မယ်။ အရာဝတ္ထုကအဓိကမကျပါဘူး။ လူရဲ့စိတ်၊ လူရဲ့အတ္တဗဟိုပြုမှုဟာ တခု မဟုတ်တခုအတွက် အမြဲရုန်းကန်တပ်မက်နေဦးမှာပါ။ 


ခေတ်သစ်လူသားဟာ ခေတ်သစ်လူသားမဟုတ်ပါဘူး။ ခေတ်သစ်လောကကြီးကမှ ခေတ်သစ်လောကကြီးဖြစ်နေတာပါ။ လူသားဟာအင်မတန်ရှေးကျအိုမင်းတဲ့အခြေအနေမှာ ရှိနေတုန်းပါပဲ။ ခင်ဗျားဟာခေတ်သစ်လူသားဖြစ်တယ်လို့ ခင်ဗျားက ထင်နေတာလား။ ခင်ဗျားမျက်နှာကိုကျုပ်ကြည့်လိုက်တဲ့အချိန်မှာ ရှေးဟောင်းမျက်နှာတွေကိုပဲကျုပ်မြင်နေရတာပါပဲ။ ခင်ဗျားဟာဒီမှာ ဘဝဘဝပေါင်းများစွာရှိနေခဲ့ပြီး အခုလည်းအဲဒီအတိုင်းပဲ ဘာမှကွာခြားမှုမရှိဘဲ ဖြစ်နေဆဲပါပဲ။ ခင်ဗျားဟာ ဘာကိုမှသင်ယူနိုင်ခဲ့တာမျိုးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာထူးမခြားနားအလုပ်တွေကိုပဲ ထပ်ကာတလဲလဲ လုပ်နေခဲ့တာဖြစ်တာကြောင့်ပါပဲ။ အရာဝတ္ထုတွေကသာ ပြောင်းလဲသွားတယ်။ လူကတော့ဘာမှပြောင်းလဲမသွားဘဲ အရင် အတိုင်းပဲရှိနေဆဲပါ။ ခင်ဗျားကသာပြောင်းလဲနိုင်မယ့်ခြေလှမ်းကို မလှမ်းခဲ့ရင်ဘာမှအများကြီးပြောင်းလဲသွားမှာမဟုတ်ပါ ဘူး။ ခင်ဗျားနှလုံးသာထဲမှာ အသွင်ပြောင်းမှုမဖြစ်ခဲ့ရင်၊ စိတ်ရဲ့တုံးအရူးနှမ်းမှုကိုခင်ဗျားနားလည်မလာခဲ့ရင်၊ စိတ်ကပေးတဲ့ ဆင်းရဲဒုက္ခတွေအကြောင်း ခင်ဗျားသိမလာခဲ့ရင် ခင်ဗျားဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူး။ အဲဒါတွေကိုနားလည်လာ တော့မှသာခင်ဗျားအဲဒီအထဲကနေ ခုန်ထွက်လာမှာပါ။ 


စိတ်ဟာအင်မတန်အိုမင်းနေပါပြီ။ စိတ်ဟာအင်မတန့်အင်မတန်ရှေးကျပါတယ်။ တကယ်တန်းမှာ စိတ်ဟာဘယ်တော့မှ အသစ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဘယ်တော့မှခေတ်သစ်စိတ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ စိတ်ချုပ်ငြိမ်းသွားတော့မှသာပဲ စိတ်သစ်၊ ခေတ်သစ်စိတ်ဖြစ်လာနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ စိတ်ချုပ်ငြိမ်းသွားပြီဆိုရင် အခိုက်အတန့်တိုင်းဟာ သစ်လွင်လန်းဆတ်လာမှာဖြစ်လို့ပါပဲ။ စိတ်ချုပ်ငြိမ်းသွားတဲ့အချိန်မှာ ခင်ဗျားဟာဘာကိုမှမစုဆောင်းတော့ပါဘူး။ ကြေးမုံပြင် ဟာအမြဲကြေးညှော်ကင်းပြီး သန့်စင်နေပါလိမ့်မယ်။ ဘာဖုံမှုံ့မှတင်နေမှာမဟုတ်ပါဘူး။ စိတ်ဆိုတာက စုဆောင်းသူပါ။ သူက အဆက်မပြတ်စုဆောင်းနေပါတယ်။ သူဟာအမြဲတန်းအိုမင်းနေပါတယ်။ စိတ်ဟာဘယ်တော့မှအသစ်ဖြစ်နိုင်မှာမဟုတ်ပါ ဘူး။ စိတ်ဟာဘယ်တော့မှ မူလစိတ်ဖြစ်မှာမဟုတ်ပါဘူး။ စိတ်ချုပ်ငြိမ်းသွားခြင်းကသာ မူလအရင်းအမြစ်ဆီကိုပြန်ရောက် သွားတာပါ။ 


ဒါကြောင့်ပဲ တစုံတခုသောရှာဖွေတွေ့ရှိမှုတွေဖြစ်လာတဲ့အခါမှာ သိပ္ပံပညာရှင်တွေက အဲဒါဟာစိတ်ကနေပေါ်ထွက်လာတဲ့ အရာမဟုတ်ဘူး၊ စိတ်မရှိတဲ့အခြေအနေလေးကြားထဲကနေ ပေါ်ထွက်လာတဲ့အရာဖြစ်တယ်လို့ပြောကြတာဖြစ်ပါတယ်။ တခါတရံမှာ အိပ်နေရင်းနဲ့တွေ့ရှိလာကြတာပါ။ 


အာခိမီးဒီးစ်လိုပေါ့။ သူဟာပြဿနာတရပ်ကို ဖြေရှင်းဖို့ကြိုးစားနေပေမယ့် မဖြေရှင်းနိုင်ဘူးဖြစ်နေပါတယ်။ သူကြိုးစားပြီးရင်း ကြိုးစားနေပါတယ်။ ဒါပေမယ့်စိတ်ဟာ သူသိထားတဲ့ကိစ္စတွေကိုပဲ ခင်ဗျားကိုအဖြေပေးနိုင်တာပါ။ သူမသိတဲ့ကိစ္စတွေကို တော့စိတ်ကခင်ဗျားကိုအဖြေမပေးနိုင်ပါဘူး။ သူကကွန်ပျူတာတလုံးလိုပါပဲ။ ခင်ဗျားသွင်းထားတဲ့အချက်အလက်ကိုပဲ သူက ပြန်ထုတ်ပေးနိုင်တာပါ။ အသစ်တွေကိုသူ့ကိုမေးလို့မရပါဘူး။ သနားစရာကောင်းတဲ့စိတ်လေးဟာ အသစ်တွေကိုဘယ်လို ပြန်ပြီးဖြေပေးနိုင်ပါ့မလဲ။ မဖြစ်နိုင်ပါဘူး။ ခင်ဗျားနာမည်ကိုကျုပ်သိထားတယ်ဆိုရင် ကျုပ်အဲဒါကိုမှတ်မိပါလိမ်မယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဆိုတာဟာ အမှတ်သညာတွေနဲ့ ပြန်လည်မှတ်မိမှုဖြစ်တာကြောင့်ပါပဲ။ တကယ်လို့ခင်ဗျား နာမည်ကိုကျုပ်ကမသိရင် ကျုပ်ဘယ်လောက်ကြိုးစားကြိုးစား ခင်ဗျားနာမည်ကိုကျုပ်ပြောနိုင်မှာမဟုတ်ပါဘူး။ 


အဲဒီနောက်မှာ ရုတ်တရက်အဖြေရသွားပါတယ်။ အာခိမီးဒီးစ်ဟာ ကြိုးစားပြီးအဆက်မပြတ်စဉ်းစားလုပ်ဆောင်နေရပါ တယ်။ ဘုရင်ကသူ့ဆီကအဖြေကိုစောင့်နေတာကြောင့်မို့ပါ။ တမနက်ခင်းမှာသူဟာ ရေစည်ထဲကိုဘာမှတွေးတောစဉ်းစား မနေဘဲ ရေချိုးဖို့အတွက်ဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာပြဿနာရဲ့အဖြေဟာဘယ်ကနေ ပေါ်ထွက်လာလို့ပေါ်ထွက်လာ မှန်းမသိဘဲသူ့ခေါင်းထဲကိုရောက်လာပါတယ်။ သူဟာ ဝစ်လစ်စလစ်နဲ့ပဲ ရေစည်ထဲကနေခုန်ထွက်လိုက်ပါတယ်။ အဲဒီအခြေ အနေမှာသူဟာစိတ်ချုပ်ငြိမ်းနေတဲ့ အနေအထားကိုရောက်နေတာပါ။ သူအဝတ်ဗလာဖြစ်နေတယ်ဆိုတာကိုတောင် မသိနိုင် တော့ဘဲနဲလမ်းပေါ်ကိုပြေးထွက်သွားခဲ့တာပါ။ လူတွေကသူ့ကိုရူးသွားပြီလားလို့ ထင်ခဲ့ကြပါတယ်။ အဲဒီအခိုက်အတန့်မှာ လူ့အဖွဲ့အစည်းကပေးထားတဲ့သူ့ရဲ့စိတ်ဟာ အလုပ်လုပ်မနေခဲ့ပါဘူး။ စိတ်ချုပ်ငြိမ်းနေတဲ့အနေအထားမှာသူရောက်နေခဲ့တာ ပါ။ ဆာတိုရီအခြေအနေတမျိုးကိုသူရောက်နေတာပါ။ သူလမ်းပေါ်ကိုပြေးထွက်သွားပြီး “ယူရီးကား .. ယူရီးကား (တွေ့ပြီ .. တွေ့ပြီ)” ဆိုပြီးအော်နေခဲ့ပါတယ်။ လူတွေကသူရူးသွားပြီလို့ထင်ခဲ့ကြပါတယ်။ သူဟာအဝတ်ဗလာနဲ့ ဘုရင့်နန်းတော်ထဲကို ဝင်ဖို့လုပ်နေတဲ့အတွက် သူ့ကိုဖမ်းချုပ်လိုက်ကြပါတယ်။ မိတ်ဆွေတွေကသူ့ကိုအိမ်ပြန်ခေါ်သွားကြပြီး “မင်းဘာတွေ လျှောက်လုပ်နေတာလဲ .. တခုခုတွေ့တယ်ဆိုရင်လည်း အဝတ်ကောင်းကောင်းဝတ်ပြီးမှသွားလေ .. အဲသလိုမဟုတ်ရင် မင်း ဒုက္ခတွေ့လိမ့်မယ်” ဆိုပြီးသတိပေးကြရပါတယ်။ 


စိတ်ရဲ့အခိုက်အတန့်နှစ်ခုအကြားမှာ စိတ်ချုပ်ငြိမ်းနေတဲ့အဟလေး အမြဲတစေရှိပါတယ်။ အတွေးနှစ်ခုအကြားမှ အဟလေး ရှိပါတယ်။ အတွေးချုပ်နေတဲ့ကြားကာလလေးပေါ့။ တိမ်တိုက်နှစ်ခုရဲ့အကြားကနေ ခင်ဗျားဟာကောင်းကင်ပြာကြီးကိုမြင်နိုင် ပါတယ်။ ခင်ဗျားရဲ့သဘာဝဟာ စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေပါ။ အဲဒီအချိန်မှာ ဘာအတွေးမှမရှိပါဘူး။ ဘာမှမရှိပါဘူး။ ကျယ်ပြောတဲ့ဗလာဟင်းလင်းပြင်ကြီးပဲရှိပါတယ်။ ကောင်းကင်ပြာကြီးပဲရှိပါတယ်။ စိတ်ဆိုတာက အပေါ်ယံမျက်နှာပြင်ပေါ် မှာလွင့်မျောနေတဲ့အရာတွေသာပါပဲ။ 


အဲသလိုအခြေအနေမျိုးက လူအတော်များများဆီမှာဖြစ်ပွားခဲ့ဖူးပါတယ်။ မဒမ်ကျူရီလည်းဖြစ်ခဲ့ပါတယ်။ သူဟာစိတ်ချုပ်ငြိမ်း သွားတဲ့အခြေအနေလေးကြောင့် နိုဘယ်လ်ဆုကြီးကိုရခဲ့တာပါ။ သူအလုပ်လုပ်နေပါတယ်။ သင်္ချာပြဿနာတခုကိုအဖြေရှာ နေတာပါ။ အင်မတန်ကြိုးစားပြီးအလုပ်လုပ်နေပါတယ်။ ဘာအဖြေမှထွက်မလာပါဘူး။ လတွေအတော်ကြာသွားပါတယ်။ တညမှာတော့ သူရုတ်တရက်အိပ်ပျော်နေရာကနေထလာပါတယ်။ အလုပ်စားပွဲဆီကိုသွားပါတယ်။ ပြဿနာရဲ့အဖြေကိုချ ရေးလိုက်ပြီး အိပ်ယာဆီပြန်သွားအိပ်လိုက်ပါတယ်။ သူဟာညကအဲသလိုလုပ်ခဲ့တာတွေအားလုံးကိုမေ့သွားပါတယ်။ မနက် ခင်းရောက်တဲ့အချိန်မှာသူဟာ အလုပ်စားပွဲဆီကိုသွားပါတယ်။ သူမယုံနိုင်လောက်အောင်ဖြစ်သွားပါတယ်။ ပြဿနာရဲ့ အဖြေကအဲဒီမှာရှိနေပါပြီ။ ဘယ်သူရေးသွားခဲ့တာလဲ။ တဖြည်းဖြည်းချင်းနဲ့သူ အိပ်မက်တခုကိုပြန်အမှတ်ရလာသလိုမျိုး မှတ်မိလာပါတယ်။ ညက အဲဒါတွေဖြစ်ခဲ့တယ်ဆိုတာကိုပေါ့။ ရေးထားတဲ့လက်ရေးကလည်း သူ့လက်ရေးပါပဲ။ 


နက်ရှိုင်းတဲ့အိပ်မောကျမှုအခြေအနေမှာ စိတ်ဟာပြုတ်ကျသွားပါတယ်။ စိတ်ချုပ်ငြိမ်းသွားတဲ့အခြေအနေလေးဖြစ်သွားပါ တယ်။ စိတ်ဟာအမြဲအိုမင်းနေပါပြီ။ စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေဟာ အမြဲတန်းသစ်လွင်လမ်းဆတ်ပါတယ်။ နုပျိုပါတယ်။ မူလအရင်းအမြစ်ကျပါတယ်။ စိတ်ချုပ်နေတဲ့အခြေအနေဟာ အမြဲတမ်းဆိုသလိုပဲ မနက်ခင်းနှင်းပေါက်လေးတွေလို သစ်လွင်ရှင်းသန့်နေပါတယ်။ စိတ်ဟာအမြဲတစေညစ်ညမ်းနေပါတယ်။ အဲသလိုပဲဖြစ်ရမှာပါပဲ။ စိတ်ဟာအညစ်အကြေး အမြောက်အများကိုစုဆောင်းခဲ့ပြီးပါပြီ။ အညစ်အကြေးဆိုတာက အမှတ်သညာတွေပါပဲ။ 


ကျုပ်ခင်ဗျားကိုကြည့်လိုက်တဲ့အချိန်မှာ ခင်ဗျားရဲ့စိတ်ဟာအင်မတန်ရှေးကျနေတာကိုကျုပ်တွေ့ပါတယ်။ ခင်ဗျားရဲ့အတိတ် ဘဝပေါင်းများစွာမှာ ခင်ဗျားဟာအညစ်အကြေးတွေအများအပြားစုဆောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါထက်နက်တဲ့နေရာကို လည်းကျုပ်မြင်နေရပါတယ်။ ခင်ဗျားရဲ့စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေပေါ့။ အချိန်ကာလက လုံးဝမပိုင်ဆိုင်တဲ့အရာပါ။ ဆိုတော့ အဲဒီအရာက ရှေးကျတာလည်းမဟုတ်ပါဘူး။ ခေတ်သစ်ကျတာလည်းမဟုတ်ပါဘူး။ လူဟာအမြဲအိုမင်းရင့်ရော်နေ ပါတယ်။ ဒါပေမယ့် လူရဲ့အတွင်းမှာ တခုခုရှိပါတယ်။ အဲဒါက အိုမင်းရင့်ရော်မနေတဲ့အရာပါ။ အမြဲသစ်လွင်နေတဲ့အရာပါ။ အဲဒါက လူသားရဲ့စိတ်ချုပ်ငြိမ်းနေတဲ့ သိမှုအခြေအနေပါပဲ။ 


ယောဂ (အယ်လ်ဖာနဲ့ အိုမီဂါ) အတွဲ - ၃

အိုရှိုး

 စစ်ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေးသမားတွေ

လိင်တူဆက်ဆံတဲ့ အရေးအခင်းမှာ

ငါတိုတွေ ဒုက္ခမရောက်သင့်ပဲရောက်နေရတစ်ခါတလေ အော်ငိုချင်တယ် 

လိုတာမရတဲ့ကလေးငယ်တစ်ယောက်လို ၊လူသတ် အနူကြမ်းစီး ဖမ်းစီးသတ်ဖြတ်မှုတွေနဲ့ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်တတ်တာ ပဒက်တွေဆိုတာ သူတို့တ ဝန်မခံကြပေမယ့် မြန်မာနိူင်သားတိုင်း သိသော အကြောင်းအရာပါပဲ ။နိုင်ငံရေးပါတီတွေထဲဝင်လုပ်ကြတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူ‌အတော်များများက နိုင်ငံ့အရေး ပါတီအ‌ေရးထက် 

ကိုယ့်အရေး ကိုယ်ရေးကိုယ်တာတွေဦးစားပေးကြလွန်းလို့ ကျတော်တို့ပါတီရဲ့နိုင်ငံရေးလောက ပျက်ဆီးနေတာလို့ ယူဆပါတယ် ။


 နိုင်ငံရေးလောကကို ပုံဖျက်ဖို့သက်သက် ဝင်လုပ်ကြတဲ့နိူင်ငံရေးသည် တိုင်းပြည်အတွက်ရော နိူင်ငံအတွက်ပါ ကောင်းသော ရလဒ်တစ်ခုဖြစ်မလာနိူင်တာ အသေအခြာပါပဲ .... တာ

 1/ ဘယ်သူက ခိုင်းတယ် ဘယ်သူအတွက် ယူတယ် ဘာကြောင့် ယူရတယ် ကျနော်က ဘာကြောင့် အလုပ်လုပ်နေရတာလဲ  

2/ ဖာဆန်တဲ့ မိန်းမတွေက ဖာကျကျ စကားပြောတတ်ကြပြီး ဖာကျကျစကားတွေကို ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေသည်လည်း အဲ့ဒီအဆင့်သာသာ လူတွေသာ ဖြစ်နေတယ် လို့ ယူဆပါတယ် ။

3/ မိမိယူထားတဲ့ ရာထူး မိမိယူထားသော တာဝန် နဲ့

မိမိရဲ့ သုံးသပ်နိူင်စွမ်း မိမိရဲ့ဆုံးဖြတ်နိူင်စွမ်းတွေသည် ဘယ်လောက်မှန်ကန်နေလဲ ဆိုတာတွေသည် မိမိတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေသာ ဖြစ်သည် ။

(စိတ်ဓာတ်မဖြုစင်တဲ့ လူ‌ေတွရဲ့ စကားကို ယုံကြည်ပြီး လူကြီးတွေရဲ့ စိတ်ဓာတ်တွေပါ ညစ်နွမ်းနေတာမျိုးကတော့ မသင့်တော်ပါဘူး )

 သူများရေးတဲ့ ပြဇာတ်တွေထဲ လိုက်ကခဲ့ရတဲ့ ဘဝတွေထဲ နေသားလုပါပဲ 

အလူးအလဲ ပေးခဲ့ကြတဲ့ဒုက္ခတွေ သောကတွေအတွက် တစ်ခါတစ်လေ ကျေးဇူးတင်ပေးရအုံးမယ်တဲ့ဗျာ ။ 

ဪ လောကဇာတ်ခုံပေါ် ပြောကြတဲ့ဟာသလေးတွေက ရယ်စရာကောင်းပေမယ့် ပျော်စရာတွေက‌ ဗလာနိတ္ထိအဆင့်ပါပဲ ။

အတိတ်ရော အနာဂတ်ပါ ငါမပိုင်ခဲ့ရသော်လည်း ပစ္စုပ္ပန်တည်တည့်ကိုတော့ ရနိူင်ကောင်း ရနိူင်ပါရဲ့ 

သို့သော်လည်း တည့်လွဲကလေးတွေနဲ့ အကြိမ်ကြိမ်လွဲချော်ခဲ့ရတာပါပဲ ။

ကောင်းကင်ယံမှာ လေယာဉ်ပျံတွေ ပျံကာဝဲလို့ ခေါက်တို့ခေါက်ပြန် တက်လိုက်ဆင်းလိုက်နဲ့ပါပဲ ၊

ချစ်တစ်ခါ မုန်းတစ်လှည့်နဲ့ စွန့်ပစ်သွားကြတဲ့သူတွေ စွန့်လွှတ်ကြသူတွေကလည်း ငါ့အနားကနေ ဝင်လိုက်ထွက်လိုက်နဲ့ တစ်ခါတစ်ရံ ရောက်ယက်တွေ ဘာ‌ေတွ ခတ်လို့ကြည်ပဲ ။

ပျော်စရာအချိန်ဆိုတာ ငါတို့အတွက် ရှားပါးဇိမ်ခံပစ္စည်းထဲက တစ်မျိုးမျိုးဖြစ်မယ်ထင်တာပဲ ။

တခါပျော်ရဖို့အတွက် ပေးလိုက်ရတဲ့ ပေးဆပ်မှုတွေက ဘဝနဲ့ရင်းပြီး လဲလှယ်မှာ ရတဲ့အရာဆိုတော့ ဘဝရဲ့ အစိတ်အပိုင်းတွေထဲမှာ အနည်းအကျဉ်းလေးပဲ ရှိနေတတ်တယ် ဒါတွေကလည်း လူမှန်းမသိခင်က ရလိုက်ခဲ့တဲ့ အရာထဲက ‌ခပ်သေးသေးပါပဲ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရှိမနေပါဘူး ။ 

လူတန်းစေ့ခြင်း လူလားမြှောက်ခြင်းဆိုတာ ငါနဲ့မသက်ဆိုင်သော သူတပါးပိုင်ဆိုင်သော ပိုင်ဆိုင်မှုတွေလား မသိဘူးနော် ။

တစ်ခါတစ်ခါတော့ တွေးမိတယ် ဘာမှ ဖြစ်မလာတဲ့ ဘဝထဲမှာ ဘာမှ မဖြစ်ချင်တော့တာ အထူးအဆန်းတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်လက်ခံလာတယ် ။

လက်လှမ်းမမှီတာတွေနဲ့ လှည့်ကွက်တွေမြှောက်များစွာဲ့ လောကအလယ် လက်ဗလာသည်တွေအတွက်တော့ မျက်စိပျက် မျက်နှာပျက်နဲ့ စိတ်အား‌ငယ်နေမှာတော့ အမှန်ပဲ မဟုတ်လား ။

မိုးလင်းကနေ မိုးထျုပ်တဲ့အထိ စိတ်ဒဏ်ရာတွေ အပြည့်နဲ့ လူတစ်ယောက်က စိတ်ကောင်းစိတ်မွန်နဲ့ အကျင့်ကောင်းအမြင်ကောင်‌းတွေ ဖြစ်ပေါ်မလာနိူင်တာတော့ အားလုံးသိပြီးဖြစ်မှာပါ ကျနော်က ဘာကိုများအတွန့်တက်ပြီး ကြီးကြီးကျယ်ကျယ်မျှော်မှန်းပြီး ဘာတွေပဲ မျှော်လင့်လို့ ရနိူင်ပါ့မလဲ တွေးကြည့်

ကြပါ ။ 




 ကိုယ့်အလှည့်ရောက်မှ မနွဲ့ကြစမ်းပါနဲ့။

နိူင်ငံရေးဆိုတာ ပေဖြစ်တဲ့အချိန်ခံ တူဖြစ်တဲ့အချိန်ထုမှ မြန်မာ့နိူင်ငံရေးသမားစစ်စစ်ဖြစ်တာ ။ 

တစ်ခါတစ်လေ မိတ်ဆွေစစ်စစ်က ရန်သူဖြစ်သွားတတ်သလို ရန်သူစစ်စစ်ကလည်း မိတ်ဆွေဖြစ်သွားတတ်တယ် ။ 

ရန်သူကို ဖြစ်ရင် ရန်သူလိုဆက်ဆံရပြီး မိတ်ဆွေဖြစ်ရင် မိတ်ဆွေလို ဆက်ဆံပေးရတယ် ၊ အခဲမကျေမှုတွေ အငုံစိတ်တွေက နိူင်ငံရေးမှာ အသုံးမဝင်ဘူး အေး ...အသုံးဝင်လာရင်လည်း နိူင်ငံရေးမစစ်တော့ဘူး။ 


နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်ယုံကြည်လို့ ကိုယ်လုပ်တာ။ကိုယ်ဖြစ်ရင်ကိုယ်ခံပဲ ကယ်တင်ရှင်ဆိုတာ ကမ္ဘာမှာမရှိဘူး သိပ်ပြီးဇာတ်နာမပြကြပါနဲ့။ 


မင်းတို့က မင်းတို့ ဆရာကောင်းကြောင်းရေးကြတော့

မင်းတို့ဆရာ ကြောင့် ဘဝပျက်သွားတဲ့ လူတွေ ကရော တခုခု မတုန့်ပြန်သင့်ဘူးလား။

စစ်ပွဲတစ်ခုဖြစ်လာဖို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုပြီး စစ်ခေါ်ခဲ့သူတွေကို ကျုပင်ခုတ်ကျုငုတ်မကျန် အမြစ်ပြတ် အပြတ်ချေမှုန်းကြတဲ့ပွဲကို ဆက်လက်စောင့်ကြည့်ရုံပဲ ရှိတော့တယ် ။

သူမှန်တယ် ကိုယ်မှန်တယ် မရှင်းပြတော့ဘူး။

စစ်နိူင်တဲ့ဘက်က အမှန်ဆိုတာကို နှစ်ဖက်စလုံးမမေ့ကြဖို့ လိုအပ်ပါတယ် ။


အဓိပတိကမ္မ 

 ပျော်ပွဲ ရွှင်ပွဲတွေမှာ ထောင်တစ်နေရာကပ်ပြီး လက်ပိုက်ပြီး ကြည့်နေရတဲ့အခိုက်အတန့်တစ်ခု ဘဝမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့ဖူးဘူး ။


အကြောင်းတစ်ခုခုကြောင့် စိတ်အားငယ်စရာ ရှိတဲ့အခါ ဒီအပင်လေးကိုကြည့်ပြီး စိတ်ခွန်အားဖြည့်နိုင်တယ်။


ဒီအပင်လေးတွေက မြေမရှိလည်း ရှင်သန်နိုင်တယ်။

နေရောင်ခြည်ကောင်းကောင်း မရလည်း ရှင်သန်နိုင်တယ်။

ကိုယ့်ကို ဂရုတစိုက် ရေလောင်းမယ်သူ မရှိရင်တောင် စိမ်းလန်းနိုင်စွမ်းရှိတယ်။


မနှစ်က မြန်မာနိုင်ငံကို (၄၅) ရက်လောက်ပြန်သွားတဲ့အခါ ဒီအပင်လေးတွေကို ရေဖန်ခွက်ထဲထည့်ပြီး အခန်းထဲ ပစ်ထားခဲ့ရတယ်။

ဒါပေမယ့် ကိုယ်ပြန်လာတဲ့အချိန်ထိ ရှင်သန်စိမ်းလန်းနေတာပါပဲ။


 နိုင်ငံရေးပါတီတွေထဲဝင်လုပ်ကြတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူ‌အတော်များများက နိုင်ငံ့အရေး ပါတီအ‌ေရးထက် 

ကိုယ့်အရေး ကိုယ်ရေးကိုယ်တာတွေဦးစားပေးကြလွန်းလို့ ကျတော်တို့ပါတီရဲ့နိုင်ငံရေးလောက ပျက်ဆီးနေတာလို့ ယူဆပါတယ် ။


 နိုင်ငံရေးလောကကို ပုံဖျက်ဖို့သက်သက် ဝင်လုပ်ကြတဲ့နိူင်ငံရေးသည် တိုင်းပြည်အတွက်ရော နိူင်ငံအတွက်ပါ ကောင်းသော ရလဒ်တစ်ခုဖြစ်မလာနိူင်တာ အသေအခြာပါပဲ ....

 နှစ်နှစ်နဲ့ခြောက်လ တင်းတင်းပြည့်ခဲ့ပြီ 

တနည်းပြောရရင် နှစ်နှစ်ခွဲပြီပေါ့ဗျာ 


လောကဓံအလှည့်အပြောင်းတွေ ကြီးမားလိုက်တာဗျာ


ထင်မထားတာတွေရော ထင်ထားတာတွေကိုပါ 

တချိန်တည်း တပြိုင်နက်ထဲ 


ဘဝကြီးရဲ့ နေရာအတော်များများထဲကို 

ဝင်လာလိုက်တာတွေရော ထွက်သွားခဲ့တာတွေရော

တကယ်အများကြီး အများအပြားရှိခဲ့တယ် အများကြီးပါပဲ ...


ပေးဆပ်လိုက်ရတာတွေရယ် 

စွန့်လွှတ်ခဲ့ရတာတွေရယ် 

မလိုချင်ပါပဲ ရရှိခဲ့တာတွေကော 

လိုချင်ပါလျှက်နဲ့ မရလိုက်ရတာတွေရောပေါ့ 


သံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ တွေ့ရကြုံရစုံရတာတွေသည်လည်း 

အမှတ်တရဖြစ်နေမယ့် အမှတ်ရစရာတွေ မေ့ပစ်လို့မရနိူင်တာတွေ လည်း အများကြီး ကြုံခဲ့ရပြီးပါပြီ ။


ကမ္ဘာလောကကြီးကို မြို့ပြပဲ ပြောပြော တောနက်ကြီးလို့ပဲ ပြောပြော  

သားကောင်တွေပဲ ဖြစ်ဖြစ် မုဆိုးတွေပဲ ဖြစ်ဖြစ် 

ဖြစ်လိုက်ပျက်လိုက်နဲ့ ချစ်လိုက်မုန်းလိုက်ပါပဲ ။


တခါတခါတော့လည်း ပစ်လိုက်ခတ်လိုက်ကြတာ သေကြကြေကြနဲ့ အလဲလဲအကွဲကွဲဆိုလည်း မမှားပါဘူး ။ 


တချို့တွေလည်း အပူသည်တွေကြားထဲမှာ ပျော်လိုက်ရွှင်လိုက်နဲ့ပေါ့ ....


လူလည်ပန်ကာတွေကတော့ ဒီကမ္ဘာ‌ေလာကမှာ လည်ပတ်ဆဲ ကျင်လည်ကြဆဲပါပဲ 

လောကကြီးမှာ ကျင်လည်တတ်ဖို့အတွက် လူရည်လည်တွေကလည်း အများသား ရှိပြီးသားပဲနော် ။


အဲ့ဒီအထဲ ကျနော်တို့မပါခဲ့တာတော့ ဝမ်းနည်းစရာပေါ့ ။


အဲ့ထက် ဝမ်းနည်းဖို့ကောင်းတာတွေလည်း ရှိမယ်မထင်ပါဘူး ။

ကိုယ်အပူမလို့ ဒီလောက်ထိပူလောင်တာလား မပြောတတ်ပါဘူး ။


ဒါပဲဗျာ အများကြီး မပြောတော့ပါဘူး ....


အပြောတွေများရင် အပျော်တွေနည်းတတ်တာပဲ မဟုတ်လား 

ဒါပေမယ့်

ကျနော်တို့ဘဝသည်လည်း ပျော်စရာတွေ နည်းပါးသွားတာ ကြာခဲ့ပါပြီ ၊ နာကျင်စရာတွေ မကျေမနပ်ဖြစ်ခဲ့တာတွေနဲ့ ကြုံရပါများလာတော့ ဘဝသည်ပဲ ကျေနပ်စရာကောင်းမလာတော့သလိုပါပဲ ။ 


ထားပါ ....မပြောချင်တော့ပါဘူး ။


ကျနော်လည်း တဖြေးဖြေး အပြောတွေလျှော့ပြီး 

အပျော်တွေပြောတတ်ဖို့ အများကြီး သင်ယူရပါအုံးမယ် ။


ကျနော်တို့ရဲ့

ကျေးဇူးရှင်အားလုံးကို 

ကျေးဇူးအများကြီး တင်ပါတယ်ဗျာ

အစစအရာရာအားလုံးအတွက်ပေါ့ 


အဓိပတိကမ္မ

210125/936pm

 ကိုယ့်အနေအထားနဲ့

နိုင်ငံရေး၊စစ်ရေးတွေ ကြီးကြီးကျယ်ကျယ်တွေ ပြောပြနေဖို့ 

ဥာဏ်မမီပါဘူး၊မသိပါဘူး၊ ကျနော်တို့က အခြေခံလခစား သာမာန်လူတစ်ယောက်ဆိုတာထက် ဘာမှမပိုခဲ့ပါဘူး ။ 

ဒါပေမယ့် ကျနော် နားလည် သိထား တစ်ခုတည်း ရှိတယ်၊


ကျနော်တို့ရဲ့ မြန်မာ့ တပ်မတော်ရှုံးရင် ကျနော်တို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ‌ေတာ် အစိတ်စိတ်အမွှာမွှာ

ပြိုကွဲမယ်ဆိုတာက အသေအခြာပါပဲ၊

 ရဲရင့်တဲ့တပ်မ‌ေတာ်သားတွေ အားလုံးကလည်း နိူင်ငံတော်ကို ပြိုကွဲမခံပါဘူး၊ 

နောက်ဆုံးအချိန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို အပြည့်အဝ ယုံကြည်ထားပါတယ် ။


နိူင်ငံတော်အစိုးရ တာဝန်ရှိတဲ့သူတွေ တပ်မတော် ထိပ်တန်းခေါင်းကြီးပိုင်းတွေက 

သူတို့အလုပ် သူတို့လုပ်နေတာကိုလည်း

"ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်သင့်တယ် ဒီလိုလုပ်သင့်တယ် "လို့ ဆရာကြီးအထှာနဲ့ အာမချောင်ချင်ပါဘူး၊ 


ဘာကြောင့်လဲဆိုတော့ အခြေအနေအမှန်ကို

ကိုယ့်အဆင့်နဲ့သိမှ မသိနိုင်တာလေ၊ မဟုတ်ဘူးလား


မြန်မာ့နိူင်ငံရေးလောကကြီးကို နှစ်ပေါင်း 70/80 အုပ်ချုပ်လာခဲ့တဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေက တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ်ကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ပြီး၊


 ဘယ်အချိန်မှာ ဘယ်လိုလုပ်ရမယ် ဘယ်လိုအချိန်မှာ ဘယ်ပုံလုပ်သင့်တယ်ဆိုတာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေမှာ တိကျသေချာသော အစီအမံတွေ အစီအစဉ်တွေကို ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်လုပ်ဆောင်ရမည့် နိူင်ငံရေးရည်မှန်းချက်တွေကို ပြည့်မှီအောင် ဆောင်ရွက်ကြပြီး သမိုင်းသစ်ရေးထိုးနိူင်လိမ့်မယ်ဆိုတာ အပြည့်အဝ ယုံကြည်လက်ခံပြီး ဖြစ်ပါတယ် ။


အခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်အနေနဲ့

နိုင်ငံ‌ေတာ်နဲ့တပ်မတော်အတွက် ကိုယ်လုပ်နိုင်တာကို တတ်နိူင်သ‌ေလာက်လုပ်နေမှာပါ၊


ခုချိန်မှာ ကျနော်တို့အားလုံးလုပ်နိုင်တာတစ်ခုက

တပ်မတော်အပေါ် သစ္စာရှိရှိ ယုံကြည်ပေးဖို့နဲ့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို စိတ်အဟာရ ၊ ရုပ်အဟာရပေး‌ဖို့ပဲ အမှန်တကယ်လိုအပ်‌ပါတယ်လို့ ခံယူထားပါတယ် ။ 

အချင်းချင်းကြားထဲ စိတ်ဝမ်းကွဲစေမယ့် စကားလုံးတွေကို ဒီအခြေအနေမှာ မပြေ

ာကြရင် အကောင်းဆုံးပါ ။


 ကျနော်တို့ ရှင်သန်နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာ လူအများစုသည် ၊ သူတို့အတွက် လိုအပ်တဲ့လူတွေကိုသာ မျက်နှာချိုသွေးကြသလို အကူအညီနှင့်ဆောင်မမှုတွေ ရှိတတ်ကြတယ် ။ 


အခုလက်ရှိ အကူအညီမလိုအပ်ရင် နောက်ပြီးတော့ အကူအညီပေးနိူင်လောက်သော အခြေအနေရှိနေမှသာ ကူညီတတ်ကြသလို ၊ ဖော်ရွေမှု ကောင်းမွန်သော ဆက်ဆံရေးကို အရေးပြုတတ်ကြတာပါ ။


နောက်ပြီး တစ်ခုရှိသေးတယ် ။


ကျနော်တို့ နေထိုင်ရပ်တည်ရာ နေရာတစ်ခုကြောင့်ပဲလား ၊ လူမှု အသိုက်အဝန်းတစ်ခုကြောင့်မလို့ ဆိုရမလား စိတ်ထဲမှာ တစ်ထစ်ထစ် ဖြစ်နေတာတော့ အမှန်ပါပဲ ။ 


ရာထူးအာဏာ ပညာနှင့် ငွေမရှိရင် လူဖြစ်ရကျိုးမနပ်ဘူးလို့ ပြောခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားကို ခဏ ခဏကြားယောင်နေမိတယ် ။ 


ဒါနဲ့လည်း ပြီးနိူင်တာမျိုး မဟုတ်ပါ ။ 


လုပ်ပိုင်ခွင့် အာဏာသည်သော်လည်းကောင်း ငွေရှိမှ တင့်တယ်နိူင်တယ် ၊

လုပ်ကိုင်နိူင်သော အာဏာမရှိလျှင် လူရာဝင်ဖို့ အလွယ်ကူသလို လူဝင်ဆန့်မှုဆိုသည်မှာလည်း အဝေးကြီးပေါ့ ၊ 


လုပ်ပိုင်ခွင့် အခွင့်အာဏာရှိနေရင်တောင် ငွေရှိမှ ပို၍ တင့်တယ်နိူင်တယ် ၊


လုပ်ပိုင်ခွင့်အာဏာရှိနေလျှင်လည်း ‌လူလေးစားမှု လူတွေရဲ့အလေးထားမှုကို ရရှိနိူင်ဖို့ဆိုလျှင် ငွေသည်လည်း အရေးကြီးသော အကြောင်းအချင်းအရာတစ်ခုဖြစ်ပါတယ် ။ 


ငွေမရှိလျှင် လေးစားမှုမရှိ တန်ဖိုးမရှိ တန်ဖိုးမဲ့နေသော လူပုဂ္ဂိုလ်ရဲ့ စကားကို အလေးထားနားထောင်ပေးမယ့်လူ အင်မတန်နည်းပါးလှတာ လူ့မှု့အဖွဲ့အစည်း လူမှု့အသိုက်အဝန်းရဲ့ အရေးပါလှသော သောက်ရေးမပါတာတွေ ဖြစ်တယ် ။ 


စကားကို ရှင်းရှင်းလင်းလင်းနဲ့ အားမနာတမ်းပြောရရင် လူတွေရဲ့ ဘောမခြင်းကို ခံလိုလျှင် အာဏာရှိအောင်လုပ်ပြီး ငွေရှာနိူင်ရင် လူအများစုရဲ့ ဘောမခြင်းကို ခံရပါလိမ့်မယ် ။ 


လုပ်ပိုင်ခွင့်အာဏာနှင့် ငွေတွေသာ သင့်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိမနေတော့ရင်တော့ လူတွေက သင့်အနားက ခွါသွားကြမည် ဖြစ်သလို သင့်ကို အပြစ်ပြော အပြစ်တင်ကြမယ့် လူတွေ လက်ညှိုးထိုးစော်ကားကြပြီး မလေးမစားပြုမူကြမှာ အသေအချာပင်ဖြစ်၏ ။ 


080125

 ငါ့ထက်ဉာဏ်ကောင်းကောင်းတဲ့သူကိုပဲ ငါရွေးမှာ 

ငါကဉာဏ်နည်းတဲ့လူတွေဆို မကြိုက်ဘူး ။


မင်း အချစ်ရဆုံးလူကသာ.. မင်းကို နောက်တစ်ကြိမ် မချစ်မိအောင် သင်ပေးတယ်။ 

မူရင်း - The person you loved the most also teaches you to never love like that again.


ဒီနေ့ 

ထူးထူးခြားခြား

အိမ်ကိုတော်တော်လွမ်းတယ်


အရင်ကလိုတော့ မဟုတ်တော့ဘူး နင်နဲ့ နင့်ရည်းစားဖုန်းတွေပြောတာတွေ့ရင် သဝင်တွေဘာတွေ တို‌တတ်နေပြီ ၊ 

တကယ်တော့လည်း နင်နဲ့ငါက ဘာမှ မပတ်သတ်ပါဘူး ၊ 

ငါချစ်တယ်

 ပိုင်ဆိုင်နိူင်ဖို့ ခြေလှမ်းတစ်လှမ်းလောက် လျှောက်လှမ်းဖို့အတွက်တောင် ဝန်လေးနေတဲ့

 ဒီကောင်နောက်ကောက်ကျကျန်ရစ်တာနဲ့ပဲ အသင့်တော်ဆုံးပါကွာ ။ 


သိမ်ငယ်မှုတွေ အလွန်များတဲ့ကောင် 

အတွေးတွေ‌နဲ့တွေဝေနေတတ်တဲ့ကောင်

အတူရှိမယ့် ဘဝမျိုးကို ရရှိနိူင်ဖို့ နည်းနည်းလေးမှ မကြိုးစားချင်တဲ့ကောင်ကတော့ ကြေကွဲဝမ်းနည်းနေတာပဲ

 ထိုက်တန်ပါတယ် ။ 

 နေထွက်ချိန်က စလို့ နေဝင်ချိန်အထိပါပဲ

အိပ်ယာထချိန် အိပ်ယာဝ်ချိန်တွေမှာလဲ 

လိင်စိတ်ကလွဲပြီး ဘာစိတ်မှထွက်မလာတဲ့ လူငယ်တစ်ယောက် ။

နိူင်ငံရေးစကားတွေ မစားရဝါးခမန်းတွေ ပြော 

ဘာသာရေးကိစ္စတွေ အပြိုင်အဆိုင် ငြင်းကြခုန်ကြရင်း နဲ့ ဘာသာရေးသမားလိုလို နိူင်ငံရေးသမားလိုလိုနဲ့ တကယ်တော့လည်း ဘာအကောင်မှ ဖြစ်မလာခဲ့သလို 

ဘာကိုမှလည်း ဖြစ်ချင်စိတ်မရှိတာ အံ့ဩလောက်စ‌တကယ်ကောင်းကြပါတယ် ။ 

 ဘာသောက်သုံးမှ မကျတဲ့ ကောင်တစ်ကောင် ဘာမှ ဖြစ်မလာတာလည်း အဆန်းတော့ မဟုတ်ပါဘူး ။

ဘာအရည်အချင်းမှ မယ်မယ်ရရ ပြစရာမရှိပါပဲ ကိုယ်ကိုကိုယ် သောက်ထင်ကြီးပြီး သောက်ရူးဖြစ်နေတာ ရယ်စရာတော့ အကောင်းသားပဲနော် ။ 

ဒါပေမယ့်လည်း ပျော်စရာတော့ မကောင်းဘူးပေါ့ 


 အရာအားလုံးကို ပေးဆပ်ပြီးချစ်ရဲတယ်ဆိုတာ

ဆရာမဟာ...ကိုယ့်ရဲ့အရာရာဖြစ်နေလို့ပါ။


ပြောပြီးသားစကားတွေကို

ပြည်လည်ရုတ်သိမ်းတော့မှာမဟုတ်သလို

ပေးပြီးသားအချစ်တွေကိုလည်း

ပြန်တောင်းဆိုတော့မှာမဟုတ်ဘူး။


ဒီနေ့လည်း ဆရာမပဲ

မနက်ဖြန်လည်း ဆရာမပဲ 

နောက်နှောင် နှစ်ပေါင်းများစွာအထိလည်း ဆရာမပဲ။


ဒီနေ့လည်း ချက်မယ်

မနက်ဖြန်လဲ ချက်မယ်


နောင် နှစ်ပေါင်းများစွာအထိလည်း


တမင်းတွေ ချက်ကျွေးနေမှာပါ ဆရာမရယ် ........

 တောင်းပန်ပါတယ်

။ 


အငုံစိတ်လေးနဲ့ဆိုရင် အခမဲ့လာရောက် ငုံ နိူင်ပါတယ် ၊ 

နင်ရဲ့‌နွေးထွေးမှုတွေကို ငါခံစားမိပါတယ် ။ 

စိတ်ခံစားချက် အသေတွေကို အသက်ဆက်လိုသူတစ်ယောက်ထက် ပင်ပန်းမှု ရှိနိူင်ပါအုံးမလား၊ 

နီးစပ်ဖို့ မကြိုးစားတာပဲ ကောင်းပါတယ် ငါ့အကျင့် ငါစရိုက်က နင်နဲ့တော့ လိုက်ဖက်မယ်မထင်ဘူး ။

အပြုံးချိုချိုတွေက ငါရဲ့ပူလောင်မှုတေ‌ွကြောင့် အနေနီးရင် အ‌ရည်ပျော်စေနိူင်တယ် ၊

သောကတွေနဲ့ နေသားကျနေတဲ့ ငါကတော့ ဝဋ်ကြွေးတွေ အကျေဆပ်ချင်တာပဲ မိရှင်နွေ 

ငါဘာကြောင့်ချစ်မိတာလည်း ငါလည်း မပြောတတ်‌ဘူး ။

အနေနီးလို့ပဲ နင့်ရဲ့ အမူအရာတွေနဲ့ ငါ့‌အ‌ေပါ် ဆက်ဆံပုံတွေကြောင့်လား တစ်ခုခုတော့ ဖြစ်လိမ့်မယ် ထင်ပါတယ် ။ ဖြစ်နိူင်ရင် ဒီထက် ပိုနီးချင်တယ် ။ 


လောဘတွေ လောဘတွေ လူကို တကယ်ဒုက္ခပေစတဲ့ လောဘတွေ ၊ တခါတခါ အဲ့ဒီလောဘစိတ်တွေကို လူကို ကောင်းကောင်းကြီး ဒုက္ခပေးနေတတ်တယ် ။ 


အရူးတစ်ယောက်တွေ စိတ်တွေက ရောက်ယက်ခတ်နေပြီး တည်ငြိမ်မှုမရှိ လောကကို အရှုံးပေးရတော့မယ့် လောဘတွေက ဘဝကို ရိုက်ခတ်တယ် ။ 


ဘာတွေ ဆက်ဖြစ်မယ် ဘယ်လိုဆက်နေရမယ် ဆိုတာတွေ ခေါင်းထဲဝင်လာရင် စိတ်ဓာတ်ကျမှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ မရေမရာ အနာဂတ်ကို ပြုံးပြုံးကြီး ရင်မဆိုင်ရဲတဲ့ သ‌ရဲဘောင်ကြောင် ငါစိတ်ဆန္ဒတွေကို မုန်းမိတယ် ။ 


ဘယ်သူမှ မသိတဲ့ သောကတွေ တနင့်တပိုးနဲ့ မနိူင်မနင်းဖြစ်နေပြီး ခြေလှမ်းတွေသည်လည်း ဖရိုဖရဲနိူင်လှလွန်းပါတယ် ။ 


နိူင်ငံကျော် စိတ်ကူးအိမ်မက်တွေနဲ့ လမ်းဘေးရောက်နေတဲ့ အခြေခံလူတန်းစားလေး 

ကမ္ဘာကို နှိုင်းယှဉ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ပျောက်ဆုံးနေတဲ့ ဘဝသည်လည်း ရင်မောစရာ ။

မရေရာမသေချာမှုတွေနဲ့ ဆင်းရဲတွင်းနက်နေသူတစ်ယောက်အဖို့ စကားသည်လည်း မအောင်ရာ 

အကြောင်းအကျိုး စီလျှော်ရင်တောင် တန်ဖိုးမဲ့တဲ့ စကားတွေကို တွင်တွင်ကျယ်ကျယ် ပြောကြရင် စိတ်ဓာတ်တွေ ကျပါတယ် ။

အချိန်တန်ရင် နေရာဟောင်းမှာပဲ ပြောခဲ့တဲ့စကားတွေ မှန်လားမှားလား ဝေဖန်ပိုင်းခြားရင်း အရာရာ အငြင်းပယ်ခြင်းတွေနဲ့ ခဏခဏ တွေ‌့မြင်နေခြင်း။

မနှိုင်းယှဉ်ကြပါနဲ့ အရာရာ အားငယ်ရသူမလို့ ယှဉ်ပြိုင်အနိူင်ယူဖို့မပြောနဲ့ ဘဝရှင်သန်ရပ်တည်ရေးတောင် မနည်း မည်းတင်းနေရသူကိုတော့ လာလာ

မခိုင်းနှိုင်းကြပါနဲ့ ။



 ကျနော်ရဲ့ စိတ်ခံစားချက်တွေ အစဉ်မပြောဘူးဗျာ ခင်းများကျနော်ကို ဘာပြောပြနိူင်မလဲ

 နင့်ကသာ ငါကို တွေ့ကရာမိန်းကလေးတွေနဲ့ ပေးစားနေနေတာပါ ၊ ငါကတော့ တခြားယောကျားလေး‌တစ်ယောက်နဲ့ စကားပြောနေတာတွေ့ရင်တောက် ငါက သဝန်က ခပ်တိုတို ၊ နင့်ကိုသာ ထုတ်မပြောတာ ငါတကယ် ရင်ထဲမကောင်းမိတာတော့အမှန်ပဲ ။

ငါကယောကျားလေးဆိုတော့ ယောက်ျားလေးတွေရဲ့ အကည့်တွေ အပြောတွေကို သိတယ် ။ 

(နင်ကလည်း လှတာကိုး )

ဒီအတိုင်းသာ ရှင်သန်နေရရင် စိတ်တစ္စအဖြစ်နဲ့ ကြာလာရင် သွေးပျက်ပျက်ပြီး သေစေနိူဂ်တယ်

 ။

 မပြည့်ဆုံး မွဲတောခြင်းတွေက ဘဝရဲ့အကြီးမားဆုံး အခက်အခဲတွေပဲ ။

ပြည့်ကြွယ်ဝအောင် မဆောင်ရွက်လို ချမ်းသာရေးကျန်းမာရေးနည်းလမ်းတွေကလည်း ငါတို့လို ငါမွဲတွေအတွက် လမ်းစလမ်းန မရှိနိူင်ပါ ။

ပျော်ရွှင်ခြင်း‌‌ ကျေနပ်ခြင်းဆိုတာ ချမ်းသာကြွယ်ဝမှု‌နဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေမှာ အခြေတည်နေတယ်ဆိုတာ ဆင်းရဲသားကျောမွဲတိုင်း မသိကြဘူး ။

ငွေးကြေးကဏ္ဍတွေမှာ အားနည်းသွားရင် အဘက်ဘက်မှာ ချွတ်ခြုံကျတော့တာပဲ ၊ လူမှုရေး ကျန်းမာရေး နဲ့ဘဝရှင်သန်ရပ်တည်မှုတွေမှာပါ စိတ်ပျက်လက်ပျက် အဖြစ်နဲ့ နေထိုင်ကြရတာ စိတ်ပျက်စရာအလွန်ကောင်းပါတယ် ။ 

လူဆိုတာ လူလိုနေရမယ် လူလိုကျင့်ရမယ် လူလို ရှင်သန်အသက်ရှင်ကြရမယ် မဟုတ်လား 

အခုဟာက တိရစ္ဆာန်တွေရဲ့ အဖြစ်နဲ့ သိပ်မခြားလှဘူး ဆိုပေမယ့် တချို့နေရာ တချို့ကဏ္ဍတွေမှာ တိရစ္ဆာန်ထက် ပိုမိုဆိုးရွားတဲ့ အကြောင်းအခြင်းအရာတွေ မြှောက်များစွာကို လူသားတွေ ခံစားကြရတယ် ။ 

အိပ်စားကာမ လောက်ကိုတောင် လူသားဆန်စွာ မခံစားကြရတဲ့လူတွေလည်း အများကြီးပါပဲ ။ 

အိပ်စားကာမကိုသာ သိကြ နားလည်ကြပြီး ဘာကိုမသိ ဘာကိုမှ စိတ်ပါဝင်စားမှုမရှိတဲ့ လူတိရစ္ဆာန်တွေက အများသားပဲ ။

ဒီပတ်ဝန်းကျင် ဒီအဝန်းအဝိုင်း ဒီနေရာ ဒီအချိန်တွေမှာ မြင်ရတွေ့ရ ကြုံရတာတွေသည်က အမှန်တကယ် စိတ်ပျက်စရာ ပကတိတရား‌တွေပဲ ။ 

သက်ပ့င်းတွေကသာ ဘဝရဲ့အကောင်းဆုံးအဖော်မွန်သာဆိုရင် ကျနော်တို့က ဘာအတွက်ကြောင့် အစင်ရှင်နေကြရမှာလဲ ။

ဒါပေမယ့်လည်း သေရမှာကို ကြောက်လန့်နေရသေးတယ် ၊ သေခြင်းတရားနဲ့ ထိပ်တိုက်ရင်ဆိုင်လာရရင် တုန်လှုပ်ချောက်ခြားနေရတာတွေ သေဘေးကို ပြေးမတွေ့ရဲသေးတဲ့ ဘဝကိုလည်း နားမလည်နိူင်သေးဘူး ။

ဘာကိုမှ ခင်တွယ်ဖက်တွယ်စရာ သံယောဇဉ်တွေကလည်း ရှိမနေ ၊ ဘာကိုမှလည်း လောက်လောက်လားလား ပြစရာစိတ်အားထက်သန်မှုကလည်း မရှိ ၊ ဘယ်အရာကိုမှ တွယ်ညှိဖက်တွယ်စရာမရှိပါပဲ အသက်ရှင်မှုသည် ဘာမှ အဓိပ္ပါယ်မရှိသော်လည်း ရှင်သန်ခြင်းတွေကနေ ရုန်းမထွက်နိူင်သေး ၊ ကြောက်လန့်ခြင်းတွေကနေ ပြေးမထွက်နိူင်တဲ့ စိတ်ဒဏ်ရာတွေကလည်း ဘဝရဲ့နာကျင်မှု‌တွေပါပဲ ။ 

အတိတ်မှာလည်း ဘာမှ မယ်မယ်ရရ ချပြစရာမရှိ 

အနာဂတ်မှာလား ရည်ရွယ်မျှော်မှန်းထားတာမျိုး မရှိ

ပစ္စုပ္ပန်မှာလ ည်း သိမှု မသိမှုမရှိ အဓိပ္ပါယ် သတ်မှတ်ချက်မရှိ အချိန်ကုန်တာသက်သက် ရှိပါတယ် ။

ဘဝသည်က အချိန်ဖြုန်းခြင်း‌ေတွကို ဆိုလိုတာလား မပြောတတ်တော့ပါဘူး ။

စိတ်ထင်ရာတွေ ပြောနေပေမယ့် စိတ်ဒဏ်ရာတွေကိုတော့ တတ်နိူင်သလောက် ဥပေက္ခာပြုထားပါတယ် ။



လူလားမြှောက်စွာ မမွေးဖွားခဲ့ရင် လူတန်းစေ့နေထိုင်တတ်ဖို့ဆိုတာ မဖြစ်နိူင်သေးပါဘူး ။ 

လူတန်းစေ့ခြင်း ဆိုတာကလည်း လူသားဆန်စွာ မနေထိုင်တတ်ရင် အလကားပဲ မဟုတ်ပါလား ၊ လောကတန်ဖိုး ပတ်ဝန်းကျင်တန်ဖိုးဆိုတာသည်က ကျေးဇူးသိတတ်ခြင်း‌အပေါ်မှာ အခြေတည်တာဖြစ်ပြီး ကေးဇူးတရားဆိုတာကလည်း ပြည့်စုံခြင်း မပြည်ြစုံခြင်း နောပီ့း အားကိုးအားထား ဘယ်လောက်အတိုင်းအတာထိ ပြုနိူင်သလဲ ဆိုတဲ့အပေါ်မှာသာ ဖြစ်တည်တာဖြစ်ပြီး ဘဝအခြေမခိုင်သူတွေအဖို့တော့ အားကိုးလို့မရရင်တောင် အားထားရတာနဲ့တင် ကျေနပ်နှစ်ခိုက်နေရသူတွေရယ် အားကိုးအားထားလို့ မရရင်တောင် အားကိုးအားထားရနိူင်တဲ့ဘဝတွေကိုပဲ အလေးထားတတ်ကြပြီး အသိအမှတ်ပြု အလုပ်အကျွေးပြုတတ်ကြတာ လူထုံးဆန်ဆျုတာကြီးက တကယ်အစဉ်မပြေလှဘူး ။

အမှန်တကယ်လိုအပ်နေသူတွေကို မဖြည့်စီးတတ်ကြပေမယ့် ပြည့်စုံပြီးသားလူတွေ ပုဂ္ဂိုလ်တွေကိုသာ မပြည့်စုံကြသူတွေက အလုပ်အကျွေးပြု အလေးထားဆက်ဆံကြတာ တကယ် သိသာလှတယ် ။ 

ထားပါ အများကြီး မပြောလိုတော့ပါဘူး ဘဝနဲ့ လူတွေနဲ့ပတ်သတ်ပြီး အဆိုးမြင်တတ်တဲ့ အသိ‌ေတွနဲ့ အတွေးတွေက ညစ်နွန်းနေလျှက်ပါပဲ ။ 

အဆိုးမြင်တတ်ပဲ အပြစ်မမြင်ကြနဲ့ပေါ့ ငါ့တို့ဘဝတွေက အကောင်းတွေထက် အဆိုးတွေကိုသာ အများကြုံရ ခံစားကြရပြီး နေထိုင်ရှင်သန်ခဲ့ရတာ မဟုတ်လား ။

ကောင်းမွန်စွာ ရှင်သန်ခြင်းနဲ့ ကောင်းမွန်သော ဆက်ဆံရေးတွေက ငါတို့ဘဝ ငါတို့ပတ်ဝန်းကျင်မှာ မကြုံစဖူး တခါနှစ်ခါဆိုတာထက် ဘယ်မှာများ ကြုံတွေ့ခဲ့ကြရလို့လဲ စဉ်းစားကြည့်ပေါ့ ။

အသုံးချဖို့သက်သက် ၊ အသုံချခံသက်သင် ဘဝတွေက ဘယ်လောက်သာယာနာပျော်ဖွယ်ကောင်းနိူင်မှာ မလို့လဲ ၊ အသုံးချနေကြရင်တောင် ဂုတ်ယူနေတတ်ကြတဲ့ လူမှုပတ်ဝန်းကျင်မှာ ကျနော်တို့က ဘယ်လိုအရာတွေကိုများ လောက်လောက်လားလား မျှော်လင့်လို့ရနိူင်မှာလဲ မေးခွန်းတွေ အများကြီးနဲ့ ဖြေပေးနိူင်တဲ့ လူတွေကတော့ နူတ်ဆိတ်နေကြဆဲပါပဲ ။ 

ဒီလိုအရာတွေက

ဂုဏ်ရှင်ကြေးရှင်တွေ မပြောတာ အပြစ်မဟုတ်ကြပေမယ့် အဲ့ဒီဂုဏ်ရှင်ကြေးရှင်တွေရဲ့ အသုံးချခံတွေကတောင်ပြောရကောင်းမှန်းမသိ နာရကောင်စမမှန်းမသိ သာယာနေကြတာ တကယ် ဆိုးဆိုးဝါးဝါးပါပဲ ။ 

လောကကြီးကတော့ ဒီလိုနဲ့ပဲ ရာစုနှစ်အဆက်ဆက် ဖြတ်သန်းလာကြတာ ကြာခဲ့လို့ထင်ပါရဲ့ ၊ အမှောင်ဖုံးတဲ့အသိ တွေနဲ့ နားလည်မှုဆိုတာ

ကလည်း ဗလာနိတ္ထိပါပဲ ။ 






 ဘယ်သူနဲ့မှ ဖုန်းခေါ်လိုတဲ့ဆန္ဒမရှိဘူး 

စကားတွေ အများကြီး မပြောချင်တော့ဘူး အရေမရ အဖတ်မရ အာလ္လဘ သလ္လာဘတွေကိုပေါ့ 

ရင်ထဲရှိထဲစကားတွေကို မျို့သိပ်ရတာတွေ များလာတော့ အပြင်ကို ထွက်မလာတော့သလိုပါပဲ 

ဘယ်လိုအတွေးက လွဲချော်နေလဲ မသိပါဘူး 

ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ကြာချင်တာတွေ ကိုယ်ပြောချက်တာတွေအစပေါ့ အဆုံးမရှိတဲ့ အတွေးတွေနဲ့ ငေးငေးငိုင်ငိုင်ပါပဲ 


ပညာရေးလည်း မပြည့်စုံ

ဥစ္စာဓနသည်လည်း မပြည့်စုံ 

ဘဝသည်လည်း မလုံခြုံနဲ့ မျှော့်လင့်ခြင်း ငြိမ်းချမ်းရေးဆိုသည်ကလည်း ဘယ်ဆီဘယ်ဝယ်မှာမှန်း မသိသေးတဲ့ အလင်းရောင်လေး‌လိုပါပဲ ။



ဝေးကွာသွားစေနိူင်တဲ့ လမ်းကိုမှ ခုံမင်နေရတာ ဘာကြောင့်လဲ 

ငိုသံတွေ ပျောက်စေနိူင်တဲ့ ဆေးတွေရှိရင် ပေးပါ 

ရယ်သံတွေ ပျောက်စေနိူင်တဲ့ ဆေးဝါးတွေ ရှိရင် ပေးသနားကြပါ ၊ 

ယမ်းငွေ့တွေထဲ ကြီးပြင်းလာခဲ့ရတဲ့ မီးလျှံထက်က ငွေကြယ်ပွင့်သည်လည်း မီးခိုးငွေ့တွေကြားထဲမှာ မလင်းလက်နိူင်သေးပါ ။ 

အောက်ကျနောက်ကျဘဝနဲ့လည်း ဘဝကို အဆုံးမသတ်ချင်ပါ ၊ စစ်မက်ရဲ့သားကောင်ဘဝကနေ စစ်ဘုရင်ကိုမှ အားကျအတုယူလိုတာ ငါ့ရဲ့ စိတ်ဆန္ဒတစ်ခုဆိုတာထက် ပိုခဲ့ပါတယ် ။ 

နာကျင်စရာအပြည့် ရင်နာစရာ အပြည့်နဲ့ ဘဝသည် 

သာယာမှု ကြည်နူးမှုဆိုသည်မှာလည်း ဘဝရဲ့အတွင်းနက်နက်ထဲထိ ရောက်မလာခဲ့တာ အသေအချာပဲလေ ။

ကြာခဲ့ပါပြီ အချိန်တွေ သိပ်ကို ကြာခဲ့ပြီနော် 

ဘဝရဲ့ပျော်ရွှင်ခြင်း စိတ်ရဲ့ကြည်နူးခြင်းတွေကုန မခံစားရတာ ကြ

ာမြင့်ခဲ့ပါပြီ ။