Saturday, 19 October 2024

 Zen Diary


မမျှော်လင့်ဘဲ နေထိုင်ခြင်း - လို့ နာမည်တပ်ရမလား မသိ။ CM က ဘာသာပြန် တင်ဆက်လိုက်တဲ့ ဒီဂျပန်ရုပ်ရှင်ကို ကြိုက်တယ်။ 

တစ်ကားလုံးက တချို့အတွက်ဆို ပျင်းစရာတောင် ကောင်းနေမယ် ထင်တယ်။ စားလိုက် ချက်ပြုတ်လိုက်၊ ချက်ပြုတ်လိုက် စားလိုက် နဲ့ ဒါပဲ လည်နေတာကို။ ပြောစရာ ဇာတ်ကြောင်းက အများကြီး မရှိဘူး။ 

၂ နာရီနီးနီးလောက် ကြာတယ်။ အဲ့ဒါကိုပဲ ကိုယ်တွေမှာ ကြည့်ပြီး အစအဆုံး စွဲသွားတာရယ်။


မမျှော်လင့်ဘဲ နေထိုင်ခြင်း- ဆိုတာ ဘာလဲ။ ဒီရုပ်ရှင်ကြည့်ပြီး ကိုယ့်ဘာသာသုံးသပ်မိတဲ့ ဒီအတွေးအမြင်ကို ပြောချင်တယ်။ မမျှော်လင့်ဘဲ နေထိုင်ခြင်း ဆိုတာ ဘာကိုမှ စိတ်ဝင်တစား မရှိတာ၊ သတိလက်လွတ် ငှက်တောင်ကျွတ် နေတာ မျိုးတော့ မဟုတ်ဘူးရယ်။ "အားလုံးကို သိပ်ခံစား‌မနေတာ" လို့ ပြောရင်တော့ နီးစပ်မယ် ထင်တယ်။ "သိပ်ခံစားမနေတာ" ဆိုလို့လည်း မခံစားဘဲ လျစ်လျူရှု နေလိုက်တာမျိုး မဟုတ်ပြန်ဘူး။


 ခံစားတယ်, ကောင်းခံစားတယ်၊ သိရှိတယ်, ကောင်းကောင်း သိရှိတယ်- ဒါ‌ပေမဲ့ မျှော်လင့်မှု မရှိနေတာ၊ ရိုးရိုးရှင်းရှင်း နေထိုင်သွားတာ- အဲ့ဒိထဲမှာ အဖြေက ပြန်ရှာရမယ် ထင်တယ်။ ဒီလောက်နဲ့ ပြည့်စုံဦးမယ် မထင်ပြန်ဘူး။ 

ထပ်ဖြည့်ရင် အရှိတရားကို လက်ခံတာ၊ ဖြစ်ကို ဖြစ်လာမယ့် အရာတွေကို မငြင်းဆန်တာ- ဥပမာ။ ။ သေခြင်းတရား လို၊ အစိုးမရခြင်းလို- စသဖြင့် မမြဲတဲ့သဘာဝဓမ္မတွေ ချဉ်းကပ်လာတဲ့အခါ၊ လှုပ်ရှားထင်သာ လာတဲ့အခါ " ဒါပဲလေ " ဆိုတဲ့ သဘော။ Zen သဘော လို့ ပြောရမယ်။ "This is it." "ဒါက ဒါပဲ" ဆိုတာမျိုး။ 

အဲ့ဒိ သဘောကို အပြောမဟုတ်ဘဲ ဘဝထဲမှာ နေထိုင်လိုက်တာ။ အဲ့ဒါကပဲ - မမျှော်လင့်ဘဲ နေထိုင်ခြင်း ဖြစ်လာတာမျိုးပေါ့။ အစွန်းမရောက်တဲ့ ဘဝနေထိုင်မှုပုံစံ တစ်ခု။ ဒါပါပဲ။ သိပ်ရိုးရှင်းပါတယ်။


"အို ဘာမှမဟုတ်ပါလား" 


Neo Lynn

28, September, 2024

 တိုင်းပြည်အပေါ် စေတနာမမှန်ပဲနဲ့တော့ နိူင်ငံတော် တာဝန်တွေ ယူမထားကြနဲ့ပေါ့ 

ပြည်သူလူထုအပေါ် စေတနာ မမှန်ပဲတော့တော့ နိူင်ငံတော်တာဝန်တွေ ယူမထားကြနဲ့ပေါ့ 

စိတ်စေတနာ သည် အဓိကကျသည် ၊ စိတ်‌အခြေခံမကောင်းပါပဲနဲ့ ဘာပဲလုပ်လုပ် အကောင်းဖြစ်မလာနိူင်ပါ ၊ ကောင်းတာကို လုပ်သည်ပဲထား စိတ်စေတနာမကောင်းလျှင် ကောင်းသောအလုပ်ဖြစ်လာမှာ မဟုတ်သလို ကောင်းသော ရလဒ်လည်း ထွက်လာမှာ မဟုတ်ပါ 

 သဆိရတယ် အဖေ

အမှားတွေ အများကြီး လုပ်ခဲ့တဲ့ ခင်များသား အခုထိလည်း ဆက်မှားနေတုန်းပါပဲ ၊ အရင်လောက်တော့ မဆိုးတော့ဘူးပေါ့ ၊ ခင်များရဲ့ ဂရုစိုက်မှုတွေကို ကျနော် အပြစ်မြင်ခဲ့တာတွေအတွက် တကယ် နောင်တရမိတယ် ၊ ငွေရှာမတော်တဲ့ ကျနော်က ခင်များကို အထင်ကြီးရကောင်းမှန်းမသိခဲ့ဘူး ခင်များရဲ့ ကြိုးစားမှုတွေကို အပြစ်မြင်တဲ့အထိပါ မှားယွင်းခဲ့တာ တကယ်ပါ ။ 


အခုချိန်မှာ ပြန်မဆုံနိူင်တော့ဘူးဆိုတာ သေချာနေပေမယ့် အသံလေးပဲ ကြားခွင့်ရဖို့အတွက် ဖုန်းလေးတော့ ဆက်ချင်သေးတယ် ၊ ငါ့အဖေဆီ ဖုန်းဆက်လိုက်အုံးမယ် ဆိုတဲ့အတွေးတွေ ခဏခဏ အခုတ‌ေလာဝင်ဝင်နေမိတယ် ၊ 

တောင်းပန်ချင်ပါတယ်ဗျာ 

ခွင့်လွှတ်ပေးဖို့အတွက်တော့ မတောင်းဆိုရဲပါဘူး ၊ ခွင့်လွှတ်‌သင့်သော အခြေအနေမျိုးလည်း မဟုတ်ဘူးလေ ၊ 

သွားနှင့်ပေအုံးတော့ အဖေရယ် 

အဖေသားကတော့ အရင်ကလိုပဲ သ‌ရဲဘောကြောင်နေတုန်း ငွေဘယ်လိုရှာရမလဲ စိတ်မဝင်စားတုန်းပဲ အလုပ်တွေ လုပ်ဖို့ ဘာစိတ်ကူးမှ မရှိတုန်းပါပဲ ၊ ဒါပေမယ့်လည်း ကျနော်အခုထိ ခင်များကို သတိရနေတုန်း ပဲ 


အိမ်မက်တွေ အခါခါမက်နေသော်လည်း ခင်များရှိခဲ့တုန်းက အခြေအနေတွေနဲ့ ခင်များအငွေ့အသက်တွေက ပြန်မှမရနိူင်တော့ပဲ မဟုတ်လား ။


သတိရနေပါတယ်ဗျာ အချိန်တို

င်းပဲပေါ့ 


Wednesday, 9 October 2024

 ဖြစ်နိူင်ရင်လေ ဖြစ်ချင်တာတွေ မရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ် ။

ဆုမတောင်းရသော ဆုတောင်းမျိုးသာ ပြည့်ချင်ခဲ့တာ ဘဝရဲ့အတ္တတစ်ခု ။

လိုချင်တာကိုပဲ မလိုချင်ခဲ့တာ ဘဝရဲ့အစိတ်အပိုင်းတစ်ခု ။

အချစ်အကြောင်း ကဗျာတစ်ပုဒ်ရေးဖွဲ့ပြီး အချစ်နဲ့ကင်းကွာသူတစ်ယောက်အနေနဲ့ လောကကို တိုင်တယ်မယ် ။

ငါ့တိုင်တယ်သော ဒဿနသည် ငါရဲ့ မတောက်ပသော စိတ်အားထက်သန်မှုတွေပေါ့ ၊ 


အိမ်ကို မပြန်ချင်ဘူး အိမ်မှာသောကတွေ အသင့်ကြိုနေတယ် 

စိတ်ပျက်ခြင်းတွေနဲ့ ပြည်နှက်နေသော ဘဝထဲကို စိတ်ပျက်စရာတွေက အသင့်ကြိုဆိုနေသော အိမ်ကို ပြန်ရမှာ စိတ်မချမ်းမြေ့စရာပဲ ။

အမှောင်တွေ ကုန်ဆုံးတဲ့အထိ လမ်းဘေးဓာဝ်တိုင်တွေ အောက်မှာ ထိုင်ရင်း ရောင်နီကို ကြိုဆိုသော အတွေးတွေနဲ့ မိုးသောက်ချိန်တွေကို တမ်းတနေမိတယ် ။


မေးခွန်းများနဲ့ ဘဝသည် အဖြေမရှိ 

သာယာမှုမရှိ နာကျင်မှုမရှိ လောကသည် ဗလာနိတ္ထိနဲ့ မျက်ရည်တွေ ဝဲလည်လည်နဲ့ အိမ်ပြန်ချိန်မရှိ ။

ကြယ်တွေ ကြွေတာကို ရပ်စောင့်ကြည့်ရင်း မျက်ရည်မိုးတွေ မစဲတမ်းရွားသွန်းနေခြင်းသည်လည်း ဘဝရဲ့ကံတရားကြောင့်ပဲလား ။


အမှန်အတိုင်းဝန်ခံရရင် အိမ်ပြန်ချင်တယ် ။

အိမ်မှာ သာယာမှုကို ရှာတွေ့ချင်တယ် အရက်နံကင်းသော စကားတွေပြောပြီး နေချင်တယ် ။

စိတ်ပျက်စရာတွေ ပြေပျောက်စေမယ် အကြံတွေ လိုချင်တယ် အားပေးစကားတွေကြားချင်တယ် ။

ဘာကောင်လည်းမသိဘူး မရနိူင်တာတွေကိုပဲ ငြီးတွားပြီး လောဘတက်နေရလောက်အောင် ဉာဏ်နည်းနေတာတွေကလည်း စိတ်ပျက်စရာလူသားတေစ်ယောက်က ကျနော်

ပဲ ။


အဓိပတိကမ္မ

 တိုက်ပွဲသတင်း စစ်သတင်းတွေကို 

အခုလိုတွေ မြင်ရကြားရရင် လူက စစ်သွေးစစ်မာန်တွေ ကြွပြီး အညာကကပြည်သူ့စစ်ထဲဝင်ပြီး ပြန်တိုက်ချင်တာ 

ခံပြင်းမှုရော နာကျည်းမှုတွေ ရောယှက်ပြီး

သား ပြန်လိုက်ရမလားအ‌ေမ ဆိုတော့။


အိမ်က အမေက 

သားရယ် အိမ်ကိုပဲ ဒုက္ခပေးပါတဲ့။

မင်းအတွက်နဲ့ တာဝန်တွေပိုပြီး ဒုက္ခတွေ များနေပါ့မယ် ဆိုလားပဲ ။ 


ဟိုမှာလူကြီးတွေက သူတို့ဘာသာတောင် စားရေးသောက်ရေးတိုက်‌ေရးခိုက်‌ေရး ရော စစ်ရေးအခြေအနေ လုံခြုံရေးအခြေအနေနဲ့ အဆင်မပြေဖြစ်နေတာကိုတဲ့။


ဒုက္ခဆိုတာ မိသားစုပဲကိုပဲပေး

ပတ်ဝန်းကျင်ကိုတော့ လိုက်မပေးပါနဲ့တဲ့...


ခင်များတို့ လူကြီးတွေနဲ့တော့ ခက်တာပဲဗျာ 

(စပ်ဖြီးဖြီးဖြင့်)

 မိန်းမရွှင်တစ်ယောက်ရယ် 

သောက်လက်စ အရက်ပုလင်းနဲ့ ဆေးပေါ့လိပ်ရယ်

ဂစ်တာအိုတစ်လက်လောက်ရှိရင် ဘဝက ရှင်သန်ရလွယ်ကူကောင်း လွယ်ကူနိူင်ပါလိမ့်မယ် ။

ယိုင်လဲမသွားတဲ့ မျှော်လင့်ချက်အသေတွေကို လက်ကမ်းကြိုဆိုရင်း ကြုံစုံရတဲ့ဘဝတစ်ခုမှာ ကြုံရတာတွေက တစ်ခုမကခဲ့ဘူး ။

စိတ်အားတင်းထားတဲ့ အားငယ်မှုတွေနဲ့ အလွယ်ဖြတ်ကျော်လို့ရမယ်ထင်ထားတဲ့ ဘဝခရီးတစ်ခုမှာ သီချင်းတွေ ဆိုရင်း အိမ်မက်တွေမက်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲ ။

ခေတ်ပျက်စနစ်ပျက်ထဲမှာ စိတ်ပျက်လက်ပျက်နဲ့ စိတ်လိုလက်ရရှိတဲ့ အလုပ်တွေကို စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ လုပ်နေရခြင်းသည် ဘဝကို အသက်ဆက်ဖို့ ခက်နေတာ ငါကလွဲပြီး ဘယ်သူမှ သတိမထားမိကြဘူး ....။ 


အဓိပ

တိကမ္မ 

 နိူင်ငံရေးလုပ်တယ်ဆိုတာ အာဏာနဲ့လုပ်ပိုင်ခွင့်အတွက်ပဲ ၊ အာဏာနဲ့လုပ်ပိုင်ခွင့် ကျော်လွန်ပြီး လုပ်တဲ့အရာမှန်သမျှတိုင်းက နိူင်ငံရေးမဟုတ်ဘူး ၊ ရှင်းရှင်းပြောရရင် ရိုးသားတဲ့လူတွေက နိူင်ငံရေးမလုပ်ဘူး ၊ နိူင်ငံရေးလောကဆိုတာ တကယ်ပဲ ရှုပ်ထွေးတယ် ၊ ရိုးသားတဲ့လူတွေ ဖြုစင်တဲ့လူတွေက နိူင်ငံရေးလောကမှာ ရှင်သန်လို့မရဘူး ရှင်သန်လို့ရရင်လည်း ရှင်းပစ်ကြမယ့် လူတွေက အများကြီးရှိနေကြတယ် ၊ ဒါကြောင့်ပဲ ရိုးသားတဲ့လူတွေက နိူင်ငံရေး မလုပ်ဘူးလို့ ပြောကြတာပေါ့ ၊ အာဏာလိုချက်တဲ့လူတွေကသာ နိူင်ငံရေးလုပ်တတ်ကြတာ အာဏာကိုအသုံးပြုပြီး ဆောင်ရွက်တဲ့လုပ်ဆောင်ချက်တွေကတော့ နိူင်ငံရေးစိတ်စေတနာအပေါ်မှာ အများကြီး မူတည်ပါတယ် ။ 

နိူင်ငံ‌အပေါ်ထားတဲ့ စိတ်စေတနာ ကောဂ်းရင် ကောင်းသလောက် တိုင်းပြည်အကျိုး နိူင်ငံ‌အကျိုး လူမျိုးအကျိုး ဆောင်ရွက်ကြပြီး ‌စိတ်စေတနာ ဆိုးရင် ဆိုးသလောက် ပြည်သူလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ပျက်ဆီးဆုံးရှုံးရပြီး လူမွေးလူတောင်ပြောင်ရောင်မှုမရှိသော အခြေခံလူတန်းစား အလုပ်သမားပြည်သူ ဖြစ်တတ်ကြတာ ငြင်းစရာမရှိပါဘူး ။ 

ကောက်ကျစ်ရင် ကောက်ကျစ်သလောက် ပြည်သူလူထုအတွက် လုံးခြုံမှုမရှိ အသက်‌‌ေဘးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတာတွေသည်လည်း လက်တွေမြင်နိူင်ပါတယ် ။ 




အဓိပတိကမ္မ 

 ငါအစဉ်ပြေပါတယ် 

အနားမှာ နင်မရှိတာ တစ်ခုကလွဲရင် အရာအားလုံး အစဉ်ပြေနေပါတယ် ၊ အိမ်မက်ဆိုးတွေနဲ့ ညဖက်တွေ လန့်လန့်‌နိုးနေတာတွေတော့ တစ်ခါတစ်ခါ ရှိတာပေါ့ ၊ 


အခန်းပျက်နေတဲ့ ဦးနှောက်တစ်ခြမ်းက ပြန်မလာနိူင်တဲ့လူ‌တစ်ယောက်ကို အခန်းကျဉ်းလေးထဲ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ အခန်းတံခါးလာခေါက်မယ့် တံခါး‌ေခါက်သံ‌ေလးကို စောင့်မျှော်နေပြီတယ် ။ 


ဓာတ်ပုံအဟောင်းတွေ ပြန်ကြည်ြလိုက် နင့်ရဲ့ Instagram အကောင့်လေးထဲ ခိုးခိုးကြည့်လိုက်နဲ့ ဖုန်းနံပါတ်အသစ်တွေဆို နင်ပဲခေါ်လေမလား ငါမျှော်နေမိတယ် ။ (အရင်ကလို ငါဆီဖုန်းနံပါတ်အစိမ်းတွေနဲ့ဉဉ်နက်တွေမှာ မခေါ်တော့ဘူးလား )


ငါကတော့ နင့်ဖုန်းနံပါတ်လေးကအစ အခုထိအလွတ်ရနေတုန်းပဲ ။ တစ်ယောက်တည်း

စိတ်ဓာတ်ကျနေတဲ့အချိန်တွေဆို နင့်ရဲ့စကားသံလေးတွေ ကြားယောင်နေမိတယ် ။ 

ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ် ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့မတွဲနဲ့ ဆိုတဲ့တားမြစ်ချက်တွေကို မငြင်းတတ်အောင် ပြင်ဆင်ထားပြီးပြီလေ နင်က ဘာလို့ တခြားရင်ခွင်ခိုဟောင်းနေရတာလဲ ?


နင်မရှိတော့

အတောင်ပံကျိုးတဲ့ ငှက်ငယ်လေးလို အရုပ်ကြိုးပျက်လဲပြိုလဲရတာ အကြိမ်ကြိမ်ပါပဲ ၊ နောက်ကျောကိုထိုးတဲ့ ဓားပဲဖြစ်ဖြစ် ရင်ကိုခွဲတဲ့ဓားပဲဖြစ်ဖြစ် ငါအစဉ်ပြေပါတယ် ၊ 


ခဏခဏ စိတ်ကောက်တတ်တဲ့ ဒီကောင်မလေး ဒီတစ်ခါစိတ်ကောက်တာ သက္ကရာဇ်တွေတောင် တစ်ခုပြီးတစ်ခုပြောင်းလာခဲ့တာ အတော်ကြာပြီနော် ငါကတော့ ထုံးစစံအတိုင်း စိတ်ကောက်နေတာပဲလို့ပဲ အခုထိထင်နေတုန်းပဲ မိရှင်နွေ ။


သတိရတယ်ကွာ အရာအားလုံးကိုပေါ့ 

နင်လည်း တခါတခါ တိုက်ဆိုင်မှုတွေရှိရင်တော့ သတိရချင်ရမှာပေါ့ ရယ်စရာဟာသတစ်ခုအနေနဲ့ မဖြစ်ရင် ငါကျေနပ်ပါပြီ

 ။ 


အဓိပတိကမ္မ


 ဒီရက်ပိုင်း စိတ်တွေ ညစ်နေတာပဲ သိတယ် ၊ ခေါင်းထဲမှာ ညစ်ညမ်းနေတာကလွဲပြီး ဘာမှမရှိဘူး ၊ အလုပ်ထဲမှာလဲ အထက်လူကြီးနဲ့ အစဉ်မပြေမှုတွေ ပိုပို များလာတယ် မိသားစုထဲမှာလည်း အစဉ်မပြေမှုတွေက ကဏ္ဍတိုင်းဖြစ်နေသလို ထွက်ပြေးစရာ နေရာလည်း မရှိသလို ရှောင်းပုန်းနေဖို့ဆိုတာသည်လည်း နေစကာနေရာမရှိတာ အတော်ဆိုးရွားလွန်းတာထဲက တစ်ခုပါပဲ ၊

ညဘက်တွေဆိုရင် ပြေးစရာနေရာတောင်မရှိလောက်ပါပဲ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး ကိုယ့်စိတ်ကြောင့်ပဲ လို့ပဲ ပြောလိုပါတော့တယ် ငါစိတ်မထားတတ်လို့ ငါစိတ်တွေက အဆိုးဘက်ကိုပဲ မြင်တတ်လို့ ကြည်ြတတ်လို့ ဖြစ်နေတာပဲလို့ပဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ် ။ 

အရင်က အိမ်ကလူတွေက ကိုယ်ပြောတကို လက်ခံကြသေးတယ် အခုတော့ ကိုယ်က ဘာကောင်မှမဟုတ်ဘူး ဆိုတာ သိသိလာတယ် ဘာမှ မပေးနိူင်တော့တဲ့အချိန်မှာ ကိုယ်က လူရာမဝင်ဘူး ဘောင်မဝင်ဘူး ငါကျု လူသားတစ်ယောက်လို့တောင် သဘောမထားကြတော့ပဲ ငါဆီက အဆီအနှစ်ကို စုပ်ယူဖို့ပဲ တွေးနေကြတာလား ၊ ငါရဲ့ ဝင်ငွေကိုပဲ အသင့်သုံးဖို့ စောင့်နေကြတာလား ငါသည် ငွေရှာပေးဖို့ပဲ အသုံးဝင်တာလား မပြောတတ်ပါဘူး ။ နောက်ပြီးတော့ စိတ်တိုင်းမကျမှုတွေ စိတ်အလိုမကျမှုတွေကလည်း နေရာတိုင်းမှာ ဖြစ်နေတယ် ၊ လူကလည်း လူရုပ်မပေါက်တော့ဘူး ရုပ်ပျက်ဆင်းပျက်‌ဖြစ်နေပြီးတော့ ညဘက်တွေမှာ အိပ်လို့မရဘူးဖြစ်နေတာကြ။ပြီး စားသောက်မှုတွေကလည်း ပျက်ဆီးနေပြီး ခန္ဒာကိုယ်လည်ပတ်နိူင်ဖို့တောင် ကယ်လိုရီလုံလုံလောက်လောက် မထည့်နိူင်သလို ဖြစ်နေတာ ကြာခဲ့ပါပြီ ၊ ကျန်းမာရေးသည်လည်း အတော်လေး ချို့ယွင်း ချို့တည့်လာတာ တွေ့ရတယ် ၊ ဒါတွေမပြောချင်တော့ပါဘူး ၊ သူတို့လည်း ကျနော်နဲ့ပတ်သတ်ဆက်နွယ်ရတာ ဝဋ်ကြွေးတစ်ခုလို့ မြင်ချင်မြင်ကြမှာပါ ၊ 

လူမှုရေးကဏ္ဍတွေမှာလည်း အတော်ပျက်ဆီးနေသလို ‌ပတ်ဝန်းကျင်နဲ့လည်း သဟဇာတ ဖြစ်မှု လုံးဝမရှိတာ တွေ့ရတယ် ။ 

စိတ်ဓာတ်ကျဆင်းမှုတွေကြောင့်ပဲလား မသိပေမယ့် ကိုယ်အလေးချိန်ကတော့ အတော်လေး ကျသွားပြီ ဒါထက်လည်း ကျစရာမရှိသလောက်ဖြစ်နေပါပြီ အခုဆိုရင် ၇၀အောက် ကျသွားတာက အဆိုးဆုံးအခြေအနေကို စိုက်သွားတာပဲ ၊ အရင်က ရှိတာမှ ၈၀ /၉၀ ဝန်းကျင်ပဲ ရှိတာလေ အခုက ၇၀ အောက်ဆိုတော့ စုပ်ပြတ်သတ်သွားတာပဲ ကိုယ်ကိုကိုယ်ပြန်ကြည့်ပြီးတောင် စိတ်ပျက်မိတယ် ။ 

ဘယ်အရာကိုမှ တိတိပပ သိထားခြင်းမရှိသော လူ‌တစ်ယောက်ရဲ့ လုပ်နိူင်စွမ်းသည် ဒီလောက်အကန့်အသတ်ပဲ ရှိတာလားဆိုပြီး တွေးရင်းတွေးရင်းနဲ့ စိတ်ပျက်မိတာတွေလည်း ပါဝင်ပါတယ် ။ 

 ကျနော်အခု အလုပ်လုပ်ရတာလည်း အစဉ်မပြေဘူးဗျာ ၊ စိတ်မကောင်းဖြစ်မိတယ် ၊ ကိုယ်ကိုကိုယ်ပြောတာပါ တခြားလူတွေကို မပြောလိုပါဘူး ၊ အခုက စားသောက်ရတာလည်း အစဉ်မပြေဘူးဗျ ၊ လူတွေရဲ့ အထင်သေးမှုတွေက အဆိုးဆုံးပဲ အဓိကတော့ မပြည်ြစုံတာပါပဲ ကိုယ်ကပဲ သိမ်ငယ်နေတာလားတော့ မပြောတတ်ပါဘူး ။ မပြည့်စုံတာတွေက အဆိုးဆုံးပါပဲ စားဖို့တောင် ဘာမှ မရှိ ၊ ထမင်းအပြင် ဘာမှ စားစရာမရှိ ထမင်းအပြင် ဘာမှစားစရာ မရှိဆိုတော့ ထမင်းကရော ထမင်းနဲ့တူနေတာတော့ မဟုတ်ပြန်ပါဘူး ၊ ထမင်းနဲ့စားစရာတောငလ ဘာမှ မရှိတာပါ တစ်လလုံး ဆီဆားလူးနဲ့ ကြက်ဥကြော် ဆီဆားလူးနဲ့ အာလူးကြော် နောက်ပြီး ဆီဆားလူးနဲ့ လက်ဖက်သုပ် ဒါပဲစားနေရတဲ့ ဘဝက အတော်ဆိုးဆိုးရွားရွားပါပဲ ၊ ကြာလာတော့လည်း စိတ်ဓာတ်တွေပါကျကျလာတယ် ၊ သုံးစရာ ပိုက်ဆံမရှိ မုန့်ဝယ်စားစရာ ဘာမှမရှိတာမျိုးမဟုတ် ဘာမုန့်မှ ဝယ်မစားရတာ ကြာပါပြီး အချိုရည် လ္ဘည်ရည်ဆိုတာကလည်း ကိုယ်နဲ့မသက်ဆိုင်သလို ဖြစ်နေတာသည်လည်း အချိန်အတော်ကြာပါပြီ ၊ 

ကိုယ့်ဘဝကို တွေးကြည့်ရင် စိတ်ပျက်မိတာ အတိုင်းအထက်အလွန်ပါပဲ ၊ မိသားစုထက်မှာ သိပ်ကို ရက်စက်လွန်းတာတွေ ရှိတယ် ၊ ကျနော်တို့သာ အလုပ်လုပ်ပြီး အခူလိုတွေ ဖြစ်နေတာ အိမ်မှာ အလုပ်သာ မရှိတာ သူဌေးလိုနေ သူဌေးလိုစား လူတွေက စာနာမှုကင်းမဲ့လှပြီး ကျနော်တို့ရဲ့ အဆီအနှစ်ကို ဆုတ်နေကြတာ သိပ်ကို တရားမျှတမှု ကင်းမဲ့နေတာ ဝမ်းနည်းစရာ အလွန်ကောင်းပါတယ် ။ ဘယ်လိုဝဋ်ကြွေးတွေ က ဒဏ်ခတ်လိုက်တာလည်း မပြောချင်ပါ ၊ မပြောတတ်လို့မဟုတ်ပါ။ ကိုယ်ပေါင်ကို လှန်ထောင်းသလိုဖ့စ်မှာ လည်း မလိုလားလို့ပါ ၊ လူ့အလွှာရဲ့ အောက်ဆုံးအဆင့်က လူတွေကတောင် ကိုယ်ကို ရွံ့သလိုကြည့် မဆက်ဆံချင်ကြတာ ပိုပြီး စိတ်မကေညင်းစရာ ဖြစ်မိတယ် ။ ဒါတွေကိုတော့ ဘယ်သူမှ သိကြမှာ မဟုဆ်ပါဘူး ကိုယ်စိတ်က လူတွေရဲ့ ဆက်ဆံမှု ပေါင်းသင်းမှုတွေကို အခြေခံပြီး သုံးသပ်တာပါ ။ 

ဒါလည်း ပြောစရာ ထူးပြီး မလိုပါဘူး လူကလည်း လူရုပ်မပေါက်တော့ဘူး ထမင်းငတ်နေတဲ့လူ‌တစ်ယောက်လို အရိုးပဲ ကျန်တော့တာ အားလုံးအသိပဲ ဖြစ်ပါတယ် ၊ ထမင်းနပ်မမှန်တဲ့ရုပ် ပေါက်နေတာတွေသည်လည်း အမှန်ပဲ ဖြစ်ပါတယ် ။ အပေါင်းအသင်းတွေကိုဆို အဆက်အသွယ်တောင် မလုပ်ရဲလောက်အောင် ဖြစ်နေတာ အမှန်ပဲ နောက်ပြီးတော့ သူတို့က ဆက်သွယ်လာရင်တောင် သူတို့ ကို ကိုယ်ဘဝရဲ့ အခြေအနေအမှန်ကို ပြောချင်စိတ်မရှိလောက်အောင် စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်နေတာပါပဲ ။ ဒီကိစ္စတွေကို အမေက သိတော့သိပါတယ် အမေရော ကျနော်ကပါ ဒီလိုခံစားနေရတာဖြစ်သလို အမေလည်း အရိုးနဲ့အရည်ကပ်နေတာ ကျနော်မြင်ပါတယ် ကိုယ့်ဝင်ငွေနဲ့ကိုယ် မသုံးရပါပဲ သူတို့အပါ်ပေးဆပ်နေတာတွေသည်လည်း အရာမထင်ပါ သနားခြင်း သီးခံခြင်း နားလည်ပေးခြင်း လုံးဝလုံးဝ မရှိတာသည်လည်း သာထက် ဝမ်းနည်းစရာဖြစ်မိပါတယ် ။ 


ဒီလပိုင်းတွေမှာ ကျန‌ော် ရောဂါတွေ အမျိုးမျိုးရနေတယ် ဖျားနာတွေရှိတယ် ချောင်းဆိုးနှာစီးတာတွေ နှခမ်းကွဲလာတယ် အခုထပ်ပြီး မျက်လုံးနာ မျက်လုံးအပူဖုတွေပေါက်နေတာတွေကလည်း ရှိတယ် ၊ နောက်ပြီးတော့ အားနည်းလို့ ခေါင်းမူးတာ အမောလွယ်တာ နဲ့ မျက်လုံးပြာနေတာတွေကလည်း ခဏခဏဖြစ်နေပြီ ။ 

ဒါတွေက အာဟာရမပြည့်မဝလို့ ဖြစ်တာပဲလို့ ကျနော်သိပါတယ် သို့ပေမယ့် စားသောက်ဖို့အတွက် ငွေကြေးမရှိဘူး ဝယ်စားဖို့အတွက် လက်ထဲငွေးလုံးဝ လုံးဝ ရှိ‌မနေပါဘူး ။ 


ဒီခိုရှင်သန်နေလို့ မရဘူးဆိုတာ သိပါတယ် ဘယ်လိုရှင်သန်ရမလဲဆိုတာကိုပဲ မသိတာပါ ။

ဒီ‌ဝင်ငွေနဲ့ပဲ ရှင်သန်နေကြတာတူညီကြပေမယ့် စားရတာခြင်းမတူဘူး သောက်ရတာခြင်းမတူဘူး သွားရတာ ဝတ်ရတာခြင်းမတူညီကြဘူး။ ကိုယ်က သူတို့ထက် မြင့်နေတာမဟုတ်ပဲ အလွန်အင်မတန် နိမ့်ကျနေတာ ဘာကြောင့်လဲ ကျနော်မပြောချင်ဘူး ။ 

ဒီအသက်ဒီအရွယ်နဲ့ သူတပါးကို အပြစ်မတင်ချင်ဘူး ကိုယ့်ကိုကိုယ်ပဲ အပြစ်မြင်မိပါတယ် ၊ ငါဘာတွေမှားနေတာလဲ ငါဘယ်လိုအမှားတွေ လုပ်မိတာလဲ ဆိုတာတွေလည်း သိသင့်သလောက် သိပါတယ် ဒါပေမယ့်လည်း ဘယ်လိုဘယ်ပုံ စားသောက် ရှင်သန်ရမလဲ ဆိုတာကိုတောင် မသိနိူဂ်လောက်အောင်ပါပဲ ။ 

အမေ့ဆီက ယူထားသော အမေ့အမျိုးတွေကလည်း အမေပစ္စည်းကို အမေက ပြန်တောင်းတာတောင် အမေ့ကို အပြစ်မြင်တတ်ကြတာ သိပ်ကို ဆိုးရွားလွန်းပါတယ် ၊ ကျနော်တို့ မိသားစု ဒုက္ခတွေနဲ့ ပင်လယ်ဝေနေချိန်မှာ ယူထားသော အရာကို သူတို့ အေးဆေးဖြစ်နေချိန်မှာ ပြန်တောင်းတာတောင် စိတ်ဆိုးမာန်ဆိုးနဲ့ လုပ်ရက်ကြသော လူတွေကိုလည်း တကယ်အံ့ဩမိတာတော့လည်း အမှန်ပါပဲ ။ 

ဒီရက်ပိုင်း ကျနော်ကျန်းမာရေးတစ်ခုပဲ မကောင်းတာ မဟုတ်ဘူး တခြား လူမှု့ရေးကဏ္ဍတွေသည်လည်း အေး‌စက်သွားတာတွေ အနေအေးသွားကြသူတွေ အများကြီးရှိတယ် ၊ ဒါတင်ပဲလားဆိုတော့လဲ မဟုတ်ပါဘူး အလုပ်ပြန်လာတိုင်း လူနဲ့မတူအောင် အမြဲမူးလာသော တခန်းထဲနေသူတစ်ယောက် ရှိတာသည်လည် ဝမ်းနည်းဖွယ်ရာပေါ့ သူသည်လည်း ကျနော်နဲ့ ဘောဒါသူငယ်ချင်းမဟုတ်ပဲ ကျနော်ရဲ့ မိသားစုဝင်‌ဖြစ်နေတာသည်လည်း ပိုပြီး စိတ်မကောင်းစရာပေါ့ ။ 

ဒါနဲ့လည်း မပြီးသေးပါဘူး အလုပ်ထဲမှာလည အစဉ်မပြေဘူးတွေ ရှိပါသေးတယ် ၊ အလုပ်သလောအရဆက်ဆံရသူတွေနဲ့ လုပ်ငန်းခွင်မှာ မပြေလည်မှုတွေ အများကြီးရှိပြီး လက်အောက်ငယ်သားတွေနဲ့ ဖြစ်တာမဟုတ်ပဲ မိမိရဲ့အထက်လူကြီးဖြစ်နေတာတွေဆိုတော့ ပိုပြီး ဖိအားပြင်းထန်တာပေါ့ ၊ 

အစားအသောက်ခက်ခဲတာတွေက ဒီရက်ပိုင်း ပိုပြီးများပြားလာတာတွေ ရှိတယ်ဆိုပေမယ့် 

အစဉ်ပြေကောင်းခာတာတွေလည ရှိပါတယ် ကောင်းတာမရှိဘူးလား ဆိုတော့ ရှိပါတယ် ရှိသင့်သလောက်ပေါ့ အတူနေသော တဝန်းထဲနေသော လူတွေထဲကမိန်းကလေး သူငယ်ချင်းတစ်ယောက် အမြဲဖုန်းခေါ်စကားပြောတာရှိသလို သူငယ်ချင်းအဟောင်းတွေက ဖုန်းဆက်ပြီး အကျိုးသင့်အကြောင်းသင့် စကားပြောကြတာတွေရှိလို့ တစ်မျိုးတော်သေးတယ်လို့ ပြောရင်ရပါတယ် ။ အများကြီး အစဉ်ပြေတာမဟုတ်ပေမယ့် စိတ်ထဲ ‌ေခတ္တခဏတော့ ကြည်နူးပီတိပျော်ရွင်မိတော့တော့ ရှိပါတယ် ။ ခဏတာပြုံးရတယ်ဆိုပေမယ့် တကယ်ကေနပ်စွာ ပြုံးမိတာ သတိထားပါတယ် ။ ဒါတွေက ပြောပလောက်တဲ့စကားမဟုတ်ပေမယ့် တရားထိုင်ထားသော အကျိုးတစ်ခုကြောင့် ငါ့စိတ်က ဘာတွေ ဖြစ်လိုက်တယ် ဘာတွေ တွေးလိုက်တယ် ဆြိတာကို သတိထားကြည့်ကြည့်မိသော အခိုက်အတန့်လေးတွေကို ဖမ်းဆုတ်ထားနိုင်သော အနေအထားတော့ ရှိပါတယ် ။ 


အထက်က အကြောင်းအရာတွေကို အကုန်လုံးလို့တော့ မထင်စေချင်ဘူး အဲ့ထက်ဆိုး‌ရွားသော အတွေးတွေ အများကြီး ရှိတယ် ကိုယ့်ကိုကိုယ် ပြန်ပြောတာတွေ အဆိုးဆုံးတွေသည်းလည်း အများကြီး ရှိပါသေးတယ် ။


အလုပ်ကလည်း အစဉ်မပြေတာပဲ ရှိတာမဟုတ်ပါဘူး 

အစဉ်တာတွေကလည်း အများကြီး ရှိပါတယ် အလုပ်ချိန်က မနက်တစ်ပိုင်း အချိန်တစ်နာရီခွဲ နှစ်နာရီထက်မပိုဆာကလည်း တစ်မျိုးကောင်းပါတယ် ၊ အဲ့တာပြီးရင်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေဆိုတော့ အတော်လေးကောင်းပါတယ် ။ 

ပင်ပန်းအောင်လုပ်ရတာ ဘာမှမရှိပါဘူး လုပ်စရာအလုပ်မရှိလို့ ရှိအောင် ရှာဖွေပြီး လုပ်နေရသော အလုပ်တွေ ဖြစ်ပါတယ် ၊ 

မကောင်းတာက လခ မကောင်းဘူး လုပ်ရသော အလုပ်က ပေါက်တူးပေါက်သန့်ရှင်းရေစ တောက်တိုအလုပ်ဆိုကတော့ သဘောမကျဘူး ။ 

အပြင်မှာနေရတာထက်စာရင် ဒီထဲမှာ အများကြီး လုံခြုံပါတယ် ပြည်သူ့စစ်မှုထမ်းလည်း မကြောက်ရသလို ပေါ်တာဆွဲတာကိုလည်း ဂရုစိုက်စရာ မလိုဘူး နောက်ပြီးတော့ ပဒက်က လာဆွဲမှာလည်း ပူစရာမလို အလှုလာခံမယ့် ဘယ်အကြမ်းဖက်အဖွဲ့မှ မရှိတာ သိပ်ကိုကောင်းပါတယ် ။ နိူင်ငံရေး ရပ်တည်ချက်တွေအရ ဆစ်ဖက်ထဲရှိတာသည်လည်း တစ်မျိုးကောင်းပါတယ် ပြောချင်သလိုပြော လို့ရသလို ထင်ရာမြင်ရာတွေကိုလည်း ပြောခွင့်ရပါတယ် ။ ဒါသည်လည်း အနည်းအကျင်းတော့ အတားအဆီးတော့ ရှိတာပေါ့ အပြည့်အဝပြောလို့ မရပေမယ့် ပြောချင်ရာတော့ ပြောခွင့်ရပါသေးတယ် ။ 

အပြင်မှာသာဆို ပါးစပ်ပိတ်ပြီး အများအကြိုက်လိုက်ထိုက်လိုက်ပြောပေးနေရမယ့် အနေအထား သူတိုါပြောတာကျုပဲ ခေါင်းငုပ်နားထောင်နေရမယ့် အခြေအနေတွေကိုတော့ ကျေ

ာ်လွင်လာတာပေါ့ ။ 


 ငါတို့ပြောတာ မှန်ပါတယ်လို့ ပြောပြတာမဟုတ်ဘူး

ငါတို့မှန်တယ် ထင်တာကိုပဲ ပြောသွားတာ

ငါတို့ကို တုန့်ပြန်ချင်တာရှိရင်လည်း ငါတို့ပြောတဲ့အချက်အလက်နဲ့ ငါတို့ရဲ့ထင်မြင်ယူဆချက်တွေက ဘာကြောင့် ဘယ်လို့ကြောင့် ဆိုတာကိုလည်း အကျိုးသင့်အကြောင်းသင့်တော့ ပြောတတ်ဖို့တော့ ကြိုပြင်လာခဲ့ပေါ့ကွာ 

 ။

 "ကိုယ်ဘယ်မှာအထီးကျန်လို့လဲ"

ကိုယ့်ဘာသာ အားတင်းနေရင်း အလိုလို မျက်ရည်အစအနတွေက စို့နစ်လာတယ် ။

နှလုံးသားနဲ့ လှလှပပရေးခြစ်ထားတဲ့ ကဗျာအတိုအစကို အ‌ေဖာ်ပြုရင်း ရင်ခုန်ရတဲ့သူငယ်ချင်းတစ်ယောက် ဆိုတာထက် အများကြီး ပိုခဲ့တယ် ။

ရေးလက်စ ကဗျာလေးတွေ ကိုယ့်နှလုံးသားမှာရှိနေတယ် ၊ 

အဆုံးမသတ်လိုက်ရသေးတဲ့ ကဗျာလေးတွေပေါ့ ၊

 ချစ်ခြင်းမေတ္တာတွေကတော့ ကြေကွဲ ဝမ်းနည်းစွာနဲ့ပဲ အားလုံးပြီးဆုံးသွားပါပြီ ။

ကြယ်တာရာတွေ အစုံအလင်ဖူးပွင့်နေတဲ့ ညနက်တွေမှာ သဘာဝတရားကြီးနဲ့ နေ့စဉ်နေ့တိုင်း များစွာသောစကားတွေပြောပြမယ် ။

မီးရောင်စုံတွေအောက်က 

ကခြေသည်မလေးတွေကို လိင်စိတ်အပြည့်နဲ့ တငေးတမော ထိုင်ကြည့်ရင်း ချစ်ကြိုးလေးတွေ ပြတ်တောက်သွားတဲ့ ရင်ခွင်တစ်စုံကို သတိရ လွမ်းဆွေး‌ေနမိတယ် ။ 

အမှန်အတိုင်းဝန်ခံရရင် ကိုယ် တကယ်အထီးကျန်နေပါတယ် ၊ 

ငါ့ရဲ့စိတ်တူကိုယ်တူလေးကို ဘယ်နေရာရောက်ရောက် အပြေးအလွှား ရှာနေမိသလိုပဲ 

တိမ်စိုင်တွေကို ခိုစီးပြီး ကမ်းစပ်တွေနားထိ ခရီးတွေဆက်လို့ ရှာဖွေခဲ့တယ် ။

ပျောက်နေသူတစ်ယောက်လို့ ထင်ထားခဲ့တာ အမှန်တကယ်တော့ ရှောင်ပုန်းနေသူဖြစ်နေတာပဲ တွေ့ခဲ့ရတယ် ။ 

နင်ပျော်ပါစေ နင်အစဉ်ပြေပါစေ ဆိုတဲ့သောက်ပိုစကား‌ေတွပဲ ပြောပြီး နှုတ်ဆက်ပါတယ် မိရှင်နွေ ။



အဓိပတိကမ္မ 


 စိတ်ဓာတ်ကျခြင်းက ရုန်းထွက်နိူင်မယ့် အကြောင်းအရာတစ်ခုကို ခိုင်ခိုင်မာမာ ရချင်တယ် ၊ 

ငါတစ်ယောက်တည်းတည်း ဘဝအဓ္ဓာပါယ်တွေကို တွေးတောရင်း အိမ်မက်မဟုတ်တဲ့ ဒုက္ခတွေကို ဖယ်ခွါနိူင်မယ့် လောကတစ်ခုဆီ သွားချင်တယ် ။


ခြေဦးတည်ရာ လှည့်လည်ပြေးလွှားရင်း မမေးဘူးတဲ့မေးခွန်းတွေ ကိုယ်ကိုကိုယ်ပြန်မေးရင်း ရယ်စရာတွေက ဘဝထဲက ထွက်ပြေးသွားခဲ့တာ ကြာခဲ့ပြီ ၊


ဘဝဆိုတာ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားထဲက ရှင်သန်ခြင်း ဆိုတာကောင်းကောင်းကြီး သဘောပေါက်နားလည်ပါသော်လည်း လောကဓံတရားသည်လည်း ဘဝထဲက ထပ်တူပေးသော အရာတွေဖြစ်တယ် ။


လူမမြင်တဲ့ ငါ့ရင်ထဲက သောကတွေနဲ့ ဆင်ခြေတွေကို မနားတမ်းပေးပြီး ဘဝရဲ့သာယာမှု ဘဝရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာ သိပ်ဝမ်းနည်းဖို့ကောင်းတယ် ။


ဖြစ်နိူင်ရင်လေ ဘဝရဲ့အပြင်ကို ပြေးထွက်ပြီး သီးချင်းတွေ အော်ဆိုအစ်ချင်တယ် အကျိုးအကြောင်းတိုက်ဆိုင်ရင်တောင် ဘဝရဲ့ဒုက္ခတွေက်ု မတွေးမိချင်လောက်အောင် ဒုက္ခတွေကို စိတ်ကုန်နေပြီ ။


အရက်သေစာတွေ လောင်းကစားတွေနဲ့ မပျော်မွှေ့တဲ့ လူတစ်ယောက်မှာ ကမ္ဘာကြီးကို ပျောက်နေသလို အရာရာက ဗလာနိတ္ထိဖြစ်နေတယ် ။

သိုးမည်းကြီးတစ်ကောင်လို အဖော်ကင်းမဲ့လျက် အထီးကျန်ခြင်းတွေနဲ့ လူသမိုင်းကို ငြင်းချက်တွေထုတ်ပြန်ပြီး တထွေးနဲ့ထွေးပြီး ပြေးထွက်ချင်တယ် ။

တစ်စုံတစ်ယောက်ကပဲ ဒုက္ခပေးတာမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံး လူ့အသိုက်အဝန်းတစ်ခုလုံးက ပေးတဲ့ဒုက္ခတွေကြောင့် ငါလည်း ယိုင်နှဲနှဲသာ ကျန်ရစ်တော့တယ် ။ 

လဲကျမသွားတာပဲရှိတာ ပြန်ထူထောင်နိူင်ဖို့ဆိုတာက မျှော်မှန်းနိူင်စွမ်းတောင် မရှိသလောက်ပါပဲ ။ 

အိမ်မက်တွေထဲမှာ တစ်ခါတစ်ခါ ပျော်စရာတွေ တွေ့တတ်ပါတယ် သို့သော် အိပ်စက်ခြင်းကိုရဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ငါလည်း အခုထိမသိသေးဘူး ။


အိပ်ယာထဲမှာ မျက်လုံးမမှိတ်‌နိူင်ပဲ ပက်လက်လှန်လိုက် ဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ လူကလည်း မျက်ရည်နဲ့မျက်ခွက် သိပ်ကို စိတ်ပျက်အားငယ်နေမိတာမျိုးတွေကလည်း ဘဝထဲမှာ အမြှောက်အများရှိတယ် ။ 

ငယ်ရွယ်တုန်းက မသင်ကြားခဲ့တဲ့ပညာအရည်အချင်းကို နောင်တတွေကြီးစွာရရင်း ဗလာစာအုပ်တွေထဲ ရေးချနေတဲ့အကြောင်းအရာတွေက သူသိသူတတ်ကြီး လုပ်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေသော်လည်း အမှန်တကယ်က ဘာဆိုဘာမှ မသိသေးသော လူတစ်ယောက်က ကျနော်ပါပဲ ။


ဘယ်လိုစားရမယ် ဆိုတာမသိဘူး 

ဘယ်လိုအိပ်ရမယ်ဆိုတာ မသိဘူး 

ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိဘူး

ဘယ်လိုအသက်မွေးရမယ်ဆိုတာ မသိဘူး 

နောက်ဆုံး ဘယ်လိုရှင်သန်ရမလဲ ဆိုတာတောင် မသိပါပဲ သေသွားနိူင်တယ် ။ 


ဘဝရဲ့အဓိပါ္ပယ်ကို ဘယ်က ရှာဖွေရမလဲ ဆိုတာ မသိ လူဆိုတာ အမှားနဲ့ မကင်းနိူင်ဘူးဆိုတာ သိပေမယ့် ဘဝတစ်လျှောက်လုံးနီးပါး မှားယွင်းလာလိုက်တာ ဘယ်လိုပြုပြင်ယူရမလဲ ဘယ်လို လမ်းမှန်ကိုလျှောက်လှမ်းရမလဲ ဆိုတာကို သိပါလျှက်နဲ့တောင် မလျှောက်လှမ်းနိူင်လောက်အောက် လွှမ်းမိုးခံလိုက်ရတာ စိတ်မကောင်းစရာအကောင်းဆုံး ဘဝရဲ့ သင်ခန်းစာတစ်ခုပါပဲ

အမှန်မြင်နိူင်ပါလျှက်နဲ့ မမှန်နိူင်လောက်အောင် ဘဝက လမ်းမှားတွေထဲကို စိတ်ထင်တိုင်း တိုးဝင်နေမိခဲ့တာ ။ 



အဓိပတိကမ္မ 

17092024





 သာမန် သောက်ရှက်နဲ့တော့ မရဘူး

ဆရာက တပည့်ကို ရန်သူလို တိုက်ခိုက်ကြတယ် 

ခေါင်းဆောင်က နောက်လိုက်ကို ထိုးချတယ် 

အဆိုးဆုံးကတော့ ဆရာလုပ်ချင်သူတွေ ခေါင်းဆောင်လုပ်ချင်သူတွေက အချင်းချင်းကြားထဲ အပုပ်ချအပြစ်တင်‌ကောက်ကျစ်ပြီး နေရာလိုချင် အာဏာလိုချင်တာမျိုးကျတော့ ပုဆိုးပြဲနဲ့ဘုရင်လုပ်နေတာမျိုးနဲ့တူတယ် ။ 

အများကြီးမပြောတော့ပါဘူး အောက်တန်းကျတဲ့စိတ်ဓာတ်နဲ့တော့ လူကြီးလူကောင်း ဖြစ်မလာနိူင်ဘူး ဆိုတာလေးတော့ သိထားကြပေါ့ ။


🎈ကျနော်နဲ့မတည့်လို့ မကောင်းတာလား

ကျနော်မကောင်းလို့ မတည့်တာလား ဆိုတာလေးပဲ ပြောချင်ပါတယ် ။ 

ခင်များတို့က ခင်များတို့ကိုပညာတတ်လို့ ခံယူထားကြတာပဲ ဆုံးဖြတ်ချက်တွေတော မှန်ကန်ပါစေဗျာ ။ 


ဆေးဆရာတွေ ဆုံးဖြတ်ချက်မှားရင် လူနာသေတယ် 

စစ်ဗိုလ်ချုပ်တွေ ဆုံးဖြတ်ချက်မှားရင် မိမိတပ်သားတွေ သေကြေတယ် ၊

ရှင်ဘုရင်တွေ အမှားလုပ်ရင်တော့ တတိုင်းပြည်လုံး သေကြေတတ်တာပဲ မဟု

တ်လား ။




 ဘယ်လောက်ပဲ ခက်ခဲနေပါစေ သင်အသက်ရှင်နေသေးတယ် မဟုတ်လား တချို့တွေဆို အလုံးလိုက် အရင်းလိုက် သေကြေနေကြတာ အားလုံးအသိပဲ မဟုတ်လား ၊ 

အလောင်းပုံတွေ အသတ်သတ်ခံရတာတွေ စစ်ပွဲအတွင်း တိုက်ပွဲတွေအတွင်း သေကြေမှုတွေ အများကြီးပဲ နေ့စဉ်လိုလို မြင်တွေ့နေရတာပဲ မဟုတ်လား ၊ တောင့်ထားကြပါ ၊ 

တောင့်ထားအောင်မောင်း ဆိုတဲ့စကား မြန်မာတိုင်းအတွက် မစိမ်းပါဘူး 

တောင့်ထားကြနော် လိမ္မာတဲ့သူတွေတော့ကျန်ခဲ့ပါလိမ့်မယ် ပါးနပ်သူတွေ ကျန်ရစ်ပါလိမ့်မယ် မြန်မာပြည်အတွက် သိပ်မကြာနိူင်တော့ပါဘူး ကမ္ဘာကြီးအတွက်တော့ မပြီးသေးဘူး အခုမှ စတာပဲလားတော့ မပြောတတ်သေးဘူး ။ 

တချို့ခေါင်းဆောင်‌တွေက သေစေနိူင်သော နေရာတွေ တွန်းပို့ပေးပြီး အသုံချချင်နေကြတာ 

တချို့တွေကျတော့လည်း ရိုးသားစွာ သေတွင်းထဲ ပို့ပေးနေတတ်ကြတယ် ၊

စိတ်ခံစားချက်တွေတော့ ရှိတာပေါ့ မကျေနပ်ချက်တွေ မကျေလည်မှုတွေ သတ်လိုဖြတ်လိုစိတ်တွေနဲ့ ရက်စက်လိုစိတ်တွေကတော့ တနင့်တပိုး အများကြီးပေါ့ ၊ ဒါပေမယ့်လည်း ကိုယ်ကျန်ရစ်မှ ဖြစ်မယ် ၊ ကိုယ်ကသာ အသက်ရှင်လျက်နဲ့ မကျန်ခဲ့ရင် ကိုယ်ထက် ရှုံးတဲ့သူမရှိနိူင်တော့ဘူး ၊ 

အကောင်းဆုံးသင်ခန်းစာတွေတော့ ရခဲ့တာပေါ့ ရန်သူရဲ့ တိုက်ခိုက် စော်ကားမှုတွေရော မိတ်ဆေ‌ွတွေရဲ့ ကောက်ကျစ်မှုတွေရော နောက်ပြီး ရှိသေးပါတယ် အားကိုးအားထားပြုပေးမယ့် အဖွဲ့အစည်းတွေ အကာအကွယ်ပေးမယ့် အစည်းအရုံးတွေနဲ့ ထောက်ထားညှာတာမှုတွေသည် ဗလာနိတ္ထိဆိုတာ နောက်လူတွေ သိအောင်ပြောပြပေးမယ် ။ 

အရာအားလုံးဟာ အကျိုးစီးပွားပဲ ရှိတယ် ၊

နိူင်ငံရေးမှု သူ့ဘက်ကိုယ်ဘက်မရှိဘူးတဲ့ 

အကျိုးစီးပွားသက်သက်သာ ရှိ၏ တဲ့ ဆရာရာသန့် မသေခင်လေး ပြောသွားခဲ့တာ နားထဲ အခုထိစွဲနေတုန်းပဲ ။


အဓိ

ပတိကမ္မ


 ဒီရက်ပိုင်း စိတ်တွေ ညစ်နေတာပဲ သိတယ် ၊ ခေါင်းထဲမှာ ညစ်ညမ်းနေတာကလွဲပြီး ဘာမှမရှိဘူး ၊ အလုပ်ထဲမှာလဲ အထက်လူကြီးနဲ့ အစဉ်မပြေမှုတွေ ပိုပို များလာတယ် မိသားစုထဲမှာလည်း အစဉ်မပြေမှုတွေက ကဏ္ဍတိုင်းဖြစ်နေသလို ထွက်ပြေးစရာ နေရာလည်း မရှိသလို ရှောင်းပုန်းနေဖို့ဆိုတာသည်လည်း နေစကာနေရာမရှိတာ အတော်ဆိုးရွားလွန်းတာထဲက တစ်ခုပါပဲ ၊

ညဘက်တွေဆိုရင် ပြေးစရာနေရာတောင်မရှိလောက်ပါပဲ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး ကိုယ့်စိတ်ကြောင့်ပဲ လို့ပဲ ပြောလိုပါတော့တယ် ငါစိတ်မထားတတ်လို့ ငါစိတ်တွေက အဆိုးဘက်ကိုပဲ မြင်တတ်လို့ ကြည်ြတတ်လို့ ဖြစ်နေတာပဲလို့ပဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ် ။ 

အရင်က အိမ်ကလူတွေက ကိုယ်ပြောတကို လက်ခံကြသေးတယ် အခုတော့ ကိုယ်က ဘာကောင်မှမဟုတ်ဘူး ဆိုတာ သိသိလာတယ် ဘာမှ မပေးနိူင်တော့တဲ့အချိန်မှာ ကိုယ်က လူရာမဝင်ဘူး ဘောင်မဝင်ဘူး ငါကျု လူသားတစ်ယောက်လို့တောင် သဘောမထားကြတော့ပဲ ငါဆီက အဆီအနှစ်ကို စုပ်ယူဖို့ပဲ တွေးနေကြတာလား ၊ ငါရဲ့ ဝင်ငွေကိုပဲ အသင့်သုံးဖို့ စောင့်နေကြတာလား ငါသည် ငွေရှာပေးဖို့ပဲ အသုံးဝင်တာလား မပြောတတ်ပါဘူး ။ နောက်ပြီးတော့ စိတ်တိုင်းမကျမှုတွေ စိတ်အလိုမကျမှုတွေကလည်း နေရာတိုင်းမှာ ဖြစ်နေတယ် ၊ လူကလည်း လူရုပ်မပေါက်တော့ဘူး ရုပ်ပျက်ဆင်းပျက်‌ဖြစ်နေပြီးတော့ ညဘက်တွေမှာ အိပ်လို့မရဘူးဖြစ်နေတာကြ။ပြီး စားသောက်မှုတွေကလည်း ပျက်ဆီးနေပြီး ခန္ဒာကိုယ်လည်ပတ်နိူင်ဖို့တောင် ကယ်လိုရီလုံလုံလောက်လောက် မထည့်နိူင်သလို ဖြစ်နေတာ ကြာခဲ့ပါပြီ ၊ ကျန်းမာရေးသည်လည်း အတော်လေး ချို့ယွင်း ချို့တည့်လာတာ တွေ့ရတယ် ၊ ဒါတွေမပြောချင်တော့ပါဘူး ၊ သူတို့လည်း ကျနော်နဲ့ပတ်သတ်ဆက်နွယ်ရတာ ဝဋ်ကြွေးတစ်ခုလို့ မြင်ချင်မြင်ကြမှာပါ ၊ 

လူမှုရေးကဏ္ဍတွေမှာလည်း အတော်ပျက်ဆီးနေသလို ‌ပတ်ဝန်းကျင်နဲ့လည်း သဟဇာတ ဖြစ်မှု လုံးဝမရှိတာ တွေ့ရတယ် ။ 

စိတ်ဓာတ်ကျဆင်းမှုတွေကြောင့်ပဲလား မသိပေမယ့် ကိုယ်အလေးချိန်ကတော့ အတော်လေး ကျသွားပြီ ဒါထက်လည်း ကျစရာမရှိသလောက်ဖြစ်နေပါပြီ အခုဆိုရင် ၇၀အောက် ကျသွားတာက အဆိုးဆုံးအခြေအနေကို စိုက်သွားတာပဲ ၊ အရင်က ရှိတာမှ ၈၀ /၉၀ ဝန်းကျင်ပဲ ရှိတာလေ အခုက ၇၀ အောက်ဆိုတော့ စုပ်ပြတ်သတ်သွားတာပဲ ကိုယ်ကိုကိုယ်ပြန်ကြည့်ပြီးတောင် စိတ်ပျက်မိတယ် ။ 

ဘယ်အရာကိုမှ တိတိပပ သိထားခြင်းမရှိသော လူ‌တစ်ယောက်ရဲ့ လုပ်နိူင်စွမ်းသည် ဒီလောက်အကန့်အသတ်ပဲ ရှိတာလားဆိုပြီး တွေးရင်းတွေးရင်းနဲ့ စိတ်ပျက်မိတာတွေလည်း ပါဝင်ပါတယ် ။ 

 ကျနော်အခု အလုပ်လုပ်ရတာလည်း အစဉ်မပြေဘူးဗျာ ၊ စိတ်မကောင်းဖြစ်မိတယ် ၊ ကိုယ်ကိုကိုယ်ပြောတာပါ တခြားလူတွေကို မပြောလိုပါဘူး ၊ အခုက စားသောက်ရတာလည်း အစဉ်မပြေဘူးဗျ ၊ လူတွေရဲ့ အထင်သေးမှုတွေက အဆိုးဆုံးပဲ အဓိကတော့ မပြည်ြစုံတာပါပဲ ကိုယ်ကပဲ သိမ်ငယ်နေတာလားတော့ မပြောတတ်ပါဘူး ။ မပြည့်စုံတာတွေက အဆိုးဆုံးပါပဲ စားဖို့တောင် ဘာမှ မရှိ ၊ ထမင်းအပြင် ဘာမှ စားစရာမရှိ ထမင်းအပြင် ဘာမှစားစရာ မရှိဆိုတော့ ထမင်းကရော ထမင်းနဲ့တူနေတာတော့ မဟုတ်ပြန်ပါဘူး ၊ ထမင်းနဲ့စားစရာတောငလ ဘာမှ မရှိတာပါ တစ်လလုံး ဆီဆားလူးနဲ့ ကြက်ဥကြော် ဆီဆားလူးနဲ့ အာလူးကြော် နောက်ပြီး ဆီဆားလူးနဲ့ လက်ဖက်သုပ် ဒါပဲစားနေရတဲ့ ဘဝက အတော်ဆိုးဆိုးရွားရွားပါပဲ ၊ ကြာလာတော့လည်း စိတ်ဓာတ်တွေပါကျကျလာတယ် ၊ သုံးစရာ ပိုက်ဆံမရှိ မုန့်ဝယ်စားစရာ ဘာမှမရှိတာမျိုးမဟုတ် ဘာမုန့်မှ ဝယ်မစားရတာ ကြာပါပြီး အချိုရည် လ္ဘည်ရည်ဆိုတာကလည်း ကိုယ်နဲ့မသက်ဆိုင်သလို ဖြစ်နေတာသည်လည်း အချိန်အတော်ကြာပါပြီ ၊ 

ကိုယ့်ဘဝကို တွေးကြည့်ရင် စိတ်ပျက်မိတာ အတိုင်းအထက်အလွန်ပါပဲ ၊ မိသားစုထက်မှာ သိပ်ကို ရက်စက်လွန်းတာတွေ ရှိတယ် ၊ ကျနော်တို့သာ အလုပ်လုပ်ပြီး အခူလိုတွေ ဖြစ်နေတာ အိမ်မှာ အလုပ်သာ မရှိတာ သူဌေးလိုနေ သူဌေးလိုစား လူတွေက စာနာမှုကင်းမဲ့လှပြီး ကျနော်တို့ရဲ့ အဆီအနှစ်ကို ဆုတ်နေကြတာ သိပ်ကို တရားမျှတမှု ကင်းမဲ့နေတာ ဝမ်းနည်းစရာ အလွန်ကောင်းပါတယ် ။ ဘယ်လိုဝဋ်ကြွေးတွေ က ဒဏ်ခတ်လိုက်တာလည်း မပြောချင်ပါ ၊ မပြောတတ်လို့မဟုတ်ပါ။ ကိုယ်ပေါင်ကို လှန်ထောင်းသလိုဖ့စ်မှာ လည်း မလိုလားလို့ပါ ၊ လူ့အလွှာရဲ့ အောက်ဆုံးအဆင့်က လူတွေကတောင် ကိုယ်ကို ရွံ့သလိုကြည့် မဆက်ဆံချင်ကြတာ ပိုပြီး စိတ်မကေညင်းစရာ ဖြစ်မိတယ် ။ ဒါတွေကိုတော့ ဘယ်သူမှ သိကြမှာ မဟုဆ်ပါဘူး ကိုယ်စိတ်က လူတွေရဲ့ ဆက်ဆံမှု ပေါင်းသင်းမှုတွေကို အခြေခံပြီး သုံးသပ်တာပါ ။ 

ဒါလည်း ပြောစရာ ထူးပြီး မလိုပါဘူး လူကလည်း လူရုပ်မပေါက်တော့ဘူး ထမင်းငတ်နေတဲ့လူ‌တစ်ယောက်လို အရိုးပဲ ကျန်တော့တာ အားလုံးအသိပဲ ဖြစ်ပါတယ် ၊ ထမင်းနပ်မမှန်တဲ့ရုပ် ပေါက်နေတာတွေသည်လည်း အမှန်ပဲ ဖြစ်ပါတယ် ။ အပေါင်းအသင်းတွေကိုဆို အဆက်အသွယ်တောင် မလုပ်ရဲလောက်အောင် ဖြစ်နေတာ အမှန်ပဲ နောက်ပြီးတော့ သူတို့က ဆက်သွယ်လာရင်တောင် သူတို့ ကို ကိုယ်ဘဝရဲ့ အခြေအနေအမှန်ကို ပြောချင်စိတ်မရှိလောက်အောင် စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်နေတာပါပဲ ။ ဒီကိစ္စတွေကို အမေက သိတော့သိပါတယ် အမေရော ကျနော်ကပါ ဒီလိုခံစားနေရတာဖြစ်သလို အမေလည်း အရိုးနဲ့အရည်ကပ်နေတာ ကျနော်မြင်ပါတယ် ကိုယ့်ဝင်ငွေနဲ့ကိုယ် မသုံးရပါပဲ သူတို့အပါ်ပေးဆပ်နေတာတွေသည်လည်း အရာမထင်ပါ သနားခြင်း သီးခံခြင်း နားလည်ပေးခြင်း လုံးဝလုံးဝ မရှိတာသည်လည်း သာထက် ဝမ်းနည်းစရာဖြစ်မိပါတယ် ။ 


ဒီလပိုင်းတွေမှာ ကျန‌ော် ရောဂါတွေ အမျိုးမျိုးရနေတယ် ဖျားနာတွေရှိတယ် ချောင်းဆိုးနှာစီးတာတွေ နှခမ်းကွဲလာတယ် အခုထပ်ပြီး မျက်လုံးနာ မျက်လုံးအပူဖုတွေပေါက်နေတာတွေကလည်း ရှိတယ် ၊ နောက်ပြီးတော့ အားနည်းလို့ ခေါင်းမူးတာ အမောလွယ်တာ နဲ့ မျက်လုံးပြာနေတာတွေကလည်း ခဏခဏဖြစ်နေပြီ ။ 

ဒါတွေက အာဟာရမပြည့်မဝလို့ ဖြစ်တာပဲလို့ ကျနော်သိပါတယ် သို့ပေမယ့် စားသောက်ဖို့အတွက် ငွေကြေးမရှိဘူး ဝယ်စားဖို့အတွက် လက်ထဲငွေးလုံးဝ လုံးဝ ရှိ‌မနေပါဘူး ။ 


ဒီခိုရှင်သန်နေလို့ မရဘူးဆိုတာ သိပါတယ် ဘယ်လိုရှင်သန်ရမလဲဆိုတာကိုပဲ မသိတာပါ ။

ဒီ‌ဝင်ငွေနဲ့ပဲ ရှင်သန်နေကြတာတူညီကြပေမယ့် စားရတာခြင်းမတူဘူး သောက်ရတာခြင်းမတူဘူး သွားရတာ ဝတ်ရတာခြင်းမတူညီကြဘူး။ ကိုယ်က သူတို့ထက် မြင့်နေတာမဟုတ်ပဲ အလွန်အင်မတန် နိမ့်ကျနေတာ ဘာကြောင့်လဲ ကျနော်မပြောချင်ဘူး ။ 

ဒီအသက်ဒီအရွယ်နဲ့ သူတပါးကို အပြစ်မတင်ချင်ဘူး ကိုယ့်ကိုကိုယ်ပဲ အပြစ်မြင်မိပါတယ် ၊ ငါဘာတွေမှားနေတာလဲ ငါဘယ်လိုအမှားတွေ လုပ်မိတာလဲ ဆိုတာတွေလည်း သိသင့်သလောက် သိပါတယ် ဒါပေမယ့်လည်း ဘယ်လိုဘယ်ပုံ စားသောက် ရှင်သန်ရမလဲ ဆိုတာကိုတောင် မသိနိူဂ်လောက်အောင်ပါပဲ ။ 

အမေ့ဆီက ယူထားသော အမေ့အမျိုးတွေကလည်း အမေပစ္စည်းကို အမေက ပြန်တောင်းတာတောင် အမေ့ကို အပြစ်မြင်တတ်ကြတာ သိပ်ကို ဆိုးရွားလွန်းပါတယ် ၊ ကျနော်တို့ မိသားစု ဒုက္ခတွေနဲ့ ပင်လယ်ဝေနေချိန်မှာ ယူထားသော အရာကို သူတို့ အေးဆေးဖြစ်နေချိန်မှာ ပြန်တောင်းတာတောင် စိတ်ဆိုးမာန်ဆိုးနဲ့ လုပ်ရက်ကြသော လူတွေကိုလည်း တကယ်အံ့ဩမိတာတော့လည်း အမှန်ပါပဲ ။ 

ဒီရက်ပိုင်း ကျနော်ကျန်းမာရေးတစ်ခုပဲ မကောင်းတာ မဟုတ်ဘူး တခြား လူမှု့ရေးကဏ္ဍတွေသည်လည်း အေး‌စက်သွားတာတွေ အနေအေးသွားကြသူတွေ အများကြီးရှိတယ် ၊ ဒါတင်ပဲလားဆိုတော့လဲ မဟုတ်ပါဘူး အလုပ်ပြန်လာတိုင်း လူနဲ့မတူအောင် အမြဲမူးလာသော တခန်းထဲနေသူတစ်ယောက် ရှိတာသည်လည် ဝမ်းနည်းဖွယ်ရာပေါ့ သူသည်လည်း ကျနော်နဲ့ ဘောဒါသူငယ်ချင်းမဟုတ်ပဲ ကျနော်ရဲ့ မိသားစုဝင်‌ဖြစ်နေတာသည်လည်း ပိုပြီး စိတ်မကောင်းစရာပေါ့ ။ 

ဒါနဲ့လည်း မပြီးသေးပါဘူး အလုပ်ထဲမှာလည အစဉ်မပြေဘူးတွေ ရှိပါသေးတယ် ၊ အလုပ်သလောအရဆက်ဆံရသူတွေနဲ့ လုပ်ငန်းခွင်မှာ မပြေလည်မှုတွေ အများကြီးရှိပြီး လက်အောက်ငယ်သားတွေနဲ့ ဖြစ်တာမဟုတ်ပဲ မိမိရဲ့အထက်လူကြီးဖြစ်နေတာတွေဆိုတော့ ပိုပြီး ဖိအားပြင်းထန်တာပေါ့ ၊ 

အစားအသောက်ခက်ခဲတာတွေက ဒီရက်ပိုင်း ပိုပြီးများပြားလာတာတွေ ရှိတယ်ဆိုပေမယ့် 

အစဉ်ပြေကောင်းခာတာတွေလည ရှိပါတယ် ကောင်းတာမရှိဘူးလား ဆိုတော့ ရှိပါတယ် ရှိသင့်သလောက်ပေါ့ အတူနေသော တဝန်းထဲနေသော လူတွေထဲကမိန်းကလေး သူငယ်ချင်းတစ်ယောက် အမြဲဖုန်းခေါ်စကားပြောတာရှိသလို သူငယ်ချင်းအဟောင်းတွေက ဖုန်းဆက်ပြီး အကျိုးသင့်အကြောင်းသင့် စကားပြောကြတာတွေရှိလို့ တစ်မျိုးတော်သေးတယ်လို့ ပြောရင်ရပါတယ် ။ အများကြီး အစဉ်ပြေတာမဟုတ်ပေမယ့် စိတ်ထဲ ‌ေခတ္တခဏတော့ ကြည်နူးပီတိပျော်ရွင်မိတော့တော့ ရှိပါတယ် ။ ခဏတာပြုံးရတယ်ဆိုပေမယ့် တကယ်ကေနပ်စွာ ပြုံးမိတာ သတိထားပါတယ် ။ ဒါတွေက ပြောပလောက်တဲ့စကားမဟုတ်ပေမယ့် တရားထိုင်ထားသော အကျိုးတစ်ခုကြောင့် ငါ့စိတ်က ဘာတွေ ဖြစ်လိုက်တယ် ဘာတွေ တွေးလိုက်တယ် ဆြိတာကို သတိထားကြည့်ကြည့်မိသော အခိုက်အတန့်လေးတွေကို ဖမ်းဆုတ်ထားနိုင်သော အနေအထားတော့ ရှိပါတယ် ။ 


အထက်က အကြောင်းအရာတွေကို အကုန်လုံးလို့တော့ မထင်စေချင်ဘူး အဲ့ထက်ဆိုး‌ရွားသော အတွေးတွေ အများကြီး ရှိတယ် ကိုယ့်ကိုကိုယ် ပြန်ပြောတာတွေ အဆိုးဆုံးတွေသည်းလည်း အများကြီး ရှိပါသေးတယ် ။


အလုပ်ကလည်း အစဉ်မပြေတာပဲ ရှိတာမဟုတ်ပါဘူး 

အစဉ်တာတွေကလည်း အများကြီး ရှိပါတယ် အလုပ်ချိန်က မနက်တစ်ပိုင်း အချိန်တစ်နာရီခွဲ နှစ်နာရီထက်မပိုဆာကလည်း တစ်မျိုးကောင်းပါတယ် ၊ အဲ့တာပြီးရင်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေဆိုတော့ အတော်လေးကောင်းပါတယ် ။ 

ပင်ပန်းအောင်လုပ်ရတာ ဘာမှမရှိပါဘူး လုပ်စရာအလုပ်မရှိလို့ ရှိအောင် ရှာဖွေပြီး လုပ်နေရသော အလုပ်တွေ ဖြစ်ပါတယ် ၊ 

မကောင်းတာက လခ မကောင်းဘူး လုပ်ရသော အလုပ်က ပေါက်တူးပေါက်သန့်ရှင်းရေစ တောက်တိုအလုပ်ဆိုကတော့ သဘောမကျဘူး ။ 

အပြင်မှာနေရတာထက်စာရင် ဒီထဲမှာ အများကြီး လုံခြုံပါတယ် ပြည်သူ့စစ်မှုထမ်းလည်း မကြောက်ရသလို ပေါ်တာဆွဲတာကိုလည်း ဂရုစိုက်စရာ မလိုဘူး နောက်ပြီးတော့ ပဒက်က လာဆွဲမှာလည်း ပူစရာမလို အလှုလာခံမယ့် ဘယ်အကြမ်းဖက်အဖွဲ့မှ မရှိတာ သိပ်ကိုကောင်းပါတယ် ။ နိူင်ငံရေး ရပ်တည်ချက်တွေအရ ဆစ်ဖက်ထဲရှိတာသည်လည်း တစ်မျိုးကောင်းပါတယ် ပြောချင်သလိုပြော လို့ရသလို ထင်ရာမြင်ရာတွေကိုလည်း ပြောခွင့်ရပါတယ် ။ ဒါသည်လည်း အနည်းအကျင်းတော့ အတားအဆီးတော့ ရှိတာပေါ့ အပြည့်အဝပြောလို့ မရပေမယ့် ပြောချင်ရာတော့ ပြောခွင့်ရပါသေးတယ် ။ 

အပြင်မှာသာဆို ပါးစပ်ပိတ်ပြီး အများအကြိုက်လိုက်ထိုက်လိုက်ပြောပေးနေရမယ့် အနေအထား သူတိုါပြောတာကျုပဲ ခေါင်းငုပ်နားထောင်နေရမယ့် အခြေအနေတွေကိုတော့ ကျေ

ာ်လွင်လာတာပေါ့ ။ 


 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး  သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ  သို့သော် အချစ်စိ...