Thursday, 26 December 2024

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး 


သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ 

သို့သော် အချစ်စိတ်သည် တာဆီးလို့မှ မရတာ ။


လရောင်နဲ့ ခွေးသားအမိသာ ရှိတဲ့ လမ်းပေါ်မှာ 

ငါတစ်ယောက်တည်း ငေးငေးငိုင်ငိုင် နဲ့ တလွမ်းလွမ်း 

တဆွေးဆွေးပါပဲ 


ကဗျာရူးရူး စာရူးရူး နိူင်ငံရေးနစ်ကြောင် 

ဘာသာမဲ့တစ်ယောက်ရဲ့ ခံစားမှုကို ဘယ်လိုလူက 

လက်ခံမှာလဲ ။


တားမရ စီးမရတဲ့ ခံစားမှုအသေတွေကို ထွေးပွေ့ရင်း 

အတိတ်ကိုလည်း မမေ့နိူင် အနာဂတ်ကိုလည်း မလှမ်းလျှောက်နိူင်တဲ့ အဖြစ်နဲ့လူ


ဘာပိုင်ဆိုင်မှ မရှိ ဘာအရည်အချင်းမှမရှိ

ဘာအသိုက်အမြိမ်မှမရှိ ဘာပညာမှမရှိတဲ့ ချာတိတ်တကောင်က ခင်များကို လိုချင်နေတာတဲ့ဗျာ 

ဘာတရာမျှတမှုမှမရှိတဲ့ ငါ့စိတ်ခံစားမှုတွေကိုတော့ အားနာပါရဲ့ 


လိင်စိတ်ကလွဲပြီး ဘာစိတ်မရှိတဲ့ ချာတိတ်လေးပါ 

ဒါကိုနင်လည်း သိပြီး ဖြစ်မှာပါ ၊

ငါကတော့ ကြေကွဲခြင်းနဲ့နာကျင်ခြင်းကတော့ အချစ်ကပေးတဲ့ တုန့်ပြန်မှုပဲ ဖြစ်မှာပါ ။


နင့်ကို

ငါပြန်ပေးနိူင်တာဆိုလို့ လိင်မှုကိစ္စပဲရှိတယ် 

ဒါသည်လည်း နင့်အတွက် လုံလောက်မှု ရှိပါ့မလား 

ငါစိုးရိမ်မိတယ် ။ 




အိမ်မက်ဆိုးတွေ အခုတလော ခဏခဏမက်တယ် 

အိပ်‌မပျော်တာထက်စာရင် အများကြီးသာပါသေးတယ် ။ နင်ရော အိပ်လို့ပျော်ပါရဲ့လား ကျန်းမာရေးအတွက် အားကစားတွေဘာတွေရော လုပ်ဖြစ်ရဲ့လား ၊ နင်ရဲ့ရည်းစားသစ်ကရော ဂရုစိုက်ရဲ့လား အအေးမိရင်ဖျားတတ်တဲ့နင့်အကျင့်နဲ့ အစားများရင် ရင်ပြည့်တတ်တဲ့ နင့်အတွက် အစာကြေဆေးတွေဘာတွေရော ဆောင်ထားသေးရဲ့လား 

ငါကတော့ ဆေးလိပ်တွေ ကော်ဖီမစ်တွေပဲ ပိုပိုသောက်ဖြစ်နေတယ် ၊ အရက်ကတော့ မူးတဲ့ဒဏ်မခံနိူင်လို့ မသောက်ဖြစ်တာ ကြာပါပြီ ၊ ရာသီဥတုတွေ အေးလာရင်တော့ အရက်သောက်ချင်စိတ်တွေတော့ ခဏခဏဖြစ်တယ် ၊ နင့်ဆီကို ဖုန်းခေါ်ချင်တဲ့ စိတ်တွေရောပေါ့ ။

စိတ်ကူးနဲ့ ရူးခဲ့တဲ့ အိမ်မက်တွေကတော့ စိတ်ကောက်တတ်တဲ့ မင်းနဲ့ဝေးပြီးနောက် တစ်စတစ်စ ပျောက်စပြုလာပါပြီ နင်လည်း ဒီတစ်ခါစိတ်ကောက်တာ အတော်ကြာပြီနော် နှစ်ပေါက်တဲ့အထိစိတ်ကောက်မယ်ဆိုလည်း တစ်နှစ်နှစ်နှစ်လောက်ဆို တော်ရောပေါ့ နင့်ရဲ့ ရယ်ရွှန်းရွှန်းစကားသံတွေလည်း မကြားရတာ တကယ်ကြာပြီ မိရှင်နွေရယ် ။


ငါ့နင့်ကို ချစ်တယ် 

သတိတွေလည်းရတယ် လွမ်းတယ် ရှင်နွေရယ် 

ငါမကြိုက်ပါဘူးဆိုတဲ့ နင့်ရဲ့ချွေးနှံ့လေးတွေကအစ ငါလွမ်းတယ် ။ နင့်ရဲ့မျက်မှန်လေးရော အသစ်လဲလိုက်ပြီလား ၊ တချို့အသေးအဖွဲ့လေးတွေက လွမ်းစရာပိုကောင်းတယ် ။ 

လက်ထဲငွေ မရှိတာလည်း ပါမှာပါ နင့်ကို အဲ့လောက်ထိ လွမါးစရာတော့ မလိုပါဘူး ။ ဟုတ်တယ်မဟုတ်လား ။ 

နင်ပြန်မလာတော့ဘူးလို့ ငါကို ပြောခဲ့ပြီးသား‌ပဲလေ ဒီကောင်ကသာ စိတ်ရူးပေါက်ပြီး လမ်းစုံလမ်းခွတွေမှာ ဓာတ်တိုင်တွေနဲ့အတူထိုင်ရင်း မျှော်လင့်နေမိတာ တကယ်လည်း ရူးတာပဲ ။ ငါလည်း နင်နဲ့ပတ်သတ်လာရင် အခုထိကို ရူးမိုက်နေတုန်းပဲ ။ 

နင့်မေကြီးရော နေကောင်းရဲ့လား 

ငါ့မကောင်းကြောင်းတွေတော့ အရင်ကလောက် ပြောတော့မယ်မထင်ပါဘူး ။

နင်လည်း ကျောင်းပြီးပြီဆိုတော့ အလုပ်တွေလုပ်နေရောပေါ့ နင့်အကြောင်းတွေကိုတော့ ငါဘော်ဒါတွေကတော့ လာမပြောကြတော့ဘူး ။ 

ဝေးသွားတာပဲ ကောင်းပါတယ် 

နင့်အမေပြောသလို ဘာသောက်ဖြစ်မှ မရှိတာ အခုမှ ငါသိတာ ၊ ငါကတကယ် ဘယ်နေရာမှ သောက်သုံးမကျဘူး ၊ ရူးရူးမိုက်မိုက်နဲ့ ချစ်တတ်ဖို့ပဲ သိတာ ၊ ဘယ်လိုပိုင်ဆိုင်အောင်လုပ်ရမလဲဆိုကို နည်းနည်းလေးမှ စဉ်းစားမရဘူး တွေးလည်း မတွေးတတ်ဘူး ။ 

နင်ကိုရော နင်သိပ်ကြိုက်တဲ့ ငွေတွေရောပေါ့ ။

စားဝတ်နေရေး ငွေရှာရေးနဲ့ လိင်မှုရေး‌ရာတွေမှာ ငါကတကယ်အားနည်းပါတယ် ။ 

ငါရဲ့လက်ရှိအခြေအနေကြီးနဲ့တော့ ငါနင်နဲ့ ပြန်မဆုံချင်ဘူး ငါတကယ် ပွင့်ပွင့်လင်းလင်းပြောတာ ရင်နာနာနဲ့ပေါ့ ၊ တကယ်လည်း နင့်အနေအထားနဲ့ ဒီထက်ပိုပြီး အရာရာမြင့်မားတဲ့နေရာတစ်ခုကို ရနိူင်တာ ငါသိနေပြီးသားလေ နင်လည်း အထိုက်အလျှောက်ထိလုပ်ပြခဲ့ပြီးပါပြီ ။ 

ငါတို့ဇာတ်လမ်းတွေလည်း အချိန်တခဏအတွင်းမှာပဲ မေ့မေ့ပျောက်ပျောက်နဲ့ ပြီးသွားခဲ့တာ ကြာပါပြီ ငါက

သာ အစွဲအလမ်းကြီးကြီးနဲ့ မိုက်လုံးကြီးနေသေးတာပါ ။


Thursday, 19 December 2024

 ခံစားမှုချမ်းသာတွေနောက်ကို တစ်ဘဝစာလုံး

ကောက်ကောက်ပါအောင်လိုက်ရင်း ကျေနပ်နေခဲ့တာ အခုတော့ 

ဘဝဆင်းရဲတွေကိုခံစားနေကြရတာပဲ။

ဘဝသည် ဆင်းရဲ၏ ။

 ပျော်စရာကို ငွေနဲ့ ပညာနဲ့ ဝယ်လို့ရတယ်လို့ မသင်ယူခဲ့ရတာ နောင်တကြီးစွာ ရပြီး ဆွံ့အနေတဲ့ ဘဝကို အားတော့ နာမိပါရဲ့ ။


ထင်ရှားတဲ့ဥပမာတစ်ခုပဲပြောမယ်

ကျန်တာတော့ ကိုယ့်ဟာကိုယ်ဆက်ပွားကြပါ

ဆေးလိပ်သောက်ရတာကို နှစ်သက်ပြီး ဆေးလိပ်သောက်ခြင်းကို အပြစ်မမြက်တော့ဘူး ဆေးလိပ်သောက်တာပဲ ရှိတယ်လို့ ထင်ခဲ့တယ် ၊ အချိန်ကြာလာတော့ ရင်ဘတ်အော့င်လာခြင်းတွေ ချောင်းဆိုး အဆုပ်ပျက်လာတော့မှ ငါမှားခဲ့လေခြင်းပေါ့ ၊ 

ဒီလောက်နဲ့လည်း မရပ်တန့်ခဲ့ပါဘူး  

ဆေးခြောက်တွေ သောက်ပြီး ရူးကြောင်းကြောင်အတွေးတွေကို မှန်တယ်ထင်ပြ ဘဝကိုပါ ပုံစံပြောင်း ရှင်သန်ခဲ့တယ် ၊ 

ခွေးဝဲစားူာသာ ဘဝထဲကို ပျော်ပျော်ကြီး တိုးဝင်ပြီး သောက်ရူးလို ရှင်သန်ဖို့အထိလတွေးခဲ့တဲ့ အတွေးတွေက ဒီအချိန်မှာ ဘဝရဲ့ အမှားအယွင်းထဲက အကြီးမားဆုံးပါပဲ ၊ 

ဒီထက်ပိုဆိုးတာက အချိန်တွေပဲ ဆေးချပြီး ဖြုန်းခဲ့အချိန်တွေ ခွန်အားတွေအတွက် ဒီအချိန်မှာ နောင်တတွေနဲ့ ဖြတ်သန်းရခြင်းကို အတိအလင်း ခံစားရတာပါပဲ ။

နောက်ထပ် တစ်ဘဝသာ ဆက်ရမယ်ဆိုရင် အဲ့ဒီ အမှားတွေကို မှားမှန်းသိသိနဲ့ လုပ်ခဲ့တာတွေအတွက် ပုံစံပြောင်းပြီး လုပ်ခဲ့မိမယ် ထင်ပါတယ် ။


ဆေးချလို့ရတဲ့ ခံစားမှုချမ်းသာမှု‌ေတွကို မျက်ရည်စက်တွေ ဖြစ်လိမ့်မယ်လို့ ငါတို့ဘယ်ထင်ပါ့မလဲ 


ကိုယ့်မှာမထော်မနှမ်းတွေဖြစ်လာတာက ဘဝဆင်းရဲတာပဲ ၊ ဆင်းရဲခြင်းဆိုတာ တစ်ဖက်ကကြည့်ရင် မချမ်းမြေ့တာပါပဲ ရင်နာနာနဲ့ ဘဝသည် ချမ်းသာမှုကို ဘယ်လိုစောင်းကျင်းနိူင်ပါ့မလဲ ။

ဦးနှောက်က အသိတွေကို ခဏတာ ပိတ်လှောင်ပြီး ရိုးသားမှုတွေ ဟန်ဆောင်ခြင်းတွေကို စိတ်နဲ့အတူ မျှော့ပါရင်း ရူးသွပ်မှုတွေလား ရူးမိုက်မှုတွေလား မေးခွန်းတွေ အမြှောက်အများနဲ့ ရေစုန်ရေဆန်မျောပါကြရင်းပေါ့ ။

ခပ်ပေါ့ပေါ့ ရှင်သန်ခြင်းတွေနဲ့ လေးလေးနက်နက်အတွေးအခေါ်တွေက လက်တွေ့မှာတော့ အဆိပ်အတောက်တွေလို ဘဝကို ပူလောင်စေဖို့ လောင်မြိုက်ဖို့ အကောင်းဆုံးလောင်စာတွေပေါ့ ။


မဟုတ်တာ ဘာလုပ်လုပ် မထော်မနှမ်းတွေက ကိုယ့်မှာဖြစ်ပြီးကျန်ရစ်ပါတယ် အဲ့ဒီ မဟုတ်တရုတ် ဗရုပ်သုတ်ခတွေရဲ့ အကျိုးရလဒ်သည် တစ်နေ့ ခံစားရမယ်ဆိုတဲ့ ဗုဒ္ဓအဆုံးအမသည် နှစ်ပေါင်း ၂ထောင်ကျော် သုံးထောင်နီးနီးအထိ မှန်ကန်နေပါသေးတယ် ။ 




မြင်အောင်ကြည့်ကြပါ။

 တကယ်ဆို အန်ကယ်တို့က အရမ်း

အသက်ကြီးနေကြပါပြီ🧔🏻



အငုံစိတ်ရှိလို့ပဲလား မနာလိုစိတ်တွေကြောင့်ပဲလား မပြောတတ်ပေမာ့် လူတွေ ပျော်နေတာမြင်ရကြားရရင် အလိုလို စိတ်ဓာတ်ကျသလိုလို မပျော်သလိုခံစားနေရတာတော့ အမှန်ပါပဲ ပျော်နေတဲ့လူတွေအပေါ် အဆိုးမြင်မှုမရှိပါပဲ ရင်ထဲ တထင့်ထင့်နဲ့ပါပဲ ။


အမှန်တရားသည် ဘယ်အရာမည်နည်း ရှာဖွေလို့လဲ မတွေ့နိူင်သိလို့ ဖွေရှာတော့လည်း ဝေဝေဝါးဝါးနဲ့ပါပဲ ။


တိုင်းရေးပြည်ရေးတွေ ဘာသာရေး သာသနာရေး‌ေတွ ခေါင်းထဲမှာ ရှိနေတာလို့ပဲ ကိုယ်ကိုကိုယ် ထင်နေတာ အမှန်တကယ်တော့ လိင်စိတ်ကလွဲပြီး တခြားဘာမှ ထွေထွေထူးထူး ထွက်ကျမလာတဲ့ စိတ်ဓာတ်သည်လည်း လဲကျလိုက် ခွေလဲကျလိုက်နဲ့ အလဲလဲ အပြိုပြိုပါပဲ။


အချစ်မရှိ မေတ္တာမရှိ သံယောဇဉ်မရှိ အတိတ်မရှိ အနာဂတ်မရှိ ဆွေမရှိ မျိုးမရှိ ရွှေမရှိ ‌ငွေမရှိ 

အတ္တမရှိ အနတ္တမသိ ငရဲမသိ နိဗ္ဗာန်မသိပါပဲနဲ့ ဝဋ်ကြွေးတွေဆပ်နေရသလို ရှင်သန်မှုတွေက တကယ်ပဲ အဓိပ္ပါယ်မဲ့လွန်းပါတယ် ။

ဘဝခရီးသွားတစ်ယောက်လို့သာ ကိုယ်ကိုကိုယ် ထင်နေတာ တကယ်တော့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေလိုပဲ အချိန်ရဲ့ တိုက်စားခြင်း ခံနေရတာ ၊ ပြေးထွက်ချင်သော်လည်း ပြေးထွက်လို့မရတဲ့ လောကကြီးက ပျှော်စရာတော့ မကောင်းတာအမှန်ပဲ ။

ဘာဖြစ်ချင်တာ ဘာလိုချင်တာ ဘာကိုတက်မက်တာလဲ သိဖို့ဆိုတာသည်လည်း ဘာတုန်းက ဘာရခဲ့ဖူးလို့လည်း ဘာတွေ ပိုင်ဆိုင်ခဲ့ရဖူးလဲ ဆိုတာတွေဲ့ အများကြီး သက်ဆိုက်တယ် ။ 

လက်ဗလာနဲ့ လူတစ်ယောက်အဖို့ ဘာကိုတက်မက်လို့ တက်မက်ရမယ်မှန်းတောင် မသိနိူင်လောက်အောင် ဘဝသည် ဆိုးရွားလွန်းလှပါ၏ ။ 

မသိခြင်းတွေ ကြီးဆိုးရင်လည်း တိရစ္ဆာန်တစ်ကောင်သာသာ ဖြစ်ရင် သာ၍ကောင်းပါလိမ့်မည် ၊ အခုက လူစိတ်နဲ့ တိရစ္ဆာန်ဘဝဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်တောင် နောင်တရမိတယ် ၊ ငါ ဘာကြောင့် လူပီသအောင် ကြိုးစားခဲ့ရတာလဲ ငါ့ကိုယ်ငါ ပြန်မေးရင်း စိတ်ဓာတ်တွေ ကျတယ် ။ 

စည်းကမ်းတွေ ဘာလို့ လိုက်နာခိုင်းနေတာလဲလို့သာ ခံယူထားတာ ဘယ်အရာပဲ ဖြစ်ဖြစ် စည်းနဲ့ကမ်းနဲ့ ဇယားနဲ့ စနစ်နဲ့သာ တစ်ဘဝစာလုံး အသားကျလာခဲ့တာဆိုတော့ မကောင်းဘူးပေါ့ ။


ကြေကွဲရပါတယ် လူဖြစ်ပြီး လူလိုမနေရတာ 

လူစိတ်ရှိပြီး လူတွေတွေလို မရှင်သန်တတ်တာတွေက ဘဝရဲ့ အမှောင်မိုက်ဆုံးပါပဲ ။ 

မှောင်မိုက်တဲ့ လမ်းတွေမှာ မိုက်မှောင်ရင်း မိုက်ဇာတ်တွေနဲဘ အမှောင်ညတွေထဲ မိုက်မိုက်ကန်းကန်းတိုးဝင်ခဲ့တာတွေကြောင့် အလင်းပျောက်လို့ လမ်းတွေလညါး ပျောက်နေခဲ့တာ ကြာခဲ့ပါပြီ တဘဝစာပါပဲ ။

ချစ်ခြင်းမေတ္တာတဲ့ ပြောလို့ ကောင်းလိုက်တာဗျာ 

ဒါပေမယ့်လည်း အချစ်ပေးပြီး အချစ်ပြန်လိုချင်ကြတဲ့ အတ္တတွေကိုတော့ လူတွေ မမြင်ကြဘူး ၊ တစ်ခုခုပေးပြီး တစ်ခုခု ပြန်လိုချင်ကြတဲ့ လူတွေ အကျင့်စရိုက်တွေကို ကျောခိုင်းပြီး ပေးစရာရှိတာ အကုန်ပေးခဲ့ပြီး ပြန်ရယူဖို့ ဘာကိုမှ မသိတဲ့လူတွေသည် လမ်းဘေး ဓာတ်တိုင်တွေ အောက်မှာ တစ်ယောက်တည်ယ ငုတ်တုတ်ထိုင်ပြီး လောကကြီးကို လက်ခလယ်ထောင်ပြနေတယ် ၊ အပြုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ ပျော်ရွှင်ခြင်းအတု‌ေတွနဲ့ သူဘေးက လူတွေ ပြုံးနိူင်အောင် အတုတွေပေးပြီး တစ်ခါတစ်ခါ ကျေနပ်နေတတ်တာ လူတွေမှ မသိပဲ ။


တစ်ယောက်တစ်ခွန်း‌ေ့ာ်ဟစ်တဲ့ ရန်ဖြစ်သံတွေနဲ့ နာကျင်ခဲ့ရတဲ့ ကလေးဘဝက ရည်းစားအဟောင်းလေးကတော့ ဘယ်ကိုရောက်လို့ ဘယ်လိုရှင်သန်နေလဲ ငါလည်း မသိပြီ ။ 

ဒီအချိန်ဆို လူအသစ်တွေနဲ့ အိပ်ပြီး ပျှော်စရာကောင်းတဲ့ လိင်မှုကိစ္စတွေနဲ့ ကမ္ဘာကြီးကိုရော လောကကြီးကိုပါ ခဏတာ မေ့ချင်မေ့နေမှာပေါ့ ။

သတိရတယ် မိရှင်နွေ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးပို နှိပ်ပြီး ဆက်ဖို့ ခွန်အားမရှိသူတစ်ယောက်ကတော့ မင်းရဲ့အတိတ်မှာ ကျန်ရစ်နေပါပြီ ။ မင်းအနာဂတ်နဲ့ မသက်ဆိုင်တဲ့ ဒီအကောင်က မင်းမှမင်းပဲ မိရှင်နွေ တစ်နှစ်မှ မေ့လို့မရဘူး ဆယ်စုနှ

စ်တွေ ပြောင်းခဲ့ပြန်ပြီ ။

Wednesday, 4 December 2024

 ပိုက်ဆံသာများများရှာ


စကားလုံးတွေထက်


ငွေက ပိုပြီး အသံကျယ်တယ်



လမ်းပေါ်က လူတွေကို လိုက်ကြည့်ပြီး အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေကို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်လိုက်တော့ အဆင့်အတန်းရော နေရာရော ပိုင်ဆိုင်မှုတွေပါ အတော်လေး နည်းပါးသွားတဲ့ အနေအထားကို ပြေးမြင်မိတယ်


နဂိုတစ်ချိန် တုန်းက အဲ့လောက်ပဲ အဆင့်အတန်းရှိတဲ့လူတွေ အဲ့လောက်ပဲ အရည်အချင်းရှိတဲ့ လူတွေ အဲ့ဒီလောက်ပဲ ပိုင်ဆိုင်မှုရှိတဲ့ ပတ်ဝန်းကျင်အဆင့်လောက်ကိုတောင် လက်ရှိအချိန်မှာ အတော်ဆိုးနေတာ တွေ့ရတယ် ။ 

ကိုယ့်အနေအထားဆိုးတာကို ပြောတာပါ တပါးသူတွေကို မပြောပါဘူး ၊ 

နောက်ပြိးတော့ အဲ့လိုလူတွေရဲ့ မသည်တီသလို ဆက်ဆံတာတွေ အထိတောင် ခံနေရတဲ့ လက်ရှိအနေအထားသည် အတော်ရွံ့ရှာစရာကောင်းပါတယ် ။ 


အရင်ဘဝတွေလို ပြန်မရနိူင်တော့ပေမယ့် လက်ရှိအခြေအနေထက် ကောင်းမွန်သော အနေအထားတစ်ခုကို ပြန်လည်ရဖို့အတွက်လည်း ကြိုးစားအားထုတ်မှု နည်းပါးလို့ ထင်ပါရဲ့ ထူးထူးခြားခြား ပြောင်းလဲတာမျိုးလည်း ရှိမလာပါဘူး ။ 


အရင်ကလည်း ဘာသောက်ဖြစ်မှ မရှိတဲ့ လူတစ်ယောက်က အဖေကျေးဇူး အဖေ့ ကြိုးစားအားထုတ်မှုတွေကြောင့် အဆင့်အတန်းတစ်ခုထိ နေခဲ့ရတာတွေအတွက်လည်း အဖေ့ကို တောင်းပန်ချင်တယ် ။

အဖေကို ထပ်ပြီးတော့ မတမ်းတတော့ပါဘူး ။ သူတာဝန်တွေ ကျေပြွန်တာထက် အများကြီး ပိုခဲ့ပါတယ် ၊ ကျနော်ကို ကျနော် အထင်ကြီးခဲ့သော်လည်း လက်တွေ့မှာတော့ ခြေဖျားတောင် မမှီသေးလို ကျနော်အသက်အရွယ်မှာ အဖေရဲ့ ကြိုးစားမှု အားထုတ်မှုတွေကြောင့် ရလဒ်တွေ အများကြီး ရခဲ့တာတွေက လက်တွေ့ မြင်ခဲ့ရပြီး ဖြစ်ပါတယ် ၊ 

ကျနော်သည် လက်ရှိ အချိန်မှာ ‌ဘာသောက်တန်ဖိုးမှ မရှိပါပဲ လူရာမဝင် ဘောင်မဝင်တဲ့ အဆင့်အနေအထားတစ်ခုထက် ဘာမှ ပိုမလာခဲ့တာ ဝမ်းနဘ်းစရာတစ်ခုပေါ့ ။ 


သိတယ်မဟုတ်လား 

စကားတောင် ဘောင်မဝင်ဘူး 

လူကို ခြေသုတ်ပုဆိုးအဆင့်မှာတောင် ရှိမနေတာ သိပ်ကို ရှက်စရာကောင်းတယ် ၊

သိနေပါတယ် လူတွေရဲ့ အကြည့်တွေ လူတွေရဲ့ ဆက်ဆံပုံတွေက အတော်လေး သိသာလှပါတယ် ။ 


အဆိုးကတော့ လက်ရှိအခြေအနေနဲ့ လက်ရှိ အချိန်ကာလပါပဲ ဒီပုံစံဒီအခြေအနေကနေ ဖြတ်ကျော်နိူင်အောင်လို့တော့ ကျနော် ပြတ်သားဖို့လိုတယ် လုပ်ခိင်တာတွေကို ရဲရဲဝံ့ဝံ့ပြတ်ပြတ်ငားသား လုပ်ဖို့လိုသလို ကြိုးစားအားထုတ်မှုနဲ့ လုံလတော့ ယခုထက်ပိုပြီး စိုက်ထုတ်မှပဲ ကျော်လွှားနိူင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ် သို့ပေမယ်လည်း လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ အားနည်းနေပါသေးတယ် ။🥰🤌🥰

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး  သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ  သို့သော် အချစ်စိ...