ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည်းငယ် ကျေနပ်လောက်စရာဖြစ်နေခြင်းသည်က မင်္ဂလာမည်၏ ။
အဓိပတိကမ္မ 🫢
အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်လျှောက်လှမ်းရင် စိတ်ရဲ့ဆန့်ကျင်ဘက်အရပ်တွေဆီကိုလည်း ခြေဆန့်ခဲ့ဖူးပါရဲ့
ထင်တိုင်း ဖြစ်မလာခဲ့တဲ့ ရှင်သန်ရာ နေ့စွဲတွေထဲ ထင်တိုင်းကြဲခဲ့တဲ့ အတိတ်တွေလည်း ရှိခဲ့ဖူးပါတယ် ။
ရှိခြင်းတွေ မရှိခြင်းတွေထက် မသိခြင်းတွေကသာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တာ ယနေ့အထိပါပဲ .....
အဓိပတိကမ္မ
ဝမ်းနည်းနေသလိုလို ပူဆွေးနသလိုလို လူကလည်း ငေးငးငိုင်ငိုင်ပါပဲ တသ်ယောက်တည်းနေရတာပဲ အားရှိသလိုလို တစ်ယောက်တည်း လမ်းဘေးဓာတ်တိုင်တွ ကို ငေးကြည့်ရင် ငြီးတွားရင်း သီချင်းလးတွနဲ့ ဘဝသည်လည်း ပေးချမ်းသလို စိတ်သက်သာယာရနသလိုကြီးပါပဲ
လမ်းဘေးက ဖြတ်သွားဖြတ်လာ လူကြီးလူကောင်းတွကို ငေးကြည်ြနေမယ် ပြေးလွှားဆော့ကစညေနတဲ့ကေလးေတွကုိ အဖော်ပြုရင်း း ကျေနပ်နသလို ဖြစ်နေတယ်
ငါဟာ ငါဖြစ်တည်ခြင်းတွ ပျောက်ဆုံးနေတာ ကြာခဲ့ပြီ
ငါဖြစ်ချင်တာ ငါပိုင်ဆိုင်ချင်တာ ငါလိုအပ်နေတာ ငါဘယ်လိုဖြစ်နခြင်းတွ ဆိုတာ ငါမသိနိူင်လာက်အာင် ပျောက်ဆုံးနေတာ အမှန်ပါပဲ
အဓိပတိကမ္မ
တစ်ခါတစ်ခါ
ကျွန်တော့်ကိုကျွန်တော် ပြန်ကြည့်မိတယ်။
ဖြစ်မလာသေးတာရော ဖြစ်ခဲ့ပြီးတာတွေရော အကြောင်းအရာအမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုးနောက်ကို လိုက်တွေးရင်း မိမိရဲ့ဖြစ်တည်ခြင်းကို မေ့မေ့လာတယ် ။
ကျွန်တော်က ဘဝနဲ့ ပတ်သက်ပြီး တွေးရင် တစ်ဘဝစာထက်မပိုခဲ့ဘူး။
စိတ်အခြေခံမှာ လက်ဝဲဝါဒတွေ အားကောင်းနေလို့ပဲလား မပြောတတ်ပေမယ့် ဘဝအဆက်ဆက် နောင်ဖြစ်လာမယ့် ဘဝ ဖြစ်ခဲ့ပြီးသော အတိတ်ဘဝ တွေ မပါဝင်တာ သိသာထင်ရှားပါတယ် ။
တစ်ခါတစ်ခါ အဆုံးထိ တွေးတယ်။ မပြီးဆုံးသေးတဲ့ ဘဝခရီးကို အဆုံးသတ်က ဘယ်လိုဖြစ်မလဲ " ဘယ်လိုဘယ်ပုံ ဘဝကို နိဂုံးချုပ်မလဲ ဆိုတာတွေကအစ လိုက်ပြီး တွေးနေမိတယ် ၊ သေချင်းတရားကို ရင်မဆိုင်ရဲတာတွေ ဖြစ်တည်နေတဲ့ဘဝတစ်ခုကို မစွန့်လွှတ်ရဲတာတွေက အစ အတွေးတွေက မပြီးမဆုံး အဆုံးအစမဲ့ တွေးနေမိတယ် ။
ဘဝက ရှင်သန်ခြင်းမှာသာ တည်မှီတယ် ရှင်သန်ခြင်းမရှိရင် ဘဝက ရှုံးနိမ့်တာပဲ လို့တွေးတယ် မြင်တယ် ။
အချိန်တန်ရင် လူတွေရော သမိုင်းတွေရော အတ္တတွေ မာနတွေ ဂုဏ်ရှိခြင်း ဂုဏ်မဲ့ခြင်း ရာဇဝင်တွင်ခြင်းတွေ သမိုင်းမှတ်တမ်းတင်ခြင်းတွေကအစ လူရာဝင်လိုစိတ်တွေအဆုံး လူတွေက ကိုယ့်ကို မေ့သွားမှာ တိတ်ဆိတ်ငြိမ်သက်စွာ ဘဝအဆုံးသတ်ရမှာ နောက်ပြီး ကိုယ်သေသွားသော် ကိုယ်ကို အားလုံးက မေ့သွားကြမယ့် အကြောင်းတွေ တွေးရင်း တွေးရင်းနဲ့ ဆွေးတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဟာ ခဏတာပဲ ရှင်သန်ခွင့်ရတယ် ။
၊ ကာလတစ်ခုထက် မပိုနိူင်ဘူး ဆိုတာတွေ တွေးမိတယ် ။
" ငါ့အသက် ဘယ်လောက်ရှိပြီလဲ " ငါနောက်ထပ် ဘယ်နှစ် နှစ်လောက် ကျန်းမာသန်စွမ်းစွာ နေထိုင်ရမှာလဲ ၊
ငါရဲ့ ဦးနှောဏ်တွေက ဘယ်လောက်အတိုင်းအတာထိ တွေးနိူင် သိနိူင်မှာလဲ အမြဲတမ်းလိုလို တွက်ချက်ေနတယ်။
အချိန်ရတုန်းလေး ဘဝကို ကာလာစုံနိုင်သမျှ စုံသွားချင်စိတ် တွေတော့ ရှိတယ်။
ကောင်းတာတွေရော မကောင်းတာတွေရော နှစ်သက်တာတွေရော မနှစ်သက်တာတွေရောပေါ့ ၊
ကိုယ်က ကြိုက်ပြီး တပါးသူတွေ မကြိုက်တာတွေ ကိုယ်က မကြိုက်ပေမယ့် တပါးသူတွေ ကြိုက်နှစ်သက်တွေက အစ လုပ်သွားချင်တယ် ထိတွေ့သွားချင်တယ် ။
ငွေနောက်လိုက်မယ့်အစား ငွေမလိုတဲ့လောကဘုံတစ်ခုတည်ဆောက်ပြီး အလို ရမ္မက်နည်းပါးစွာ ဖြတ်သန်းချင်သလို လူမလှိုင်တွေ လုပ်တဲ့အရာတွေ သုံးတဲ့အသုံးအဆောင်တွေနဲ့ အဲ့ဒီလူတန်းစားတွေကြားထဲမှာ လူဝန်ဆန့်လိုတာတွေလည်း ဖြစ်မိတယ် ။
ပုံမှန် လူတွေက တစ်ဘဝမှာ တစ်ကျီဆောက်ဖို့ တွေးနေကြချိန်မှာ ကျွန်တော်က ဒီဘဝမှာ ဘယ်လောက်မှ မနေရဘူးလို့ အမြဲ တွေးတယ်။
မိမိအတ္တကို မိမိကတည်ဆောက်ဖို့ အချိန်မလောက်ဘူးလို့လည်း မြင်နေတယ် ။
ခဏတာရတဲ့ ဘဝတစ်ခုမှ တပါးသူအတွက် အချိန်ကုန်မခံနိူင်တာတွေပါတယ် ။
အသက်နှစ်ဆယ်ကျော်တာနဲ့ လင်ယူသားမွေးဖို့လောက် တွေးနေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ေတွနဲ့ အစဉ်ပြေမနေတာတွေ ရှိတယ် ။
ဒါကြောင့် ကျွန်တော်က အူကြောင်ကြောင်နိုင်တဲ့ပုံ အမြဲ ပေါက်တယ်။
ပရမ်းဗတာနိူင်တာတွေ အရူးချီးပန်းပြောတတ်တာတွေ ရှိတယ် ။
ကျနော်သည် လူမှုအသိုက်အဝန်းနဲ့အစဉ်ေပြမနေဘူး ။ လူများစုကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ် ။ ဒါသည်လည်း ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုပါ ။
ကိုယ်ရဲ့မူရင်းစိတ်အခံကိုက လူအများ နှစ်သက်တာကို မကြိုက်ဘူး ၊ လူအများစုနဲ့ ဆန့်ကျင်ပြီး သီးခြားတစ်ဖက်မှာနေတယ် ၊ အဲ့ဒီသီးခြားတစ်ဖက်မှာတောင် ထပ်ပြီး ကွဲလွဲနေတာတွေက အများသားနဲ့ပေါ့ ။
သိတဲ့အတိုင်းပဲ ဘဝအပေါ် ခံယူပုံ မတူတဲ့အခါ ဘဝကို ချဉ်းကပ်ပုံလည်း မတူတော့ဘူး။
ချဉ်းကပ်ပုံခြင်း မတူတော့ မြင်တဲ့အမြင် သိတဲ့အသိ တုန့်ပြန်တဲ့တုန်ပြန်မှုတွေကအစ အားလုံးကွဲထွက်နေတာမျိုးတွေ ရှိတယ် ။
လူအများစုက ဒီအလုပ်တွေက ကောင်းပါတယ်လို့ ကြွေးကြော်နေချိန်မှာ အဲ့ဒီအလုပ်တွေရဲ့ မကောင်းမှုတွေ အားနည်းချက်တွေ လိုအပ်ချက်တွေကို ပြောချင်ရာပြောမယ် ထင်ရာမြင်ရာကို ပြောမိတယ် တွေးမိတယ် ။
ဒါပေမယ့်လည်း အဲ့ဒီအလုပ်ကို မကောင်းပါဘူးလို့ ပြောလာတဲ့လူတွေအပေါ်ကိုလည်း အဲ့အလုပ်တွေရဲ့ ကောင်းကွက်တွေ အကျိုးကျေးဇူးတွေ လုပ်သင့်လုပ်ထိုက်သော အလုပ်ဖြစ်ကြောင်းတွေ ပြောမိလိမ့်မယ် ။
ကျနော်ဟာ ရပ်တည်မှုမတည်မြဲဘူး ဒါဟာအမှန်အတိုင်းဝန်ခံတာပဲ ဖြစ်တယ် ၊ တည်မြဲတာတစ်ခုပဲ ရှိတယ် မတည်မြဲဘူးဆိုတာ ငါအတွက် တည်မြဲမှုပဲ ။
လူတွေက သူတို့နောက် လိုက်မလာလို့ ကျွန်တော့်ကို အပြစ်တင်ချင်တင်မယ်။
ဒါဆို လူတွေကို ဦးဆောင်ခေါ်သွားမလားလို့ ပေးလာခဲ့ရင်လည်း ခေါ်မသွားနိူင်ပါဘူး ။ ကျနော်အတွေး ကျနော်အသိတွေနောက်က လိုက်ပါလာခြင်းကိုလည်း မနှစ်သက်ပါဘူး ။
ေရှ့ကလည်း မသွားဘူး နောက်ကလည်း မလိုက်ဘူး ။
သွားချင်ရာကို သွားတယ် ရပ်ချင်ရာကို ရပ်တယ် ။ သွားချင်မှလည်း သွားတယ် ၊ မသွားချင်ပေမယ့်လည်း တစ်ခါတစ်ရံ သွားတာမျိုးတောင် ရှိတတ်ပါသေးတယ် ။
ကိုယ်ဟာ ကိုယ်ကိုကိုယ်တောင် မသိနိူင်တာတွေမှ အများကြီး ရှိနေသေးတယ် ။
ငါရဲ့ရှင်သန်ခြင်းသည် ငါကိုယ်ငါ သိအောင်ကြိုးစားတဲ့ အလုပ်ကိုပဲ အဓိကလုပ်တယ် ။
ဘာပဲဖြစ်ဖြစ် ကျနော်ဟာ သေရအုံးမယ် ။
လောကကြီးကိုရော ကမ္ဘာမြေကြီးကိုရော တစ်နေ့ ထားသွားရအုံးမယ် ။
ချစ်သူတွေရော မုန်းသူတွေ ကိုရော စွန့်ခွာထွက်သွားရမှာပဲ ။
မသေခြာမရေရာမှုတွေ များပြားတဲ့ ဘဝတစ်ခုသည် အရာအားလုံးကို နှုတ်ဆက်ပြီး သေရပါအုံးမည်....... ။
" သေရအုံးမည် သေရအုံးမည် သေကြရအုံးမည် "
@အဓိပတိကမ်မ
လူတိုင်းလူတိုင်းမှာ အစဉ်ပြေမှု မပြေမှု ကိုယ်စီရှိတတ်ကြစမြဲပါပဲ
ကိုယ်တွေပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး စစနောက်နောက်နဲ့ စားနေသောက်နေရင်ကို
သူတို့အတွက်အလိုလိုအဆင်မပြေတဲ့ တစ်ချို့သူတွေ (ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ) ရှိတယ် ။
ကိုယ်တွေကတော့ ကိုယ်အစဉ်မပြေမှုတွေ ကိုယ့်ရဲ့သောကတွေ ကိုယ့်ရဲ့စိတ်ညစ်စရာတွေကို မမျှဝေချင်သူမို့ ဘယ်သူကိုမှ ထုတ်မဖော်ပြတတ်သူမလို့
ပျော်ပျော်ရွှင်ရွှင်လေးနဲ့မဟုတ်တောင် ပေါ့ပေါ့ပါးပါးလေးပဲ ဘဝကိုရှင်သန်ဖြတ်သန်းနေသူတစ်ေယာက်ပါ ။
အားလုံးကို သိဖို့ပဲ ၊ ထုတ်မပြောရင်မသိတဲ့လူတွေ သိဖို့တစ်ခုပါပဲ
အဲ့ဒါက ခင်ဗျားတို့အတွက်အဆင်မပြေဘူးဆိုရင်တော့ ကျနော်ကလည်း "လီးပါပဲ"လို့...
ပြောလိုက်ပါပဲ ။
ထပ်ပြောပါအုံးမယ် လီးပါပဲ .....
#အဓိပတိကမ္မ
မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ သို့သော် အချစ်စိ...