စစ်ပွဲတစ်ခုကို စတင်ဖို့ အကြောင်းပြချက်တွေ အများကြီးမလိုဘူး စစ်ပွဲတစ်ခုရပ်တန့်သွားဖို့ဆိုရင်တော့ အကြောင်းပြချက်ခိုင်မာဖို့ အများကြီးလိုတယ် ။
။
မေတ္တာလေး နည်းနည်းပိုလိုက်တာနဲ့ ရင်လေးရတာတော့ အမှန်ပါပဲ ။
ပိုင်ဆိုင်လိုတဲ့ စိတ်လေး နည်းနည်းဝင်လာလိုက်တာနဲ့ ရင်လေးရတာလည်း အမှန်ပါပဲ ရှင်တော်ဘုရားပြောတဲ့ ဥပ္ပါဒါန်ဆိုတာ ဒါကိုပြောတာလား ဆိုတာ ငါသံသယ နည်းနည်းလေးတော့ ဝင်မိတယ် ၊
ဖွင့်နေကျ လောက်စလုံး သီချင်းထဲကလို ငါ့ကို ဒုက္ခတွေ ပေးတဲ့အချစ် ငါ့ကို ဒုက္ခတွေ ပေးတဲ့အချစ်ပဲ ငါ့နှုတ်က ရေရွတ်နေမိတယ် ။
ဝေးသွားနိူင်တယ်
တကယ်ကြီး ဝေးကွာသွားနိူင်ပါတယ်
ရဲရင့်ခြင်းနဲ့ ပွင့်လင်းမှုမရှိတဲ့ ဘယ်အရာမှ မကောင်းပါ သို့သော် မင်းအပေါ်အခုချိန်ထိ ငါမှာ နှုတ်ဆိတ်နေပါသေးတယ် ၊
မဝံ့မရဲနဲ့ နေထိုင်ရှင်သန်ခဲ့တာ နောင်တကြီးစွာ ရခဲ့တဲ့အချိန်တွေသည် နှစ်ပေါင်းမနည်း ၊
ငါတကယ်နင့်ကိုချစ်တယ် ဖွင့်ပြောဖို့သာ ခက်နေတာပါ
ငါတကယ်လိုအပ်တဲ့အချိန် မင်းကို တကယ်ကြီး ဖွင့်ပြောမိမှာပါ ။
ပူလောင်ခြင်းတွေကို နှစ်သက်တတ်သူဆိုတော့ နေပူကြဲထဲ ကျောက်စရစ်ခဲတွေပေါ် လမ်းလျှောက်နေရသလို
ပါပဲ ။
မင်းမှာရွေးချယ်စရာတွေသိပ်များနေသလား
ငါမှာတော့ မင်းတစ်ယောက်တည်းကိုသာ ရွေးချယ်ချစ်ခဲ့မိတယ် ၊
မင်းမှမင်းပဲလို့ တယူသန်အချစ်တွေနဲ့ လူတစ်ယောက်ကို လွှတ်ချထားချင်စိတ်ရှိရင်တော့
မင်းဘာကိုမှရလိုက်မှာမဟုတ်ဘူး ။
ကိုယ်ပြောတာကိုနားလည်ပါကွဲ့
မင်းဟာ ဉာဏ်ကောင်းထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ မဟုတ်လား ။
ဒီကမ္ဘာမြေပေါ်မှာဘယ်လိုအရာကိုမဆို မင်းလိုချင်ရင် ပိုင်ဆိုင်ရပါစေပေါ့ ငါဆုတောင်းသံတွေက မင်းမလိုအပ်တော့တဲ့ လူတစ်ယောက်ရဲ့ တောင်းတဲ့ဆုဆိုတော့ မျက်ရည်လေးကတော့ နည်းနည်းစို့နင့်နင့်ပေါ့ ။
မင်းက အမြဲမှန်ပါတယ် ၊ မင်းရဲ့ ဆုံးဖြတ်ချက်တွေရော မင်းရဲ့ ရပ်တည်ချက်တွေကရော မှန်းမျှော်ချက်တွေက ချစ်စရာကောင်းလောက်အောင်ပါပဲ ။
မင်းအတွက် အသုံးမလိုတဲ့ ဘယ်အရာကို သိမ်းမထားတတ်တဲ့ မင်းကပဲ ငါကို စွန့်ပစ်ခဲ့တာပဲလေ ။
အသုံးမဝင် အသုံးမကျ အဖြစ်မရှိတဲ့ ငါလိုကောင်နဲ့တန်ရာကို တန်ဖိုးဖြတ်ပေးခဲ့တာ တကယ်ကြီး မိုက်မိပါတယ်
ကိုယ့်အတွက်အသုံးမဝင်တဲ့အရာကို ဘယ်တော့မှ ကိုယ်မရယူလိုဘူး
ဒီအကြောင်းတွေ မင်းလည သိပြီးသားဖြစ်မှာပါ ၊
ကိုယ်ကို မလိုတဲ့နေရာမှာ ခဏလေးတောင် မနေချင်ခဲ့လို့ အရိပ်အခြေပျက်နေခဲ့တဲ့ မင်းရဲ့ဘေးကနဲ့ ပြေးထွက်ခဲ့တာပဲလေ ။
ဒါဟာကိုယ့်ရဲ့အမှန်တရားစစ်စစ်ပဲ
မင်းကိုလည်း ကိုယ်မညာဘူး
ကိုယ့်ကိုကိုယ်လည်း ကိုယ်မညာဘူး
မြေမှုန်ကလေးတစ်ခုကိုတောင်မှ
ကိုယ်မညာခဲ့ပါဘူး ။
ငါမညာတတ်ဘူးဆိုပေမယ့်
ဖုံးကွယ်ခဲ့တဲ့ စိတ်ခံစားမှုတွေကတော့ အမြတ်ထုတ်မယ်ဆိုရင်တောင် ဘဝရဲ့ lifestyle တစ်ခုကတော့ အများကြီး ပြောင်းလဲခဲ့ပြီ ။
အရင်က အရက်နံ့တောင် မခံနိူင်တဲ့လူက အရက်ခွက်နဲ့မှ ညဘက်တွေ အိပ်ယာဝင်လို့ရတော့တယ် ။
ငေးငေးငိုင်ငိုင်နဲ့ မိုးတိမ်တောင်တွေကို မော့ကြည့်ရင်း အလှအပတွေကို ခံစားတတ်နေပြီ ။
ဆေးလိပ်တိုလေးကို လက်ကြားမှာ ညှပ်ပြီး ဖြတ်သွားဖြတ်လာ လူတွေကို ပြုံးပြုံးကြီး ထိုင်ကြည့်နေတတ်တဲ့ လမ်းဆုံလမ်းခွတွေက ဓာတ်တိုင်တွေကို အဖော်ပြုပေးနေတတ်ပြီး ။
စိတ်ကူးနဲ့ဖန်ဆင်းခဲ့တဲ့ အိမ်မက်တွေက မကြည်မလင်နဲ့ စီးဆင်းနေသော မြစ်တစင်းလို အသက်ဝင်နေသေးတယ် ။
ရှင်နွေရယ် မသေသေးတာ တစ်ခုပါပဲ အနာဂတ်လည်း မရှိတော့သလို ဘဝဆိုတာသည်လည်း အဓိပ္ပါယ်သတ်မှတ်ချက်တွေ ပျောက်ဆုံးသွားခဲ့တာ ကြာခဲ့ပါပြီ ။
ငြိမ်းချမ်းရေး စပားတွေ မနားတမ်းပြောပြီး ရင်ထဲက မငြိမ်းချမ်းမှုတွေကို ဖုံးကွယ်ရင်းနဲ့ပဲ အိပ်ပျက်ခဲ့တဲ့ ညနက်တွေ အများကြီးပဲ ။
ကမ္ဘာကြီး လှပဖိုဘ ဘာတွေ လုပ်ရမယ် ဘယ်လိုလုပ်ရမယ်လို့သာ ဆိုင်းဘုတ်တွေ အမျိုးမျိုးအောက်ကနေ လက်သီးလက်မောင်းတမ်းပြီး ပြောပြောနေတာ အသီးအပွင့်တွေ ဖြစ်ထွန်းမလာတော့တဲ့ နှလုံးသားတစ်စုံက အခုချိန်ထိ မျက်နှာသေနဲ့
ရှင်သန်နေဆဲပါပဲ ။
အဓိပတိကမ္မ
အပူ(သောက)
လူတိုင်းကလည်း ဝိုင်းဆဲအော်ခြင်စ ခံရသူအဖို့ အတွေးတွေသည် နေပီသတဲ့အပူမျိုးနဲ့ ဘဝသည်လည်း လောင်မြိုက်နေတာ မဆန်းပါဘူး ။
လူတွေရဲ့အကြည့်တွေက နေလုံးကြီးတစ်လုံးလို့ အပူတွေ အနားသတ်သားတဲ့ ပန်းချီကားတေွလို လှပမှုရော ပူလောင်မှုတွေရော ရောယှက်လို့ အပူ ။
သောကမီး ဗျာပါဓနဲ့ ဒုက္ခအမျိုးစုံအောင် ဘဝတစ်လျှောက်လုံး ကြုံတွေ့ ရင်ဆိုင်ခဲ့ရပြီး ကောင်းခြင်းရလဒ်တွေကအစ ပျှော်ရွှင်ခြင်း ကြေနပ်ခြင်း ဝမ်းသာအားရခြင်းဆိုတာ ငါနဲ့ မသက်ဆိုင်သလို အဝေးကနေပဲ ရှောင်ကွင်းတတ်တဲ့ လူဖြစ်စဉ်ကြီးကို ငါဘက်က ပြန်ပြီး ချစ်ပေးနေရမှာလားဗျာ ။
လူမဖတ်တဲ့ကဗျာတွေ ရေးမယ်
လူတွေ မကြားနိူင်တဲ့ သီချင်းတွေ ညီးတွားမယ်
လူတွေမသိနိူင်သော စိတ်ကူးတွေနဲ့ ရူးမိုက်နေသူတစ်ယောက် ။
ဖန်ခွက်ထဲက ရေေရာထားတဲ့ အရက်ခွက်က ပူလောင်မှုတွေပေးသလို မူးယစ်မှုတွေကိုလည်း ပေးပါတယ် ။ နောက်ပြီတော့ အရာအားလုံးကို မေ့ဖျောက်ပစ်နိူင်တဲ့ ခဏတာကို ရတယ် ၊ ပြောချင်ရာကို အထိမ်းအကွပ်မဲ့စွာပြောတတ်သလို ငါပြောချင်သော စကားလုံး ခပ်ရိုင်းရိုင်းေတွနဲ့ သီဖွဲ့နိူင်တယ် ၊ ဘဝသည်လည်း ရိုင်းခဲ့သကိုး ၊ သမိုက်းသည်လည်း ထိုအတိုင်းပါပဲ ။
မကောင်းမှုရဲ့ အခြားတစ်ဖက်မှာ ကျေနပ်စရာတွေ ရှိနေတတ်တယ်တဲ့ ငါမှာတော့ အရက်တစ်မျိုးကပဲ အစွန်စနှစ်ဖက်ကို ပြန်ပေးတာ တွေ့ရတယ် ။
အရိုင်းဆန်တဲ့ တောနက်တွေထဲ တစ်ယောက်တည်း လျှောက်သွားမယ် ၊ အရိပ်ကောင်းကောင်းတွေရင် ထိုင်းပြီး ဇိမ်ခံမယ် ၊ ဟိုကြည့်ဒီကြည့်နဲ့ ငှက်တွေရဲ့ လေှာင်ရယ်မှုကို ခံယူမယ် ၊ တစ်ချို့သော သတ္တဝါတွေရဲ့ ကြီးနိူင်ငယ်ညှင်း လုပ်ရပ်တွေကို တစ်ဝကြီး ကြည့်မယ့် အကူအညီမဲ့နေတဲ့ တိရစ္ဆာန်လေးတွေကို ပြုံးပြုံးကြီး ငေးကြည့်နေနိူင်တဲ့ တောနက်မုဆိုးတွေကိုလည်း ကြောက်အားကြီးစွာ ကြည့်နေမှာပေါ့ ။
အဆိုးရော အကောင်းရော ခါးစီးခံရတာပဲထား ရှင်သန်ခြင်းကပေးတဲ့ ဝဋ်ကြွေးတွေပဲမဟုတ်လား ။
ယဉ်ကျေးပါတယ်ဆိုတဲ့ မြို့ပြတွေထဲ ပြေးကြည်ြမိတယ် ။ လမ်းဘေးဓာတ်တိုင်တွေနဲ့ ပလက်ဖောင်းတွေပေါ်မှာ ဇိမ်ယူမယ် ဖြတ်သွားဖြတ်လာ လူတွေနဲ့ ဇိမ်ခံကားတွေကို သားရည်ကျနေတာတွေ ရှိတယ် ။ တိရိစ္ဆာန်စိတ်ပေါက်နေတဲ့ လူတွေကို တစ်ဝကြီးကြည့်မယ် ၊ ပါးစပ်ထဲ ချဉ်လာသလိုနဲ့ တထွေးတစ်ချက်ခြင်း ထွေးပစ်မယ် အမှန်တကယ်တော့ စိတ်ထဲမှာ အချဉ်ပေါက်လာတာပါ ။
ဖြုစင်တဲ့ ချစ်ခြင်းတွေအစား အရောင်တွေ ဆိုးတဲ့တဲ့ အဆြိးအမွေတွေကို အဝကြီးယူထားကြတဲ့ ဒေါသတွေထွက်နေကြတဲ့ လောဘသားတွေကို ငေးကြည့်ရတာသည်လည်း တကယ်တော့ အဆန်းဗျာ အပြုံတွေက ချိုရော အပြောတွေကလည်း ချိုတာပါပဲ ဒါပေမယ့်လည်း အဲ့ဒီ အပြောတွေ အပြုံးတွေက အဆိပ်ခတ်ထားကြတာ တကယ်ကြီး သိသာတယ် ။
ညာရယ်မဟုတ်ပါညူး ဆေးပေါ့လိပ်မီးသေသွားလို့ မသေသေးတဲ့ ဘဝအဓိပ္ပါယ်ကို အသက်ဆက်ဖို့ ဟန်ဆောင်ခြင်း အယောင်ဆောင်ခြင်းတွေနဲ့ ကာကွယ်ထားရတာမျိုးပေါ့ ။
ကောင်ခြင်းရော ဆိုးခြင်းတွေကပါ ရှေ့သို့ ဆက်လက်ခရီးဆက်နေကြမှာပါ ကျနော်တို့ကတော့ လမ်းကြုံဝင်စီးရတဲ့ ခရီးသည်အဆင့်ပါပဲ ဘူတာမရောက်ခင်ထိတော့ ရထားပေါ်က သောက်ကျင့်တွေကိုတော့ ကောင်းကောင်းကြီး မြင်အောင်ကြည့်ထားမှပေါ့ ။
မရပ်တန့်ပါဘူး ဆူးခင်းလမ်းပဲ ဖြစ်ဖြစ် ပန်းခင်းလမ်းပဲဖြစ်ဖြစ် ဆူးခင်းထားရင် ပန်းပွင့်တွေ ပါလာစမြဲ ဖြစ်သလို ပန်းခင်းလမ်းသည်လည်း ဆူးတွေ ပါဝင်တတ်စမြဲပဲ မဟုတ်လား ဒါကိုပဲ ဘဝလို့ ခေါ်တယ် ထင်တာပဲ ။
ငါ့ယူဆချက်တွေပါ မှန်မယ် မှားမယ် မဆုံးဖြတ်ခိုင်းပါဘူး ကိုယ်ပိုင်အသိနဲ့ပဲ ဆုံးဖြတ်ပေါ့ အားလုံး သေလူတွေပါ သေမိန့်ကျပြီးသား အကျဉ်းသားတွေလို
ရုန်းထွက်လို့လဲ မရဘူး လွတ်မြှောက်ခွင့်လည်း မရှိနိူင်ဘူး မဟုတ်လား ။
ရှင်တော် ဂေါတမပြောတဲ့ လွတ်မြှောက်ခြင်းဆိုတာ စိတ်ရဲ့ လွတ်မြှောက်ခြင်းကိုပဲ ခံစားတတ်အောင် ပြောခဲ့တယ်လို့ပဲ ယူဆတယ်။
ဪ အရှင်ဘုရားတောင် လူတွေနဲ့ဝေးရာထွက်သွားပြီး လူတွေရဲ့ ဝန်းရံခြင်းကို မလွန်ဆန်နိူင်ခဲ့တာပဲ မဟုတ်လား ။
ငါအမြင်အရ ရှင်တော်ဂေါတမလ
ည်း မလွတ်မြှောက်ခဲ့ပါဘူး ။
အတုအယောင်တွေ အများအပြားရှိနေတဲ့ လောက ဝင်္ကပါထဲမှာ အဆုံးအစမရှိ ဘဝကို စတေးပြီး အိမ်မက်ဆိုးတစ်ခုလို အခုချိန်တွေထိ မက်နေဆဲပဲ ။
ငါမရင်းနှီးတဲ့ စကားတွေကိုတော့ မပြောဖြစ်အောင်ပဲ နေတယ် နေတတ်သလို နေနိူင်ကြတဲ့ လူမှု ပတ်ဝန်းကျင်မှာ မနေတတ်တဲ့ လူတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲနေသလဲ ငါထက် ဘယ်လိုလူက ပိုသိနိူင်မှာလဲ ။
ငါမှားခဲ့တဲ့ စကားလုံးတွေ အများကြီးပဲ
ငါမှားယွင်းစွာ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်လည်း အများကြီးပဲ ၊
ငါမှားယွင်းစွာ ရွေးချယ်ခဲ့တဲ့ တစ်ဘဝ အလွဲတွေနဲ့ နေသားကျနေသလိုပါပဲ ရုန်းထွက်ဖို့အခါခါ ကြိုးစားနေရသလို ရုန်းထွက်ခွင့်ရနေတာတောင် ရုန်းထွက်နိူင်ပါ့မလား မရုန်းနိူင်လောက်ဘူးလားနဲ့ နာရီပေါင်းများစွာ တွေဝေနေသလို ပုံပြင်ပေါင်းများစွာနဲ့ လူတိုင်းပြောတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နိူင်ဖို့ နဲ့ ဖြစ်မှ ဖြစ်မှ ဖြစ်ပါ့မလား မှုန့်ဝါးနေဆဲပါပဲ ။
ရှေ့နောက်မညီတဲ့ စကားတွေ အကြိမ်ကြိမ်ပြောတယ် ၊ စိတ်ထဲကနဲ့ အပြင်လက်တွေမှာ တလွဲစီ လုပ်နေတတ်တ
ယ် ၊
အထီကျန်တာ တစ်ခုပါပဲ ဘဝက ဘာမှ ထွေထူးတာမျိုးလည်း ရှိမနေပါဘူး ၊ အပြောင်းအလဲတွေ ကြီးကြီးမားမား ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်း စိတ်ဓာတ်ကျခြင်းမျိုးလည်း မရှိ ပျော်ရွှင်ကြည်နူးတာမျိုးလည်း ရှိမနေတော့ တခါတခါ နည်းနည်းတော့ ခြောက်ကပ်ကပ်နေတာလေးတွေတော့ ရှိတာပေါ့ ။
သိမ်ငယ်မှုတွေရော အားငယ်မှုတွေရော ပြည့်ဝနေတဲ့ ဘဝတစ်ခုကို လုံးလုံးလျားလျား ပိုင်ဆိုင်ထားသော ဘဝတစ်ခုမှာ စိတ်ညစ်စရာတွေ ပြောပြချင်တာတွေ ရှိတတ်သေးတယ် ၊ တိုင်ပင်ချင်တာတွေရော စကားတွေ များချင်တာတွေပါ ရှိတဲ့ စိတ်ဆန္ဒတွေအတွက် ကံပါသမျှတော့ ဝဋ်ကြွေးတွေလို ဖြစ်နေမှာပေါ့ ။
မပြေလည်ခြင်းတွေနဲ့ ရှာသမျှပြန်ပြီး ဖြုန်းတီးတတ်တဲ့ အကျင့်တွေနဲ့မှ နေသားကျနေခဲ့တာမျိုးပေါ့ ။
လိုအက်ချက်တွေ အမြှောက်အများနဲ့ နေ့စဉ်ဘဝကျု ခက်ခဲစွာ ရှင်သန်ရတာ ရှက်မိတယ် ၊ ပြေလည်တဲ့ လူတ္နေဲ့မတူ ငါဘဝက ကြမ်စတယ် ၊ ကြယ်တွေ စုံတဲ့ညတွေကို တမ်းတရင်း ဘဝဆိုတဲ့ အတိမ်အနက်ကို ကောင်းကောင်းသဘောပေါက် နားလည်အောင် ကြိုးစားရုန်းကန်ခြင်သည်လည်း လောကဓံပဲ မဟုတ်လား ။
လူတွေ ပြောသမျှကို အယူံအကြည်မရှိတဲ့ စိတ်ခံစားမှု အတွေးတွေကို တစ်ဘဝလုံးစာ ထွေးပွေ့ရင်း အိပ်စက်ခြင်းတွေနဲ့ နှုတ်ဆက်ပြီး အိပ်ခန်းအပြင် ထွက်လာခဲ့တဲ့ ခြေလှမ်းတွေသည်လည်း လေးလံနေ၏ ၊
ဆရာတွေပ တွေ့နေရပြီး ဟိုလိုလုပ်ပါ ဒီလိူလုက်ပါနဲ့ သောက်စရာကြီး တစ်လိုင်းထဲတွေကို ပုဆိုးလှန်ပြီး လီးပဲ ဆိုတဲ့စကားတစ်ခွန်းက လွဲလြို ငါက ဘာတွေ ပြောစရာ ရှိနေရမျာလဲ ၊ အလှတရားတွေနဲ့ မာနထောင်လွှားနေကြတဲ့ သူတွေ ၊ ပညာလေး မတောက်တခေါက်နဲ့ ဘွဲ့လက်မှတ်စာရွက်တွေ ကိုင်ပြပြီး ပညာတတ်ကြီး လုပ်ပြီး လူရာဝင်နေကြတဲ့ ခေတ်ထဲမှာ အဝတ်အစား ညစ်နွမ်းတဲ့လူတွေရဲ့ စကားသည်လည်း ညစ်တေးနေမှာပဲတဲ့ ၊ သိမ့်ကို ရယ်ရတဲ့ ပျက်လုံးမဟုတ်တဲ့ ဘဝတွေ ဆင်းရဲဒုက္ခသည်ေတွ လည်း ရောင်းသာရောင်းနေကြတာ ဘယ်သူမှ မဝယ်ချင်ကြဘူး ၊ မပြည့်တဲ့ အိုးက ဘောင်ဘက်ခတ်တဲ့တယ် ၊ ပြည်ြတဲ့အိုးတွေကိုပဲ ထည့်ဖြည့်ပြီး ဂုဏ်ဆာနေကြတဲ့ လူတွေကလည်း လောက မှာ အများသားပါပဲ ။
အဖြုရောင် မျှောင့်လင့်ခြင်း ဆိုတာ ရူးသွပ်မှုတစ်ခုပါပဲ ၊
အိမ်မက်တွေနဲ့သာ ရူးနေရတာ ဘဝမှာက ဘာမှ မျှော်လင့်စရာ လောက်လောက်လားလား ရှိမနေသလို ၊ မပိုင်ဆိုင်ရခြင်းတွေသည်လည်း ငါ့နောက်က တကောက်ကောက်ပါပဲ ။ စိတ်သာ မကောက်တတ်တာ ငါနဲ့ ဝေးကွာနေဖို့ မဖြစ်သလို တွယ်ကပ်နေတဲ့ ကမ္ဘာတခြမ်းပါပဲ ။
စိတ်ထင်ရာတွေ တစ်ဘဝလုံး လုပ်ခဲ့မိတယ်။ ၊ အဲ့ဒီစိတ်ထင်ရာတွေက အရာမထင် အရာမဝင်နဲ့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေ များပြားနေလိုက်တာ ၊ ဇိမ်ခံကားနဲ့မှာ လူရာဝင် သောက်ထင်ကြီးတဲ့ လူ့လောက လူ့သမိုင်းတစ်လျှောက်လုံးမှာ တရားမျှတမှု ဖေးမကူညီမှုနဲ့ တန်ဖိုးထား အလေးပေးတတ်သော အမူအကျင့်တွေလည်း ဆိတ်သုန်းနေခဲ့တာ ရာစုနှစ်ပေါင်း မနည်းမနောဆိုတာထက် လူ့သမိုင်းတစ်လျှောက်လုံးစာပဲ မဟုတ်လား ။
ကျနော်ကြယးဖူးနေကြ စကားလေးတွေ နားထဲ စွဲနေတာ တစ်ခုက အခုထိ မှန်နေတုန်းပါပဲ ၊ အဲ့ဒီစကားက "လူသားများသည် အရိုင်းအစိုင်းများသာ ဖြစ်သည် "တဲ့ ယဉ်ကျေးချင်ယောင်ဆောင်နေသော လောက လူဘောင် အသိုက်အဝိုင်းမှာ အမှန်အတိုင်းနေတတ်တော့ ရိုင်းတယ် အရိုင်းဆန်တယ် အပြသ်မြင် အပြစ်ပြောတတ်ကြပေမယ့် ၊ မိုက်ကန်းခြင်းနဲ့ မိုက်လုံးကြီးမှုတွေကိုတော့ နားလည်း လက်ခံခွင့်လွှတ်ပေးတတ်ကြတာ သိပ်ကို အံ့ဩမိတာတော့ အမှန်
ပါပဲ ။
မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ သို့သော် အချစ်စိ...