Sunday, 11 July 2021

နစကအစိုးရ

ကို အခုလို ကိုဗစ်‌ေဘးရောဂါ အလျင်အမြန် အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ကပ်ဘေးခံနေရတဲ့ ကိုဗစ်လူနာတွေကို ကြည့်ပြီး  

ဖမ်းဆီးအ‌ေရးယူထား‌ေသာ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေကို အမြန်ပြန်လွှတ်ပေးသင့်‌ေနပါပြီ ။


ကျန်းမာရေးကပ်ဘေးဖြစ်တဲ့အတွက် အခုချိန်လိုမျိုးမှာ ကျန်မာရေးဝန်ထမ်းတွေကုိ ပြည်သူအတွက် မရှိမဖြစ်လိုအပ်နေတာ အမှန်ပါပဲ ။ အခုဆို Q စင်တာမှာ မပြောနဲ့ အစိုးရဆေးရုံတွေမှာတောင် ဆရာဝန်မလုံလောက်တဲ့ အနေအထားပါ ။

 

နောက်ပြီး

ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာဝန်တွေကို ပြန်ရုပ်သိမ်းပေးပြီး လုပ်ငန်းခွင်ထဲ ပြန်ရောက်စေမယ့် တွေ့ဆုံညှိနှိုင်းပြီး လက်ငင်း ပြဿနာကို အကောင်းဆုံး အဖြေရှာသော လမ်းစဉ်ကို ရွေးချယ်သင့်နေပါပြီ ။


ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း‌ေတွလည်း လုပ်ငန်းခွင် အမြန်ပြန်ဆင်းပေး‌ေစချင်ပါတယ် ။


နေ့စဉ်ပြည်သူတွေ ကိုဗစ်နဲ့သေနေတာတွေ ကြားနေရတာ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ် ။ 

ဒါဟာ မသေသင့်ပဲ သေဆုံးနေရတာပါ ။ မိမိတို့ရဲ့တာဝန်မဲ့မှုတွေကြောင့် ပေးဆပ်ရတာ အပြစ်မဲ့တဲ့ ပြည်သူတွေပဲဖြစ်ပါတယ် ။ 


အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်ကန့်ကွက်တာကို ထိုက်သင့်သလောက် လက်ခံပေးလို့ရပါတယ် ။


ပြည်သူအတွက် အာဏာရှင်ကို ဆန့်ကျင်တာဆိုရင် ပြည်သူအသက်တွေ အလကားသက်သက် ဆုံးရှုံးနေရတာတွေကို ပညာရှင်အနေနဲ့ လက်ပိုက်ပြီး ကြည့်မနေသင့်တော့ပါဘူး 


လူ့အသက်ထက် အရေးကြီးတာဘာမှမရှိပါဘူးလို့ ကျနော်လက်ခံယုံကြည်ထားပါတယ် ။


 နောက် ဆရာဝန် သမားတော်ဆိုတာ ရန်သူကိုတောင် အသက်အန္တာရယ်နဲ့ ရင်ဆိုင်နေရတာကို တွေ့နေရတာတောင် အသက်ကယ်ရမယ့် တာဝန်ကျင့်ဝတ်ရှိပါတယ် ။


နကစ အစိုးရအနေနဲ့လည်း တိုင်းပြည်ကို ကယ်တင်တာပါ ခြေဥကို ကယ်တင်တာပါနဲ့ ကြီးကြီးကျယ်ကျယ် လျှောက်ပြောမနေပဲ ပြည်သူအတွက် လျှော့ပေးသင့်တာ လျှော့ပေး လွှတ်ပေးသင့်တာ လွှတ်ပေး ပြီး အကောင်းဆုံးသော လမ်းတစ်ခုကို ကျန်းမားရေးဝန်ထမ်းတွေနဲ့ လက်တွဲညီညီ ဆောင်ရွက်ပေးစေချင်ပါတယ် ။ 


 အဓိပတိကမ်မ

10072021sat



Saturday, 13 March 2021

 မိခင်ရဲ့ဖာဆန်မှုတွေအတွက် လီးပဲ 

ဖခင်ရဲ့ လီးဆန်မှုတ‌ေွအတွက်လည်း လီးပဲ 

ငါရဲ့ရှင်သန်ခြင်းတွအတွက်လည်း လီးပဲ 

ဒီထက်ရုန်းရင်းကြမ်းတမ်းသာ စကားလုံးတွ ရှိသေးရင် ထပ်ပြာအုံးမယ် လီးပဲ

 မိခင် ဆိုသူ လည်း လီးပါပဲ 

ဖခင် ဆိုလည်း လီးပါပဲ 


အားလုံးကို လီးပါပဲ


 ကျနော်လိုသားမျိုးလည်း ခင်များတို့ လိုချင်မှာ မဟုတ်သလို 

ခင်များတို့လို မိဘတွကိုလည်း ကျနော်မိဘ မတော်ချင်ဘူး ။ 

ကျနော်လည်း မမွေးဖွားသင့်ဘူး 

 တကယ်ဆိုမ‌ေမွးဖွားခဲ့သင့်ဘူး 

 ပထမတော့ crph နဲ့ Dr.Sa Sa ကိုမျှော်လင့်‌ေနကြတယ်


ဒုတိယအနေနဲ့ USA တို့ 

UNတို့ R2P တို့ကို USကိုမျှော်‌ေနကြတယ်


နောက်ဆုံးKNUကိုမျှော်လိုက် KIA ကို မျှော်လိုက်နဲ့ အခုမြောက်ပိုင်းသုံးဖွဲ့ကို မျှော်ရတဲ့ အဆင့်ထိရောက်လာခဲ့ပြန်ပြီ။


အောင်ဆန်းကိုးကွယ် 

ဒေါ်စုကိုးကွယ် လာရင်း

သူရဲကောင်းမျှော်/မင်းလောင်းမျှော်တဲ့ ဗီဇ‌ေတွကြောင့် 

ပဲ

ပုဂ္ဂိုလ်‌ေရးကိုးကွယ်မှုအရမ်းမြင့်တက်ခဲ့လို့ မလုပ်သင့်တာတွေ မမှားသင့်တာတွေ မှားယွင်းခဲ့ကြပြီးပြီ ။


ဆက်လည်း မှားယွင်းကြမယ်ဆိုရင် မဖြစ်သင့်တာတွေ ထပ်ဖြစ်လာနိူင်ပြီး 


ပေးဆပ်ရတဲ့ အသက်သွေးချွေးတွေကိုလည်း ထည့်တွက်သင့်နေပါပြီ။ 


အဓိပတိကမ်မ

Thursday, 11 March 2021

မဂ္ဂင်ရှစ်ပါး

 မဂ္ဂင် ရှစ်ပါး


1. Right View -

    ကောင်းစွာ သိမြင်ခြင်း


2. Right thought-

    ကောင်းစွာ ကြံစည်ခြင်း


3. Right speech-

    ကောင်းစွာ ပြောဆိုခြင်း


4. Right action-

    ကောင်းစွာပြုမူနေထိုင်ခြင်း


5. Right livelihood-

    ကောင်းစွာ အသက်မွေးခြင်း


6. Right effort-

    ကောင်းစွာ အားထုတ်ခြင်း


7. Right mindfulness-

    ကောင်းစွာ အောင့်မေ့ခြင်း


8. Right concentration-

    ကောင်းစွာ တည်ကြည်ခြင်း


အဓိပတိကမ္မ 

pyaephyoaungkm

Friday, 5 March 2021

၇နှစ်လောက် မတွေ့ရပဲနေပြီး 
သိပ်ချစ်ရသူကို ပြန်တွေ့တော့ 
သူက စောက်‌ရမ်းလန်းပြီး ကိုယ်က စောက်ရမ်း ဂွမ်းနသာအခါ 🤓🤪


▪️တိုင်းပြည်ရဲ့အနာဂတ်မှာ လူငယ်ရောင်စုံပန်းများ ဖူးပွင့်ပါစေ🇲🇲

 ▪️တိုင်းပြည်ရဲ့အနာဂတ်မှာ လူငယ်ရောင်စုံပန်းများ ဖူးပွင့်ပါစေ🇲🇲 04032021


အခုဆိုရင် နေ့တိုင်း ရက်တိုင်း နေဝင်ခါနီးရင် 

ဝမ်းနည်းပါတယ် ပြောပြီး နောက်ကွယ်ကနေ မြှောက်ပင့်ပေးနေသူတွေရှိ‌‌ေနတယ် ။ 

ဂုဏ်ပြုပါတယ်‌ေပြာပြီး စတေးခံနေသူတွေ ရှိတယ် ။

ကန့်ကွက်ပါတယ်‌ေပြာပြီး အားပေးအားမြှောက်လုပ်နေတယ် ။ 

ရှုံ့ချပါတယ် .ဆိုပြီး ချနင်းနေကြသူတွေ ရဲ့စကားတွေ ရှိတယ် ၊ 

အထပ်ထပ်အခါခါ ကြေကွဲပြပြီး စစ်တပ်ကို နာမည်ဆိုးတွင်အောင် လုပ်နေကြသူတွေ ရှိနေပြီ ။


မင်းတို့ လူငယ်တွေသတိရှိကြပါ ဘယ်သူတွေက မိမိတို့ရဲ့ရန်သူ‌ေတွလည်း ဘယ်လိုလူတွေ ဘယ်လိုပုဂ္ဂိုလ်တွေက မိမိကို သတ်ကွင်းထဲ တွန်းပို့နေတာလည်း မင်းတို့လူငယ်တွေ သိသင့်‌‌ေသာ အချိန်ဖြစ်တယ် ။ မညံ့ကြပါနဲ့တော့ ။


အပြစ်မဲ့ပြည်သူတွေ တန်ဖိုးရှိတဲ့ လူငယ် တွေ လမ်းပေါ်မှာ သေကြေရတိုင်း အရမ်းနာကျင်ရတယ်ခံစားရတယ်။


အောင်မြင်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းပါတယ်လို့လည်း ဝေဖန်ခဲ့ဖူးပါတယ် ။


 မအောင်မြင်နိူင်တဲ့ တော်လှန်ရေးလို့ လည်း ခဏခဏ ကျနော် သုံးသပ်ခဲ့ဖူးတယ် အဆဲ‌ေတွလည်း အများကြီး ခံခဲ့ရပြီးပြီ ။


ဘယ်လိုလုပ်သင့်တယ် ဘယ်လိုတိုက်ပွဲဝင်ပြီး ဘယ်လိုတော်လှန်သင့်တယ်လို့ အကြံလည်းခဏတိုင်းပြုခဲ့ဘူးပါတယ်။


ကျနော်လည်း ဒီထက်ဘာမှပိုပြောလို့မရတော့ဘူး ပြောလည်း မပြောတတ်တော့ဘူး ။


 အခုလည်း အသက်တွေ အများကြီး ဆုံးရှုံးရပြီးပြီ 


 ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ ကိုယ်ယုံကြည်‌ေနတာ အောင်မြင်မယ် ထင်‌ေနရင်‌လည်း ဆက်လုပ်ကြပေါ့ ။

မှားတယ်လို့တော့ မပြောချင်ဘူး ။ ဒါပေမယ့်အမှန်မဟုတ်ဘူးနော် ။


 စဉ်းစားမိတာ တစ်ခုရှိတယ် လက်ရှိအ‌ေ‌ရးအခင်းမှာ လူငယ်တွေရဲ့ အသက်တွေစတေးပေးနေရတာ မထိုက်တန်ဘူးလို့ တွေးမိတယ်။ 


ဗမာလူငယ်တိုင်းကြားဖူးပါတယ်

အသက်ကုိ ဥာဏ်စောင့်

ဥစ္စာကံစောင့် ဆိုသော မြန်မာစကားပုံရှိပြီးသားပါ အသိနဲ့ သတိရှိကြ‌ေပါ့။


 ငါတို့လုပ်တာ မှားနေလား မှန်နေလား အသိဥာဏ်နဲ့ သုံးသပ်ဆင်ခြင်ပြီးလုပ်ကြပါ။ 


မတရားမှုကို တော်လှန်ချင်ကြတဲ့ လူငယ်တွေ ဒီမိုကရေစီအတွက် အသက်ပေးဝံ့တဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ စိတ်ဓာတ်ကိုတော့ လေးစားတန်ဖိုးထားမိပါတယ်။ 


 ▪️တစ်ချက်လေးတော့မှတ်ထားကြပါ▪️


 လက်ရှိနိူင်ငံရေးပြဿနာဆိုတာ စားပွဲဝိုင်းမှာ နှစ်ဖက်ခေါင်းဆောင်အချင်းချင်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီး နိူင်ငံရေးအပေးအယူ ချိန်ညှိလိုက်ရင်  

ရက်ပိုင်းအတွင်း ပြီးစီးသွားမှာပါ ။


ဒါပေမယ့် အခုပေးဆပ်ခဲ့တာတွေက အလကားသက်သက် ဖြစ်သွားမှာ ဆိုတာကိုတော့ သတိချပ်ကြပါ ။


မြန်မာ့

နိုင်ငံရေးမှာ အင်အားကြီးတဲ့ ယှဉ်ပြိုင်တိုက်ပွဲတွေ ရှိခဲ့ဖူးတယ် ။ အလံနီ အလံဖြု ကရင်သူပုန် ရှမ်းသူပုန် တိုင်းရင်သားအစုံနဲ့ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေက ယခုထက်ပိုပြီး အဆပေါင်းမြှောက်များစွာ ကြီးမားပြင်းထန်ခဲ့ပါတယ် ။


 နောက်ဆုံးတော့

တွေ့ဆုံညှိနှိုင်းအ‌ေြဖရှာကြရတဲ့ စကားဝိုင်းမှာပဲ ဆွေးနွေးအဖြေရှာရတာပဲ‌ေလ


လက်ရှိအထိတောင် မပြီးနိူင်သေးတဲ့ လက်နက်ကိုင်ပြဿနာတွေ ပြည်တွင်းမှာ ရှိနေပါသေးတယ် ။


အဲ့တော့ လက်ရှိပြဿနာကို စာပွဲဝိုင်းမှာ အမြန်ဆုံးဆွေးနွေးအဖြေရှာနိုင်လေ ထိခိုက်နစ်နာဆုံးရှုံးမှု နည်းလေပါပဲ 


ဒါကို နိူင်ငံရေးသမားတိုင်း သိသလိုစစ်တပ်ဘက်က လူတွေအရာရှိတွေကလည်း ‌ေ‌ကာင်းကောင်းကြီး သိကြတယ် ။


ဒါကို ဒေါ်စုလည်း သိတယ် မင်းအောင်လှိုင်လည်း သိတယ် ။

သူတို့ခေါင်းဆောင်တွေ နိူင်ငံရေး ချိန်ခွင် ချိန်ကြည့်မရတိုင်း ကျောင်းသားပြည်သူနှင့် အခြေခံလူတန်းစားတွေက အမြဲပေးဆပ်ကြရတာ သိပ်ကို ဝမ်းနည်းစရာကောင်းတယ် ။


ငြိမ်းချမ်းတဲ့နိူင်ငံ‌ေရးလမ်းစဉ်

 အမှားနည်းသော နိူင်ငံရေးလမ်းစဉ်ကို ရွေး‌ချယ်လျှောက်လှမ်းစေချင်ပါတယ် ။


ငြိမ်းချမ်းပါစေ မြန်မာပြည်ကြီး 

အေးချမ်းသာယာပါစေ ပြည်သူလူထုကြီး ။

မနက်ဖြန်တိုင်းမှာ အရာရာ အစဉ်ပြေပါစေ။


အဓိပတိကမ်မ

Wednesday, 3 March 2021

▪️လူငယ်တွေ သန်စွမ်းပါစေ🇲🇲

 ▪️လူငယ်တွေ သန်စွမ်းပါစေ🇲🇲


နိူင်ငံရေးသမားတွေ ကိုယ့်အလုပ် ကိုယ်လုပ်စေချင်ပါသည် ။


စစ်တပ်ဘက်ကရော လက်ရှိစစ်ဆန့်ကျင်ရေးလုပ်နေသော လူတွေကပါ ကိုယ့်အလုပ် ကိုယ်လုပ်စေချင်သလို crph ကလည်း နိူင်ငံရေး ဦးတည်ချက်ခိုင်ခိုင်မာမာ ရှိစေချင်ပြီ ။


နီပေါတွေကို တစ်ခုပြောချင်တယ်။

အောင်ဆန်းစုကြည်နိုင်ငံရေးခေတ်ကို မျှော်လင့်မနေပါနဲ့တော့ ဒေါ်စု နိူင်ငံရေးခေတ်က ပြီးဆုံးသွားပါပြီ။ 

မပြီးပြီးအောင်လည်း စစ်တပ်က လုပ်မှာ အသေအချာပါပဲ ။

နိူင်ငံရေး ဇာတ်ခုံပေါ် ဒေါ်စု ပျောက်သွားဖို့ တပ်က လက်ရှိ အာဏာသိမ်းတာလို့ပဲ ကျနော်ကတော့ ယူဆပါတယ် ။


ဒေါ်စု ပြန်လွတ်လာလည်း နိူင်ငံရေးကစားကွင်း ဝင်လို့ရတော့မှာ မဟုတ်ပါဘူး ။ 

 မလွတ်ပဲထားနေရင်လည်းအနေအထားတွေက အခုထက်ပိုပြီး သိပ်ထူးမယ်မထင်ပါဘူး ။

ဘာကြောင့်လဲ ဆိုတော့ ဒေါ်စုကို မြန်မာ့နိူင်ငံရေးလောကကနေ ထုတ်ပစ်ဖို့ရာ တပ်ရဲ့အဓိက နိူင်ငံရေးကစားကွက်ပါပဲ ။


အဲ့ဒါကြောင့် ဒေါ်စု ချက်ခြင်းလွှတ်ပေးပါ ။သမ္မတကြီး ဦးဝင်းမြင့် လွှတ်ပေးပါ အော်နေလည်း ထူးခြားလာမည် မထင်ပါ။

အဲ့ကြောင့် နိူင်ငံရး ကစားကွက် ပြောင်းလဲသင့်နေပြီ ။


နောက်ပြီး 

CRPH ကို တစ်ခုလောက်ပြောချင်တယ်။ ပြည်ပကိုပဲ အားအများကြီး မကိုးပါနဲ့ ။

သူတို့လုပ်နေတာတွေက ပြည်ပကိုပဲ အားကိုးနေပြီး ပြည်တွင်းကို ပြန်မကြည့်သလို့ဖြစ်နေတယ် ။

 ASEAN တွေ UN တွေက ကျနော်တို့ ပြည်တွင်းရေး ပြဿနာကို သံခင်းတ

မန်ခင်း အပျက်ခံပြီး ဝင်ရောက် စွက်ဖက်မှာ မဟုတ်လို့ အားကိုးလွဲနေပြီလို့ သုံးသပ်ချင်ပါတယ် ။


အခုချိန်ထိ သူတို့မှာ ဖိအားပေးရုံနဲ့ ရှုံ့ချရုံကလွဲပြီး ဘာမှ အသံထွက်မလာတာကိုက ကျနော်တို့အတွက် မျှော်လင့်ချက်လမ်းဆုံးတာပါပဲ ။


စစ်တပ်ဘက်က သူလုပ်စရာရှိရာကို ဦးတည်ချက်မဝေဝါး ပြတ်ပြတ်သားသားလုပ်ဆောင်နေပါပြီ။ သူတို့ သွားချင်တဲ့ပုံစံကို သူတို့စိတ်ကြိုက်လုပ်နေတာကလည်း အမှန်ပဲလေ ။


အာဏာသိမ်းပြီးတဲ့ နေ့ကတည်းက စလို့ တစ်ရက်မှ မပြတ်ဘူး ။ သူတို့ ပုံသွင်းချင်သလို နိူင်ငံရေး player တွေကို သူတို့ ရွေ့ချင်သလို ရွေ့ပြီး ဟန်ချက်ညီညီ လုပ်နေကြတယ် ၊  


ဘယ်သွားမယ် ဘာလိုလုပ်မယ် ဘယ်လမ်းစဥ်ကို ရွေးချယ်တယ် နဲ့ ‌ေနာက်က လိုက်မယ့် လူတွေကလည်း တစ်စီတတန်းကြီးပါပဲ ။


Nld နဲ့ crph တိ့ုအနေနဲ့ 

အခုအချိန်အထိ ၂၀၀၈ ခြေဥကို ဖက်တွယ်ပြီး ကြောင်တောင်ကန်းဖြစ်နေရတာတွေလည်း ရပ်သင့်ပါပြီ။


ဥပဒေနဲ့အညီ စည်းကမ်းတကျ ငြိမ်းချမ်းစွာတွေနဲ့ လမ်းမပေါ်မှာ လူငယ်တွေ အသက်၂၀ကျော်က‌ေလးတွေရဲ့ အသက်တွေကို တန်ဖိုးမဲ့စွာ ဆက်လက်မစတေးပါနဲ့တော့ ၊ 


အသက်တွေ ဆုံးရှုံးသွာတာတောင် ဝမ်းနည်း မပြော နာရေးအိမ်ကို နာရေးသတင်း လာမမေးတဲ့ သူတွေ နဲ့ အားပေးစကားလာမပြောကြတဲ့ လူကြီးလူ‌ေကာင်း ဆိုသူတွေက လမ်းပေါ်မထွက်ထွက်အောင် onlineပေါ်ကနေ သူရဲကောင်းလုပ်နေသူတွေ အနေနဲ့လည်း ရပ်တန်းက ရပ်သင့်ပါပြီ ။


မနက်ဖြန်ဆို အောင်မြင်ပြီ သဘက်ခါဆို အောင်မြင်ပြီ မင်းအောင်လှိုင်ပြေးတော့မှာပါ ဆိုတဲ့ လိမ်လုံးညာလုံးတွေနဲ့ ကျောင်းသားပြည်သူတွေအသက်တွေကို မစတေးပါနဲ့တော့ ။


လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေဟာ အားလုံးအသစ်ဖြစ်နေပါပြီ။

2020 ရွေးကောက်ပွဲရလဒ် အတည်ပြုပေးပါ ပြည်သူ့ဆန္ဒမဲတွေကို လေးစားပါတွေ အော်မနေနဲ့တော့ ရတော့မှာ မဟုတ်ဘူး ။ 

နိူင်ငံရေးလမ်းဆုံသွားပြီ သိဖို့ပါ ။


လက်နက်ကိုင်ပြီး စစ်တပ်ကို တော်လှန်မှာလား တော်လှန်ပြန်ရင်ရော အောင်မြင်နိူင်ပါ့မလား ။ အောင်မြင်နိူင်ရင်ရော ဘယ်လောက် အချိန်ယူ ဘယ်လောက်ထိ ပေးဆပ်ကြရမှာလဲ ။ လက်နက်ကိုင်တိုက်ရင် ရော လက်နက်ခဲယမ်းကို ဘယ်နိူင်ငံ‌က ထောက်ပံ့ပေးမှာလဲ ။


ဘယ်လောက်ထိ ထောက်ပံ့ပေးမှာလည်း ၊စဉ်းစားကြပါ နိူင်ငံရေးလုပ်နေသူတွေ 

ခင်များတို့ ရဲ့ အသိနည်းမှု အတွေးအခေါ် အမျှော်အမြင် နည်းမှုတွေရဲ့ ရော်ကြေးနဲ့‌ေလာင်း‌ေကြးက တန်ဖိုးရှိတဲ့ ကျောင်းသား ပြည်သူ‌တွေရဲ့ တန်ဖိုးရှိတဲ့ အသက်တွေပါ ။  

 

လူငယ်မျိုးဆက်တွေကိုပြောချင်တယ်။

GEN X တွေ gen Z တွေ မြှောက်ပေးတိုင်း မကကြပါနဲ့ မိမိအသိတွေကို မြှင့်တင်ကြပါ ။ 

အခုက အာဏာငမ်းသူ စစ်တပ်နဲ့ အာဏာမက်သူ nld တို့ အာဏာလုတဲ့ပွဲမှာ စတေးခံရသူတွေမဖြစ်ပါစေနဲ့‌ေတာ့။


ခေတ်ကတော့ ပျက်နေပြီ 

ခေတ်ပျက်ထဲမှာ အသားကျအောင် ဘယ်လိုနေမလဲ ကိုယ်လိုချင်နေတဲ့ နိူင်ငံရေးကို ဘယ်လိုရောက်အောင် လျှောက်လှမ်းကြမလဲ 

လက်ရှိခေတ်ပျက်ကို ဘယ်လိုကျော်လွှားကြမလဲ သေချာ တွေးတောကြပါ ခေတ်ပညာတွေ သင်ယူထားတာ ခေတ်ကို နောက်ပြန်ဆွဲချဖို့ မဟုတ်ဖူးဆိုတာ သိပါ ။

သင်တို့ လူငယ်တွေ အကောင်းဆုံးသော အနာဂတ်လမ်းမှန်ကို ငြိမ်းချမ်းစွာ ရွေးချယ်လျှောက်လှမ်းကြပါ ။


ကိုယ်ရွေးချယ်တဲ့လမ်းဟာ ကိုယ့်အနာဂတ်ပါ။

အကောင်းမွန်ဆုံး အသန့်ရှင်းဆုံး အမှန်ကန်ဆုံး အလှပဆုံးဖြစ်ပါစေလို့ တောင်းဆု‌ပြုပေးလိုက်ပါတယ် ။

အမှား‌နည်းသော လူငယ်တွေ ဖြစ်ပါစေ ။

လူငယ်တွေ သန်စွမ်းသော အသိဉာဏ်တွေ ပိုင်ဆိုင်နိူင် ကြပါစေ ။


အဓိပတိကမ်မ

Monday, 1 March 2021

 ဆိတ်ဆိတ်နေသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ စကားပေါသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ စကား မယုတ်မလွန်ပြောသူလည်း ကဲ့ရဲ့ပြစ်တင်ခံရ၏။ လောက၌ ကဲ့ရဲ့ပြစ်တင်မခံရသူ တစ်ဦးတစ်ယောက်မှ မရှိ။ - ဗုဒ္ဓ


They blame those who remain silent, they blame those speak much, they blame those who speak in moderation. There is none in the world who is not blamed. -The Buddha

 ကိလေသာ နဲပါး စင်ကြယ်သူတို့အဖို့ အစဉ်အေးချမ်းနေကြသော်လည်း


ကိလေသာ ထူပြောတဲ့ သူမိုက်တို့အဖို့ အမြဲပူလောင်နေတတ်တာ မဆန်းပါ

Sunday, 28 February 2021

Wanamaunglwin u

 ဦးဝဏ္ဏမောင်လွင်ဆိုတာ...


ကိုယ်တွေကျောင်းဆင်းစ မိခင်တပ်ရင်းမှာ

တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ

တပ်ရင်းအပေါ် ဖခင်သဖွယ်အုပ်ချုပ်ခဲ့လို့

၁၉၉၁- ၉၄ လောက်က တပ်ရင်းမှူးကို ယနေ့အချိန်ထိ 

အားလုံး အမှတ်ရ လေးစားခံနေရသူ


KNU တို့ရဲ့ နာမည်အကြီးဆုံး စခန်း ဝမ်ခသစ် သို့မဟုတ် ကော့မူးရာ

ဘယ်တော့မှ မကျပါဘူးလို့ကြွေးကြော်ထားတဲ့ စခန်း 

အနောက်နိုင်ငံတွေကစ လောင်းကြေးထပ်ပြီး 

မကျစေရဘူးဆိုပြီး

ဝမ္ခသစ္ကို ပံ့ပိုးပေးနေတဲ့အချိန် 

သင်တန်းပါတာတောင် မသွားနိုင်ပဲ 

ပြီးဆုံးအောင် တိုက်ပွဲဝင်ခဲ့သူ


သူ့ရဲ့ထူးခြားချက်ကတော့

စစ်တက္ကသိုလ်သမိုင်းမှာ ဘယ်သူမွ မရဖူးတဲ့

အမြင့်ဆုံးဆု ၃ ဆုလုံးကို တစ်ယောက်ထဲ ယူခဲ့သူ


စစ်တက္ကသိုလ် အမှတ်စဉ် ၁၆

{၁} ဗိုလ်လောင်းအမှတ် - ၁၂၀၆ အောင်စစ်သည်ဆု

{၂} ဗိုလ်လောင်းအမှတ် - ၁၂၀၆ လေ့ကျင့်ရေးထူးချွန်ဆု

{၃} ဗိုလ်လောင်းအမှတ် - ၁၂၀၆ စာပေထူးချွန်ဆု(သိပ္ပံ) စသည့် ဆုမ်ားရရွိခဲ့သူ....


ပထမဆုံး အရပ်သားအစိုးရမှာ

ပြည်ထောင်စုဝန်ကြီး/နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း

ကုလသမဂ္ဂ အစည်းအဝေးမှာ

မြန်မာနိုင်ငံတိုင်းရင်းသားထဲမှာ " ဘင်္ဂါလီ " မပါဘူးဆိုတာ

ပြတ်ပြတ်သားသား ပြောခဲ့တဲ့သူ

ဘင်္ဂါလီကို တိုင်းရင်းသားလို့ ဆက်ပြီးပြောနေမယ်ဆိုရင်

အစည်းအဝေးခန်းမထဲကနေ ချက်ခြင်းထွက်သွားမယ်လို့

ပြောခဲ့တဲ့သူ


ခုလည်း အနီအားပေး သံရုံးတွေက 

statement တွေ အားတိုင်းယားတိုင်းထွက်နေမှုအပေါ်

နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ မသင့် ဝေဖန်ဖို့မလိုဘူးလို့

ပြတ်ပြတ်သားသားပြောရဲသူ


သူ့ကိုဖောင်းထုနေတဲ့သူတွေ သူ့အရည်အချင်းကို

ဆက်ပြီး စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ် ok



လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေကို တန်ဖိုးထားတတ်ခြင်းကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။

ငါတို့က လူများတယ်ဆိုပြီး တွေးနေရင်ဖြင့် ငြိမ်နေတဲ့ အသံတွေ၊ ကိုယ်နဲ့ မတူညီတဲ့ယုံကြည်ချက်တွေကို . . .


သေသေချာချာတွေးပေးခြင်းကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ထင်တာပဲ။



28022021

ကြယ်လေးတွေ ကြွေသွားတယ် တွေ့လား

ဒီနေ့တချို့တွေ အိမ်ပြန်မလာနိုင်တော့ဘူး။


We will remember you brothers and sisters ❤️

𝗥𝗲𝘀𝘁 𝗜𝗻 𝗣𝗼𝘄𝗲𝗿 𝗼𝘂𝗿 𝗛𝗲𝗿𝗼𝗲𝘀 😞 

 အမှောင်မရှိပါဘဲ ဘယ်ကြယ်မှ လင်း၍မရ။ 


Stars can't shine without darkness.


ကိုယ်နှင့်မကိုက်ညီသူနှင့် အတူရှိနေတာနှင့်စာရင် ဘယ်သူနှင့်မှ မပတ်မသက် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ တစ်ကောင်တည်း လေမှာဝဲတတ်တဲ့ငှက်တွေက အသန်မာဆုံးသောတောင်ပံတွေ ရှိတတ်တယ်။ 


Being with no one is better than being with the wrong one, because those who fly solo often have the strongest wings.


SayarThant

Friday, 26 February 2021

ရှင်နွေတမ်းခြင်း

 သံယောဇဉ်ကြိုးတွနဲ့တာင် မချည်နှာင်ဖွဲ့ရသေးဘူး ခေတ်ပျက်ကြီးတစ်ခုကို ဖြတ်သန်းကြရင်း သဘောထားတွေ ကွဲလွဲကြရပြန်တယ် ။

အသိတွ မတူညီလို့ အတူမနေရမယ့် အဖြစ်ကို မတွေးတော့ပဲ လက်ရှိ လူမှုစံနှုန်းအားကာင်းဖို့ပဲ သိတဲ့ ကလေးအသိတွကြာင့် မဝေးသင့်ပဲ ဝေးရတာ့မယ် ။

တစ်သက်တာ အမှတ်တရကို ပြရရင် မဆက်ဆ့ရခင် ဆက်ဆံရးအပြတ်ခံခဲ့ရတာတွေကို ချပြရမှာပါပဲ ။

နင်လည်း နင်နဲ့တန်တဲ့ အသိတွ အတွေးအခေါ်တွေနဲ့ ဖြတ်သန်း ငါလည်း ငါ့အသိအမြင် ငါ့အတွေးအခေါ်တွနဲ့ ခေတ်တစ်ခုကို အတူလျှာက်လှမ်းခဲ့ကြပမယ့် မတူညီတဲ့ ပတ်ဝန်းကျင် မတူညီနဲ့ အသိတွ‌ေြကာင့် ဆုံမလိုလိုနဲ့ အလိုလိုကွဲသွားခဲ့ပြီ တစ်သက်စာအတွက် ။

တစ်ပတ်စာ အသိ တစ်‌ေခတ်စာအသိ  ဒီမိုကရေစီလူ့အခွင့်အရေးတွေ  ြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြအများကြီး မပြောဖြစ်ကြပဲ အများသဘောအလိုလိုက်ကာ ငါတို့ ဝေးခဲ့ရပြန်တယ် ။

နွေဦးတော်လှန်ရေး အကြောင်းပြုပြီး နွေရဲ့အလှကို မေ့ထားခဲ့သူရယ် နွေဦးရာ မျော်မှန်းချက်တွနဲ့ မကိုက်ညီတော့ ပြန်မဆုံနိူင်အောင် သဘောထားတွေ ကွဲလွဲခဲ့တယ် ။


အဓိပတိကမ္မ

26022021


Saturday, 20 February 2021

နေပြည်တော် နှင့် ရန်ကုန်မြေနီကုန်း

 ယနေ့ည နှစ်ခုပြောမယ် 


နေပြည်တော် နှင့် ရန်ကုန်မြေနီကုန်း


ဟိုအရင် နဝတ နအဖခေတ်တုန်း က 

ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ အားလုံးကြားကြဖူးမှာပါ ၊


ယာဉ်တိုက်မှု ဖြစ်လိုက်ပြီဆိုရင် 

ဘာကြီးပဲ ြဖစ်နေဖြစ်နေ ဘယ်လိုပဲ ဖြစ်ဖြစ် တိုက်လိုက်ရင် ယာဉ်ကြီးကအမှားပဲ ၊ ယာဉ်ငယ်က ဘယ်လိုအနေနေအမှန် ဆိုတာမျိုးတွေ ။ 


အခုလည်းအဲ့လိုပဲ စစ်တပ်က ဘာလုပ်လုပ်အမှား ပြည်သူကတွေဘာလုပ်လုပ်အမှန် လို လုပ်ချင်နေကြတယ်။


သိပ်တော့မတရားဘူးထင်တယ် ။

စစ်တပ်ကို ထောက်ခံလို့ ဒီစကားပြောရခြင်းမဟုတ်ဘူး ၊ အခုက ပြည်သူဆိုသူတွေက အတော်လွန်နေပြီ ။


အခုလည်းကြည့်လေ သေနတ်ပစ်ခံရရင် ပစ်တဲ့သူက အမှားဆိုပြီး သတင်းသမားတွေ ဆန္ဒ ပြအုပ်စုတွေက သောက်ရမ်းကြီး drama တွေခင်းပြပြီး ကြေကွဲပြနေပုံက အတော်ရွံစရာကောင်းပါတယ် ။


လုံခြုံရေးတပ်တွေကို ဒီကောင်မလေး ခဲတွေနဲ့ပစ်တဲ့ video တွေလည်း တက်နေတာပဲ အဲ့ဒီအခင်းဖြစ်တဲ့နေရာမှာ ဘယ်လောက်ထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသလဲ အားလုံးသိနေတာပဲလေ ၊


ဒါကို လုံထိန်းရဲတွေ အပြစ်လိုလို စစ်တပ်ရဲ့အပြစ်လိုလို အပြစ်တင်နေကြခြင်းတွေ တိုင်းပြည် အတွက်လည်း မကောင်းဘူး ။


လုပ်စရာရှိတာ ဥပဒေအတိုင်း စစ်တပ်က လုပ်မှာပဲ ၊ အရင်ကလိုတော့ ယာဉ်ကြီးနဲ့ယာဉ်ငယ် တိုက်ရင် ယာဉ်ကြီးပဲ အရေးယူဆောင်ရွက်သည့် ခေတ်က ကုန်ခဲ့ပြီ ။


ခင်များတို့လည်း ယနေ့ခေတ်မှာ အမှန်တရားနဲ့ မတရားမှုတွေကို တိုက်ဖျက်ကြပါ ။ အမှန်ပဲနဲ့တော့ မတရားမှုတွေကို မတိုက်ဖျက်နိူင်ပါဘူး ။ 


 

အခုလည်း မြေနီကုန်းမှာ လုပ်နေပုံတွေက

 အဖျက်ကိုပဲ ဦးတည်နေသော ပြည်သူတွေ ဖြစ်မှန်းမသိဖြစ်နေပြီ ၊ ကြက်သွန်နီတွေ ပစ်ချပြီး အိတ်အပေါက်နဲ့ လိုက်ကောက်ပြနေလိုက် လမ်းပေါ် စက်ဘီးလဲပြလိုက် ybs ကားတွေ ဖုန်သုတ်ပြကြနဲ့ အတော်လေး ကြည့်ရ ရှုပ်ဆိုးလာပြီး ဆန္ဒပြချင်တာမဟုတ်ပဲ အပျော်ရှာဖို့သက်သက် လုပ်နေသလို ဖြစ်နေပြီ ။


၁၈ ရက်နေ့ကလည်း လူကူးမြင်းကြားမှာ လုပ်နေပုံတွေက အုပ်စုဖွဲ့ပြီး တိုင်းပြည်ကို အဖျက်အမှောက်လုပ်နေကြသလို ဖြစ်နေပြီ ။


အာဏာသိမ်းစစ်တပ်ကို ဆန္ဒပြ

တာ မမှားပါဘူး ။ ဆန္ဒ ပြနေခြင်းတွေကတော့ မမှားမိစေရန် သတိပြုကြရမှာပါ ။


စစ်တပ်က သေနတ်မောင်းခလုတ် မနှိပ်ပဲ အုပ်ချုပ်နေလို့ အခုလိုတွေ လုပ်နေကြတာလား မသိဘူး ။

စစ်တပ်က ပစ်လိုက်ပါပြီတဲ့ နောက်ထပ် စစ်တပ်ပဲ အပြစ်ဝိုင်းပြီးတင်ကြမှာပါပဲ ။


အခုအခြေအနေက စစ်တပ်မပစ် ပစ်အောင် ရန်စောင်နေသလိုဖြစ်နေပြီ ။


တိုင်းပြုပြည်ပြု နိူင်ငံရေးလုပ်ကြရမယ့်အစား တိုင်းပျက်ပြည်ပျက် အဖျက်အမှောက် နိူင်ငံရေးစိတ်ဓာတ်တွေနဲ့ လမ်းပေါ်ထွက်နေကြခြင်းတွေ ရပ်တန်းက ရပ်သင့်ပါပြီလို့ အကြံပြုပြောကြားချင်ပါတယ် ။


@အဓိပတိကမ်မ 

 20022021

အမှားနည်းသော စစ်ကောင်စီဖြစ်စေလို

 ▪️အမှားနည်းသောကောင်စီဖြစ်စေလို🇲🇲


နူိင်ငံ‌ေတာ်စီမံအုပ်ချုပ်မှု‌ေကာင်စီက နိူင်ငံတော်အကြံပေးအသစ်တွေ ခန့်အပ်လိုက်တဲ့သတင်းကြားရတော့ အရပ်ဘက်က လူတွေနဲ့ စစ်ဘက်က လူတွေပေါင်းပြီး ၇ဦး ခန့်အပ်တာ တွေ့လိုက်ပါတယ် ။


ဒါဟာ ကောင်စီအတွက် ကြီးမားသော အားဖြစ်ပါတယ် ။

အခုလိုခန့်အပ်ခြင်းအား‌ဖြင့် စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်လာမှာဖြစ်သလို ပြီးခဲ့သော 1962 1988 ကာလအာဏာသိမ်းခြင်းတွေနဲ့ အတော်လေး ကွဲလွဲနေတာ မြင်ရတွေ့ပါတယ်။

ကောင်စီဖွဲ့တာတွေ စီမံအုပ်ချုပ်မှု ပုံစံတွေ နှင့့် ဆန္ဒပြလူအုပ်တွေကို ကိုင်တွယ်တာ လုံးဝလမ်းမှန်ကို ရွေးချယ်ခဲ့တာ ကာချုပ်ရဲ့ ပျော့ပြောင်းပြီး ညင်သာတဲ့ စီမံအုပ်ချုပ်မှု ပါပဲ ။


နောက်ပြီး ပြောချင်တာက 

 ဒေါက်တာစလိုင်းငွန်ကျုံးလျန် နဲ့ ဒေါက်တာရင်ရင်နွယ်လိုလူတွေပါလာတာကုိတော့ အလွန်သဘောကျတယ်

အခုလိုပညာရှင်တွေ ကို နေရာပေးပြီး နိူင်ငံတော်တာဝန်ပေးအပ်လိုက်ခြင်းက တိုင်းပြည်အတွက်လည်း ဝမ်းသာစရာပါ ။


 ဒေါက်တာနေဇင်လတ် နှင့် ဒေါက်တာ ညိုညိုသင်းတို့ကိုလည်း နေရာတွေပေးပြီး ကောင်စီရဲ့ဆောင်ရွက်မှုတွေကို အားကောင်းမောင်းသန်ဖြစ်အောင် ဆောင်ရွက်စေချင်ပါသေးတယ် ။


နောက်တစ်ခုရှိသေးတာက ရပ်ကျေးအုပ်ချုပ်ရေးမှုးရွေးချယ်ရေး ကိစ္စတွေ အခုချိန်လပ်တလော အတော်‌ေလးအသံထွက်လာတာပါပဲ ။


90% နီးပါးလောက်ကို ကြံ့ခိုင်ရေးတွေကို ပဲ ရွေးချယ်ခန့်လိုက်တာတွေ ရပ်ကွက်နှင့်ကျေးရွာလူထုက လက်မခံနိူင်တဲ့လူတွေကို ခန့်အပ်လိုက်တာကတော့ စီမံအုပ်ချုပ်မှု အမှားတစ်ခုပါလို့ ပထမဆုံး ဝေဖန်ထောက်ပြချင်ပါတယ် ။


ပြီးခဲ့သော

ယခင်အုပ်ချုပ်ရေးမှုးတွေနှင့် ထွေအုပ်က မြို့နယ်မှုးတွေ ဦးစီးမှုးတွေ နဲ့ ပေါင်းပြီး ညှိလိုက်ရင် အစဉ်ပြေသွားမယ့် ကိစ္စကို ချက်ချင်းလက်ငင်း ဖြုတ်လိုက်တပ်လိုက် လုပ်လိုက်တာတွေက ပြည်သူထောက်ခံမှု မရနိူင်သလို စစ်တပ်ရဲ့ အာဏာထိမ်းခြင်းကို လက်ညှိုးထိုးစရာ တစ်ခုဖြစ်လာတာ မြင်ရပါတယ် ။


ကျနော်လည်း အထက်ပါ

‌ပြဿနာအတွက် ဖြေဆေးကို စဉ်းစား

လို့မရသေးပါဘူး

 နောက်ထပ် အမှားမပါစေချင်သလို အဘက်ဘက်မှ အနှုတ်သဘောဆောင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြချိန်မှာ မိမိတို့ဘက်မှ အတတ်နိူင်ဆုံး အမှားအနည်းနိူင်ဆုံးနှင့် အားနည်းချက်တွေ နည်းနိူင်သမျှ နည်းအောင် ဆောင်ရွက်စေလိုသော ဆန္ဒတွေ ရှိနေပါတယ်လို့ ပြောချင်ပါတယ် ။


တပ်မတော်ရဲ့အမျိုးသားနိူင်ငံ‌ရေးကို ထာဝရယုံကြည်ချင်ပါတယ်။


@အဓိပတိကမ်မ

     20022021

Thursday, 18 February 2021

 ညီလေးရေ…

သမိုင်းဆိုတာ 

စစ်နိုင်သူတွေရေးတာသာ အမှန်ပါ၊


အဲဒီလိုပဲ 

အာဏာလက်ရှိရယူထားသူက 

လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုတာကို 

ဥပဒေလို့ခေါ်ပါတယ်ကွယ်။

အာဏာသိမ်း စစ်ကောင်စီသို့


 တရားမျှတမှုကို အလိုရှိပါတယ် ။


မတရားမှုမှန်သမျှ ဆန့်ကျင်ကြ ။


ငါတို့ လိုချင်တာ ဒီမိုကရေစီ တဲ့

ကြွေးကြော်သံတွေကတော့ ‌မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ 


အမှန်တကယ်တော့ ငါနဲ့မတူ ငါရန်သူ


ငါတို့နဲ့ မတူရင် ငါ့တို့ရန်သူ သတ်မတ်နေကြသော နိူင်ငံရေး အခိုက်အတန့်

 ဖြစ်နေပါပြီ။


ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ် ။

မြန်မာ ဒီမိုကရေစီကတော့ အုပ်စုဖွဲ့ပြီး လူနည်းစုတွေကို နှိပ်ကွပ်ဖို့ သက်သက်ဖြစ်နေတယ် ။

 

အမြင်မတူညီမှုတွေ အ‌ေတွးအခေါ်မတူညီမှုတွေကို အမုန်းထားကြပြီး တိုက်ခိုက်ရန်ပြုနေကြခြင်းတွေ ရှိနေ ဖြစ်ပေါ်နေပါတယ် ။

ငြိမ်းချမ်းရေးကို အသံကောင်းဟစ် ဗန်းပြပြီး မတော်မတရား ဆောင်ရွက်ခြင်းတွေ အမြှောက်အများ ရှိနေတယ် ။


တရားမျှတခြင်းကို ကြွေးကြော်ပြီး မတရား လုပ်ဆောင်မှုတွေ ရှိနေတယ် ။


လမ်းပေါ်ထွက် ဆန္ဒပြသူတွေက ဆန္ဒထွက်မပြသူတွေကို ဝေဖန်မယ် ရှုပ်ချမယ် အပုပ်ချ ပုတ်ခတ် စော်ကားကြတယ် ။


CDMလုပ်သူတွေ CDM မလုပ်သူတွေကို ဖိအားပေးနေကြတယ် ။


အခုအချိန်မှာ ဘာဖြစ်နေသလဲ ဆိုတော့ ဆန္ဒပြလူအုပ်ကြီးက စစ်အာဏာရှင်ကို ဆန္ဒပြရမယ့်အစား ဆန္ဒပြမလိုက်သူတွေကို ရန်စ 

ရုံးရှေ့လာပြီး ဖိအားပေး‌ေ‌နခြင်းတွေက ပြည်သူတစ်ယောက်ရဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တွေ ကိုပါ ဆန့်ကျင်နေသော အပြုအမူတွေကို လက်ရှိဆန္ဒပြလူအုပ်ကြီးက လုပ်ဆောင်နေပါတယ် ။


ဒါတွေဟာ ဒီမိုကရေစီကုိ ဆန့်ကျင်ရာ ရောက်သလို လူ့အခွင့်အရေးအရလည်း လုံးဝကြီး လမ်းလွဲနေတာ အမှန်ပါပဲ ။


ဒီမိုကရေစီကြွေးကြော်ကြပြီး ငါနဲ့မတူ ငါရန်သူ‌ ဆိုတာကြီးကတော့ မြင်လို့မကောင်း ရှုလို့မကောင်းပါဘူး ။


မိမိတို့ လိုချင်တာ ဒီမိုကရေစီသာ ဆိုရင် ဒီမိုကရေစီရဲ့အခြေခံကိုတော့ သိထားရမှာ ြဖစ်ပါတယ်။


အခုဖြစ်နေတာက

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေကြတာ မဟုတ်ပဲ ရုံးတက်နေသော ဝန်ထမ်းတွေကို ဆန့်ကျင်သလိုဖြစ်နေပါတယ် ။


နောက်တစ်ခုက ကြံ့ခိုင်ရေးပါတီဝင်တွေကို လူမှုရေးအရ ဖိ‌အားပေးနေကြတယ် ။


ကြံ့ခိုင်ရေး ပါတီရပ်ကျေး ဥက္ကဌတွေကို ဆန္ဒပြပွဲထဲ ပါဝင်လာအောင် အနူနည်း အကြမ်းနည်း သုံးပြီး ဆောင်ရွက်နေမှုတွေပါ မြင်ရတွေ့ရ ကြားနေရတာ စိတ်မကောင်းစရာပါပဲ ။


ဆန္ဒပြလူအုပ်ကြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေရာကနေ စစ်တပ်ထောက်ခံသူတွေ ကြားနေပြည်သူတွေကို ဆန့်ကျင်ရာရောက်နေပါပြီလို့ ပြောချင်ပါတယ် ။


အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ခင်များတို့ကို ထောက်ခံသော အုပ်စုတွေကို ဘယ်လိုအကာကွယ်ပေးကြမလဲ ၊


@အဓိပတိကမ်မ

18022021

#Ganenitionz

Sunday, 14 February 2021

တပ်ချုပ်သိပါစေ🇲🇲

 ▪️ကာချုပ်ကြီးသိပါစေ🇲🇲

နိူင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီကို ဉာဏ်မီသလောက် ပြောချင်ပါသေးတယ် ။


 အခုလိုပြောလို့ စစ်တပ်ထောက်ခံသူတွေ နှစ်သက်မှာ မဟုတ်သလို စစ်တပ်ကို မုန်းတဲ့လူတွေကလည်း ကြိုက်ကြမှာ မဟုတ်ပါဘူး ။


ဒါပေမယ့် ပြောသင့်တယ် ထင်လို့ ပြောပါမယ် ။

လက်ခံတာ လက်မခံတာက နောက်တစ်ပိုင်း ြဖစ်ပါတယ်။


CDMလှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စော်ကားတာ မဟုတ်ပါ၊

တပ်မတော်ရဲ့အမှားကို ထောက်ပြဝေဖန်ချင်တာပါ ။


တပ်မတော်သားတွေ စစ်သားတွေကို အရပ်ဖက်လွှတ်ပြီး တာဝန်ပေးနေမယ့်အစား အရပ်ဘက်ထဲက ပြည်သူတွေ အလုပ်မရှိ‌ေသးသူတွေကို ဦးစားပေးပြီးနေရာပေး ဝန်ထမ်းခန့်သင့်ပါတယ်။


ပထမ အစဆုံး အလုပ်ခေါ်လိုက်ပါ 

မလျှောက်တာ လျှောက်တာက ပြည်သူတွေဘက်က အပိုင်းပါ ။


အလုပ်လက်မဲ့လူဦးရေ အ‌ေရှ့တောင်အာရှမှ အလွန်များတဲ့ ဒီနိူင်ငံမှာ အလုပ်လျှောက်ပြီး အလုပ်လုပ်ချင်နေကြသော ပြည်သူတွေ အမြှောက်အများ ရှိနေပါတယ် ။

ဒါကို တပ်မတော်အနေနဲ့ သိထားသင့်ပါတယ် ။


ပြည်သူဘက်ကို ကြည့်သော အစိုးရသာဆိုရင် စစ်သားမှ စစ်ဗိုလ်မှ အရပ်သားမခိုင်းဘူး အရပ်သားတွေကို မယုံကြည်ဘူး ဆိုတဲ့ စတိုင်နဲ့

 ပြည်သူကို မျက်ကွယ်ထားမယ်ဆိုရင် ပြည်သူက စစ်တပ်ကို ထပ်မုန်းပါလိမ့်မယ် ။

ပြည်သူအလုပ်မ‌ေလှျာက် အလုပ်မလုပ်နိူင်သော နေရာဒေသတွေကို လိုအပ်လာခဲ့ရင် တပ်မတော်သားတွေကို ခန့်ပြလိုက်ပါ 

အားလုံးကျေနပ်‌ေနကြမှာ အသေအခြာပါ ။

ယနေ့ခေတ်မှာ

စစ်အစိုးရတက်လာရင် စစ်သားတွေကိုပဲ နေရာချပေးမယ် ဆိုတာချည်းကို လက်ကိုင်ထားမနေသင့်တော့ပါဘူး 

 စဉ်းစားတာကြည့်ပါ


တချို့ပြည်သူတွေစစ်တပ်ကုိမုန်းလို့  

လမ်းပေါ်ထွက်နေသူတွေ ရှိသလို 

CDM လှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စစ်တပ်ကအလုပ်ဖြုတ်ပြီး ဝန်ထမ်းခေါ်ယူခြင်းမျိုးတွေကို စောင့်နေသော ပြည်သူတွေ အမြှောက်အများကြီးရှိနေမှာ အသေအခြာပါပဲ ။


တပ်မတော်အစိုးရ နိူင်ငံတော်အုပ်ချုပ်စီမံကောင်စီတက်လာလို့ အလုပ်ရသော အလုပ်လက်မဲ့တွေက ဝမ်းသာကျေနပ်နေမှာ ဖြစ်သလို အလုပ်ပြုတ်ရသော CDMတွေကလည်း သူတို့အပြစ် သူတို့သိပြီး အလုပ်ပြန်လျှောက်လာသော ကျွမ်းကျင် ဝန်ထမ်းတွေလည်း လုပ်ငန်းခွင်ထဲ အနည်းနဲ့အများ ဝင်လာမှာ အသေအချာပါပဲ ။


ဒီလိုမဟုတ်ပဲ စစ်တပ်က စစ်သားကိုပဲ အရပ်ဘက်မှာ ခန့်မယ် ဆိုတာကြီးကတော့ ပြည်သူအမုန်းကို စစ်တပ်က 

ပိုခံရမှာဖြစ်ပါတယ် 


 နိုင်ငံရေး‌ေလာကမှာ စစ်သားတွေ ဝင်လာပြီး သူတို့အကျိုးစီးပွားအတွက်လုပ်တယ်ဆိုတဲ့ အနေအထား‌ေတွကို 

ပြီးခဲ့သော ထောက်လှမ်းရေးခေတ် တစ်ခုလုံး နဲ့ နဝတ နအဖ ခေတ်တစ်လျှောက်က ဒါဟာအမြင်သာစေသော အနီးဆုံးသမိုင်းဖြစ်သလို အမြင်သာဆုံးသော 

နောက်ခံပဲ ြဖစ်သည်။


ကာချုပ်အာဏာထိမ်းတာ ကောင်းတယ်တော်တယ် အချိန်မှန်တယ် ရွေးချယ်လျှောက်တဲ့‌လမ်းတွေ ကြည့်ပြီး လေးစားနေရ‌သလို နိူင်ငံ‌ေရးမှာ ကိုင်တွယ်တာ ညင်သာတယ် နူးညံ့တယ် ဆိုပြီး တိတ်တိတ်လေး လေးစားနေရပါတယ် ။


ကောင်စီစပြီး ဖွဲ့တော့ တပ်ဘက်က ၈ယောက် အရပ်ဘက်က ၈ယောက်ဆိုတော့ လေးစားခဲ့ရတယ် 

 လူမှန်‌ေတွ လူတော်တွေနဲ့ ဖွဲ့တယ်‌ေပါ့။


 ဒါပေမယ့် လက်ရှိစီမံမှုတွေ နည်းနည်း လွဲလာနေပြီလို့ ထင်မြင်လာပါတယ်။ 

 


အားလုံးကျေးဇူးတင်ပါတယ်


@အဓိပတိကမ်မ

Saturday, 13 February 2021

Pyaephyoaungkm


 #CDM


ဝန်ထမ်းတွေ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ကြတယ် ။

 အပြစ်မပြောချင်ပေမယ့် လုပ်ပုံမှားနေတယ်လို့ မြင်မိပါတယ်။

 တော်လှန်ချင်တယ်ဆိုရင်လည်း တခြားနည်းလမ်းသုံးပြီး တော်လှန်သင့်ပါတယ်   


အခုဟာက အောက်ခြေအခြေခံ ပြည်သူလူထုကုိ တိုက်ရိုက်ထိခိုက်နစ်နာစေပါ‌တယ် ။ 


ဘဏ်ဝန်ထမ်းတွေက CDM လုပ်တယ်ပြောပြီး အလုပ်မဆင်းကြဘူး ပင်စင်ထုတ်ပြီးမှ တစ်လစာကို ရက်၃၀

 စားနေရသော ပင်စင်စားတွေ ဘယ်လိုစားကြမလဲ ။


သား‌ေတွသမီး‌ေတွ လွှဲပေးမှ ထမင်းစားရမယ့် သက်ကြီးရွယ်အိုတွေ ဘယ်လိုရှေ့ဆက်ကြရမလဲ တွေးကြည့်ကြပါ 


ပြည်သူအတွက်ဆို 

 

ပြည်သူကို ချစ်လို့ပါဆို တကယ်ထိခိုက်တော့ စစ်အာဏာရှင်မဟုတ်ဘူး ပြည်သူလူထုရဲ့ အရှိုက်တည်တည်ကို ထိမှန်ခဲ့တာပါ ။ 


မြို့နယ်တစ်ခုမှ မီးလောင်တယ် မီးသတ်တွေက cdm လုပ်တယ် ပြောပြီး ပြည်သူဘက်မှာ မရှိတော့ 

နေ အိမ် ၃ လုံးမီး‌ေလာာင်ခဲ့ရလို့ အိမ်မဲ့ ဖြစ်သွားခဲ့ရသော မိသားစုတွေ ရှိလာပြီ ။ 


ပြည်သူအသက်ကယ်နေပါတယ် ဆိုတဲ့ ဆရာဝန် ဒေါက်တာတွေက ပြည်သူအတွက် ဆေးမကုနိူင်ပါတဲ့ 

ကျနော်တို့ CDM လှုပ်ရှားမှု လုပ်နေပါတယ်တဲ့ 

ပြည်သူနဲ့အတူပါပဲ လို့ လမ်းပေါ်ထွက် ကြွေးကြော်ပြီး ဆန္ဒပြနေကြပေမယ့် ဆေးရုံလာတက်တဲ့ ပြည်သူကို ဆေးကုမပေးလို့ ‌‌ေသရတာ ဘယ်နှစ်ယောက် ရှိပြီလည်း ။


မြန်မာတစ်နိူင်ငံလုံးဆို ယခုလက်ရှိကာလအတွင်းမနည်း‌ေလာက်ပါဘူး ။


ပုဂ္ဂလိကဆေးရုံသွားပြန်တော့လည်း 

ကိုဗစ်ကပ်‌ေရာဂါကြောင့် ဝင်ငွေမရှိ အလုပ်မရှိ ဆေးဖိုးမရှိ ရတဲ့ကြားတည်း ငွေအားဓနအင်အား မပြည့်စုံလို့ ငွေးတိုးယူ ဆေးကုရပြန် အကြွေးထူရ‌ေတာ့ ပြည်သူလူထုပဲ မဟုတ်လား ။


တချို့ဝန်ထမ်းတွေ ရုံးတက်နေကြပေမယ်။

ရုံးမတက်ရုန်းထွက် ‌ဆိုပြီး ရုံးရှေ့လာအော်နေကြ‌ေနတယ် အဲ့ဒီဝန်ထမ်းတွေရဲ့ နောက်ကမိသားစုက အလုပ်မရှိရင် ဝင်ငွေမရှိပါ ဝင်ငွေမရှိရင် ခက်ခဲသွားရပါလိမ့်မယ် ။

CDMလှုပ်ရှားမှုက လက်ရှိအချိန်ထိ အလုပ်ပြုတ်မယ် မပြုတ်မယ် လုံးဝမသေချာ‌ပါ ။


တကယ်အလုပ်ပြုတ်သွားရင် အလုပ်ပြန်ရဖို့မသေချာပါ အလုပ်မရှိလို့ အလုပ်ရှာရတာ ဒီနိူင်ငံမှာ လုံးဝမလွယ်ကူပါ ။


ဒီအလုပ်တစ်ခုရဖို့ ဝန်ထမ်းဖြစ်လာဖို့ ကိုယ်ဘယ်လောက်ကြိုးစားရတာလဲ ကိုယ်ပဲ အသိပါ ။


CDMနဲ့ စစ်အာဏာရှင် ဘယ်သူနိူင်မလဲ ယှဉ်ပြိုင်ကြတဲ့ပွဲမှာ ပြည်သူဘက်က ပထမဆုံးရှုံးနေတာ မြင်ပေးကြပါ ။


ပစ္စုပ္ပန်မှာ ပြည်သူရှုံးနေသော အာဏာလုပွဲတွေ နားသင့်နေပါပြီ ။


@အဓိပတိကမ်မ

Friday, 12 February 2021

မျှော်တိုင်းဝေးရသော‌ေရွှနိူင်ငံမ‌ဖြစ်ပါစေနဲ့ (12022021 ပြည်ထောင်စုနေ့)

 #မျှော်တိုင်းဝေးရသောနိူင်ငံမ‌ဖြစ်ပါစေနဲ့

    (12022021 ပြည်ထောင်စုနေ့)


ခံစားချက်အတုတွေနဲ့ တိုင်းပြည်ကို ချစ်ပြနေကြပေမယ့် တိုင်းပြည်ပျက်ဆီးရာ ပျက်ဆီးကြောင်း ပြုမူမှုတွေ မြင်ရတွေ့ရနေတယ် ။


သံဗုံးမတီးတဲ့အိမ်တွေ cdm မလုပ်တဲ့ဝန်ထမ်းတွေ ပြည်ခိုင်ဖြိုးတွေ တပ်ထောက်ခံသူတွေကို တိုင်းပြည်မချစ်သူတွေ ပြည်သူသစ္စာဖောက်သူတွေလို့ ဝေဖန်သုံးသပ်နေကြပြီး ၊ လမ်းမှ လချင်တွေ့ရင်တောင် လက်သုံးချောင်းမထောင်ရင် နှုတ်မဆက်သူတွေ ရှိလာတယ် ။


တိုင်းပြည်နဲ့ လူထုကို ချစ်ပါတယ်ပြောပြီး မိသားစုအချင်းချင်း ခုနှစ်အိမ်ကြား ရှစ်အိမ်ခြား နိူင်ငံရေးနှင့် ပတ်သတ်ပြီးရန်တွေ့ရန်ဖြစ်နေကြခြင်းတွေ ဖြစ်ပေါ်နေတယ် ။


ဆန္ဒပြပွဲကို အသက်နှစ်ဆယ် ဝန်းကျင်က‌‌ေလးတွေကို လူထုရှေ့ထုတ်ပြီး ပွဲစီစဉ်သူတွေက ဝန်းရံသူတွေလို လုပ်နေခြင်းတွေ မြင်ရတွေ့ရနေတယ် ။


ကလေးတွေက တိုင်းပြည်ရဲ့ အနာဂတ်ပါ 

ကလေး‌ေတွက တိုင်းပြည်ရဲ့ အသုံးချခံမဟုတ်သလို အရွယ်မရောက်ခင် တိုင်းပြည်အတွက်လည်း မဖြစ်သင့်တော့ပါဘူး ။


တိုင်းပြည်ပျက်မှ 

ပြည်သူအာဏာ ပြည်သူ့ဆီ ပြန်ရောက်လာမှာ ဆိုသော အတွေးအမြင်အလွဲမယအမှားတွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြ‌ေနသော ပြည်သူတွေအနေနဲ့ တိုင်းပြည်က ဆူဆူသာဆိုရင် တပ်မတော်က အာဏာဆက်ကိုင်ထားနိူင်ပါတယ် ။


နောက်တစ်ခုပြောချင်တာက အခု cdm လုပ်နေသော ဝန်ထမ်းတွေအများစုက 

ပညာရေးတို့ ကျန်းမာရေးတို့ ကအစိုးရလုပ်သူတွေ ဆီက ငွေကုန်ကြေးကျအများဆုံးသော ဌာနတွေဆိုရင် မမှားပါဘူး ။

ဒီလိုမဟုတ်ပါပဲနဲ့ အခွန်ဦးစီးဌာနတို့ စွမ်းအင်နှင့်လျှပ်စစ်တို့ 

က ပိုပြီး သပိတ်မှောက်သင့်သလို လဝက တို့ ကညန တို့လို ဌာနတွေကလည်း ပိုပြီး cdm လုပ်သင့်သော ဌာနတွေပဲ ြဖစ်ပါတယ်။

နောက်ပြီး ပြည်ထဲရေးနှင့် ထွေအုပ်ကသာ ပါလာရင် ခင်များတို့ လိုချင်သော 

ဆန္ဒတွေ အနည်းနှင့်အများတော့ ပြည့်ဝလာလိမ်မယ်လို့ ကျနော်ယူဆပါတယ် 

ဒါပေမယ့်အခုလို လမ်းပေါ်မှာ ရုပ်ရုပ်သည်းသည်း သာ ဆူဆူပူပူ လုပ်နေရင် 

‌အာလုံးမျှော်မှန်းနေတဲ့ ဒီမိုကရေစီကလည်း မျှော်တိုင်းဝေးနေမှာပါပဲ ။


စစ်တပ်က ပြည်သူတွေကို ပစ်သတ်လိုက်ပါပြီတဲ့ ပြည်သူလူထုကပဲ အရင်ဆုံး ထိခိုက်နစ်နာသူတွေပါ ။

နာမည်ကောင်းမကောင်းကတော့ စစ်တပ်အတွက်မထူးတော့ပါဘူး အရင်ကလည်း သမိုင်းရှိခဲ့သလို နာမည်ကောင်းနှင့် မျက်နှာဗန်း လှနေသော စစ်တပ်မဟုတ်လို့ တိုင်းပြည်အတွက် ပြည်သူတွေက စတေးမဖြစ်စေချင်တာတော့ အမှန်ပါ ။


ပြီးခဲ့သော လတွေရက်‌ေတွမှာလည်း တပ်မတော် အာဏာသိမ်းရဲ့သိမ်းကြည့် ဆိုပြီး တပ်ကို စိန်ခေါ်ခဲ့တာတွေ မြင်ရတွေ့ရ ကြားခဲ့ရပါတယ်။ 

အခုတပ်အာဏာသိမ်းတာ နှစ်ပတ်နီးပါးရှိပါပြီ ပြည်သူတွေလည်း ဘာမှမတတ်နိူင်သလို လမ်းပေါ်ထွက် ဆန္ဒပြ cdm လုပ်ရုံအပြင် ဘာမှထူးမလာနိူင်ပါဘူးလို့ ကျနော်ယူဆပါတယ် ။


ဒီကြားထဲ ပစ်ရဲ့ရင် ပစ်ကြည့် ဆိုပြီး ကြွေးကြော်သံတွေ ရှိနေသလို ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေ သတ်ဖို့ မဟုတ်ဘူး လို့ ကြွေး‌ေကြာ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာခြင်းတွေကလည်း တပ်ကို ပစ်အောင်စော်ကားရာ ရောက်ပါတယ် ။


ပြည်သူနစ်နာစေမယ့် ဘယ်လိုအလုပ်မျိုးကို မဆို နိူင်ငံခေါင်းဆောင်း မလုပ်မိပါစေနဲ့ 


ပြည်သူကုိတိုက်ရုိက်ထိခိုက်စေနိူင် ဘယ်လိုအပြုအမူမျိုးကိုမှ နိူင်ငံရေးသမားတွေ မလုပ်ကြပါနဲ့ 


အစိုးရလူကြီး အုပ်ချုပ်သူလူတန်းစား အာဏာလုပွဲမှာ ပြည်သူလူထုက အသုံးချခံ မဖြစ်ပါစေနဲ့လို့ 


တောင်းဆုပြုရင်း 

မြန်မာပြည်ကြီး အေးချမ်းသာယာ ငြိမ်းချမ်းပါစေ ။


#အဓိပတိကမ်မ

12022021ပြည်ထောင်စုနေ့

Thursday, 11 February 2021

 ဆန္ဒပြပွဲ အတွေ့အကြုံ


ဒီကြက်ဥက မနက်က ဆန္ဒပြတဲ့အထဲပါလို့ ရခဲ့တဲ့ ကြက်ဥ။ နောက်နေ့တွေ ဆန္ဒပြပွဲထဲ ဆက်ပါရမလား စဉ်းစားမိတယ်။ ကျန်းမာရေး လှုပ်ရှားမှုတော့ ဖြစ်တယ်။ အုပ်စုလိုက်ဆိုတော့ ပျော်စရာကြီးလိုလို။ 


အများနဲ့ဆိုတော့ ရောယောင်ပါသွားတာပါပဲ။ ငြင်းမလို စဉ်းစားသေးပေမယ့် ငြင်းရင်လဲ ကိုယ့်သာ လူမုန်းများသွားမယ်။ ကိုယ်လဲ စစ်အစိုးရကို ထောက်ခံတာမဟုတ်။ နောက်တစ်ကြောင်းက ဆန္ဒမပြဖူးရင် ခေတ်မမီသလိုလို လူရာမဝင်သလိုလိုဆိုတော့ လိုက်သွားကြည့်တာ။ 


ဆန္ဒပြဆိုပေမယ့် စိတ်ခံစားမှုက ပွဲစျေးတန်းမှာ စျေးမဝယ်ဘဲ ပွဲစျေးလျှောက်တဲ့ ခံစားမှုမျိုး။ သာသာယာယာ ဖြစ်နေတယ်။ 


ရဲတွေ ရှေ့မှာ ပိတ်ထားတယ် ပြောတော့ ထိတ်သွားတယ်။ မနေ့ကလို ထိပ်တိုက်တွေ့တော့မှာလား စိုးရိမ်သွားတယ်။ ကိုယ်ကသာ စိုးရိမ်နေတာ၊ ဘေးက တစ်ချို့ကတော့ ရဲနဲ့ ထိပ်တိုက်တွေ့ကြည့်ချင်သေးတာ တဲ့။ စိတ်ထဲဖြစ်နေတာက သူတို့ ထိပ်တိုက်တွေ့တာကိုလဲ ကြည့်ရမလား (အမှန်ဝန်ခံရရင် စိတ်ထဲကတော့ ကြည့်ချင်မိတယ်) ? လစ်ပြေးရတော့မလား ? ဝေခွဲမရ။ 


ရဲလေးတွေကလဲ ဘယ်အချိန်ကတည်းက ရပ်နေရတယ် မသိ။ စားစရာ မရှိ။ ရေဘူးတောင် မမြင်။ သနားလိုက်တာ! နောက်နေ့ မနက်စောစောတော့ စားစရာ မုန့်နဲ့ ရေလေး သွားပေးလိုက်ဦးမယ် စိတ်ကူးမိတယ်။


ဒါပေမယ့် ရှေ့က ဦးဆောင်သူတွေက လမ်းကြောင်းပြောင်းသွားတော့ ဒီအတိုင်း ရပ်ကွက်ထဲ အိပဲ့ အိပဲ့ လိုက်လမ်းလျှောက်ပေါ့။ လမ်းမကြီးထက်တုန်းက ကိုယ့်ကို ကြည့်သူ အများကြီးမို့ ပျော်သလိုလို ရှိုးတို့ရှန့်တန့် ဖြစ်သလိုလို ပေမယ့် ရပ်ကွက်ထဲကျတော့လဲ ကြောင်တောင်တောင်ကြီးလို့ ခံစားရပါတယ်။


"အမေစု အမေစု" ဆိုတဲ့ လုပ်ယူတဲ့ ငိုသံပါကြီးနဲ့ ထအော်တော့ ဆန္ဒပြနေတာကနေ အသုဘပို့နေသလိုလိုတောင် ခံစားချက် ဖြစ်သွားတယ်။ "သြော် ငါ့နှယ် မဦးမချွတ်" ဆို အတွေးကို ပြန်နှိမ်ရတယ်။ 


ဆန္ဒပြရင်း ခဏနား သူတို့ပြောကြဆိုကြတာတွေ ကြားရတော့ သူတို့စိတ်ဓာတ်တွေ သိလာရတယ်။ တချို့များ အတော် စိတ်ဓာတ်မကောင်းတာ။ ပခုက္ကူဘဏ်မှာ ဘဏ်ဝန်ထမ်းတချို့ ရုံးတက်လို့ တဲ့၊ သူတို့ CDM ကို မထောက်ခံလို့ဆိုပြီး ငွေ ၁၀၀၀ တန်တွေ ဝန်ထမ်းအလုပ်ရှုပ်အောင် သွားအပ်ပြီး ပြဿနာ ရှာမယ် တဲ့။ အသက်ကြီးကြီး တစ်ယောက်က "ညည်းတို့အေ မစာမနာ သူလဲ မိသားစုရှိတော့ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရရှာတာပေ့့ါ" လို့ သူ့အမြင်ကို ဆွေးနွေးတယ်။ ဒါကို ဒီ ဘွားတော်က သစ္စာဖောက်၊ မင်းအောင်လှိုင်ရဲ့ ဘယ်သို့ဘာညာ သူတို့ချင်း တီးတိုးပြော ရှောင်ဖယ်ဖယ် လုပ်လိုက်ကြတယ်။ သူတို့စကားက ဘွားတော်က "ဓမ္မ နဲ့ အဓမ္မကို ခွဲမသိဘူး" တဲ့။ အဲလိုတွေ။ 


အပြန်ခရီးကျတော့ ခံစားချက်က ညောင်းတာရော၊ အော်သံတိုင်သံတွေကို နားကြားပြင်းကပ်လာသလိုလို ရှိတာရော ဖြစ်လာတော့ မြန်မြန်သာဆန္ဒပြ ပြီးချင်တော့တာ။ အဲဒီအချိန်မှ အမှတ်ရတယ်။ selfie ဆွဲဖို့။ နားတုန်းက သူများတွေ စကားတွေ လိုက်နားထောင်မိတာနဲ့ မရိုက်မိလိုက်ဘူး။ ဒါပေမယ့် ခုကျတော့လဲ selfie မဆွဲချင်တော့ဘူး။ စိတ်က တမျိုးဖြစ်သွားတယ်။ 


ဘာပြောပြော အတွေ့အကြုံအသစ်တစ်ခုရလို့ ဆန္ဒပြရတာ ကြိုက်ပါတယ်။

ဆရာသန့်‌ေရးသည်။

 အမှန်တရားက ခွဲစိပ်ကုသမှုနှင့်တူတယ်။ နာကျင်ရပေမယ့် အရှင်းပျောက်တယ်။ 


မုသားကတော့ အကိုက်ခဲပျောက်ဆေးနှင့် တူတယ်။ လတ်တလော သက်သာသွားပေမယ့် နောက်ဆက်တွဲဆိုးကျိုးကတော့ တောက်လျှောက် ဖြစ်နေတော့တာပဲ။


Truth is like a surgery. It hurts but cures. 


Lie is like a pain killer. It gives instant relief but has side effects forever.

 သိပ်ချစ်လိုက်တာ ရှင်နွေရယ် 

နင်ပြုံးပြလိုက်တိုင် အတိုင်းအဆမရှိး ငါ‌ေပျာ်ရတယ် ။

နင်ကိုလေ ငါအခုထိ ချစ်နေတုန်းပါပဲ 

နင်နဲ့သာ ဘာမှ မဆိုင်တော့တော့ ပိုင်ဆိုင်ခွင့်ကိုတော့ ငါတက်မက်‌ေနတုန်း ။

အဓိပတိကမ္မ 

11022021




Sunday, 24 January 2021

ရှင်နွေတမ်းခြင်း၃၀

 အချစ်ရှိရာ အရပ်အေးချမ်းတယ် သာယာတယ် သဘာဝဆန်တယ် 




အချစ်ရဲ့သဘာဝ အလှတရားတွေကရိုးရိုးရှင်းရှင်းလေးပါပဲ

အချစ်ကို ပုံဖော်တဲ့‌လူတွ ကြောင့်သာ အချစ်ရဲ့ပုံရိပ်အစစ်အမှန်‌ေပျာက်ကွယ်ရရတာပါ ။

အချစ်မျက်နှာတစ်ခုအတွက် အချစ်နဲ့ပတ်သတ်သမျှအရာတွေ ရုပ်ဆိုးအာင် နာမည်ဆိုးအာင် ဖန်တီးပစ်လိုက်ကြတာပါ အချစ်မှာ အတ္တမရှိ ပေမယ့် အချစ်အတွက်အတ္တကြီးသူတွက အများစုပါပဲ ။


အဓိပတိကမ္မ




Minthu

 “Money is GOD or It is a good STORY !”

ပိုက်ဆံက ဘုရားသခင်ပဲ။



လူတွေတော်တော်များများကတော့ လက်ခံလိမ့်မယ်။ တချို့တလေလောက်ပဲ ငြင်းဆန်ကြမယ်ထင်ပါတယ်။

ကျနော် ဖီလော်ကတော့ ပိုက်ဆံက ကိုယ့်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းလို့ ရနေရင် ဒါ သနားစရာကောင်းတဲ့ ဘဝကို ပိုင်နေရပြီ။

ကြီးမားတဲ့ မေးခွန်းကြီးတွေရှိတယ်။

ငါဘာလို့ အသက်ရှင်နေရတာလဲ။

ငါဘာလို့ လူဖြစ်နေရတာလဲ။

ငါတို့ သေပြီးဘာဖြစ်မှာလဲ။

လူသားတွေ ဘယ်ကစဖြစ်လာတာလဲ။

ဘဝနေထိုင်ခြင်းရဲ့ အဓိပ္ပါယ် က ဘာလဲ။

ဒီလိုကြီးမားတဲ့ မေးခွန်းကြီးတွေကို ဖြေရှင်းနိုင်ဖို့ အတွက်၊ဘဝနေထိုင်နည်းတွေအတွက် အဖြေရှာနေရချိန်၊ ပြဿနာကြီးတွေရှိနေချိန် မှာ အဖြေရှာဖို့ မကြိုးစားနိုင်ဘဲ ပိုက်ဆံဆိုတာကို ရှာဖွေနေရင်း သေဆုံးသွားမယ်ဆို ဘယ်လောက် သနားစရာကောင်းလဲ။

ပိုက်ဆံဆိုတာ ရှေးခေတ်လူသားတွေ ထွင်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။

တချို့ ပုံပြင်တွေက အားအရမ်းကောင်းလွန်းလို့ ကျနော်တို့က ပုံပြင်လို့တောင် မသိတော့ဘူး။ ဘာသာရေးဆိုတဲ့ ပုံပြင်တွေကတော့ ကမ္ဘာပေါ် မှာ နေရာအယူဆုံး၊ အားအကောင်းဆုံး ပုံပြင်လေ။

ငါဘာလို့ အသက်ရှင်နေတာလဲ။ လူသားတွေ ဘယ်ကဖြစ်လာလဲဆိုတာကို ဖန်ဆင်းရှင် ကဖန်ဆင်းလို့ ဖြစ်လာရတယ်ဆိုတဲ့ ပုံပြင် ကို လက်ခံပြီး အဖြေထုတ်လိုက်သူတွေရှိမယ်။

သံသရာတွေ ဖန်တရာအောင်လည်နေပြီး အစဆိုတာ ဘယ်တုန်းကမှန်းမသိနိုင်အောင် များပြားလွန်းတယ်။ မသိခြင်း အဝိဇ္ဇာ၊ စွဲမတ်ခြင်း တဏှာဆိုတာက အစပဲ လို့ ပြောတဲ့ ပုံပြင်ကို လက်ခံလိုက်သူတွေလည်းရှိတယ်။

ဒီပုံပြင်တွေကို လက်မခံဘဲ မေးခွန်းကြီးတွေ ဆက်မေးနေသူတွေ တချို့ကတော့ လက်တစ်ဆုတ်စာလောက်ပဲရှိမယ်။

ဖန်ဆင်းရှင်ကြောင့်လို့ အဖြေထုတ်ထားသူတွေရဲ့ ဘဝက ဖန်ဆင်းရှင်ဆိုတဲ့ ပုံပြင်ကို ကျွန်ခံနေရတယ်။ အစကတော့ ဖန်ဆင်းရှင်ဆိုတဲ့ ပုံပြင်ပေါ့။ နောက်ပိုင်းတွေမှာ ဒီပုံပြင်ကို ရေရေလည်လည်ပြောနိုင်သူတွေကို  လည်း ကျွန်ခံလိုက်ရတယ်။ ကျွန်ဖြစ်နေသူတို့ စိတ်ထဲဖြစ်နေတဲ့ အကြောင်းအရာတွေကို ပိုပြီး ခိုင်မာလာအောင်၊ကြောက်လန့်သွားအောင် လုပ်နိုင်သူတွေလေ။

သံသရာဆိုတဲ့ အယူအဆ၊ ငါဆိုတာ မရှိဘူးဆိုတဲ့ အယူအဆ နဲ့ ပုံပြင်ကို လက်ခံသူတွေကလည်း ဒီပုံပြင်တွေကို ကျွန်ခံနေရင်းက မလုံလောက်နိုင်သေးလို့ ပုံပြင် ပြန်ပြောသူတွေကိုပါ ကျွန်ခံရင်း နေ့စဥ်ဘဝကို ဖြတ်သန်းနေကြရတယ်။

ဒီ ပုံပြင်တွေက သမိုင်းဦးမှာလူသားတို့ မေးခဲ့တဲ့ လူသားတွေဘယ်က ဖြစ်လာလဲ၊ ငါဘာလို့ အသက်ရှင်နေတာလဲ၊ သေပြီးဘယ်ရောက်မှာလဲဆိုတာတွေကို အတိုင်းအတာတစ်ခုထိ ဖြေနိုင်ခဲ့ပါတယ်။

ဒီ‌နေ့ခေတ်မှာ ပုံပြင်ပြောသူတွေက အလိုအလျောက် အပေါ် ရောက်နေပြီး ပုံပြင်ကို ကျွန်ခံနေသူတွေ က လိုက်နာနေကြာတာ ကို ကျောင်းတော် ဝါဒလို့ ခေါ်ရမှာပဲ။

ကျောင်းတော်ဝါဒ ကို လက်ခံသူတွေကို ကျောင်းတော်ဝါဒီ လို့ ပြောရမယ်။

ဒီ ကျောင်းတော်ဝါဒီတွေက လူတစ်စုခြင်း ပဲ နေထိုင်ကြတယ်။ သူတို့ ကျောင်းတော်ဝါဒ က အမှန်ဆုံးဆိုတာမျိုးပဲ လက်ခံတော့တယ်။

ပိရမစ်ဆိုတဲ့ အဆောက်အဦးတွေလိုမျိုး အပေါ်ဆုံး က လူအတွက် အောက်ဆုံးက လူတွေက အသက်ရှင်ပေးနေရတယ်။

သူတို့ က လွတ်လပ်တဲ့ လူသားတွေ မဟုတ်ကြတော့ဘူး။

တချိန်က သစ်ပင်တွေ၊ သစ်တောတွေကြားထဲ နေထိုင်ပြီး လွတ်လွတ်လပ်လပ်ရှာဖွေစားသောက်ခဲ့တဲ့ ဘိုးဘွားတွေကို အားကျမိတယ်။

သူတို့ ကို ကျွန်ပြုမယ့် ပုံပြင်တွေ မရှိကြသေးဘူး။ ရှိခဲ့ တဲ့ တချို့တလေ တွေကလည်း သူတို့ အသက်ဆက်ရှင် ဖို့၊ ဘဝနေထိုင်နည်းဆိုတာပဲ ရှိမယ်။

သူတို့ ဘဝ နေထိုင်နည်း မှာ ဆိုးကျိုးလို့ ပြောရမလား ကောင်းကျိုးလို့ ပြောရမလားတောင် မသိတော့တဲ့ မျိုးဆက် ပြန့်ပွါးခြင်းကိစ္စရှိတယ်။

အုပ်စု တစ်စုခြင်းစီ စုပေါင်းနေထိုင်းရင်းက အယောက် ၁၅၀ ကျော်တော့ အတူတူတွဲ နေထိုင်လို့ မရကြတော့ ဘူး။

အုပ်စုတွေခွဲ ကြရပြီ။

ဒီလိုနှင့် ရှင်သန်နေထိုင်ရာ ဒေသမှာ အစားအစာနည်းပါးလာကြပြီ။

ဟိုဘက် အုပ်စု နှင့် ဒီဘက် အုပ်စုက အစားအစာတွေကို လဲလှယ် ပြီး စားကြရင်း ငွေ၊ ပိုက်ဆံဆိုတဲ့ ပုံပြင်တစ်ပုဒ် ထက်ပေါ်လာတယ်။

ဟိုဘက်အုပ်စုနေထိုင်ရာဒေသ၊ ဒီဘက်အုပ်စု နေထိုင်ရာဒေသ ဆိုတဲ့ ပုံပြင်လည်း ဖြစ်လာပြန်တယ်။ နိုင်ငံ၊ တိုင်းပြည် ဆိုတဲ့ ပုံပြင်ပေါ့။

မျိုးဆက်ပြန့်ပွါးခြင်း ကို ပြဿနာ အရှင်းအမြစ်လို့ ပြောမယ်ဆိုရင် မှားတယ်။

မျိုးဆက်ပြန့်ပွါးပြီးသားကို မျိုးဆက်အဆင့်မြင့်တင်ခြင်း မလုပ်နိုင်ကြတာကို အပြစ်လို့ ဆိုမှ မှန်လိမ့်မယ်။

သတ္တဝါတွေဖြစ်တဲ့ ကျနော် တို့ လူသားတွေက အခြားသတ္တဝါမျိုးစိတ်တွေထဲ မှာ ဖွံ့ဖြိုးမှု လမ်းကြောင်းအမှန်ဆုံး လို့ ပြောရမယ်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေးအောင် နေထိုင်ကြရင်း ခုလို အခြေအနေတွေထိရောက်လာရတယ်။

အရင်က ကာယဗလ ကြီးသူက အပေါ်မှာ ရှိတယ်။ ခုက ဉာဏ ဗလကြီးသူ အပေါ်ရောက်ပြီ။

အရင်တုန်းကလို ပတ်ဝန်းကျင်ကြီး နှင့် လိုက်လျောညီထွေးအောင် နေနိုင်ဖို့ ဆို ပုံပြင်တွေ ကျန်နေသေးတယ်။

ဒီ ပုံပြင်တွေက ကျွန်ပြုတာ ခံနေရသေးသမျှ ပတ်ဝန်းကျင်ဆိုတာကြီး အဆုံးသတ်သွားလိမ့်မယ်။

ဟုတ်တယ်၊ အရင်တုန်းက မျိုးနွယ်စုအုပ်စု တစ်စုမှာ အယောက် ၁၅၀ လောက်ပဲ အတူတူတွဲနေထိုင်ကြတယ်။

နိုင်ငံဆိုတဲ့ ပုံပြင်တွေ ကို ကျွန်ခံလိုက်ရပြီး နောက်ပိုင်း မှာ ပြဿနာတွေ ဆက်ဖြစ်လာပြီ။

အရင်က အချင်းအချင်းကြားမှာ လွမ်းမိုးမှု အရမ်းမရှိခဲ့ကြဘူး။

ခု ၂၁ ရာစု မှာ မျိုးနွယ် အုပ်စုတွေ အပြန်အလှန် လွမ်းမိုးကုန်ကြပြီ။ ပုံပြင်တွေကလည်း အချင်းအချင်းတွေကြားထဲ မှာ တူလာကြပြီ။ ပုံပြင်အချင်းချင်းကြား သူသာတယ်၊ ငါသာတယ် လုပ်ကုန်ကြပြီ။

ဒီ ရာစုနှစ် ကို ရောက်မလာခင် ကာလ တွေမှာ အုပ်စု တစ်စုထည်း အတွက်လို့ ပြောလို့ မရတဲ့ ဘာသာရေးပုံပြင်တွေ က အခြားမတူတဲ့ ပုံပြင်တွေ နှင့် တိုက်မိတယ်။

ဒီ ပုံပြင်တွေကြောင့် အချင်းချင်း သတ်ဖြတ်ခြင်းတွေ လုပ်ပြီး ကုန်ကြပြီ။ လူအယောက် ၁၅၀ ကျော်ရင် အတူယှဥ်တွဲ နေထိုင်လို့ မရတော့ တဲ့ ဗီဇကြောင့်လို့ ပြောရမလား။

ခုတော့ ကျနော်တို့ အတူတူယှဥ်တွဲ နေထိုင်တဲ့ ပတ်ဝန်းကျင်းကြီး က လည်း ကျဉ်းလာပြီ။

ဟိုးအရင်ခေတ်ကလို့ မတူလို့ ထ သတ်ကြကွာဆိုတာမျိုး မဖြစ်နိုင်လောက်တော့ဘူး။

တတိယ ကမ္ဘာစစ်ဆိုတာ မရှိနိုင်လောက်တော့ဘူး။

ဒါပေမယ့် နိုင်ငံဆိုတဲ့ ပုံပြင်တစ်ခုခြင်းစီ အောက်မှာ ကျွန်ခံနေသူတွေ အချင်းချင်း ကျွန်ဘဝကို မုန်းလာပြီး ရုန်းကန် ထွက်ရင်း ပြဿနာကြီးတွေ ဆက်ဖြစ်နိုင်တယ်။

ပိုက်ဆံဆိုတဲ့ ပုံပြင်ကလည်း အရာအားလုံးကို လွမ်းမိုးသွားလိမ့်မယ်။

ဒီပိုက်ဆံဆိုတဲ့ ပုံပြင်ခြေကုပ်ယူထားတာက သတ္တဝါတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအစာ၊အမိုးအကာ၊ အနွေးဓါတ်တွေပဲ။

ဒီ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီး ပုံပြင်တွေကို ကျွန်မခံရသူရဲ့ဘဝ က အကောင်းဆုံးဘဝ။

သူ့ဘဝထက် ကောင်းတဲ့ ဘဝနေထိုင်နည်း ရှာမတွေ့နိုင်ဘူး။

ဒါကျနော် ရှာတွေ့တဲ့ ဘဝနေထိုင်နည်း ပဲ။

ပုံပြင်တွေ အကုန် လုံးကို ပယ်တယ်။

စဥ်းစားကြည့် ငရဲပြည်ကြီးသာမရှိရင်၊

စဥ်းစားကြည့် နတ်ပြည် ကြီးသာ မရှိရင်

စဥ်းစားကြည့် ဘာသာရေးတွေ မရှိရင်

စဥ်းစားကြည့် တိုင်းပြည် နိုင်ငံတွေ ရဲ့ ဘောင်တွေ သာမရှိရင်

စဥ်းစားကြည့် ကျွန်ပြုနေတဲ့ ပုံပြင်တွေမရှိရင်

စဥ်းစားကြည့် ပါ

ဒီလို စိတ်ကလေး ဝင်လာရင် ဘဝရဲ့ လွတ်လပ်မှု အရသာ ကို ပိုပြီး ခံစားရလိမ့်မယ်။

“Imagine by John Lennon”

Imagine there's no heaven

It's easy if you try

No hell below us

Above us only sky

Imagine all the people living for today

Imagine there are no countries

It isn't hard to do

Nothing to kill or die for

And no religion too

Imagine all the people living life in peace, you

You may say I'm a dreamer

But I'm not the only one

I hope someday you'll join us

And the world will be as one

Imagine no possessions

I wonder if you can

No need for greed or hunger

A brotherhood of man

Imagine all the people Sharing all the world, you

You may say I'm a dreamer

But I'm not the only one

I hope someday you'll join us

And the world will be as one


Saturday, 23 January 2021

ဟိုရေးဒီရေးဟိုတွေးဒီတွေး

ဒီဇင်ဘာဆာင်းညတွဟာ အလွန်အးဆက်‌ေနတယ်လို့ ထင်ရပေမယ့် ခံစားချက်တွ ပြည့်နှက်နေတဲ့ ညဟာ ပူလောင်လွန်းလှပါတယ် ။

အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးအရာတွေအတွက် ပူလောင်ရသလို မလိုချင်တာတွေ မလိုအပ်တာတွေနဲ့လည်း ဘဝက ပူလောင်နတယ် ။
အေးဆးခြင်း အေးချမ်းခြင်းအရသာတွေကလည်းငါနဲ့မသက်ဆိုင်တာလိုလို ငါကပဲ မနျစ်သက်တာလိုလိုနဲ့ ငါဆီကနအလိုလို လွင့်ထွက်သွားခဲ့တာ ကြာခဲ့ပါပြီ ။

အချစ်ဆုံးသူတွ ရှိသလို အမုန်းဆုံးလူတွလည်း ငါ့ဘဝကြီးထဲမှာ ရှိနေတယ် ။
အချစ်ဆုံတွေက အမုန်းဆုံးတွေဖြစ်သလို အမုန်းဆုံးတွေကလည်း မေ့ပစ်လို့မရတဲ့ လူတွေဖြစ်နေတတ်တယ် ။
ဘဝက ဆန်းကျယ်တယ်လို့ ထင်ရပေမယ့် ငါ့တို့အတွေးတွေက သဘာဝမဆန်သာ လူတွေနဲ့ဆန့်ကျင်သောအတွးတွ ဖြစ်နေတတ်တယ် ။

မေ့ပစ်လို့ မရတာတွကို မေ့ဖို့ကြိုးစားရင်း အမှတ်ပိုရခဲ့တယ် ။
အမှတ်ပြည်ဘမရခဲ့ဖူးတဲ့ကျောင်းတက်ချိန်တွကို ‌ပြန်တွးရင်း အမှတ်မရှိ အမှတ်တရထပ်လုက်ခဲ့သလို အမှတ်တရာ မရှိ ဘာတန်ဖိုးမှ မရှိတဲ့ ဘဝမှာ ဘာမှမဟုတ်တာတွကို လိုအပ်‌ေနတုန်း မလိုချင်တာတွေကို ရယူဖို့ကြိုးစားရင်း လိုချင်နတာတွေကို စွန့်လွတ်ဖို့ ကြိုးစားတတ်နေပြီ ။

အဓိပတိကမ္မ
pyaephyoaungkm
23012021 Jan

Friday, 22 January 2021

Sanfranciso 2

 မြို့တော်အုပ်ချုပ်ရေးအတွက် ရပ်ကွက်ခေါင်းဆောင် အုပ်ချုပ်ရေးမှူး (၁၁)ဦးကို ရပ်ကွက်အလိုက် ရွေးချယ်တင်မြောက်ရပြီး ထိုသူများကို Board is Supervisors များဟုခေါ်သည်။ မြို့၏ ကောင်စီဝင်များလည်းဖြစ်သည်။ သူတို့တာဝန်မှာ ဥပဒေပြုရေးနှင့် ရသုံးငွေစာရင်းပြုစုနိုင်ရေးဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဌတစ်ဦးရွေးချယ်ကာ ခေါင်းဆောင်ရသည်။ ရပ်ကွက်များကို District ဟုသတ်မှတ်ထားပြီး တစ်မှ ဆယ့်တစ်အထိရှိသည်။ သူတို့၏ သက်တန်းမှာလည်း လေးနှစ်ဖြစ်၏။ သက်တန်းကန့်သတ်ချက်မရှိ။



မြို့တော်ဝန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် ရွေးကောက်တင်မြှောက်ရသော မြို့တော်အစိုးရအဖွဲ့ဝင်များရှိသေး၏။ မြို့တော် မှတ်တမ်းထိမ်းသိမ်းသူ (City Assessor-Recorder)၊ မြို့တော်အစိုးရရှေ့နေ(City Attorney)၊ ရပ်ကွက်ဒေသရှေ့နေ (District Attorney)၊ ပြည်သူ့ကာကွယ်ရေးရှေ့နေ (Public Defender)၊ ကောင်တီရဲချုပ် (Sheriff)၊ မြို့တော် ဘဏ္ဍာရေးမှူးနှင့် အခွန်ဝန် ( City Treasurer and Tax Collector) တို့ကိုပါ မြို့နေလူထုက ရွေးချယ်ပေးရသည်။ မြို့တော်အုပ်ချုပ်ရေးဥပဒေ ( City Charter) အရ ဆောင်ရွက်ကြရသည်။

ချာတာ (Charter)ဥပဒေနှင့်အုပ်ချုပ်သော ကောင်တီ (County) များမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၃)ကောင်တီသာရှိသည်။ ကောင်တီဆိုသည်မှာ မြန်မာပြည်မှ မြို့နယ်အဆင့်ကို ဆိုလိုသည်။ ဆန်ဖရန်စစ္စကိုကောင်တီတွင် ဆန်ဖရန်တစ်မြို့ထဲသာရှိသဖြင့် Government of the City and County of San Francisco ဟု မြို့အစိုးရကို ခေါ်ဝေါ်သည်။ အခြားသော အစိုးရဌာနများနှင့် အေဂျင်စီများစွာရှိသည်။ အများစုသောခေါင်းဆောင်များကို မြို့တော်ဝန်က တိုက်ရိုက်ခန့်ထားသည်။

ဆန်ဖရန်စစ္စကိုမြို့အတွက် ၂၀၁၉-၂၀၂၀ ရသုံးငွေစာရင်းကို ဒေါ်လာ(၁၁)ဘီလီယံ သတ်မှတ်ထားသည်။ အမရေိကန်ပြည်ထောင်စုရှိ မြို့ကြီးများအနက် အသုံးစားရိတ်အများဆုံးမြို့လည်းဖြစ်သည်။ ဤ ရသုံးငွေစာရင်းသည် မြန်မာပြည်တစ်ခုလုံး၏ နှစ်စဉ်ဘဏ္ဍာရေးရသုံးငွေစာရင်းနီးပါးရှိ၏။ အစိုးရ၏ ဝင်ငွေများအနက် အိမ်ခြံမြေခွန်သည် ငါးပုံတစ်ပုံရှိသည်။ တစ်နှစ်လျှင် ဒေါ်လာ(၂)ဘီလီယံကျော် ဖြစ်၏။
ရောင်းဝယ်ခွန် အဖြစ် ဆယ်ရာခိုင်နှုန်းနီးပါး(၉.၇၅%) ကောက်ခံသည်။ ဝင်ငွေ (၃၀%) အထိသည် ရောင်းဝယ်ခွန်မှ ရရှိသည်။ ကျန်သောငါးဆယ်ရာခိုင်နှုန်းသာ အခြားဝင်ငွေများဖြစ်၏။

မြို့တော်အစိုးရသည် မြို့၏ အကြီးမားဆုံးအလုပ်ရှင်လည်းဖြစ်၏။ မြို့တော်၏ အမြဲတန်းနှင့် ယာယီအစိုးရဝန်ထမ်းစုစုပေါင်း နှစ်သောင်းခုနှစ်ထောင်အထိ ရှိသည်။ ပြည်သူ့ဝန်ထမ်းဌာန (Department of Public Work) သည် မြန်မာပြည်တွင် စည်ပင်သာယာနှင့်ညီမျှသည်။ မြူနီစပယ် ပို့ဆောင်ရေး အေဂျင်စီ (Municipal Transportation Agency) မြို့တွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည်။ ပြည်သူ့အခြေခံလိုအပ်ချက်များ ကော်မရှင် (Public Utility Commission) သည် ရေ၊မီး၊ ဓါတ်ငွေ့ စသည့်လိုအပ်ချက်များကို ကိုင်တွယ်ရသည်။ ရဲဌာန၊ မီးသတ်ဌာန၊ အကျဉ်းဦးစီးဌာနစသည်ဖြင့် အခြားသောဌာနပေါင်း ရာချီရှိသည်။

ဆန်ဖရန်စစ္စကို၏ ရာဇဝတ်မှုသည် အခြားမြို့ကြီးများနှင့်ယှဉ်လျှင် နည်းပါးသည်။ ရဲဌာနတွင် ရဲအရာရှိပေါင်း နှစ်ထောင့်တစ်ရာကျော်ရှိ၍ ရဲစခန်းဆယ်ခုဖွင့်လှစ်ထားသည်။ ဆန်ဖရန် ရဲဌာနသမိုင်းတွင် ပထမဆုံး အာရှနွယ်ဖွားအမျိုးသမီးရဲချုပ်သည်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ထိုနည်းတူစွာပင် ဆန်ဖရနစစ္စကိုမြို့၏ မီးသတ်ဦးစီးချုပ်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့တော်ဝန်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့အုပ်ချုပ်ရေးမှူးများတွင်လည်း အမျိုးသမီးများစွာပါဝင်သည်။ ဆန်ဖရန်စစ္စကိုမြို့သည် အမျိုးသမီးများ၏ဂဏ္ဍကို များစွာအားပေးသည့်မြို့တစ်မြို့ဖြစ်၏။ ထို့ကြောင့်လည်း မြို့၏ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးထုအားကောင်းနေခြင်းဖြစ်သည်။ ကျားမခွဲခြားမှုအနည်းဆုံးမြို့ဟု ဆိုသည်။

မြို့၏အထွေထွေကုန်ကျစားရိတ်ကြီးမြင့်သလို လုပ်ခလစာလည်း မြင့်သည်။ အမေရိကန်ပြည်ထောင်စု၏ အနိမ့်ဆုံးလစာသည် (၇.၂၅) ဒေါ်လာသာ သတ်မှတ်ထားသော်လည်း ဆန်ဖရန်စစ္စကိုမြို့အစိုးရက တစ်နာရီလျှင် (၁၅)ဒေါ်လာ သတ်မှတ်ထားသည်။

မြို့တည်နေရာအရ အနောက်ဖက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဖက်နှင့် အရှေ့ဖက်တွင် ပင်လယ်ကွေ့တို့ဝိုင်းရံထားပြီး တောင်ဖက်သည်သာ ကုန်းပိုင်းဖြစ်သည်။ တောင်တန်းများစွာတည်ရှိသဖြင့်တည်နေရာအလွန်ထူးခြားလှပသည်။ ရေနှင့်ကုန်းမြေတို့သဘာဝ၏ ဆက်စပ်အလှတရားများ၊ လူလုပ်ကျွန်း၊ ပန်းခြံကြီးများ၊ ရှေးဟောင်းအဆောက်အဦများစသည်ဖြင့် ကြည့်ရှုလည်ပတ်စရာ များစွာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

ဆန်ဖရန်စစ္စကို လာလည်မည်ဆိုလျှင် မရောက်မဖြစ်သွားလည်ရမည့်နေရာများ မနည်းလှ။ မြို့တွင်းအပြင် မြို့ပြင်ဖက်တွင်ပါ သွားရောက်သင့်သည့်နေရာများစွာရှိသည်။ ထိုနေရာများထဲမှ ကောင်းနိုးရာရာနေရာများကို မိတ်ဆက်ပေးချင်ပါသည်။

(၁)ဂိုးလ်ဒင်းဂိတ်တံတား (Golden Gate Bridge)

Golden Gate တံတားသည် ဆန်ဖရန်၏ သင်္ကေတဖြစ်သည်။ ဆန်ဖရန်မြောက်ဖက်ပိုင်းရှိ မြို့များနှင့်ဆက်သွယ်ရန်အတွက် လေတိုက်နှုန်းအလွန်ပြင်းသော ပင်လယ်ကွေ့အဝကို ဖြတ်သန်းထားသည့် ကြိုးတံတားဖြစ်သည်။ သဘောၤများဝင်ထွက်ရာအပေါက်ဝဖြစ်၍ ကြိုးတံတားဒီဇိုင်းကို ရွေးချယ်ခဲ့သည်။ ခေတ်သစ်ကမ္ဘာ၏ ထူးခြားအံ့မခန်းသောတည်ဆောက်မှုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်၏။ ထိုခေတ်အခါက မဖြစ်နိုင်ဟုဆိုသောအရာကို ဖြစ်အောင်လုပ်ပြခဲ့ကြသည့် အင်ဂျင်နီယာများကို လေးစားပါသည်။ ယခုခေတ်တွင် အလွန်တရာရှည်လျှားသော ကြိုးတံတားများ တည်ဆောက်နိုင်ခြင်းမှာလည်း ဤတံတား၏ ဆောက်လုပ်ရေးလုပ်ငန်းမှ လေ့လာသင်ယူခဲ့မှုများကြောင့် ဖြစ်၏။

တံတားအရှည်စုစုပေါင်း (၁.၇)မိုင်ရှည်ပြီး အကျယ်ပေကိုးဆယ်၊ အမြင့် (၇၄၆)ပေရှိသော ဤကြိုးတံတားကို ၁၉၃၃ခု ဇန်နဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၇ခုနှစ် မေလ(၁၇)တွင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်းရှစ်ဆယ်ကျော်ရှိခဲ့ပြီ။ ဖိုးဖိုးကြီးအရွယ်ရောက်နေပြီဖြစ်သော ထိုတံတားအိုကြီးပေါ်မှ နေ့စဉ်လိုလို ယာဉ်မျိုးစုံအစီးရေစုစုပေါင်း တစ်သိန်းတစ်သောင်းကျော် ဖြတ်သန်းလျှက်ရှိ၏။ ပြုပြင်ထိန်းသိမ်းမှုကောင်းသဖြင့် နှစ်ရာကျော်သည့်တိုင် အသုံးတော်ခံနေမည်မှမလွဲ။ ဘယ်ညာ တစ်ဖက်လျှင် တစ်ပေမျှရွေ့လျှားနိုင်သဖြင့် ငလျှင်ဒါဏ်လည်း ပူစရာမရှိ။

ဤနေရာသည် ရှုခင်းအလှဆုံးတံတားတစ်ခုမို့ ဓါတ်ပုံဆရာများအကြိုက်တွေ့ကြ၍ ဓါတ်ပုံအရိုက်ခံရဆုံးတံတားတစ်စင်းအဖြစ် တည်ရှိနေသည်။ တံတားပေါ်မရောက်မှီမှစ၍ တံတားပေါ်အထိ ဓါတ်ပုံရိုက်ရန်ရှုခင်းပေါင်းစုံက ရင်သတ်ရှုမော။ ရုပ်ရှင်ဇာတ်ကားများစွာတွင် အဓိကဇာတ်ကောင်အဖြစ်အသုံးတော်ခံခဲ့ရသလို ယနေ့တိုင်လည်း အသုံးတော်ခံနေမြဲဖြစ်သည်။

(၂) အယ်ကာထရဇ်ကျွန်း (Alcatraz Island)

ဆန်ဖရန်စစ္စကိုမြောက်ဖက် ကမ်းခြေနှင့် (၁.၂၅)မိုင်အကွာတွင်ရှိသောကျွန်းငယ်လေးသည်လည်း နာမည်ကျော်နေရာတစ်ခုဖြစ်၏။ မီးပြတိုက်ထားရှိရာကျွန်းကလေးမှသည် ၁၉၃၄မှ ၁၉၆၃ အထိ ဗဟိုအစိုးရအကျဉ်းထောင်ဖြစ်ခဲ့သောသည်ကျွန်းလေးတွင် အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်လူဆိုးကြီး အယ်လ်ကာပုန်း (Al Capone)အပါအဝင် ထိပ်တန်းဒုစရိုက်သမားများစွာကို ထိမ်းသိမ်းထားခဲ့ရာ နေရာဖြစ်၏။

ကမ်းခြေနှင့်တစ်မိုင်သာသာအကွာအဝေးသာဖြစ်၍ အကျဉ်းထောင်မှ ထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်မှုမရခဲ့ကြ။ ဖေါက်ထွင်းထွက်ပြေးခဲ့သူ အကျဉ်းသား(၃၆)ဦးတွင် (၂၃)ဦးအရှင်ဖမ်းမိ၊ (၆)ဦးကိုအသေပစ်ခတ်ဖမ်းမိ၊ (၂)ဦးရေနစ်သေဆုံးသည်။ ကျန်သူများမှာ ရေနစ်သေဆုံးဟုယူဆ၍ ပျောက်ဆုံးစာရင်းဝင်သည်။ အလွန်အေးမြသောပင်လယ်ရေနှင့် ပြင်းထန်သောလှိုင်းပုတ်မှုကို အံ့တုနိုင်စွမ်းမရှိခဲ့ကြ။

ယခုအခါ ပြတိုက်ပြုလုပ်ထားသောအကျဉ်းထောင်ဟောင်းပေါ်သို့ သဘောၤဖြင့် သွားရောက်လည်ပတ်နိုင်သလို သဘောၤဖြင့်ပင် ကျွန်းတစ်ပတ်ပတ်၊ ရွှေတံတားကြီးအောက်မှဖြတ်၍ ဆန်ဖရန်စစ္စကိုမြို့၏ ရင်သတ်ရှုမောရှုခင်းများကို အဝေးမှကြည့်ရှုခံစားနိုင်သည်။ နာမည်ကျော် ဂျိန်းစဘွန်းမင်းသားကြီး ရှောင်ကွန်နရီသရုပ်ဆောင်ခဲ့သည့် The Rock အမည်ရှိ အကျဉ်းထောင်ရုပ်ရှင်ကားသည် သည်ကျွန်းကိုအခြေပြု၍ ရိုက်ကူးခဲ့သည်။

(၃) တောင်ကုန်းညီနောင် (Twin Peaks)

အမြင့်ပေ(၉၂၅)ပေမြင့်သော တောင်ကုန်းညီနောင်သည် ဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးနည်းပါးကို မြင်တွေ့ရသည့်နေရာဖြစ်၏။ တချိန်က အိုလိုနီလူရိုင်းတို့အမဲလိုက်ရာတွင် အပေါ်စီးမြင်ကွင်းအဖြစ်အသုံးပြုခဲ့ရာဖြစ်သော သည်နေရာသည် ဆန်ဖရန်စစ္စကိုမြင်ကွင်းကျယ်ကြိုက်သူများအတွက် မရောက်မဖြစ်ရောက်ရမည့်နေရာဖြစ်၏။ မနက်ပိုင်းနှင့် ညနေပိုင်းဆိုလျှင် မြူများဖုံးနေ၍ မြို့ကိုမမြင်ရတတ်သောကြောင့် နေ့ခင်းပိုင်းတွင် သွားသင့်သည်။

(၄)ဂိုးလ်ဒင်းဂိတ်ပန်းခြံ (Golden Gate Park)

အရှေ့မှအနောက်သို့ သုံးမိုင်ကျော်ရှည်လျှား၍ တောင်မှမြောက်သို့ မိုင်ဝက်ခန့်ကျယ်သော ဤပန်းခြံကြီးကို ၁၈၇၁ခုနှစ်မှစ၍ စတင်အကောင်အထည်ဖေါ်ခဲ့သည်။ မြေဧက တစ်ထောင်ကျော်အကျယ်အဝန်းရှိသည်။ နယူးယောခ်မြို့ရှိဗဟိုပန်းခြံကြီး (Central Park) ထက် နှစ်ဆယ်ရာနှုန်းကျော်ပိုမိုကျယ်ဝန်းပြီး နှစ်စဉ် လူဦးရေ (၁၃)သန်းကျော်လာရောက်လည်ပတ်ကြသည်။ အပင်ပေါင်း တစ်သိန်းခွဲခန့်စတင်စိုက်ပျိုးပြုစုခဲ့ရာမှ ယခုအခါ တောအုပ်ကြီးများ၊ ပန်းမျိုးစုံ၊ ရေကန်ကြီးငယ်များ၊ ကလေးကစားကွင်းများ၊ ငှက်တိရိစ္ဆာန်များဖြင့် သာယာလျှက်ရှိ၏။မြို့ပြ၏ မွန်းကျပ်မှုကို ရှောင်တိမ်းလိုသူတို့အတွက် အကောင်းဆုံးနေရာဖြစ်၏။ မြို့ထဲမှာ တောအုပ်ကြီးဖြစ်အောင် ဖန်တည်းထားသည်။ ပန်းခြံ၏ အနောက်ဖက်အစွန်းသည် ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ဝန်းသဖြင့် ပန်းခြံမှထွက်၍ ကမ်းခြေတလျှောက် လမ်းလျှောက်နိုင်သည်။ ပနိးခြံထဲတွင်အနုပညာဆိုင်ရာ၊ သိပ္ပံဆိုင်ရာ ပြတိုက်ကြီးများလည်းတည်ဆောက်ထားသည်။

ဤနေရာသည် ၁၉၀၆ခုနှစ် ဆန်ဖရန်စစ္စကိုငလျှင်ကြီးအပြီးတွင် ဒုက္ခသည်နှစ်သောင်းအား ယာယီအိမ်ရာများတည်ဆောက်ပေးခဲ့သည့် နေရာလည်းဖြစ်သည်။ တေးဂီတပွဲတော်များလည်း မကြာခဏ ကျင်းပရာနေရာဖြစ်သည်။

(၅) အနုပညာမြောက်နန်းတော်နေရာ (Palace of Fine Arts)

ရောမနှင့်ရှေးဟောင်းဂရိနန်းတော်ဟောင်းကြီးပုံစံ တည်ဆောက်ထားသည်။ ၁၉၁၅တွင်ကျင်းပခဲ့သော ပနားမား ပစိဖိတ် ကုန်စည်ပြပွဲအတွက် အဆောက်အဦပေါင်းများစွာတည်ဆောက်ခဲ့ရာမှ တစ်ခုဖြစ်၏။ ပွဲကြီးအပြီးတွင် အခြားလက်ရာများစွာကို ဖြိုချဖျက်စီးခဲ့သော်လည်း ဤနန်းတော်ဟောင်းပုံစံ အဆောက်အဦးကြီးကို မဖျက်ဆီးလိုသောသူများက စောင့်ရှောက်ပြင်ဆင်ထိန်းသိမ်းခဲ့ရာမှ ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။

ဓါတ်ပုံရိုက်ရန် အလွန်လှသောနေရာဖြစ်၍ မင်္ဂလာဆောင်ကြမည့်သူများ မရောက်မဖြစ် ရောက်အောင်လာ၍ ရိုက်ကြရသည်။ မရင်နာ (Marina) ခေါ် ပင်လယ်ဆိပ်ကမ်းလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုနိုင်သည်။

(၆) တံငါဆိပ် (Fishermen’s Wharf)

၁၈၀ဝပြည့်၏ နှောင်းပိုင်းတွင်ရောက်ရှိလာသူ အီတလီနိုင်ငံသားတံငါသည်များ စတင်အခြေချရာမှ တံငါဆိပ်ဖြစ်ပေါ်လာသည်။ ထိုသူတို့သည် ဆန်ဖရန်စစ္စကို မြောက်ပိုင်းကမ်းခြေတွင်နေထိုင်ရာမှ North Beach ရပ်ကွက် ဖြစ်တည်လာသည်။ ထိုနေရာကို ဒေါ်လာ(၁၅)သန်းအကုန်အကျခံကာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

ဆိပ်ကမ်းအမှတ်(၃၉) တည်ရှိရာဖြစ်၍ Pier 39 ဟုလည်းခေါ်သောသည်နေရာနှင့်တဆက်တည်းတွင် အမျိုးသားရေကြောင်းသမိုင်းပြတိုက်၊ ဒုတိယကမ္ဘစစ်ကအသုံးပြုခဲ့သည့် ရေငုတ်သဘောၤဟောင်း (USS Pampanito)၊ ၁၉ရာစုက အသုံးပြုခဲ့သည့် ကုန်ပစ္စည်းတင်သဘောၤ (Balclutha ) စသည်တို့ကိုပါ တွေ့မြင်နိုင်သည်။ ပင်လယ်ဖျံကြီးများ (Sea Lion)သည်လည်း ဆိပ်ကမ်းတစ်ဝိုက်တွင်နေထိုင်ကြသည်။ ပင်လယ်ပြင်မှ ပြန်လည်ဆိုက်ရောက်လာသော ငါးဖမ်းလှေများလည်း နေ့စဉ်ဆိုက်ကပ်နေဆဲဖြစ်၍ လတ်ဆတ်သော ပင်လယ်စာများ ရရှိသည်။ ပင်လယ်ဂဏန်းကြီးများသည် အလွန်အရသာထူးကဲလှသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ပြခန်းများစွာဖြင့် အလွန်စည်ကားသည်။ လွတ်လပ်ရေးနေ့တွင် မီးရှူးမီးပန်းပစ်ဖေါက်ရာနေရာဖြစ်၏။

(၇)ကေဘယ်လ်ကား (Cable Car)

ဆန်ဖရန်စစ္စကိုရောက်လျှင် ကေဘယ်လ်ကားစီးရန်လည်း မမေ့ပါနှင့်။ မော်တော်ကားကဲ့သို့ စက်မပါပဲ မီးရထားလမ်းအောက်တွင် ရွေ့လျှားနေသော ကေဘယ်လ်ကြိုးကြီးဖြင့် ချိတ်ဆက်မောင်းနှင်ခြင်းဖြစ်၏။ ထို့ကြောင့် တစ်နာရီ(၁၃)မိုင်သာသာ အလွန်နှေးသောနှုန်းဖြင့်သာ ရွေ့လျှားသည်။

မြင့်မားသောတောင်ကုန်းများကြောင့် မြင်းလှည်းများလန်ကျ၍ မကြာခဏဒုက္ခဖြစ်ရာမှ ေ၁၈၇၃တွင် ကေဘယ်လ်ကားပေါ်ပေါက်ခဲ့သည်။ ၁၈၉၀အထိ လိုင်းပေါင်း (၂၃)လိုင်းရှိခဲ့သော်လည်း နှစ်တစ်ရာကျော်ခန့်ကြာသောအခါ လိုင်းသုံးလိုင်းသာ ကျန်ရှိသည်။ နေ့စဉ်လူနှစ်သောင်းခန့်ကိုပို့ဆောင်ပေးနေသောကြောင့် နှစ်စဉ်လူခုနှစ်သန်းခန့် စီးနင်းလိုက်ပါသည်။ ကေဘယ်လ်ကားပြတိုက်သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။ မတ်စောက်သောတောင်ကုန်းများပေါ်တွင် တည်ဆောက်ထားသဖြင့် ကားစီးရင်း သဘာဝရှုခင်းကို ခံစားနိုင်သည်။ ယူနီယံစကွဲမှ တံငါဆိပ်အထိကေဘယ်လ်ကားလမ်းသည် ခရီးသည်များအကြိုက်တွေ့ကာ အထင်ရှားဆုံးဖြစ်၏။

(၈)ယူနီယံစကွဲ (Union Square)

မြို့လည်ရှိ ပန်းခြံလေးတစ်ခုဖြစ်၏။ Shopping သမားတို့အကြိုက်ဖြစ်၍ အမျိုးသမီးထုအတွက် မရောက်မဖြစ်။ အလုပ်သမားသမဂ္ဂများကို ထောက်ခံသူတို့စုဝေးရာနေရာဖြစ်၍ Union Square ဟု ခေါ်တွင်သည်။ စီးပွားရေးရပ်ကွက် (Financial District)၊ တရုတ်တန်း (Chinatown )တို့နှင့် ကပ်လျှက်တည်ရှိသည်။ ဟော်တယ်ကြီးများ၊ ဈေးဝယ်စင်တာများ၊ ပြဇာတ်ရုံများ၊ စားသောက်ဆိုင်များ အနီးအနားတွင်ရှိသည်။ တံငါဆိပ်သွားရာ ကေဘယ်လ်ကားဂိတ် စတင်သည့်နေရာဖြစ်သည်။ ပန်းခြံအလယ်တွင် နိုက်ကီ(Nike) ဟုအမည်ရသည့် အောင်မြင်ခြင်းကိုကိုယ်စားပြုသော ဂရိနတ်ဘုရားမ၏ ရုပ်ထုကိုကျောက်တိုင်ထိပ်တွင် မြင်တွေ့နိုင်သည်။ (ကမ္ဘာကျော်ဖိနပ်တံဆိပ်သည် ထို Nike ခေါ် အောင်မြင်ခြင်းဂရိနတ်ဘုရားမ၏ အမည်ပင် ဖြစ်ပါ၏။)

(၉)တရုတ်တန်း (Chinatown)

အမေရိကန်ပြည်ထောင်စုရှိ တရုတ်တန်းများတွင် ရှေးအကျဆုံးဖြစ်သည်။ မိုင်ဝက်ပတ်လည်အလျှားအနံရှိ စတုရန်းပုံသဏ္ဍန်ရှိ ဆန်ဖရန်စစ္စကိုတရုတ်တန်းသည် မြောက်အမေရိကတိုက်တွင် အကြီးမားဆုံးလည်း ဖြစ်သည်။ ဤနေရာကျဉ်းလေးတွင် နေထိုင်ကြသူ လေးသောင်းနီးပါးရှိသဖြင့် နယူးယော့ခ်မြို့၏ မဟက်တန်ရပ်ကွက်မှလွဲလျှင် အမေရိကန်ပြည်ထောင်စု၌ လူနေသိပ်သည်းမှုအများဆုံးဖြစ်၏။ မိသားစုများ စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ဟော်တယ်ခန်းအရွယ်အခန်းငယ်များတွင် နေထိုင်ကြသည်။ တစ်နှစ်ဝင်ငွေ နှစ်သောင်းခန့်သာရှိသဖြင့် ဝင်ငွေအလွန်နည်းပါးကြသည်။ နေထိုင်သူစုစုပေါင်း၏ ရာနှုန်းပြည့်နီးပါးမှာလည်း တရုတ်လူမျိုးများ သို့မဟုတ် အာရှတိုက်သားများပင် ဖြစ်ကြသည်။ ချမ်းသာသူတရုတ်အများစုကမူ Sunset၊ Richmond စသည့် ပင်လယ်နှင့်နီးသောရပ်ကွက်များတွင် နေထိုင်ကြသည်။ တရုတ်တန်း၏ သမိုင်းကြောင်းမှာ ရှည်လျှားလှသည်။

ဂရန့်လမ်း( Grant Avenue) ပေါ်ရှိ တရုတ်တန်း၏အဝင်ပေါက်တစ်ခုပေါ်ရှိ နဂါးဂိတ် (Dragon Gate) သည် အလှဓါတ်ပုံရိုက်သူတို့အတွက် မျက်စိကျစရာနေရာဖြစ်သည်။ နှစ်တစ်ရာကျော်ပြီဖြစ်သည့် တရုတ်ရှေးဟောင်းလက်ရာ လမ်းမီးတိုင်ကြီးများကိုလည်း တွေ့နိုင်သည်။ တရုတ်ရိုးရာအစားအစာများကိုလည်း ဈေးနုှန်းသက်သာစွာ စားသုံးနိုင်သည်။ အမှတ်တရပစ္စည်းဆိုင်များ၊ ရှေးဟောင်းတရုတ်ဘုရားကျောင်းများ ရှိသည်။

ကမ္ဘာကျော် ကွန်ဖူးဘုရင် ဘရုစလီ ( Bruce Lee) မွေးဖွားခဲ့ရာ တရုတ်ဆေးရုံ (San Francisco Chinese Hospital) ကိုလည်းတွေ့မြင်နိုင်မည်။ ဘရုစလီသည် ထိုဆေးရုံတွင်မွေးဖွားခဲ့ပြီး ဆန်ဖရန်တဖက်ကမ်းရှိ ဥက္ကလံမြို့တွင် ကလေးဘဝက နေထိုင်ခဲ့သည်။ ကိုးနှစ်သားအရွယ်တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့သွားကာ အသက်(၁၈)နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ပြန်လည်ရောက်ရှိလာပြီး ဆန်ဖရန်တရုတ်တန်း၌ လအနည်းငယ်နေထိုင်ပြီးနောက် ဆီရားတယ် (Seattle)မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

(၁၀) ကွိုက်တာဝါ (Coit Tower)

မြို့မြောက်ဖက်ရှိ North Beach ရပ်ကွက်ရှိ တယ်လီဂရပ်တောင်ကုန်း (Telegraph Hill ) ပေါ်တွင်တည်ရှိသည်။ ပေပေါင်း (၂၁၀)အမြင့်ရှိသော ကွန်ဂရိတာဝါတိုင်ကြီးဖြစ်သည်။ မြို့လယ် တစ်မြို့လုံးကို အပေါ်မှ ၃၆၀ ဒီဂရီ အနေအထားဖြင့် တွေ့မြင်နိုင်သည်။ ၁၉၃၂-၃၃ တွင် မီးသတ်မျှော်စင်အဖြစ်အသုံးပြုရန် တည်ဆောက်ခဲ့သည်။ တယ်လီဂရပ်တောင်ကုန်း၏ လှေခါးထစ်များသည်လည်း မြင့်မားလှသဖြင့် ကျန်းမာရေးလိုက်စားသူများ၊ လမ်းလျှောက်သူများအကြိုက်တွေ့ကြသည်။

ထိုနေရာများအပြင် အကွေ့အကောက်များလှသဖြင့် ကမ္ဘာ့အကောက်ကွေ့ဆုံးလမ်းဟု တင်စားကြသည့် Lombard Street ၊ ဂျပန်တောင်း (Japantown)၊ မြို့တော်ခန်းမ (City Hall) ၊ ကုလသမဂ္ဂပလာဇာ (United Nation Plaza)၊ ဆန်ဖရန်ဆိပ်ကမ်းရှိ သမိုင်းဝင် Ferry Building ၊ Nob Hill တောင်ကုန်းပေါ်ရှိ သန်းကြွယ်သူဌေးကြီးများ၏ အိမ်များ၊ Cliff House ခေါ် ပင်လယ်အစွန်းကျောက်တုန်းကြီးပေါ်မှ အိမ်ကြီး၊ ကုန်းမြေ၏အဆုံး (Land End)ရှိ ပစိဖိတ်ကမ်းခြေ (Ocean Beach)၊ Sea Cliff မှ အိမ်ကြီးများ၊ Presidio ခေါ် ရေတပ်စခန်းဟောင်းတည်ရှိရာ တောအုပ်ကြီး စသည်ဖြင့် မြို့တွင်းလည်ပတ်စရာတွေ အများအပြား ကျန်ရှိနေသေးပါသည်။

ဆန်ဖရန်မြို့တွင်းကို အားရအောင်လည်ပတ်ပြီးလျှင် မြို့ပြင်နှင့်အနီးအနားတဝိုက်သို့ သွားလည်ကြပါစို့။ ဆန်ဖရန်စစ္စကို၏ နာမည်ကျော် ဂိုးလ်ဒင်းဂိတ်တံတားကြီးကို ကျော်ဖြတ်ပြီးမြောက်ဖက်သို့ (၁၂)မိုင်ခန့်ရောက်လျှင် နာမည်ကျော်မြူရာဝုဒ် ( Muir Wood)အမည်ရ သဘာဝသစ်တောကြီးရှိသည်။

ထိုသစ်တောကြီးသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအထိမ်းအမှတ်အဖြစ် ထားရှိရာသစ်တောကြီးဖြစ်၍ ဧကပေါင်း (၅၅၄)ဧက ကျယ်ဝန်းသည်။ ဝက်သစ်ချပင်များ၊ မဟော်ဂနီပင်များသည် နေပျောက်မထိုးနိုင်အောင် အကိုင်းအခက်များက ယှက်ဖြာနေကြသည်။ တောင်တန်းကြီးပေါ်မှ ဆန်ဖရန်၏ အဝေးမြင်ရှုခင်းနှင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေကြီးကို အလျှားလိုက်မြင်နိုင်သည်။ အနီးအနားရှိ ကမ်းခြေ(Beaches)များသည်လည်း အလွန်သာယာလှပသလို သန့်ရှင်းသည်။ တစ်နှစ်လျှင် ဧည့်သည်တစ်သန်းကျော် လာရောက်လေ့လာကြသည်။

မြို့၏တောင်ဖက်တွင် ဆန်ဘရူနို(San Bruno)တောင်တန်းကြီးက ကန့်လန့်ဖြတ်တည်ရှိသဖြင့် ခြေလျှင်တောင်တက်သမားများအကြိုက်တွေ့ကြသည်။ မြို့မှထွက်၍ အဝေးပြေးလမ်းမ I-280 အတိုင်း(၁၀)မိုင်ခန့်ဆင်းလာလျှင် လမ်း၏ညာဖက်၌ ပစိဖိတ်မြေသားအပိုင်း ( Pacific Plate) နှင့် အမေရိကမြေသားအပိုင်း (America Plate)တို့ဆုံရာ ဆန်အန်ဒရေးရ ( San Andreas) အမည်ရှိ ငလျှင်ကြော (Fault line) ကြီးကို မြင်တွေ့နိုင်သည်။ ထိုငလျှင်ကြောကြောင့် ၁၉၀၆ခု ငလျှင်ကြီးဖြစ်ပေါ်ခဲ့ခြင်းဖြစ်၏။ တောင်မှမြောက်၊ မြောက်မှတောင် တွန်းနေကြသော မြေသားအပိုင်းနှစ်ခုသည် တစ်နှစ်လျှင် တစ်လက်မခန့် ဆန့်ကျင်ဖက်သို့ ရွေ့လျှားနေကြသည်။ နှစ်နှစ်ရာလျှင် တစ်ကြိမ်ခန့် ပျမ်းမျှအားဖြင့် ငလျှင်ဖြစ်ပေါ်လေ့ရှိသည်။

တောင်ဖက်သို့ မိုင်နှစ်ဆယ်ကျော်ဆက်သွားပါက ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သော စတန်းဖို့ဒ်တက္ကသိုလ်ကိုတွေ့ရမည်။ ထိုမှဆက်၍ တောင်ဖက်သို့အနည်းငယ်ဆက်သွားပါက ကမ္ဘာကျော်ဂူဂဲလ်(Google)ဖေ့ဘွတ် (Facebook) စသည့်ကုမ္ပဏီရုံးချုပ်များကိုတွေ့ရမည်။ ပန်းသီးရုံးချုပ်( Apple Headquarter) ကြီးနှင့် ရာဟူးရုံးချုပ် (Yahoo! Headquarter) တို့ကိုတွေ့ရမည်။ ထိုနေရာတို့ကား ဆီလီကွန်တောင်ကြား (Silicon Valley) ဒေသပင်တည်း။ ကမ္ဘာ့အဆင့်မြင့်နည်းပညာများကို ဖြန့်ချီရာ၊ ထိန်းချုပ်ရာ ထိုဒေသသည် ဆန်ဖရန်ပင်လယ်ကွေ့ (San Francisco Bay Area) ဒေသတွင် ရှိသည်။

ဆန်ဖရန်စစ္စကိုအနီးတစ်ဝိုက်တွင် လည်ပတ်စရာတွေ များလှသဖြင့် ကုန်စင်အောင်မရေးပြနိုင်ပါ။

သည်မျှဆိုလျှင် ဆန်ဖရန်စစ္စကိုနှင့်ပတ်သက်၍ အတန်အသင့်သော ဗဟုသုတများကို ခြုံငုံမိပြီထင်ပါသည်။ သမိုင်းဆရာမဟုတ်သည်မို့ အကျဉ်းချုံးရေးရာတွင် လိုအပ်ချက်များရှိပါက ခွင့်လွှတ်ပါ။

အချုပ်အားဖြင့်ဆိုရသော် ဆန်ဖရန်စစ္စကိုမြို့သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အတန်းအစားပေါင်းစုံ စုရုံးနေထိုင်သောမြို့တစ်မြို့သာဖြစ်သည်။ သဘာဝဘေးဒါဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရသည်။ မြို့လုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့သည်။ အကြိမ်ကြိမ်ပြိုလဲခဲ့သော်လည်း မြို့သူမြို့သားများသည် မတူညီသောအရာများမှ ခွန်အားတစ်ရပ်ဖေါ်ဆောင်ကာ ပြန်လည်တည်ဆောက်ခဲ့ကြသည်။ အမုန်းတရားများကို ချစ်ခြင်းအားအဖြစ် ပြောင်းလည်းနိုင်ခဲ့သည်။ ခရစ်ယာန်၊ ဗုဒ္ဓ၊ ဟိန္နူ၊ အစ္စလ္လမ်၊ လူဖြူ၊ လူမဲ၊ လူဝါ၊ ကျား၊ မ၊ လိင်တူချစ်သူ ဟူသည့် အမည်နာမများမှ ဖေါက်ထွက်ကာ အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးနိုင်သော အခြေအနေတစ်ရပ်ကို ဖန်တည်းနိုင်ခဲ့သည်။

ထို့ကြောင့်လည်း မတူညီမှုများညီညွတ်ခဲ့သည့်ဆန်ဖရန်စစ္စကိုမှ လူဖြူခေါင်းဆောင်များအပြင် အာရှနွယ်ဖွားမြို့တော်ဝန်၊ လူမဲအမျိုးသမီးမြို့တော်ဝန်၊ အမျိုးသမီးရဲချုပ်၊ အမျိုးသမီးမီးသတ်ဦးစီးချုပ်၊ လိင်တူချစ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည်တို့ ထွက်ပေါ်ခဲ့သလို ကမ္ဘာပေါ်ရှိ အနယ်နယ်အရပ်ရပ်မှ အခြေချရန်ရောက်ရှိလာကြသည့် သူမှန်သမျှကို နွေးထွေးစွာဖြင့် ကြိုဆို နေဆဲဖြစ်သည်။မည်သူဖြစ်စေ ဥပဒေအောက်တွင် လူတိုင်းကို ညီမျှစွာအခွင့်အရေးရစေသည်။ ထို့ကြောင့်လည်း ဆန်ဖရန်စစ္စကိုမြို့သို့ လာလည်ကြသူဧည့်သည်အပေါင်းမှာ ဝင်လာမစဲတသဲသဲ။ မြို့၏နာမည်သည်လည်း ကမ္ဘာ့အလည်တွင် ထွန်းတောက်နေဆဲ။

ကျွန်တော်တို့ မြန်မာပြည်တွင်လည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေကြသည်။ ခုချိန်ထိတော့ တိုက်ကြခိုက်ကြ ဆဲကြဆိုကြသည့် အမုန်းကမ္ဘာထဲမှ မထွက်နိုင်ကြသေး။ မယုံကြည်မှုများစွာမှ ဖေါက်မထွက်နိုင်ကြသေး။ မတူညီမှုတွေကို အားတစ်ခုဖြစ်လာရန် ညီညွတ်စွာ မတည်ဆောက်နိုင်ကြသေး။ တစ်နေ့နေ့မှာတော့ ထိုညီညွတ်မှုကို မြင်ရနိုင်ကောင်းပါသည်။ ထိုနေ့ကို မျှော်လင့်ရင်းဖြင့် ဆန်ဖရန်စစ္စကိုဆောင်းပါးရှည်ကြီးကို အဆုံးသတ်လိုက်ပါရစေ။

ချစ်သော မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေပါ။

ချစ်တဲ့

မောင်လူပေ

အဓိပတိကမ္မ 

Sanfrancisco 1

 


ဆန်ဖရန်စစ္စကို (စ-ဆုံး)

ဆယ်ပိုင်းပေါင်းပြီး ဖတ်ဖို့


ဆန်ဖရန်စစ္စကို


အမိမြေနှင့် မိုင်သောင်းချီဝေးသောမြို့။ ငယ်ငယ်ကကြည့်ခဲ့ဖူးသည့် Take me Away ဆိုသော ဂျပန်ရုပ်ရှင်ထဲမှာ မြင်ဘူးတဲ့မြို့။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါတဲ့မြို့။


ဒီမြို့ကို ၁၉၉၆မှာ စတင်ရောက်ဖူးသည်။ တောင်ကုန်းတွေအပြည့်နဲ့မြို့မို့ လမ်းတွေက အတက်အဆင်းကြမ်းသည်။ ဝါယာကြိုးကြီးနဲ့ ရွေ့လျှားတဲ့ ကေဘယ်လ်ကား ဆိုတာကြီးလည်းတွေ့သည်။ မြို့ပတ်ရထားစီးသည်။ တရုတ်တန်းသွားသည်။ အမှတ်တရ ဓါတ်ပုံရိုက်သည်။ ဒီမြို့မှာ အလုပ်သမားဖြစ်မည်ဟု ယောင်လို့တောင် အိပ်မက်မမက်ခဲ့။ ဒီမြို့အကြောင်းလည်း ဘာမျှမသိခဲ့။


ဆန်ဖရန်စစ္စကိုတဝိုက်မှာ စတင်နေထိုင်သူများသည် အိုလိုနီ(Ohlone) အမည်ရှိသော ဌာနေအင်းဒီယန်း(Native Indian) တို့ဖြစ်၍ ဘယ်အချိန်ထဲက ရောက်နေကြသည်မသိ။ အနည်းဆုံးတော့ နှစ်ပေါင်းသောင်းချီမည်။ ခရစ်တော်မပေါ်မှီ နှစ်သုံးထောင်ခန့်(3000 BC) ကနေထိုင်ခဲ့ကြသည့်အထောက်အထားတွေတော့ တွေ့ရှိခဲ့ပြီ။ သူတို့ကို အာရှအလယ်ပိုင်းမှ ရောက်ရှိလာကြသော လူတွေဟု ယူဆကြသည်။ အုပ်စုလေးတွေဖွဲ့ကာ နေကြသည်။ ထိုအာရှသားတို့ပင် အမေရိကတိုက် အနှံ့ပျံ့နှံ့နေထိုင်ကြကာ မာယာ(Maya)လူ့အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့ကြ၏။ အမေရိကတိုက်၏ မူလပိုင်ရှင်များမှာ သူတို့ဖြစ်ကြသည်။


ဒုတိယရောက်လာသူများကား ဥရောပတိုက်သားစပိန်များပင်။ စပိန်ဘုရင်အတွက် အိန္ဒိယတိုက်သို့သွားသော ပင်လယ်ရေလမ်းခရီးရှာဖွေရင်း မျက်စိလည်လမ်းမှားကာ အမေရိကတိုက်ကို ကိုလံဘတ်တွေ့ပြီးနောက်ပိုင်း ဥရောပသားတွေ နယ်မြေသစ်ရှာဖွေရန် ခြေဆန့်ကြသည်။သာသနာပြုမစ်ရှင်တွေကို အကြောင်းပြုကာ ဒီနေရာသို့ ပထမဆုံး ရောက်လာသည်က ဟိုဆေး(José) မိုရာဂါ(Moraga) နှင့် ဖရန်စစ္စကို( Francisco) တို့သုံးဦးသား။ နေရာသစ်ကို စိန့်ဖရန်စစ်(St Francis) အားဂုဏ်ပြုသည့်အနေဖြင့် ဆန်ဖရန်စစ္စကို(San Francisco) ဟု အမည်သညာ ပေးကြလေ၏။ ၁၇၇၆ခုနှစ် ဇွန်လ လေးရက်နေ့တွင် နာမည်သစ်နှင့်အတူ စပိန်လက်အောက် ရောက်ခဲ့ပြန်သည်။


ထိုအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ လူအနည်းငယ်သာရှိသည့်အတွက် ဆန်ဖရန်တစ်ဝိုက်မှာ ကျီးနှင့်ဖုတ်ဖုတ်အခြေအနေ။ အနေအထားပြောင်းချင်တော့ ဒီဒေသကြီးတစ်ခုလုံးသည် ၁၈၂၁တွင် စပိန်လက်အောက်မှ မက္ကဆီကိုအောက်ရောက်လာခဲ့သည်။ ထိုမှတဖန် ၁၈၄၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအောက်သို့ ရောက်လာ၏။


ထိုအချိန်အထိ မည်သူမှျှ စိတ်မဝင်စားသည့်အနေအထား။ မြေပြင်ပေါ်မှာလည်း သစ်ပင်ကြီးတွေကလွဲလို့ ဘာမျှမရှိ။မမြင်ရသည့် မြေအောက်တွင်တော့ ရွှေကြောကြီးတွေအပြည့်။ ဒီရွှေကြောကြီးက ပဲ့ထွက်လာသော ရွှေသားအပဲ့အပိုင်းအစတွေကို မတော်တဆတွေ့သွားရာမှ ရွှေပြည်နယ်(Golden State)အဖြစ် နာမည်ကြီးကာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းသို့ ရွှေရှာကြမည့်လူများ အလုံးအရင်းဖြင့် ဝင်လာကြသည်။ ၁၈၄၉မှာ အများဆုံးရောက်လာကြ၍ ၄၉သမား( 49ers) တွေဟု ခေါ်ကြပါ၏။


ဒီလူတွေအတွက် ဆန်ဖရန်စစ္စကိုသည် ပျော်စရာနေရာဖြစ်ဖို့ ဖန်တည်းခဲ့သည်။ ၁၈၄၈ခုနှစ်က လူဦးရေတစ်ထောင်သာရှိသောဆန်ဖရန်စစ္စကိုသည် နောက်တစ်နှစ်ဖြစ်သော ၁၈၄၉တွင် လူနှစ်သောင်းခွဲအထိ တိုးပွားလာခဲ့ရာမှ ၁၈၅၀တွင် တရားဝင်မြို့အဆင့်သို့ ရောက်လာသည်အထိ။ ထိုနှစ်မှာပင် ကယ်လီဖိုးနီးယားပြည်နယ်သည်လည်း အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်ပြည်နယ်တစ်ခုအဖြစ်တရားဝင် သတ်မှတ်ခံရခြင်းဖြစ်လေသည်။


ဆန်ဖရန်စစ္စကို၏ စည်ကားမှုက မယုံနိုင်စရာ။ ရွှေတူးပြီး ချမ်းသာဖို့စိတ်ကူးယဉ်အိပ်မက်ကိုယ်စီနှင့် အမေရိကန်ပြည်ထောင်စုအနှံ့မှ ရောက်လာကြသူအပေါင်းကြောင့် ရွာသိမ်လေးဘဝမှ မြို့အဖြစ်ရုပ်ချည်းပြောင်းခဲ့ခြင်းဖြစ်သည်။


မြို့ကွက်တွေအမြန်ဖေါ်၊ အမြန်ရောင်း၊ ရေ၊မီး၊ မိလ္လာ၊ ဘာမှပြည့်စုံအောင် မရှိခဲ့။ ခါတော်မှီကန်ထရိုက်တွေဆောက်ပေးသော အရည်အသွေးမမှီ အထပ်မြင့်တိုက်တွေ အစီအရီပေါ်လာသည်။ စီစစ်နိုင်မှုအားနည်းတော့ ဖြစ်သလိုဆောက်ကြသည့် အရည်အသွေးနိမ့်အိမ်တွေအများကြီး။ လမ်းတွေကကျဉ်း၊ မြင်းလှည်းပင် ဝင်ရထွက်ရခက်သည်အထိ။


ဒါတွေက အရေးမကြီးလှ။ မြို့တော်ဘဝပြောင်းတော့ အနယ်နယ်ကလူတွေစုံသည်။ ရွှေတွင်းတူးသူတွေက ရွှေစတွေသယ်လာ၊ ရောင်းချပြီးငွေရွှင်တော့ သုံးဖြုံးကြသည်။ နယ်စုံက ဒုစရိုက်သမားတွေရောက်လာသည်။ တည်းခိုခန်းတွေအစီအရီပေါ်လာသည်။ အပျော်မယ်တွေ၊ ဇိမ်ခန်းတွေ၊ အရက်ဘားတွေ၊ အနှိပ်ခန်းတွေ၊ လောင်းကစားဝိုင်းတွေ လက်ညှိုးထိုးမလွဲဖြစ်လာသည်။ လပ်စ်ဗေးဂတ်(Las Vegas) မရှိသေးခင်က ဆန်ဖရန်စစ္စကိုသည် ထိုမြို့အလား စည်ကားခဲ့၏။ ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်ပေါ့။ ရွှေတူးသမားတွေအများစုကတော့ အပျော်အပါးပေါတဲ့မြို့မှာ ရလိုက် သုံးလိုက် ကုန်လိုက်နှင့်ပင် လုံးပါးပါးကြသည်ဟု ဆိုသည်။ စုမိဆောင်းမိသူ အနည်းငယ်မျှသာ။


ချမ်းသာဖို့အာမခံချက်က အတော်ကြီးတော့ အနယ်နယ်က ဆိုက်ရောက်လာသည့် လှေသဘောၤမှ သဘောၤသားများလည်း ရေပျော်ဘဝကိုစွန့်ခွာကာ ရွှေမိုင်းရှိရာဆီခရီးနှင်ကြသည်။ သဘောၤသားမရှိတော့၍ ဆိပ်ကမ်းမှာသောင်တင်ပြီးကျန်ခဲ့သည့်သဘောၤအစင်းရေ ငါးရာခန့်အထိရှိခဲ့၏။ ထိုသဘောၤများသည်လည်း ပင်လယ်ကွေ့တဝိုက်ကျောက်ချထားရင်း၊ စတိုခန်း၊ တည်းခိုခန်းစသည်ဖြင့် ဘဝပြောင်းကြရသည်။


ရွှေဝယ်သူ၊ရွှေရောင်းသူ၊ ငွေပို့လိုသူတွေ စည်ကားလှတော့ ဘဏ်လုပ်ငန်းတွေ အတော်အဆင်ပြေကြသည်။ အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်ဘဏ်ကြီးများဖြစ်သည့် Well Fargo, Bank of America စသည်တို့သည် ဆန်ဖရန်စစ္စကိုမှာ စတင်တည်ထောင်ကြီးပွားခဲ့ခြင်းဖြစ်၏။ ၁၈၇၀မှ ၁၉၀ဝပြည့်နှစ်များအထိ ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စု အနောက်ဖက်ကမ်းတွင် အကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံလောက်မှာ ဆန်ဖရန်စစ္စကိုတွင် နေခဲ့ပါ၏။


သည်လိုမြို့ကြီးဖြစ်လာသည်က ရွှေတူးလုပ်ငန်းတစ်ခုတည်းကြောင့်မဟုတ်။ ၁၈၆၉တွင် ပစိဖိတ်မီးရထားလမ်းက အမေရိကန်ပြည်ထောင်စု အရှေ့ဖက်မှ အနောက်ဖက်ကမ်းအထိ ရောက်ရှိလာသောကြောင့်လည်းပါသည်။ ဆန်ဖရန်စစ္စကိုသည် ကုန်သွယ်ရေကြောင်းမှဝင်လာသောပစ္စည်းများကို ဖြန့်ချီရာ ကုန်သွယ်မြို့လည်း ဖြစ်လာခဲ့၏။ စီးပွားရေးလုပ်ငန်းရှင်များကလည်း စက်ရုံများတည်ထောင်ရာ ကမ္ဘာကျော် ဂျင်းဘောင်းဘီတံဆိပ်ဖြစ်သော လီဗိုက်( Levi Strauss), ချော့ကလက်ကုမ္ပဏီကြီးများဖြစ်သည့် Ghirardelli, Domingo တို့ ပေါ်ပေါက်လာသည်။


ပစိဖိတ်မီးရထားလမ်းဖေါက်သည့်အချိန်မှာ အလုပ်သမားရှားပါးသဖြင့် တရုတ်ပြည်ကွမ်တုန်၊ ရှန်ဟိုင်းစသည့်မြို့များသို့သွားကာ အချိန်ပိုင်းလုပ်သားများအား စုဆောင်းခဲ့ရာမှ တရုတ်အလုပ်သမားများသောင်းချီပြီးရောက်လာကြသည်။ ထိုသူတွေမှာလည်း မီးရထားလမ်းဖေါက်လုပ်ရေးပြီးဆုံးသောအခါ ရွှေတွင်းအလုပ်သမားတွေ ဖြစ်လာကြသည်။ ဆန်ဖရန်မှာစတင် အခြေချကြသည်။ ဤသို့နှင့် ဆန်ဖရန်စစ္စကိုမြို့လယ်တွင် တရုတ်တန်း(China Town) ကို ၁၈၇၀တွင် စတင်တည်ထောင်ခဲ့ကြ၏။ မြို့၏(၈%) သည် တရုတ်လူမျိုးများဖြစ်ကြသည်။ ( ယခုတော့ ၂၀%အထိ တိုးပွားနေပါပြီ။)


တောင်ကုန်းတွေများသောမြို့မို့ မြင်းလှည်းများသွားလာရေးတွင် အခက်အခဲရှိ၏။ အလွန်မတ်စောက်သောတောင်ကုန်းများဆိုလျှင် မြင်းလှည်းတွေ လန်ကျသည်အထိဖြစ်ကြရ၏။ သည်အခက်အခဲကိုကျော်လွှားဖို့ ကြံဆကြရင်း ၁၈၇၃တွင် ကြိုးနှင့်ဆွဲသော ကေဘယ်လ်ကား( Cable car) များစတင်ပေါ်ပေါက်လာခဲ့သည်။


မြို့လူထု၏တောင်းဆိုမှုကြောင့် ကျောင်းများ၊လမ်းများ၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်တို့ချဲ့ခဲ့၏။ အများပြည်သူအပန်းဖြေရန် Golden Gate Park , Presidio Park စသည့် ပန်းခြံကြီးတွေ ဖြစ်တည်လာသည်။ Presidio တွင် ရေတပ်စခန်းတည်ဆောက်ပြန်တော့ စစ်သားတွေနှင့် မိသားစုဝင်တွေ ထပ်ရောက်လာပြန်သည်။ သည်လို တစစ ကြီးထွားခဲ့ရာမှ ၁၈၅၀တွင် လူဦးရေ နှစ်သောင်းခွဲရှိခဲ့သော ဆန်ဖရန်စစ္စကိုသည် နောင်နှစ်လေးဆယ်အကြာ ၁၈၉၀တွင် လူဦးရေသုံးသိန်းကျော်အထိ တိုးပွားလာခဲ့၏။ အမေရိကန်ပြည်ထောင်စုတွင် နံပါတ်(၈)အကြီးဆုံးမြို့ ဖြစ်ခဲ့သည်အထိ။ ဒါတွေက မြို့၏ ရွှေထီးဆောင်းခဲ့သည့်အချိန်များပေါ့။ သို့သော် မမြင်နိုင်သည့် ကံကြမ္မာဆိုးများကို မမျှော်လင့်ပဲ ကြုံတွေ့ရသောအခါ ဆန်ဖရန်စစ္စကိုသည် ဗုန်းဗုန်းလဲခဲ့ရပြန်ပါသည်။


ကံကြမ္မာဟူသည် မည်သူကိုမျှ အမြဲတစေ မျက်နှာသာပေးသည်မဟုတ်။ ဒုက္ခပေးသည်လည်းရှိသည်။ ဆန်ဖရန်စစ္စကိုသည်လည်း ထိုနည်းလည်းကောင်း။


ဆန်ဖရန်စစ္စကို၏ ပထမဆုံးတွေ့ရသော ကံကြမ္မာဆိုးကား ၁၉၀ဝပြည့်နှစ်တွင် တရုတ်တန်းမှ စတင်ဖြစ်ပွားခဲ့သည့် ပလိပ်ရောဂါ ပျံ့ပွားမှုကြီးဖြစ်ပါ၏။ ၁၈၅၅ခုနှစ်တွင် တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့မှာ ပလိပ်ရောဂါဆိုးကြောင့် လူပေါင်း(၁၅)သန်းခန့် သေဆုံးခဲ့ဘူးသည်။ထိုနိုင်ငံများရှိ ကြွက်အပေါင်းမှာလည်း ရောဂါပိုးတွေကူးစက်လျှက်။ ထိုကြွက်များက ကုန်သွယ်ရေကြောင်းသဘောၤများတွင် ခိုကပ်လိုက်ပါကာ ဆန်ဖရန်သို့ရောက်ရှိခဲ့ဟန်တူပါ၏။


ဆန်ဖရန်စစ္စကို တရုတ်တန်းမှ တရုတ်လူမျိုးများသည် ထိုအချိန်က လူမျိုးရေးခွဲခြားမှု ပြင်းထန်စွာခံစားရချိန်ဖြစ်၏။ အိမ်ခန်းပိုင်ရှင်များက အိမ်ခန်းကောင်းလျှင် ငှားရမ်းဖို့ငြင်းဆန်သည်။ မည်သူမျှမငှားလိုသည့် စုတ်ပြတ်နေသော အိမ်ခန်းများကိုသာ တရုတ်များကို ငှားသည်။တရုတ်များ မသွားရနယ်မြေလည်း ကန့်သတ်ထားသေး၏။ ဆန်ဖရန်တရုတ်တန်းသေးသေးလေးမှာ လူတွေပြည့်ကျပ်လာတော့ သန့်ရှင်းမှုလည်းမရှိ။ အမှိုက်တွေပွရှုပ်လာ၏။ အမှိုက်သိမ်းသမားလည်း မလာ။ ကြွက်တွေခိုအောင်းရာနေရာ ဖြစ်လာ၏။ ရောဂါကူးနေသောကြွက်မှတဆင့် လူဆီသို့ ကူးစက်ပျံ့ပွားလာခဲ့သည်။


ဆန်ဖရန်မှာပလိပ်ရောဂါ စတင်ပျံ့ပွားစဉ်က အချိန်မှီသိခဲ့ကြသော်လည်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး(ဝန်ကြီးချုပ်)က သည်သတင်းကို ပြည်သူတွေသိအောင် ဖြန့်ချိဖို့ သဘောမတူခဲ့။ သူ့အကြောင်းပြချက်က ဆန်ဖရန်စစ္စကို၏ဂုဏ်သိက္ခာကျဆင်းမည်၊ ဧည့်သည်မလာဖြစ်ကာ ဝင်ငွေကျဆင်းမည်ဟူ၏။ သည်လိုနှင့်(၂)နှစ်တာမျှ ပလိပ်ရောဂါသတင်းကိုဖုံးဖိခဲ့ကြသည်။ ၁၉၀၂ ခုနှစ်ရောက်မှ အုပ်ချုပ်ရေးမှူးအသစ်တက်လာကာ သည်ကိစ္စကို ကိုင်တွယ်ခဲ့ရသည်။ ထိုအချိန်တွင် လူတစ်ရာ့နှစ်ဆယ်ခန့်သေဆုံးပြီး ဖြစ်သည်။ နောက်ပိုင်းနှစ်များစွာအထိ ပြန်လည်ဖြစ်ပွားနေမှုကြောင့် ထပ်မံ၍ လူပေါင်းရာချီ သေခဲ့ကြရသဖြင့် ကြွက်ကောင်ရေပေါင်း သန်းချီကာ သတ်ဖြတ်နှိမ်နှင်းခဲ့ကြရပါ၏။


ဒုတိယကြမ္မာဆိုးကတော့ ၁၉၀၆ခုနှစ် ဧပြီလ(၁၈)ရက်နေ့မနက် ငါးနာရီဆယ့်နှစ်မိနစ်အချိန်က လှုပ်ခတ်ခဲ့သော ဆန်ဖရန်စစ္စကိုငလျှင်ကြီးပင်။ အမေရိကန်ပြည်ထောင်စုသမိုင်း၌ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။


ရစ်တာစကေး (၇.၉) အဆင့်ရှိ ပြင်းထန်သောငလျှင်ကြီး၏ လှုပ်ခတ်မှုဒါဏ်ကြောင့် အဆင့်အတန်းမမှီသောအဆောက်အဦများပြိုကျပျက်စီးကာ မြို့၏တစ်ဝက်ခန့်မှာ အုပ်ပုံဘဝရောက်သွားသည်။ ငလျှင်လှုပ်ပြီးနောက် လောင်ကြွမ်းခဲ့သောမီးကိုလည်း သုံးလေးရက်ခန့်ထိ မငြိမ်းသတ်နိုင်ခဲ့။ မြို့ရေပေးဝေရေးစနစ်တစ်ခုလုံး ပျက်စီးသွား၍ဖြစ်သည်။ မီးငြိမ်းသတ်ရေးအတွက် မပြိုသေးသောအဆောက်အဦများကို ဒိုင်းနမိုက်ဖြင့်ခွဲခါ မီးကြီးကို တားဆီးခဲ့ကြရသည်။ ထိုမီးကြီးကြောင့် မြို့၏လေးပုံသုံးပုံမှာ ပြာအတိကျသွားခဲ့ရပြီး လူပေါင်းလေးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြ၏။ သေဆုံးသူဦးရေမှာ တရားဝင်စာရင်းအရ(၄၉၈)ဦးဟု ဆိုသော်လည်း နှောင်းခေတ်လေ့လာမှုများအရ သုံးထောင်နီးပါးသေဆုံးသည်ဟု ယူဆကြသည်။ တရုတ်တန်းတစ်ခုထဲမှာပင် လူပေါင်းနှစ်ထောင်ကျော်ပျောက်ဆုံးခဲ့ရ၏။ သည်လူတွေက တရားဝင်နေထိုင်သူများစာရင်းမှာ ထည့်သွင်းခံကြရသူတွေမဟုတ်တော့ တရားဝင်သေဆုံးသူစာရင်းထဲမှာ မပါခဲ့။ ဒုက္ခသည်တွေထဲမှ အချို့ကတော့ ဆန်ဖရန်စစ္စကို ကိုစွန့်ခွာကာ ပင်လယ်ကွေ့၏အရှေ့ဖက်(East Bay) သို့ ပြောင်းရွှေ့သွားကြသည်။


မီးလောင်ပျက်စီးခဲ့ရသောဆန်ဖရန်စစ္စကိုအတွက် အဆိုးထဲမှ အကောင်းဖြစ်ခဲ့ရသည်ကတော့ မြို့ကို စည်းကမ်းတကျ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါ၏။ အဆင့်အတန်းမမှီ၊ ဖြစ်သလိုတည်ဆောက်ခဲ့သော နေအိမ်များအစား အဆင့်အတန်းမှီ ခိုင်ခန့်သောနေအိမ်များ၊ အထပ်မြင့်တိုက်များဖြင့် အစားထိုးနိုင်ခဲ့ကြသည်။ မြို့ပြဖွံ့ဖြိုးမှုအတွက် စနစ်တကျဖေါ်ဆောင်နိုင်ရန်အတွက် ငွေ၊လူ၊ နည်းပညာ ပံ့ပိုးမှုတွေရခဲ့လေတော့ ငလျှင်ဘေးကြီးအပြီး (၇)နှစ်ခန့်တွင် မြို့သစ်ကြီးတစ်ခုကို အောင်မြင်အောင် ဖေါ်ဆောင်နိုင်ခဲ့ကြပါ၏။ သည်အဖြစ်အပျက်ကြောင့် ဆန်ဖရန်စစ္စက်ုမြို့ကို မီးလျှံထဲမှနိုးထလာသော ဖီးနစ်ငှက်အဖြစ် တင်စားခဲ့ကြရသည်။ မြို့နေလူထု၏ မဆုတ်သောဇွဲလုံ့လ၊ အစိုးရ၏ ထောက်ပံ့မှုများက အရာထင်ခဲ့လေပြီ။


ဆန်ဖရန်စစ္စကိုငလျှင်ကြီးအပြီး ဆယ်နှစ်ခန့်တွင် မြို့တော်ကြီးမှာ အရင်အတိုင်းပင် စည်းကားစွာဖြင့် ပြန်လည်လှုပ်ရှားအသက်ဝင်ခဲ့ပြန်ပါသည်။


ဆန်ဖရန်စစ္စကိုမြို့ကို ငလျှင်ဘေးဒါဏ်သင့်ထားသော အုပ်ပုံဘဝမှ မြို့သစ်အဖြစ် ပြန်လည်တည်ဆောက်ရာတွင် စီမံကိန်းရေးဆွဲရေးနှင့် ဆင်ခြေဖုံးဒေသ ဖွံ့ဖြိုးမှု လေ့လာရေးအသင်း (San Francisco Planning and Urban Research Association)ဟူ၍ အသေအချာဖွဲ့ကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို ရည်တို၊ရည်ရှည်၊ နောင်နှစ်ငါးဆယ်စသည်ဖြင့် အသေးစိတ် အကောင်အထည်ဖေါ်ခဲ့ကြသည်။


ထိုစီမံကိန်းမှ အကောင်အထည်ဖေါ်ခဲ့သော ဆင်ခြေဖုံးမှ မြို့တွင်းအထိပြေးဆွဲသည့် ထရော်လီရထားလမ်းများဖြစ်သည့် J,K,L,M နှင့် M လိုင်းတို့သည် နောင်နှစ်တစ်ရာကျော်ကြာသော ယခုအချိန်အထိ သုံးစွဲနေဆဲဖြစ်ကြသည်။ မီးငြိမ်းသတ်ရာတွင်သုံးရန် သီးသန့်ရေလှောင်ကန်များ၊ ရေလိုင်းများ၊ ရေပန့်စက်များကို တည်ဆောက်ခဲ့သည်။ ရေဆိုးထုတ်ပိုက်လိုင်းများ အပြင် ရေဆိုးသန့်စင်စက်ကြီးများပါ တည်ဆောက်သည်။ ဆောက်လုပ်ရေးဆိုင်ရာများအတွက် လိုက်နာရန်စည်းကမ်းသစ်များ ထပ်မံရေးဆွဲသည်။


ထို့အပြင် မြို့နေလူထု တိုးတက်များပြားမည်ကို ကြိုတင်တွက်ဆပြီး ဆန်ဖရန်စစ္စကိုနှင့် မိုင်ပေါင်းနှစ်ရာနီးပါးဝေးကွာသည့် တောင်တန်းကြီးပေါ်မှာ Hetch Hetchy Reservoir, Herch Hetchy Aqueduct, O’Shaughnessy Dam စသည့် ရေလှောင်ကန်၊ ရေကာတာဆည်ကြီးများ တည်ဆောက်ခဲ့သည်။ ထိုရေများသည် တောင်ထိပ်ရှိနှင်းများအရည်ပျော်ရာမှ ကျဆင်းလာသည့် သဘာဝရေသန့်များဖြစ်ရာ အလွန်ကြည်လင်အေးမြလှ၏။ သဘာဝရေသန့်များကို ဆန်ဖရန်အရောက် ရေပိုက်လုံးကြီးများ၊ ရေတွန်းစက်များဖြင့် သွယ်တန်းနိုင်ခဲ့ကြသည်။ ယခုတိုင်အောင် သောက်ရေ သုံးရေအတွက်မပူရပဲ သုံးစွဲနေရသည်မှာ ထိုခေတ်က ဦးဆောင်သူများ၏ ကျေးဇူးတရားများကြောင့်ဆိုလျှင်မမှား။


မြို့ကိုပြန်လည်တည်ဆောက်ပြီးကြောင်း ပြသနိုင်ရန်အတွက် ငလျှင်လှုပ်ပြီး ကိုးနှစ်အကြာ ၁၉၁၅တွင် အပြည်ပြည်ဆိုင်ရာ ပနားမား ပစိဖိတ် ကုန်စည်ပြပွဲကြီး (Panama-Pacific International Exposition) ကို လက်ခံကျင်းပခဲ့သည်။ ဆန်ဖရန်စစ္စကိုဟုဆိုလျှင် ငလျှင်ဒါဏ်ကြောင့် ပျက်စီးခဲ့သည့်မြို့ဟု သိထားကြသည့် ကမ္ဘာ့နိုင်ငံများစွာမှ ရောက်လာကြသူအပေါင်းမှာ မြို့သစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ထားပြီးကြောင်း ကိုယ်တွေ့မျက်မြင်ဖြစ်၍သာ ယုံကြည်သွားကြရ၏။


၁၉၂၉တွင် အမေရိကန်ပြည်ထောင်စုသမိုင်း၌ အဆိုးဝါးဆုံးစီးပွားပျက်မှု (Great Depression) နှင့်ရင်ဆိုင်ခဲ့ရာတွင် နယူးယော့ခ်၊ ချီကာဂိုစသည့်မြို့ကြီးများစွာ ဒုက္ခပင်လယ်ဝေခဲ့သည်။ ဘဏ်များစွာ ဒေဝါလီခံရသည်။ လူများစွာ အလုပ်လက်မဲ့ဖြစ်ကာ အငတ်ဘေးဆိုက်ခဲ့သည်။ ထိုဘေးဆိုးကြီးတွင် ဆန်ဖရန်စစ္စကို မပါဝင်ခဲ့။ ခိုင်ခန့်သော စီးပွားရေးအဆောက်အဦများဖြင့် ကျားကန်နိုင်ခဲ့မှုကြောင့် ဆန်ဖရန်အခြေစိုက်ဘဏ်များ မပြိုကျအောင် တောင့်ခံနိုင်ခဲ့သည်။


အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ဖန်တည်းရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများစွာ အကောင်အထည်ဖေါ်ခဲ့ရာတွင် ပင်လယ်ကွေ့တံတားဟုခေါ်သော(Bay Bridge) နှင့် ဂိုးလ်ဒင်းဂိတ်တံတား ( Golden Gate Bridge ) တို့သည်လည်း ပါဝင်သည်။ ၁၉၃၆နှင့်၁၉၃၇ တို့တွင် ထိုတံတားနှစ်စင်းကို ရှေ့နောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လမ်းပမ်းဆက်သွယ်ရေးများ ပိုမိုလွယ်ကူလာခဲ့သည်။ ပင်လယ်ကွေ့တံတား (Bay Bridge) အလယ်ရှိ ရတနာကျွန်း ( Treasure Island ) သည် လူလုပ်ကျွန်းတစ်ခုဖြစ်ပြီး ထိုကျွန်းပေါ်တွင် Golden Gate International Exposition အမည်ရ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲကြီးကို ၁၉၃၉တွင်း ကျင်းပခဲ့ပြန်သည်။ ပင်လယ်ကွေ့၏ အလယ်တည့်တည့်တွင် လူလုပ်ကျွန်းဖန်တည်းခြင်းသည် တံတားအတွက်ဖြစ်သလို အိုးအိမ်သစ်များတည်ဆောက်ရန်လည်းပါဝင်သည်။


ဆန်ဖရန်စစ္စကို၏ နောက်ထပ်ထူးခြားမှုတစ်ခုမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးကြောင်း ကြေညာနိုင်ခဲ့သည့် ဂျပန်တို့လက်နက်ချခြင်းစာချုပ်ကို လက်မှတ်ထိုးခဲ့သည့်မြို့လည်း ဖြစ်သည်။ ကမ္ဘာစစ်တစ်ခု ထပ်မံဖြစ်ပွားမည့်အရေးကို ရှောင်ရှားနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးပါဝင်သည့် ကမ္ဘာ့ကုလသမဂ္ဂ(United Nation) အဖွဲ့ကြီးစတင်တည်ထောင်မွေးဖွားခဲ့သည့်မြို့၊ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကြီးကို စတင်ပြီး လက်မှတ်ရေးထိုးခဲ့သည့်မြို့မှာလည်း ဆန်ဖရန်စစ္စကိုမြို့ပင်ဖြစ်ပါ၏။ နောက်နှစ်နှစ်အကြာမှ ကုလသမဂ္ဂရုံးချုပ်ကို နယူးယော့ခ်မြို့သို့ ရွှေ့ပြောင်းခဲ့ကြသည်။


ဆန်ဖရန်စစ္စကိုသည် ၁၉၀၆ခုနှစ် ငလျှင်ဘေးဆိုးကြီးရင်ဆိုင်ရပြီးနောက်တွင်လည်း ငလျှင်ဘေးတစ်ခုကို ၁၉၈၉တွင်ရင်ဆိုင်ရခဲ့သေး၏။ Loma Prieta ငလျှင်ဟုခေါ်ကြသည်။ ထိုငလျှင်ကြောင့် အဝေးပြေးလမ်းပိုင်းအချို့၊ တံတားအစိတ်အပိုင်းတစ်ခု၊ အိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူသေပျောက်မှုအနည်းငယ်ရှိသော်လည်း ၁၉၀၆ငလျှင်ကြီးလို ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် မကြုံတွေ့ခဲ့ရ။


ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသ (San Francisco Bay Area) ကြီးသည်လည်း ဆန်ဖရန်နှင့်အပြိုင်ဖွံ့ဖြိုးတိုးတက်လာရာတွင် မိုင်လေးဆယ်အကွာရှိ ဆန်ဟိုဆေးမြို့ (San José) မြို့တဝိုက်ရှိ ဆီလီကွန်တောင်ကြား( Silicon Valley) သည် အဆင့်မြင့်နည်းပညာများ၏ ဗဟိုချက်မ ဖြစ်လာခဲ့သလို ဆန်ဖရန်စစ္စကိုသည်လည်း နည်းပညာကုမ္ပဏီမှ ဝန်ထမ်းများစွာနေထိုင်အခြေချရာ မြို့ဖြစ်လာခဲ့၏။ နည်းပညာကုမ္ပဏီအချို့လည်း အခြေစိုက်လာကြ၏။ မိုးပျံတံတားများပေါ်မှ မြင်တွေ့ရသည့် မိုးမျှော်တိုက်ကြီးများစွာသည် အမေရိကန်ပြည်ထောင်စုအနောက်ဖက်ပိုင်း၏ စီးပွားရေးဗဟိုချက်မြို့ဖြစ်သည်ဟုသော သင်္ကေတပင်။


ဆန်ဖရန်စစ္စကိုမြို့သည် ထူးဆန်းခေတ်မှီသော အဆောက်အဦများသာရှိသည့်မြို့မဟုတ်။ မြို့ကြီးတိုင်းလိုလိုမှာ မိုးမျှော်တိုက်များရှိကြသဖြင့်မထူးဆန်းလှ။ ထူးဆန်းသည်က ဆန်ဖရန်စစ္စကိုမြို့၏ ဝိဒေသများ၊ ဆန်ဖရန်သားတို့၏ အတွေးအမြင်များဖြစ်သည်။ လွတ်လပ်သောအတွေးအခေါ်ရှိသူများ နေထိုင်ရာမြို့ဖြစ်သည်နှင့်အညီ မိရိုးဖလာအယူအဆ၊ အနေအထိုင်များမှ ဖေါက်ထွက်ခဲ့ကြသည်ကိုလည်း မကြာခဏတွေ့မြင်ကြရသေးသည်။ မှန်သည်လည်းရှိသလို မှားသည်လည်းရှိခဲ့သည်။ နှောင်းလူတို့အတွက် သင်္ခန်းစာယူစရာတွေအပြည့်နှင့်။


မြို့တိုင်းမှာ သူ့ဝိဒေသနှင့်သူ ရှိကြသည်။ သူ့အလှနှင့်သူ။ ဆန်ဖရန်စစ္စကို၏ ထင်ရှားသောဝိဒေသက အမြဲလိုလိုမြူတွေဆိုင်းနေတတ်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြူနှင်းမြို့တော် (Fog City) ဟုခေါ်ကြသည်။


ထို့အပြင်ဆန်ဖရန်စစ္စကိုသည် နိုင်ငံရပ်ခြားမှလာရောက်အခြေချသူ အများဆုံးမြို့လည်းဖြစ်၏။ မြို့နေလူထု၏ လေးဆယ်ရာခိုင်နှုန်းကျော်သည် နိုင်ငံရပ်ခြားမှာ မွေးဖွားခဲ့သူများဖြစ်သည်။ တရုတ်လူမျိုးများက မြို့လူထု၏ ငါးပုံတစ်ပုံကျော်ရှိကာ အများဆုံးဖြစ်သည်။ အာရှတိုက်သားများ၊ စပိန်နွယ်ဖွားများ အများအပြားနေထိုင်ကြသဖြင့် ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ အနုပညာတို့ကို တထိုင်တည်း မြင်တွေ့နိုင်သည်။


ဆန်ဖရန်စစ္စကိုတရုတ်တန်းသည် အမေရိကန်ပြည်ထောင်စုတွင်ရှိသော တရုတ်တန်းများအနက် ရှေးအကျဆုံးဖြစ်၏။ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်ရှိခဲ့ပြီ။ ဆန်ဖရန်စစ္စကိုတရုတ်နှစ်သစ်ကူးပွဲတော် အလှပြလှည့်လည်ရေး (San Francisco Chinese New Year Parade) ပွဲသည်လည်း တရုတ်ပြည်ပြင်ပ၌ ကျင်းပသည့်ပွဲများအနက် အကြီးဆုံးပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကျင်းပခဲ့သည်မှာလည်း ရွှေတွင်းတူးအလုပ်သမားများခေတ်မှစတင်ခဲ့ရာ နှစ်ပေါင်းတစ်ရာကျော်ရှိခဲ့ပြီ။ အလှပြလှည့်လည်ပွဲတွင်ပါဝင်သူ ငါးထောင်ကျော်ရှိပြီး အားပေးကြည့်ရှုသူ သန်းဝက်ခန့်ထိ ရှိသည်။


တရုတ်တန်း (Chinatown) အပြင် ဂျပန်တန်း (Japantown) ကလည်းအထင်ကရ။ ဂျပန်ဗုဒ္ဓဘာသာရိုးရာ ငြိမ်းချမ်းရေးစေတီ (Japantown Peace Pagoda) သည် အထပ်ခြောက်ထပ်ရှိကာ အဝေးမှမြင်နိုင်သည်။ ငြမ်းချမ်းရေးမီးလျှံသည်လည်း (၂၄)နာရီထွန်းလင်းလျှက်ရှိ၏။ ဂျပန်တန်းရှိ ဈေးဝယ်စင်တာကြီးကလည်း ဂျပန်ပိသုကာပုံစံအတိုင်းပင်။ ယခင်က ဂျပန်လူမျိုးများစွာနေထိုင်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်တွင် ထိမ်းသိမ်းရေးစခန်းများ၌ ထိမ်းသိမ်းခံခဲ့ရ၍ စစ်ပြီးသောအခါ ဂျပန်သို့ ပြန်ကြသူများကြောင်းသိရသည်။


အာရှတိုက်သားစုစုပေါင်းသည် ဆန်ဖရန်စစ္စကိုလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်ရှိ လူဦးရေနှစ်သိန်းကျော်နှင့်အထက်နေထိုင်သော မြို့ကြီးများအနက် ဆန်ဖရန်စစ္စကိုသည် ပထမဆုံးသော တရုတ်လူမျိုး အာရှသားမြို့တော်ဝန်နှင့် ပထမဆုံးသော အာဖရိကနွယ်ဖွားအမျိုးသမီးမြို့တော်ဝန်တို့ ပေါ်ပေါက်ခဲ့သည့်မြို့ဖြစ်သည်။ မြို့လူထုအများစုသည် လွတ်လပ်သောအတွေးအခေါ်ရှိသူများဖြစ်ကြသည်။


ရှေးဟောင်းအနုပညာ ယဉ်ကျေးမှုတို့မှ ဖေါက်ထွက်သည့် ခေတ်သစ်အနုပညာ (Modern Art) တချို့သည် ၁၉၅၀တွင် ဆန်ဖရန်စစ္စကိုမှစတင်ခဲ့သဖြင့် ယင်းတို့ကို San Francisco Renaissance ဟုခေါ်ကြ၏။


လွတ်လပ်မှုကိုရှာကြရာမှ ဖြစ်ပေါ်လာသော ဟစ်ပီ(Hippies) ယဉ်ကျေးမှုသည်လည်း ၁၉၆၀တဝိုက်တွင် ဆန်ဖရန်စစ္စကိုရှိ Haight-Ashbury လမ်းတဝိုက်မှ စတင်ခဲ့ခြင်းဖြစ်၏။ ၁၉၆၇တွင် ဟစ်ပီယဉ်ကျေးမှုအမြင့်ဆုံးဖြစ်ကာ Golden Gate Park ထဲတွင် နွေရာသီအချစ်မေတ္တာ (Summer of Love) ပွဲကြီး ဆင်နွဲခဲ့ကြ၏။ “ If you’re going to San Francisco, be sure to ware flowers in your hair “ ဟူသော သီချင်းစာသားကို သည်ပွဲတော်တွင် ရေးစပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် မူးယစ်ဆေးပြသနာ၊ အိုးအိမ်မဲ့ပြသနာ၊ ရာဇဝတ်မှုပြသနာ များစွာဖြေရှင်းခဲ့ရ၍ ဟစ်ပီယဉ်ကျေးမှု တိမ်ကောသွားခဲ့သည်။


LGBT ဟု ခေါ်ကြသည့် လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားမှုသည်လည်း ၁၉၇၀တွင် ဆန်ဖရန်စစ္စကိုမှ စတင်လှုပ်ရှားခဲ့ကြသည်။ Harvey Milk သည် လိင်တူချစ်သူများတွင် ရပ်ကွက်ကိုယ်စားလှယ်( ရပ်ကွက်အုပ်ချုပ်ရေးမှူး)အဖြစ် ပထမဆုံးရွေးကောက်ခံရသူဖြစ်လာသည်။ ကက်စထရို (Castro) ရပ်ကွက်တွင် ပထမဆုံး လိင်တူချစ်သူတို့ရွာအဖြစ် တည်ထောင်နိုင်ခဲ့သည်။


ဆန်ဖရန်စစ္စကို၏ လိင်တူချစ်သူများအလှပြလှည့်လည်ရေးပွဲ ( San Francisco Gay/ Pride Parade) သည်လည်း အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသည့် လိင်တူချစ်သူပွဲများအနက် အကြီးဆုံးဖြစ်သည်။ နိုင်ငံအသီးသီးမှ လိင်တူချစ်သူများ၊ နိုင်ငံတွင်းမှ လိင်တူချစ်သူများ သန်းနှင့်ချီကာ လာရောက်ဆင်နွှဲကြသည်။


ထို့အပြင် အားကစားပြိုင်ပွဲမျိုးစုံ၊ ဂီတဖျော်ဖြေပွဲမျိုးစုံ၊ လူမျိုးပေါင်းစုံ၏ ရိုးရာယဉ်ကျေးမှုပြပွဲမျိုးစုံ၊ ကုမ္ပဏီကြီးငယ်များစွာ၏ တွေ့ဆုံဆွေးနွေးပွဲ (Convention)မျိုးစုံ၊ ပြပွဲမျိုးစုံတို့ကို တစ်နှစ်ပတ်လုံးကျင်းပလျှက်ရှိ၏။ ယခင်အခါက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သော်လည်း ပင်လယ်ဆိပ်ကမ်းကြီးကို ဥက္ကလံမြို့(Oakland)သို့ရွှေ့သွားသဖြင့် ကမ္ဘာလှည့်ခရီးသည်များကို များစွာအားထား၍ သည်လိုပွဲတွေ အမြဲတစေ ကျင်းပခြင်းဖြစ်သည်။


ဆန်ဖရန်စစ္စကိုတွင် ထူးခြားသောလမ်းမတစ်ခုရှိ၏။ Van Ness Ave ဟုခေါ်တွင်သည်။ ယင်းလမ်းမသည် ၁၉၀၆ခု ဆန်ဖရန်ငလျှင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သော မီးလောင်မှုကို မြို့အနောက်ဖက်ဆီသို့မကူးစက်ရေးအတွက် အဓိက တားဆီးခဲ့ရာ လမ်းမကြီးဖြစ်သည်။ ဤလမ်းမပေါ်ရှိ မပြိုသေးသော အဆောက်အဦအားလုံးကို အမေရိကန်စစ်သားများက ဒိုင်းနမိုက်များဖြင့် ဖြိုချပြီး မီးတားလမ်းအဖြစ် အသုံးပြုခဲ့ရသည်။ ထိုသို့တားဆီးနိုင်၍သာ မြို့လုံးကျွတ်မီးလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ ငလျှင်ဘေးနောက်ပိုင်းတွင် စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး ယခုအချိန်တွင် တန်ဖိုးကြီးအထပ်မြင့်အိမ်ယာများစွာ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံများဖြင့် စည်ကားလျှက်ရှိ၏။


ဘဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် တားဆီးနိုင်ရေးအတွက်ဆိုလျှင် နည်းမျိုးစုံသုံးကြရသည်။ အိမ်ကြီးအိမ်ကောင်းများစွာကို ဖြိုချပြီးတားဆီးရသည်မှာ လွယ်လှသည်မဟုတ်။ ပိုင်ရှင်များကလည်း နားလည်သဘောပေါက်စွာဖြင့် ခွင့်ပြုကြ၍သာ အောင်မြင်ခြင်းဖြစ်သည်။


ဆန်ဖရန်စစ္စကိုမြို့သည် အကျယ်အဝန်းအားဖြင့် (၄၇)စတုရန်းမိုင်နီးပါးသာရှိသော်လည်း ၂၀၁၇စာရင်းအရ လူဦးရေစုစုပေါင်း ရှစ်သိန်းရှစ်သောင်းကျော်နေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နယူးယော့ခ်မြို့ပြီးလျှင် ဒုတိယမြောက် လူနေသိပ်သည်းမှုအများဆုံးမြို့ကြီးလည်းဖြစ်၏။


ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသ (San Francisco Bay Area)တဝိုက်တွင်ရှိသော အုက္ကလံ (Oakland)၊ ဆီလီကွန်တောင်ကြားတည်ရှိရာ ဆန်ဟိုဆေး (San Jose) တို့အပါအဝင် လူဦးရေစုစုပေါင်း ဆယ်သန်းနီးပါးနေထိုင်ကြ၏။ ထိုဧရိယာ၏ ဂျီဒီပီစုစုပေါင်းသည် ဒေါ်လာဘီလီယံကိုးရာကျော်ရှိသည်။ ဆန်ဖရန်စစ္စကိုတစ်မြို့ထဲ၏ ဂျီဒီပီက ဒေါ်လာဘီလီယံတစ်ရာ့ငါးဆယ်ရှိ၏။ ထို့ကြောင့် ၂၀၁၇စာရင်းအရ ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စု၏ ဝင်ငွေမြင့်သောမြို့များစာရင်းတွင် အမှတ်စဉ်(၇)ရှိသည်။ ကမ္ဘာ့အချမ်းသာဆုံးမြို့များစာရင်းတွင် အမှတ်စဉ်(၁၄)ရှိသည်။


၁၉၄၀ခန့်က မြို့နေလူထု၏ ၉၂% ရှိခဲ့သော လူဖြူများသည် ၂၀၁၇တွင် ၄၂%သာ ကျန်ရှိတော့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြောင်းရွှေ့လာသူများက သူတို့နေရာတွင် ဝင်ရောက်နေထိုင်ကြသည်။ ၁၉၉၀မှ ၂၀၀ဝပြည့်နှစ်အထိ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသသို့ ကမ္ဘာနိုင်ငံအသီးသီးမှ ဝင်ရောက်လာသူစုစုပေါင်း ရှစ်သိန်းခွဲခန့်အထိ ရှိခဲ့ရာ အယ်လ်အေနှင့် နယူးယော့ခ်ပြီးလျှင် အများဆုံးဖြစ်၏။


အာရှသားသုံးပုံတစ်ပုံနေထိုင်သော ဆန်ဖရန်စ္စကိုမြို့၌ ဒုတိယအများဆုံးအာရှသားများမှာ ဖိလစ်ပိုင်လူမျိုးများဖြစ်သည်။ အာရှသားများ၏ လေးဆယ်ရာနှုန်းသည် တရုတ်ပြည်မှာမွေးဖွားသူများဖြစ်၍ ၁၃%သည် ဖိလစ်ပိုင်ပြည်မှာ မွေးဖွားသူများဖြစ်၏။ မြန်မာပြည်ဖွားများစွာ ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်ကြသော်လည်း စာရင်းအတိအကျမသိရပါ။ ထောင်ဂဏန်းမျှတော့ ရှိနိုင်ပါသည်။ ဆန်ဖရန်စစ္စကို၏ အိမ်ခြံမြေဈေးကွက်က အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးသောဈေးကွက်မို့ ယခင်နှစ်များစွာက ရောက်ရှိလာကြသည့် မြန်မာပြည်ဖွားများနှင့် ဆွေမျိုးသားချင်းများသာ အများစုဖြစ်သည်။ ဆန်ဖရန်စစ္စကိုနှင့်ကပ်လျက်ရှိသည့် ဒေးလီစီတီ (Daly City) မြို့၊ ဖရီးမောင့် (Fremont)မြို့ စသည်တို့တွင်လည်း မြန်မာမိသားစုများစွာနေထိုင်သည်။ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသတစ်ခုလုံးဆိုလျှင် မြန်မာနွယ်ဖွား တစ်သောင်းကျော်မျှရှိမည်ဟု ခန့်မှန်းကြသည်။


ဆန်ဖရန်စစ္စကိုမြို့သည် ၂၀၁၄စာရင်းအရ အမေရိကန်ပြည်ထောင်စုတွင် လူနေမှုအဆင့်အမြင့်ဆုံးမြို့များ၌ ပထမနေရာရခဲ့သည်။ သို့သော် အလွန်ကြီးမြင့်လှသော လူနေမှုစာရိတ်ဒဏ်ကြောင့် ကော်လာပြာလုပ်သားဟုခေါ်ကြသည့် အလုပ်သမားမိသားစုများပါဝင်သည့် အလယ်အလတ်တန်းစားများသည် မြို့ကိုစွန့်ခွာ၍ ပို၍သက်သာရာဒေသသို့ ပြောင်းရွှေ့သွားကြသည်။ သူတို့နေရာတွင် ကော်လာဖြူဟုခေါ်သည့် မန်နေဂျာကြီးများအပါအဝင် ဝင်ငွေကောင်းသည့် အဆင့်မြင့်နည်းပညာ (High Tech)လုပ်သားများက အစားထိုးဝင်ရောက်လာသည်။ ကွန်ဒိုအခန်းများသည် ဒေါ်လာသန်းချီတန်ဖိုးများဖြစ်ကုန်ပြီး အခန်း(၂)ခန်းပါ သာမန်အိမ်ခန်းတစ်ခု၏ ငှားရမ်းခသည် တစ်လလျှင် ဒေါ်လာလေးထောင်ကျော်အထိ ပေးရသည်။


၂၀၁၄ခုနှစ် Pew Research Center စာရင်းအရ ဆန်ဖရန်စစ္စကိုမြို့သားများ၏ တစ်ဝက်နီးပါးဖြစ်သည့် ၄၈%က ခရစ်ယာန်၊ ၃၅% ဘာသာမရှိ၊ ၅% ဟန္နူ၊ ၃% ဂျူး၊ ၂% ဗုဒ္ဓ၊ ၁% အစ္စလ္လမ် ဘာသာတို့ဖြစ်၏။ ၅၅% သာ အိမ်မှာ အင်္ဂလိပ်ဘာသာတစ်မျိုးတည်း ပြောကြ၍ ကျန်သူတို့တွင် ၁၉%က တရုတ်စကားမျိုးစုံ၊ ၁၂% က စပိန်စကား၊ ၃% က တဂလို့( Tagalog)ခေါ်ဖိလစ်ပိုင်စကား၊ ၂% က ရုရှစကားများကို အိမ်သုံးစကားပြောကြသည်တဲ့။ ရုရှလူမျိုးဦးရေလည်း ဆန်ဖရန်စစ္စကိုတွင်မနည်းလှ။ မြန်မာများကတော့ အားလုံးလိုလိုပင် အိမ်သုံးစကားကို မြန်မာစကားသာ သုံးကြမည်ထင်ပါသည်။ မြန်မာပြည်ဖွား အမေရိကန်များတွင် တရုတ်နွယ်ဖွားများက အများစုဖြစ်ပါသည်။


အိမ်ထောင်စုစုစုပေါင်း၏ ၄၄%က ရိုးရိုးဘွဲ့တစ်ခု သို့မဟုတ် မြင့်မားသောဘွဲ့များ ရှိကြသူတွေဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆီယားတယ်လ် (Seattle) မြို့ပြီးလျှင် ပညာတတ်အများဆုံးဖြစ်၏။ ပညာတတ်များသဖြင့် ကလေးမွေးဖွားမှုနှုန်းသည်လည်း အမေရိကန်ပြည်ထောင်စုတွင် အနည်းဆုံးဖြစ်ရသည်။ ၂၀၁၈တွင် ကလေးမွေးနှုန်းထက် ခွေးမွေးနှုန်းက ပိုများသည်ဟုဆို၏။ ပညာတတ်များက အိမ်ထောင်ပြုနောက်ကျသည့်အပြင် ကလေးမယူသူ၊ ယူလျှင်လည်း ကလေးငယ်တစ်ယောက်ထက်ပို၍မယူကြသူများ၏။ တစ်ယောက်တည်းသမားဘဝနှင့် နေသူတွေလည်းမနည်းလှ။


ဆန်ဖရန်စစ္စကိုလူဦးရေစုစုပေါင်း၏ ၁၅%မှာ LGBT ခေါ် လိင်တူချစ်သူများဖြစ်ကြသဖြင့် အမေရိကန်ပြည်ထောင်စုမြို့ကြီးများတွင် လိင်တူချစ်သူနေထိုင်မှုနှုန်း အမြင့်ဆုံးဖြစ်၏။


အထက်ပါ ကိန်းဂဏန်းများအရ ဆန်ဖရန်စစ္စကိုသည် အစစ ပြည့်စုံသည့်မြို့ကြီးအဖြစ် ထင်စရာရှိပါ၏။ သို့သော် ပြသနာပေါင်းများစွာကိုလည်း ဖြေရှင်းနေရဆဲဖြစ်သည်။ အဓိကမှာ အိမ်ရာမဲ့လူများပြသနာ (Homelessness Problem) ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ မြို့နယ်အသီးသီးမှ ရောက်ရှိလာသည့် အိမ်ရာမဲ့များစွာသည် မြို့လယ်လမ်းဘေးပလက်ဖောင်းများပေါ်၊ အဝေးပြေးလမ်းမကြီးများ၏ အောက်လစသည်တို့တွင် ဖြစ်သလိုနေထိုင်ကြသည်။ ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်ပေါင်းစုံ၊ အနံ့အသက်ပေါင်းစုံနှင့် သည်လိုနေထိုင်နေသူဦးရေ ရှစ်ထောင်ခန့်ထက်မနည်းရှိသည်။ အိမ်ရာမဲ့စုစုပေါင်းမှာ ခန့်မှန်းစာရင်းအရ တစ်သောင်းလေးထောင်ခန့်ရှိပြီး ကျန်သူများက မြို့မှစီစဉ်ပေးသော ယာယီအခန်းများတွင် နေကြသည်။ ထိုသူများ၏ သုံးပုံနှစ်ပုံသည် စိတ်ဝေဒနာရှင်များ၊ အေအိုင်ဒီအက်ဝေဒနာသည်များ၊ မူးယစ်ဆေးစွဲနေသူများ ဖြစ်ကြသည်။ မြို့တော်အစိုးရမှ ထောက်ပံ့ငွေများ၊ ထောက်ပံ့မှုများရှိသော်လည်း မူးယစ်ဆေးသံသရာမှရုန်းမထွက်နိုင်ကြ၍ ပြသနာကို မရှင်းနိုင်သေး။ ၂၀၁၇-၁၈ မြို့တော်သုံးငွေစုစုပေါင်း၏ ဒေါ်လာသန်းပေါင်းသုံးရာကျော်ခန့်ကို အိမ်ရာမဲ့ပြသနာအတွက် သုံးစွဲခဲ့ရသည်။


ဆန်ဖရန်စစ္စကိုမြို့လည်ရှိ Civic Center တွင် ခန့်ညားလှသော မြို့တော်ခန်းမကြီးရှိပြီး မြို့တော်အစိုးရရုံးစိုက်သည်။ အစိုးရကို မြို့နေလူထုကရွေးချယ်ပေးသော မြို့တော်ဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြားရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။


မြို့တော်ဝန်သည် လေးနှစ်သက်တန်းကို နှစ်ကြိမ်အထိသာ တာဝန်ထမ်းဆောင်နိုင်သည်။ အစိုးရအဖွဲ့ကို ဦးဆောင်ရသူဖြစ်၍ ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာမြို့တော်အေဂျင်စီခေါင်းဆောင်များဖြင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (Board of Supervisors) နှင့် ပေါ်လစီများဆွေးနွေးလုပ်ဆောင်ရသည်။ လစ်လပ်နေရာများအတွက် နာမည်စာရင်း တင်သွင်းရသည်။ မြို့တော်ဘဏ္ဍာရေးရသုံးငွေစာရင်းကို အတည်ပြုလက်မှတ်ထိုးရသည်။ အုပ်ချုပ်ရေးမှူးများတင်ပြလာသည့် ဥပဒေသစ်များကို မဆီလျှော်ပါက ဗီတိုဖြင့်ပယ်ချနိုင်ခွင့်ရှိသည်။ လက်ရှိမြို့တော်ဝန်ဖြစ်သူ နှုတ်ထွက်လျှင်၊ သို့မဟုတ် သေဆုံးလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ခေတ္တတာဝန်ယူရသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထဲမှ သင့်တော်သူကို ခေတ္တမြို့တော်ဝန်အဖြစ် မဲပေးခန့်ထားနိုင်သည်။



Thursday, 21 January 2021

ဟစ်ပီ

စက်တင်ဘာ ၁ ရက် ၂၀၁၃ မှာ ရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)


လူဖြစ်တာကိုက ကိုယ့်ရွေးချယ်ခွင့်၊ ကိုယ့်သဘောထားနဲ့ ကိုယ့်အလိုမပါပဲဖြစ်လာရတာပဲ။ အဲ့ဒီနေရာမှာ လူဖြစ်လာရခြင်းအတွက် ဘာ မန်ဝံ့နေစရာများရှိပါသလဲ။ ဘာ ဂုဏ်မောက်နေစရာများရှိပါသလဲ။ တခါ လူဖြစ်ပြီးပြန်တော့ (ဘာသာယုံတဲ့မိဘကမွေးတာဆိုရင်)မိဘတွေ အဲ့ဒီဘာသာဖြစ်လို့ ကိုယ်လည်း ဘာငြင်းပယ်ခွင့်၊ ဘာဝေဘန်ပိုင်းခြားခွင့်မှမရှိပဲ အဲ့ဘာသာဝင်ဖြစ်ရတာပဲ။ အဲ့ဒီနေရာမှာ အဲ့ဘာသာဝင်ဖြစ်ရလို့ ဘာဂုဏ်ယူစရာ ဘာမောက်မာနေစရာများရှိပါသလဲ။ ဆိုတော့ အဲ့ဘာသာဝင်တဲ့ အဲ့မိဘတွေကမွေးလာသမို့ ကိုယ့်ဘဝဟာ အခြားလူတွေဘဝထက် ပိုမြင့်မြတ်သယောင် ပိုတန်ဖိုးရှိသယောင် တွေးထင်ယုံမှတ်မိတာထက်ပိုဆိုးတဲ့ ဦးနှောက်သင်းသတ်ခံရတဲ့အဖြစ်မျိုးတော့ ရှိမယ်မထင်။ ဘာမှန်းမှ မသိတတ်သေးရွယ်ကစပြီး အမှန်တရားလို့အသွန်သင်ခံရတဲ့ ကိုယ်ကလည်းအမှန်လို့ထင်ထားတဲ့တရားတခုခုကို ဟုတ်မှဟုတ်ရဲ့လားလို့ စတွေးမိလိုက်ချိန်ဟာ ဒါမှမဟုတ် ကိုယ်မှန်တယ်လို့ ယူထားတဲ့တရားအပေါ် သံသယစိတ်နဲ့ စချဉ်းကပ်မိလိုက်ချိန်ဟာ ”လူူဘော်ဝင်ချိန်” ဒါမှမဟုတ် ”လူ့အကြီးစချိန်” လို့ပြောရမယ်တွေးတာပဲ။ ဒီနေရာမှပဲ လူဟာ (၃)မျိုးကွဲသွားတယ်ထင်တယ်။ ပထမတမျိုးက သေသာသွားရော လူဘော်မဝင်လိုက်ဘူး လူကြီးမဖြစ်လိုက်ဘူး။ ပိုလည်း သိမ်ဖျင်းနုံ့နဲ့သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်လိုက်တဲ့ပြီးနောက် သေချာကျနလေ့လာပြီး သေသည်အထိ ယုံကြည်ကြိုးကုပ်သွားတယ်။ ပိုလည်းလေးနက်သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်ပြီးနောက် ဂဃနဏစိတ်ဖြာပြီး အဲ့တရားတွေကို အပြီးအပြတ်စွန့်လွှတ်လိုက်တယ်။ ပိုလည်း ပေါ့ပါးသွားတယ်။ ဘာပဲပြောပြော နောက် (၂)မျိုးက ပထမအမျိုးအစားနဲ့ မယှဉ်သာအောင်ကွာခြားတယ်။ ဘာသာရှိရင်ရှိမယ်။ မဲ့ရင်မဲ့မယ်။ ဒါပေမယ့် အဘိဓမ္မာမမဲ့ဘူး။ တရားမမဲ့ဘူး။ အစွန်းမရောက်ဘူး။ သူတပါးဖျားယောင်းလို့မလွယ်ဘူး။ သူ့အဘိဓမ္မာပေါ်သူ ခိုင်ခိုင်ကြည်ကြည်နဲ့ လေးနက်သူအဖြစ်နဲ့နေတယ် သေတယ်။ စိတ်တော့ သိတ်ချမ်းသာလှမယ်မထင်ဘူး။ ပထမအမျိုးကတော့ မိရိုးဖလာခေါင်းစဉ်အောက်ကနေ ရုန်းမထွက်ဘူး။ သူတပါး အဖျားယောင်းရလွယ်တယ်။ အစွန်းရောက်တတ်တယ်။ သူယုံတာကို ဘာမှန်းမသိသူအဖြစ်နဲ့နေတယ်။ သေတယ်။ စိတ်တော့ချမ်းသာမလားမပြောတတ်ဘူး။


ပင်န်ဆယ်လ်ဗေးနီးယား တောကြိုတောင်ကြားထဲက အသီးအနှံစားပြီး စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ သဘာဝနွယ်မြက်သစ်ပင်တွေနဲ့ကုတဲ့ဆေးဆရာလုပ်နေတဲ့ ဂျာမန်နွယ်ဖွား အမေရိကန် ဟစ်ပီဟောင်းလင်မယားနေတဲ့ခြံရောက်တုန်းက သူတို့ပြောခဲ့ဖူးတာမှတ်မိနေတယ်။ ”ကမ္ဘာမြေကို ဥပဒေနဲ့ပြဌာန်းပြီးမှ ချစ်လို့ရတာမဟုတ်ဘူး”တဲ့။ ”ကောင်းကင်ဘုံ၊ ငရဲနဲ့ဘုရားသခင်သာမရှိရင် လူ့လောကခုထက်ပို နေချင့်စဖွယ်ဖြစ်မယ်”တဲ့။ ”သူ့အသက်သတ်တာမကောင်းပြောပြီး သူ့အသားစားတဲသူဟာ ကြောင်သူတော်”တဲ့။ ”စစ်ဆိုတာ ဥပဒေနဲ့လူသတ်လိုင်စင်”တဲ့။ ”စစ်ကို စစ်နဲ့ချုပ်ငြိမ်းအောင်လုပ်ရင်း စစ်တလင်းကမ္ဘာမြေပဲ နာတာရှည်လူမမာဖြစ်နေရတာ”တဲ့။ ဟစ်ပီလို့ဆိုလိုက်ရင် ”ဆံရှည်ဘုတ်သိုက် ကို့ယို့ကားယားတွေဝတ် ဂစ်တာတွေတဒေါင်ဒေါင်တီး ဆေးခြောက်တွေ ထောင်းလမောင်းထအောင်ရှူ မိန်းမယောင်္ကျားတွေတနေရာမှာစုပြီး ကိုယ်လုံးတီးတွေနေ ကာမပိုင်ရယ်လို့မရှိ လိင်ကိစ္စကြိုက်သလိုပြုမှု ဥပဒေတွေချိုးဖေါက် လူသောက်မြင်ကပ်အောင်နေ” ဆိုတဲ့ဟာမျိုးလောက်ပဲ မျက်စေ့ထဲပြေးမြင်အောင် သရုပ်အဖော်ခံခဲ့ကြရတာမဟုတ်လား။ တကယ်လည်း အဲ့သလောက်ပဲနေတဲ့ဟစ်ပီတွေ ရှိပါရဲ့။ ဒါပေမယ့် သဘာဝတရားကြီးကို လူလူချင်းကို သတ္တဝါတွေကို ချစ်မြတ်နိုးတတ်အောင် လက်တွေ့ပြသနေထိုင်ခဲ့ကြတာ၊ ဗီယက်နမ်စစ်နဲ့အတူ ကျူးကျော်စစ်မှန်သမျှကို တိတိလင်းလင်း ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတာလည်း အဲ့ဒီ ဟစ်ပီတွေပဲဆိုတာတော့ တမင့်ကိုဖျောက်ကွယ်ခဲ့ကြတယ်မဟုတ်လား။ ဟစ်ပီလို့ဆိုရင် ”လမ်းသူရဲ”တွေပါကွာလို့ထင်တတ်အောင် သင်ပေးခဲ့တဲ့ခေတ်ထဲ ကြီးပြင်းခဲ့ရပြီး ခု အသက် ၅၀ အရွယ်ရောက်တော့ ဟစ်ပီဟောင်းကြီးတွေနဲ့ အမေရိကားမှာဆုံခွင့် ပြောခွင့် ရင်းနှီးခွင့်တွေရလာတယ်။ ထိုက်သလောက်လေးအနေနီးမှ ထဲဝင်မှ ပိုလည်းရင်းရင်းချာချာဖြစ်ရသလို ခံစားမိတယ်။ သူတို့အကြောင်းလည်း နည်းနည်းချင်းသိခွင့် ရလာတယ်။ လောကကိုမဖျက်စီးသူတွေ၊ လူနဲ့သတ္တဝါတွေကို မညှဉ်းဆဲသူတွေထဲမှာ ဟစ်ပီတွေပါတယ်။ သူ့အသက်သတ်တာ မကောင်းဘူးပြောပြီး သူ့အသားကျမြိန်ရေယှက်ရှည်စားသူတွေထဲ ဟစ်ပီတွေမပါဘူး။ လောကရှိသမျှလူသားတိုင်းဟာ ကမ္ဘာမြေရဲ့ဧည့်သည်တွေပဲလို့သင်ကြားပေးတာ ဟစ်ပီတွေဖြစ်တယ်။ ကမ္ဘာမြေမှာနေကြသူချင်း အိမ်ရှင်-ဧည့်သည်အယူနဲ့ သွေးမခွဲဘူး မှိုင်းမတိုက်ဘူး။ အမျိုး ဘာသာ သာသနာအကန်းစိတ်ပိုက်ပြီး လူသတ်သူတွေထဲ ဟစ်ပီတွေမပါဘူး။ မနေ့ကပဲ ဖုန်းဆက်ပြီး ဆီးရီးယားကိစ္စနဲ့ပတ်သက်လို့ တီးခေါက်ကြည့်တော့ ”တိုက်မယ်ဆိုဆန့်ကျင်မယ်၊ အာဆတ်ကိုသတ်ရင် အာဆတ်သတ်သမားဖြစ်တာက လွဲလို့ ဆီးရီးယားငြိမ်းချမ်းရေးမရဘူး”လို့ ခတ်တိုတိုပြန်ဖြေတယ်။ သူတို့အိမ်က လက်နှိပ်ရေပန့်ခ်လေးပေါ်မှာ "LOVE MOTHER EARTH" လို့ရေးထားတယ်။လောကထဲအသစ်ရောက်လာတဲ့ ကြက်ပေါက်စလေးနဲ့ ဟစ်ပီဟောင်းမကြီးကိုတွေ့ရပါမယ်။ နောင်များ အလျဉ်းသင့်တဲ့အခါ ပြောပါဦးမယ်တွေးထားပါတယ်။


ကို Kyaw Mawက ကျနော့်ဆီလာပြီး ”မိုင်းဆက်”တွေပြင်ရမယ်ဆိုပြီး ကွန်မန့်လာရေးတော့ ဟိုအကိုကြီးတွေပြောပြောနေတဲ့ ”မိုင်းဆတ်”တွေပြင်ရမယ်ဆိုတာတောင် သွားသတိရတယ်။ စကြားကြားခြင်း ဘာမိုင်းဆတ်ပါလိမ့်။ မိုင်းဆတ်ဘက်ဘာများဖြစ်သလဲ။ နဂိုကတည်းက အဲ့ဒီဘက် ရှမ်းပြည်တလွှားမှာ ကားလမ်းတွေကကောင်းတာ မဟုတ်ဘူး။ မိုးတွင်းဆို ပိုဆိုးသေးတယ်။ စိုင်းထီးဆိုင်ကလည်း ဟမ်းငိုင်းလမ်းကြီးအကြောင်း ဆိုဖူးတယ်။ သူပုန်သူကန်ကလည်း တမှောင့်။ အရင်ကလည်း မိုင်းတုံမိုင်းဆတ်တို့ သူပုန်သိမ်းဖူးတယ်။ ခု သိမ်းများ သိမ်းပြန်ပလား။ ခုလည်း ဒီအကိုကြီးတွေက မိုင်းဆတ်ပြင်ရမယ် ပြင်ရမယ်ချည်းပြောနေတော့ မိုင်းဆတ်ဘက် ဘာတွေများ ဖြစ်ကုန်ကြပြီလဲဆိုပြီး တွေးမိသေးတယ်။ နောက်မှ တယောက်က အင်္ဂလိပ်လိုပြောတယ် Mind Set တဲ့ Mindset တဲ့။ အဲ့တော့မှ ဟာ..ကနဲဖြစ်ပြီး ကိုယ့်နဖူးကိုယ်ရိုက်မိတာတာ။ ငါ့နှယ်နော်..ဖြစ်မှဖြစ်ရပလေဆိုပြီး။


စစ်နဲ့တော်လှန်ရေး မကွဲသူဟာ ကျူးကျော်စစ်၊ ခုခံစစ်၊ တော်လှန်စစ်ဆိုတာတွေ ဘာမှန်းသိဖို့မဆိုနဲ့ ”လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်ကိုင်အင်အားစု”ဆိုတဲ့ အနက်ကိုတောင် မှန်အောင် ဖတ်နိုင်ဖို့ ဖြစ်နိုင်မယ်မထင်ပါ။ သူဟာ အားကြီးသူရဲ့ ဝါဒဖြန့်ချက်ကို မှန်/မမှန်တွေးတာထက် ”အားကြီးနေတာ မှန်လို့”ဒါမှမဟုတ် ”မှန်လို့အားကြီးနေတာ” ဒါမှမဟုတ် ”အားဆိုတာအမှန် Might is right.” ဆိုတာမျိုးတွေးတဲ့ဘက် ရောက်သွားတာလို့မြင်တယ်။ ဒီတော့ အားကြီးဖို့တွေးတယ်။ အားနည်းသူကို ဖိတာမျိုး၊ အားနည်းသူကို များများချေမှုန်းနိုင်လေ မိမိအားကြီးလေလေအဖြစ်မျိုးကို (ရမယ်ဆိုရင်) နှစ်ခြိုက်လာတယ်။ လိုချင်လာတယ်။ ဒီတင် မရှိတဲ့ ”စစ်မန်” တက်လာတယ်။ ”စစ်ဆာ” လာတယ်။ ”စစ်မှန်သမျှ မှန်တယ်”လို့ယုံလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်လှန်ရေးသမားလို့ထင်လာတယ်။ သေနတ်ဟာ အရာရာကိုဆုံးဖြတ်တယ်ဆိုတဲ့တရားကိုစွဲကိုင်လာတယ်။စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးအတွက် လုပ်နေပြောနေပါဝင်နေသူတွေကို ရန်သူလိုမြင်ပြီး ရမ်းကားတော့တယ်။ အဲ့ဒီလူဟာ သူယုံကြည်တဲ့အတိုင်း လုပ်နေသေးရှိနေသေး ပါဝင်နေသေးတယ်ဆိုရင်တောင် ပြောစရာသိတ်မရှိလှဘူး။ ဆန့်ကျင်ရုံ တိုက်ခိုက်ရုံပဲ။ ခက်နေတာက အဲ့ဒီသူဟာ သူယုံကြည်တဲ့ဆိုတဲ့တော်လှန်ရေးကို အစောဆုံးစွန့်ခွာ လာသူတွေထဲကတယောက်ဖြစ်ပြီး ကျည်ကွယ်မျက်ကွယ်ကနေ သူမြတ်နိုးတယ်လို့ပြောတဲ့ ပုန်ကန်သူဘဝ(သူပုန်ဘဝ)ကို သူရူးတစ်ယောက်လို ကယောင်ကတမ်းဖက်တွယ်ပြပြပြီး စစ်ဆာနေသူလို သွေးရူးသွေးတမ်းဖြစ်ပြနေတာပဲ။ ဆိုတော့ ဆန့်ကျင်တိုက်ခိုက်လောက်သူ စာရင်းထဲမဝင်ဘူး။ ဘေးမဲ့ပေးပြီး ”ပျော်သလိုနေပါစေ”လို့ ထားရမယ့်သူပဲ။

ဟစ်ပီ

 


ကျွန်တော် ဟစ်ပီ



(၄) ရက်နေ. ။

ကိုဝမ်းတင်က ကျောင်းသူဆောင်တစ်ဆောင် ရှေ့မှာ သူ့ရဲ့ပျောက်သွားတဲ့ကဗျာနဲ့ဘဝကို ပြန်ရှာဖွေနေတယ် ။အကို...အခု ကျနော် ဘာလုပ်ပေးရမလဲဗျ??? ပလက်ကင် တီးကွာ ငါ ရင်ဖွင့်မယ်..။...ဟုတ်...အကို ဘာသီချင်းလဲဗျ ။ငါ့ကိုယ်ပိုင် သီချင်းကွာ မင်းတီးချင်တာ တီး ငါ့သီချင်းက တီးလုံးမရွေးဘူးကွ 


။ေဩာ်... အိုကေဗျာ ဖြစ်တယ်။ ရှာဖွေနေရတာလည်း ကြာလှပါပြီ ။ခြေသလုံးအိမ်တိုင်ဖြစ်သော ကျွနု်ပ်သည် မွေးကတည်းက ယခုထိ အိမ်မရှိပါချေ ။နေထိုင်ရာ အတည်တကျ မရှိပါလေ ။ဘာနဲ့ ခပ်ဆင်ဆင်တူသလဲဆိုတော့ ဆယ်နှစ်ပွဲဈေးသည်နဲ့ တူတယ် ထင်တယ် ။ဒီပွဲတော်ရက်က (၁၀)ရက် ရှိတယ်လေ ။ကျွန်ုပ်၏ အသက်ထက်ပိုမို တန်ဖိုးထားချစ်ခင်မြတ်နိုးတွယ်တာ စုံမက်ရပါသော အိုဘယ့် ချောသိင်္ဂီရတနာခိုင်စုလှိုင်သင်းပျံ့ပျံ့မွှေး ရေ....မင်းရောတွေ့လား ။ဘုရားကြီးပွဲဈေးမှာ မင်းရဲ့ ခြေလက်အတက်လေးတွေ ငါ့ကိုမြင်တော့ ခပ်ဝေးဝေးက ရှောင်ပြေးကြတယ် ။ငါလည်း အကောင်းဆုံးရှာဖွေနေတာပါပဲလေ ။မင်းဘယ်နားမှာ ပစ်ချထားခဲ့တာလဲ ။

တစ်ခါတစ်လေ ခဏတာ မျက်နှာငယ်ရတတ်ပေမဲ့ ........တစ်ခါတစ်ခါ မျက်နှာငယ်ရခြင်းဟာ တစ်ဘဝစာ ဖြစ်သွားတတ်တယ် ။

မင်းကတော့ မင်းဘဝကို အလှဆုံးဆင်ယင်နေချိန်မှာ တစ်ပါးသူတွေ ဘာလုပ်နေကြလဲ မင်းအဝေးမြင်အသိဉာဏ်နဲ့ မျှော်ကြည့်တတ်ပါစေ ။ကိုညီလင်းဆက်တို့ကို လေးစားပါ၏။

မြို့ပြလူသားများကဲ့သို့ဟန်ပန်မာယာမရှိပဲ ရိုးသားပြီး လူနေမှုအဆင့်အတန်းအသိပညာ နိမ့်သော်လည်း အမှန်တကယ်ဒုက္ခရောက်နေ၍ အမှန်တကယ်ပင် စိတ်ရှည်သည်းခံကာ ကိုယ်ဖိရင်ဖိ ပြုစုထူမပေးနေခြင်းအား ဦးညွှတ်ဂုဏ်ပြုပါ၏။ လူ့ဘဝမှာ ဘယ်အရာက တန်ဖိုးအဖြစ်ရှင်သန်ခွင့် ပေးတာလဲ ။ဘုရားသခင်ပဲ သိမှာလား ။ခင်ဗျားလည်း ဖြေလို့ရပါတယ် ။ငါ့စာတွေ ဘယ်သူမှ ကြည့်မရဘူး....ဟုတ်လား...ေဩာ် ...ဒါများ ထူးဆန်းသလား ။သဘာဝကျကျ ဖြစ်တဲ့အပြုအမူပဲလေ ငါကျေနပ်ပါတယ် ။

ခင်ဗျားက ခပ်ညံ့ညံ့စာတွေ ရေးတာကိုး ။

ကျွနု်ပ်၏စာမျက်နှာထံသို့ ချောင်းမြောင်းကြည့်ရှူ့သူများ နေထိုင်ကြ၏။

မင်းထင်တာတွေ အမှန်တကယ် မှားမှန်းသိရင် ဘာလုပ်မလဲ ။

မင်းကိုယ် မင်း ရင့်ကျက်ပြီလို့ မြင်ထားရင်တော့ ပြန်စီစစ်လိုက်ပေါ့ ကွယ်။

ကြည့်မြင်တတ်တဲ့ အလေ့အထ ရှိရင်တော့ ဘယ်သူမှ ပြောစရာမလိုဘုူး 

။မင်းကိုယ်တိုင် က ရေလို ပျော့ပျောင်းနေပြီလေ ။အချိုးအကွေ့ လေး တွေကို အသာအယာ စီးဆင်းနိုင်ပြီပေါ့ ။


မနက်ဖြန် မင်းလာမှာလား ။

အေး...ဆက်ဆက် လာခဲ့ပါမယ်ကွ ။

မင်းသာ အိပ်ရာထ နောက်မကျစေနဲ့ ။အင်း.. ပြီးတာပဲလေ ။

ကျနော်က အိပ်ရာထပဲ နောက်ကျတာပါ.. စိတ်ဓာတ်တော့ နောက်မကျပါဘူးဗျ ။

အေးပါကွာ ထားပါတော့ ....မင်းကတော့ လေပဲ ။ပြီးရင် လာကြပါ ကြည့်ရှူ့ကြပါ မအော်နဲ့ ။

အဲဒါတွေကြောင့် မင်းကို စိတ်ပျက်တာ ကြာပြီ ။ကိုယ့်တန်ဖိုးလေးနဲ့ ကိုယ်နေစမ်းပါကွာ ။

လူတွေက.. အထင်ကြီးတယ် အထင်သေးတယ် ဆိုတာတွေ မင်းကို ဘယ်လောက်ပြောင်းလဲပေးနိုင်လို့လဲ ။

ဒါတွေက အပေါ်ယံ ခဏတာတွေပါ ။

ကျနော် စီးဆင်းတဲ့မြစ် အကြောင်း ရေးဖို့ရှိတယ် ။အဲဒါဟာ လူမျိုးစု တစ်စုသာဖြစ်မယ် ။

ဘဝတစ်ခုစာ မျက်နှာဖြစ်တယ် ။

ပြောင်းလဲ မရတဲ့ အကြောင်းတရား ဖြစ်မယ် ။တကယ်တော့ ကမ္ဘာကြီးက အဟောင်းကြီးပါကွာ ။

အရာရာ ဟောင်းနွမ်းနေတာပဲလေ ။မကြားဖူးတာ မတွေ့ကြုံဖူးတာ အသစ်လား ။

ကျနော့်ချစ်သူ၏ အကြောင်းများသည် သူသေဆုံးသွားသည့်တိုင် အမြဲသစ်လွင်နေပါ၏။

 ကျနော်သည် ရူးသွပ်နေတဲ့ ရွက်သင်္ဘောတစ်စီး ဖြစ်သည် ။

နစကအစိုးရ ကို အခုလို ကိုဗစ်‌ေဘးရောဂါ အလျင်အမြန် အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ကပ်ဘေးခံနေရတဲ့ ကိုဗစ်လူနာတွေကို ကြည့်ပြီး   ဖမ်းဆီးအ‌ေရးယူထား...